တက္ကစီ ၊ ကယ်ရီ တို့နှင့်တွေ့ဆုံခြင်း
ပြီးခဲ့တဲ့ ဧပြီလထဲမှာ ကျနော်ခရီးဝေးထွက်ဖြစ်ခဲ့ပါတယ် ၊ မန္တလေး နဲ့ ရွှေကူ အထိပါ ၊
အဲဒီခရီးတွေထဲမှာ စိတ်ကသိကအောက်ဖြစ်ရတာလေးတွေ ပြောချင်ပါတယ် ၊ ရွာထဲမှာလည်း ခရီးသွားတွေ များတာမို့ သိကြပြီးလည်း ဖြစ်ပါလိမ့်မယ် ၊
ခရီးစတာ ၁၁ ရက်နေ့ပါ ၊ ည ၉း ၃၀ ဂျေဂျေ နဲ့ လိုက်ရမှာမို့ အိမ်က ၇း ၃၀ ကျော်ကျော်မှာ ထွက်ပါတယ် ၊
ရပ်ကွက်ထဲက သူငယ်ချင်းတက္ကစီနဲ့မို့ အေးဆေးပါပဲ ၊ သင်္ကြန်ပိတ်ရက်မို့ ခရေပင်လမ်းခွဲ အကွေ့က စလို့ အောင်မင်္ဂလာဝင်ပေါက်အထိ ကားတွေက တန်းလို့ ၊
ယာဉ်ထိန်းခမျာလည်း လက်မလည်နိုင်အောင်ပါပဲ ၊
သူငယ်ချင်းက လမ်းပြောင်းပြန်ဝင်လိုက် ၊ လမ်းကြောမှန် ပြန်ဝင်လိုက်နဲ့မို့ ဟေ့ကောင် ပြောင်းပြန်ကြီး မလုပ်နဲ့လေကွာဆိုတော့ ကားကြောအမှန်စောင့်နေရင် မိုးလင်းသွားလိမ့်မယ် ၊ သူများတွေလည်း လည်သလို မောင်းနေရတာ မမြင်ဘူးလား တဲ့ ၊
အချိန်က ၉ နာရီ မတ်တင်း ၊ ဒီလိုနဲ့ ကားဂိတ်ကို ၉ နာရီသာသာမှာ ရောက်ပါတယ် ၊
၉း ၃၀ မှာ မန္တလေးခရီး စခဲ့ပြီး ၁၁၅ မိုင်မှာ ၁၀ မိနစ် ၊ ၂၈၅ မိုင်မှာ ၁၀ မိနစ်စီ ရပ်ပေးပါတယ် ၊
ကားပေါ်မှာ အအေး နဲ့ ဒင်းဆမ်း ၁ဘူး ပေးပေမယ့် မကြိုက်တဲ့ ကျနော် ဗိုက်အတော်ဆာရပါတယ် ၊
နေပြည်တော် – မန္တလေးအပိုင်းကို လမ်းဟောင်းကပဲ သွားဖူးတာမို့ ဒီလောက်မြန်မယ် မထင်မိပါဘူး ၊ မနက် ၆ နာရီ မထိုးခင် တံခွန်တိုင် ဝင်လာတာမို့ပါ ၊
ကားက ဘူတာကြီး ရှေ့အထိ ပို့မယ်ဆိုလို့ သီရိမန္တလာကားဝင်း သွားရမယ့် ကျနော့်အတွက် ပိုနီး ပိုအဆင်ပြေစေပါတယ် ၊
ဘူတာကြီးရှေ့ အဝိုင်းကြီးကိုပတ်ပြီး ရပ်လိုက်ချိန်မှာ စတွေ့ရတာ ကယ်ရီသမားတွေပါ ၊ ဘယ့်နှယ်ဗျာ ဆင်းလို့ကို မရတာ ၊
အပေါက်ဝကနေ ဟိုလူက ငါ့လူ ဒီလူက ငါ့လူနဲ့ ဆင်းလာမယ့် ခရီးသည်တွေကို ဝေပုံချနေကြသေးတယ် ၊
ကျနော် ဆင်းတဲ့ အချိန် ၊ အကိုကြီး ဘယ်သွားမှာလဲ ပေး ပေး အိတ်ကြီးက လေးနေမှာပဲ ၊ အကိုကြီး တစ်ယောက်ထဲလား ၊ ပေးပါ ဒီအိတ်ကြီးကို ၊ ( ကဲ အရေးထဲ အိတ်ကိုဆွဲနေသေးသဗျာ )
ငါ ဘယ်မှ မသွားသေးဘူး ဆိုပြီး အဲဒီနားက လဘက်ရည်ဆိုင်ထဲ ဝင်ထိုင်လိုက်တော့ အနောက်က လိုက်လာပါသေးလား ၊
သောက်ပါ အကိုကြီး အေးဆေးသောက် ကျနော် စောင့်ပေးမတဲ့ ၊ သြော် ဒုက္ခပါပဲလား ၊ ဒီမှာ ငါ့ကိုလာကြိုလိမ့်မယ် ၊ ဟုတ်ပလား ဆိုမှ မကြည်သလို မျက်နှပေးနဲ့ ပြန်ထွက်သွားတာ ၊
လဘက်ရည်သောက်နေရင်း တခြားဝင်လာတဲ့ ကားကြီးတွေက ခရီးသည်တွေခမျာလည်း ဒီလိုချည်း ကြုံရတာပါပဲ ၊
နောက်တော့ မန္တလေးရုံးခွဲက ကောင်မလေးက ဖုန်းဆက်ပြီး လာကြိုလို့ သီရိမန္တလာကားဝင်း ရောက်ခဲ့ပါတယ် ၊
ကျနော်က ကားလတ်မှတ်ဖြတ်ပြီး ဒီအထဲမှာပဲ နားမှာမို့ လိုက်ပို့တဲ့ ကောင်မလေးကို အပြင်မှာပဲ ရပ်ခိုင်းခဲ့ပါတယ် ၊
ဒီအချိန်မှာပဲ ဦးလေး ဘယ်သွားမှာလဲ တဲ့ ၊ လာပြန်ပြီ ၊
မင်းက ကယ်ရီသမားလားဆိုတော့ ဟုတ်ကဲ့ တဲ့ ၊ ငါ ရွှေကူသွားမှာ မင်းလိုက်ပို့မလို့လား ဆိုမှ ဟာဗျာ ဆိုပြီး ပေစောင်းစောင်းနဲ့ ထွက်သွားလေရဲ့ ၊
ဟုတ်တယ်လေ ဒီကားဝင်းထဲလာတာ ခရီးသွားမယ့်လူလေ ၊ ဒီ အညာသားတွေက ခက်ပါ့ ( ရွာထဲက အညာသားတွေ ပါဘူးနော် ) ၊
ရွှေခြင်္သေ့ ဂိတ်မှာ ရန်ကုန်ကတည်းက ကြိုမှာထားတဲ့ လက်မှတ်ဖြတ် ၊ အပေါ်ထပ် တည်းခိုခန်းမှာ နားရင်း တွေ့ချင်တဲ့ ကိုပေါက်ဆီကို ဖုန်းဆက်ပြောပြီး ရေမိုးချိုးပေါ့လေ ၊
၁၂ နာရီလောက်မှာ ကိုပေါက်ဆီက မက်ဆေ့ခ်ျ ဝင်လာပါတယ် ၊ ဘယ်မှာလဲ တဲ့ ၊
ကျွန်တော် မေ့သွားတယ် ကားဂတ်အပေါ်ထပ်အခန်း ၁၂ လို့ ပြောထားရမှာ ၊ ဖုန်းတွေဆက်မရ ဖြစ်ကုန်မယ်လို့လည်း ဘယ်တွေးမိမတုန်း ၊
( အဲဒီ ဧပြီ ၁၂ နေ့လည် ၁၁း ၃၀ လောက်ကနေ ၁ နာရီလောက်အထိ ဘယ်ကိုမှ ဖုန်းဆက်မရပါဘူး ၊
ကျွန်တော် အပြင်ဘက်ထွက်ကြည့်ပေမယ့် မမြင်ဘူးတဲ့ ကိုပေါက်ကို ဘယ်တွေ့ပါ့မလဲဗျာ ၊
နောက်တော့ မက်ဆေ့ခ်ျ ထပ်ဝင်လာပါတယ် ၊ ရှာမတွေ့တော့လို့ ကိစ္စရှိတဲ့ တောင်မြို့ကို သွားပြီတဲ့  ၊
ကဲ ဒါနဲ့ပဲ ကိုပေါက်နဲ့ လွဲသွားရောပေါ့ ၊ ရွှေကူဘက် ခရီးမှာတော့ ဘာ ကယ်ရီဇာတ်လမ်းမှ မရှိခဲ့ပါဘူး ၊
အပြန် မန်းမှာ ဘုန်းကြီးဝတ် ၊ ၂၃ ရက်နေ့ ရန်ကုန်ပြန်ပါတယ် ၊
သမီးတွေက သင်တန်းကိစ္စတွေကြောင့် စောပြန်သွားတာမို့ အခုက အမေရယ် ၊ သား ကောင်းကောင်းရယ် ၊ ကျနော်ရယ် ၃ ယောက်ပါ ၊
ဒီတစ်ခါတော့ ကိုပေါက်က ကျွဲဆည်ကန် ရွှေမန္တလာ ဂိတ်ကို မရောက်ရောက်အောင် လာခဲ့ပါတယ်၊ ရွာသား တစ်ယောက်နဲ့ ပထမဆုံး ဆုံဖူးခြင်းမို့ အမှတ်တရပါ ကိုပေါက်ရေ ၊
ကားက ည ၉ နာရီ ထွက်ပြီး ၂၈၅ မိုင် နဲ့ ၁၁၅ မိုင်မှာ ၁၀ မိနစ်စီပဲ နားပါတယ် ၊
အောင်မင်္ဂလာနားကို မနက် ၆ နာရီရောက်ပါတယ် ၊ အဝင်ကားတွေ များလွန်းလို့ ပိတ်နေပါသေးတယ် ၊
အမှန်က အဝင်ကားတွေကို သူ့ဂိတ် ကိုယ့်ဂိတ်မချစေပဲ တစ်နေရာထဲမှာသာ ရပ်စေတာမို့ အချိန်တွေကြာပြီး ပိတ်နေတာပါ ၊
ကျနော်တို့ ဆင်းချိန်မှာ တွေ့ပါပြီဗျာ တက္ကစီဆရာတွေ ၊ ခဏ ခဏ ခရီးထွက်ရလို့ အောင်မင်္ဂလာကို ကျွန်တော့်ထက် ပိုကျွမ်းတဲ့ အမေက ဒီအခါ ဆရာပေါ့ ၊
လှည်းတန်း နာနတ်တောလမ်းကို ဘယ်လောက်လဲ ၊ ၇၀၀၀ ပါ ၊ အေး ဘယ်သူမှ ထပ်မတင်ရဘူးနော် ၊ သူတို့ နောက်ဆုတ်သွားပါတယ် ၊
အမေက ခပ်လှမ်းလှမ်းဘက် ထွက်သွားပြီး ခဏနေတော့ လူတစ်ယောက်နဲ့ ပြန်ရောက်လာပြီး အိတ်တွေကို အဲဒီလူက သယ်ပါတယ် ၊
တစ်နေရာရောက်တော့ အမေက ဒီကားလား နင်တို့ပြောတော့ အေအေ ဗင်ဆို၊ ဒါ ဆပ်ပြာခွက်လောက်ရှိတဲ့ ချယ်ရီဝက်ဂွန်လေ ၊
ကဲပါအမေရယ် ထားပါ ဆိုပြီး ကျဉ်းကြုပ်ကြုပ်နောက်ဖုံးထဲ ပစ္စည်းတွေ ထည့်ရပါတယ် ၊
ကဲ အမေ ကောင်းကောင်းသွားပါလို့ နူတ်ဆက်ချိန် ( ကျနော်က နောက်ကားနဲ့ ပါလာမယ့် မန္တလေးရုံးက ဝန်ထမ်းသစ် ၂ ယောက်ကို စောင့်ပြီး အဆောင်ပို့ပေးရမှာမို့ သူတို့ကလည်း ရန်ကုန်မရောက်ဘူးတာမို့ ကြုံကြိုက်နေလို့ပါ ) ကားသမားက အန်တီရယ် ၊ ရှေ့ခုံတစ်ယောက်လောက်ထပ်တင်ပါရစေတဲ့ ၊
အမေ ဘာလုပ်တယ်ထင်ပါသလဲ ၊ ဝုန်း ဆို ကားပေါ်က ဆင်းပြီး ပစ္စည်းတွေပြန်ချခိုင်းပါတယ် ၊
နင်တို့တောင်းတဲ့ဈေး ပေးပြီးတာကို လူပါးမဝနဲ့ အခုပြန်ချ တဲ့ ၊ ကျနော်နဲ့သားကို ပစ္စည်းစောင့်ထားပြီး နောက်တစ်ကြိမ် ထွက်သွားပြန်လေရော ၊
၅ မိနစ်လောက် နေတော့ ဘေးကို ဗင်တစ်စီး ရောက်လာတယ် ၊ ကားပေါ်မှာက အမေ ၊
( အမှန်တော့ အဝေးပြေးကားကြီးတွေ ရပ်ရတဲ့ ဘေးမှာ တက္ကစီဂိတ်လုပ်ထားပြီး အဲဒီဂိတ်က ကားသမားတွေက လူပါးဝနေတာပါ ၊
ဂိတ်အဖွဲ့ဝင် ကားမဟုတ်ရင် အနားတောင် အရပ်မခံပဲ မောင်းထုတ်ပါသတဲ့ ၊ အခု အမေငှားခဲ့တဲ့ကားက ခရီးသည် လာပို့ပြီး ဟိုး ခပ်ဝေးဝေးမှာ ထိုးထားတာပါ ၊ ၅၀၀၀ ပဲပေးရသတဲ့ ၊ )
အမေတို့ ထွက်သွားတော့ အနားက လဘက်ရည်ဆိုင်မှာ ဝင်ထိုင်ရင်း ဝင်လာမစဲ ကားကြီးတွေကိုကြည့် ၊ ရန်ဖြစ် စကားများနေတဲ့ ခရီးသည် နဲ့ ကားသမားတွေကိုငေး ၊
သြော် ဒုက္ခ ဒုက္ခ ၊ ခဏနေတော့ ဝန်ထမ်းသစ် ကောင်မလေး ၂ယောက်ဆီက ဖုန်းဝင်လာပါတယ် ၊
သူတို့ စီးလာတဲ့ မန္တလာမင်းကားက ကားတွေပိတ်နေလို့ ခရီးသည်တွေကို လမ်းမကြီးပေါ်မှာ ချပေးခဲ့သတဲ့ ၊
ဒါနဲ့ ကျနော့်မှာ ပုလဲ – မြောက်ဥက္ကလာ လမ်းဘက် ပြန်ထွက်ခဲ့ရ ၊ လူတွေကလည်း များမှများဗျာ ၊
ဒီကြားထဲ လမ်းဟိုဘက် ဒီဘက်တောင် ကိုရွှေဖုန်းက ဧရိယာပြင်ပလို့ ဆိုလိုက်သေးတယ် ၊
သူတို့နဲ့တွေ့ပြီး အဲဒီလမ်းပေါ်ရပ်ထားတဲ့ တက္ကစီတစ်စီးကို လှိုင် သံလမ်းမှတ်တိုင်နား လမ်းထဲနည်းနည်းဝင်ရမယ်ဆိုတော့ ၄၀၀၀ တဲ့ ၊
ကောင်းလေစွ ၊ တက်ကြစို့၊ ကောင်မလေးတွေရယ် နင်တို့ ကံကောင်းလိုက်တာကွယ် . . . လို့သာ ။
စိတ်ဓါတ်ရေးရာတွေတော်တော်ပျက်စီးကုန်ကြတာပဲနော…
ကြားရတာ.. မသက်သာ…
အင်း..
ဘာသာရေးမှာတာဝန်အပြည့်ရှိကြောင်း…
Was this answer helpful?
LikeDislikeအဟွတ်…
တဂျီးကလည်း တက္ကစီ/ကယ်ရီ သမားဆိုတာ ဘာသာစုံ စရိုက်စုံမှန်းသိသိကြီးနဲ့…
တဆိတ်ရှိ ဘာသာရေးပဲ တုတ်နဲ့ထိုးနေတော့တာကိုး…
စည်းကမ်း ကျင့်ဝတ်နဲ့ ဆိုင်တဲ့ကိစ္စပါဗျာ…
ဟီ ဟိ… ရွာဆူမှ ဂဇက် တဂျီးပျော်၏ ….
Was this answer helpful?
LikeDislikeကြုံပလေ.. ဘုံပွေကြီးမှာလ..လ…လ…လ..လ
Was this answer helpful?
LikeDislikeအင်း..
ဘာသာရေးမှာတာဝန်အပြည့်ရှိကြောင်း…တဲ့
အခုပို့ နဲ့ ဆက်စပ် ပြီ နားလည်အောင် ရှင်းပြပေး ပါဦး
Was this answer helpful?
LikeDislikeလူသားရဲ့.. စိတ်ဓါတ်ရေးရာပိုင်းမှာတာဝန်အရှိဆုံးက.. ဘာသာရေးပေါ့…
ဒါကြောင့်.. ဘာသာတရားမှားကိုးကွယ်ရင်.. သံသရာမှောက်တယ်.. ဆိုကြတာဖြစ်ပါတယ်..
ဒါကိုနားလည်ချင်ရင်.. ကျုပ်ပြောလေ့ရှိတဲ့.. စနစ်ကြောင့်မဟုတ်..ဆိုတာနဲ့တွဲရလိမ့်မယ်..
စနစ်ကြောင့်မဟုတ်.. စနစ်ကြောင့်မဟုတ်… :buu:
Was this answer helpful?
LikeDislikeကလေးမလေးနှစ်ယောက်လားမသိ ကို
အိမ်ထဲမှာဆယ်နှစ်လောက်လှောင်ထားပြီး
ဘာလုပ်သလည်းမသိတဲ့ ညီအစ်ကိုသုံးရောက်လည်း
ဘာသာရေးနဲ့ဆိုင်ပါသလား သဂျီးမင်းခင်ဗျား
Was this answer helpful?
LikeDislikeတနိုင်ငံလုံးအတိုင်းအတာ.. ကျယ်ကျယ်ပြန့်ပြန်ဖြစ်နေပြီဆိုရင်တော့.. ယူအက်စ်ရဲ့ မဂျော်ရတီကိုးကွယ်ရာဖြစ်တဲ့.. ပရိုတက်စတင်န့်ရဲ့.. သင်ကြားဆုံးမမှုနဲ့ဆိုင်သွားပြီပြောရပါလိမ့်မယ်ကွယ်..။
အမျိုးသမီး..၃ယောက်လားမသိဖြစ်ပါတယ်..။
စပန်းနစ်-အမေရိကန်တွေပါ..
Was this answer helpful?
LikeDislikeအင်းမြို.ပြကို အကျည်တန်စေတဲ့ လုပ်ရပ်တွေပါလား…. မန်းလေးရောက်ရင် ဆိုင်ကယ်ကယ်ရီ၊ရန်ကုန်ရောက်ရင် ကားတက်စီ….
ဒါကြောင့်လဲ ဆိုင်းဘုတ်တွေ တခုပြီးတစ်ခု တိုးလာတာကိုးးးးးးးးးးး
သူကြီးပြောသလို ဘာသာရေးကြောင့်ဆို… အကုန် တောထွက်ကုန်မှ ဖြင့် ကိုယ့်မြင်းကိုယ်စီး ခရီးသွားနေရတော့မှာ………..
ဘာဘာဘာမှ မဆိုင်……………..
Was this answer helpful?
LikeDislikeဘယ်လိုမှစဉ်းစားလို့ မရ တာ က ဒါကို မြို့တော်ဝန် က နိုင်အောင် မကိုင်နိုင်ကြတာဘဲ ..
မြို့တော်ဝန်တွေ ထွက်ပေးသင့်တယ် …
Was this answer helpful?
LikeDislikeမန်းက ဆိုင်ကယ် ကယ်ရီ
ရန်ကုန်က တက်စီ
အိုဘယ့်
လည်သလို လုပ်စားနေကြခြင်းပါလား
လူမစွမ်း နပ်မှ ဆိုတာ ဒါကိုး :buu:
Was this answer helpful?
LikeDislikeမန်းတလေး ဆို ဆိုင်ကယ်
ရန်ကုန် ဆို ကား
မသိတဲ့လူတွေကတော့ အမြဲတမ်း အချဉ်ဖမ်းခံနေကြရတာကလား ကိုမျိုးသန့် ရေ
ကျုပ်လဲ အိပ်ပက်လက်စီးပြီး ရန်ကုန်ရောက်တိုင်း ကားသမားတွေရဲ့  အချဉ်ဖြစ်နေကြပါဗျား
Was this answer helpful?
LikeDislikeမန်းးးလေးးးရန်ကုန်သာမဟုတ်ဘူးဗျို့…ရွှေဘို…မုံရွာ…စတဲ့စတဲ့ မြို့တွေက ကားးဝင်းးးတွေမှာရောပဲ…။
Was this answer helpful?
LikeDislikeအဓိကတာဝန်ရှိတဲ့ စည်ပင်ဋ္ဌာနက ကြပ်မတ်ဆောင်ရွက်ပေးရမှာပါ..
” 
ကထူးဆန်းပြောတာထောက်ခံတယ်ဗျို့..
“မြို့တော်ဝန်တွေ ထွက်ပေးသင့်တယ် …
Was this answer helpful?
LikeDislikeသမီးရှင်
အဟီးခင်
မနီးလျင်
ပုတီးပြင်..
Was this answer helpful?
LikeDislike{စနစ်ကြောင့်မဟုတ်.. စနစ်ကြောင့်မဟုတ်…}
မှန်လိုက်လေသူကြီး ရေ။
ပြီးတော့
စနစ် ကို ဘာသာ လို့ အစားထိုး ညီမျှခြင်း ချကြည့်လိုက်ပါ သူကြီးမင်းရှင့်။
ဒီတော့
စနစ် (ဘာသာ) ကြောင့်မဟုတ်။ လူတွေ ရဲ့ အတ္တ နဲ့ ငါစွဲ တွေ ကြောင့်။
အဲဒါအမှန်တရားပါ။
ဘာသာကိုမှရွေးပြီး မျက်မှန်စိမ်း တပ်မကြည့်လိုက် ပါနဲ့။
အပေါ်မှာ ဘပု ပြောတဲ့ သတင်း က အဓိက ကျူးလွန်သူ ဟာ သေဒါဏ် ကျနိုင်တယ်လို့ ကြားပါတယ်။
မိန်ကလေး ၃ ယောက် + ကလေး(မိန်းကလေး) ၁ ယောက် ပေါင်း လူ ၄ယောက် ဘဝ ကို သတ်ထားသူ မို့ He deserves it လို့ ဘဲ ပြောချင်တယ်။
ဒီလိုမျိုး ကို ယူကေ လို မှာ ဖြစ်ရင် လူ့အခွင့်အရေး နဲ့ ညှိပြီး သေဒါဏ် မရှိ။
ဒီလို လူမျိုး တွေ အတွက် လူ့အခွင့်အရေး ဆိုတာကို ထည့်တွက်လိုက်တာနဲ့ မဆိုင်တဲ့ အပြစ်ကင်း သူတွေ ရဲ့ အခွင့်အရေးတွေ၊ ဘဝ တွေ ဆုံး မှာ ကို အသေအချာထားစဉ်းစားဖို့ကောင်းပါပြီ။
အခုလဲ ဒါမျိုးတွေကို တော်တော်လေး ရှေ့တန်းထားလာပါပြီ။
ဒီနှစ် ယူကေပါလီမာန် မှာ နိုင်ငံထဲ ဝင်ခွင့် တွေ အရမ်းကြပ်မယ်လို့ တစ်နေ့က ကြေညာလိုက်ပါတယ်။
နိုင်ငံရေးခိုလှုံခွင့် တွေ အပါအဝင်ပေါ့။
ဒီတော့ လူ့အခွင့်အရေးကာကွယ်ရေး သမား ဘိုးအေ နိုင်ငံ တွေ မှာတောင် ဒီလိုမျိုး ကို ပြန်စည်းကမ်း ထားလာတဲ့ အချိန်မှာ ကျုပ်တို့ နိုင်ငံ က စည်းကမ်း ဥပဒေ တွေကို ပိုပြီး တင်းကြပ် နိုင်ပါတယ်။

ဒီတော့ စနစ်ကြောင့် မဟုတ်။ ဘာသာကြောင့် မဟုတ်။
ဥပဒေ ချို့ယွင်း အားနည်း တာကြောင့်၊
ဥပဒေ အားရှိအောင်၊ အားကောင်း အောင် မလုပ်တဲ့၊မလုပ်နိုင်တဲ့ အစိုးရ လူတွေကြောင့်။
Was this answer helpful?
LikeDislike