ဓာတ်သေပညာကျမ်း (အပိုင်း-၄)

 

အဲဒီတော့ ဖိုကယ်လန့်ကြောင့် ပြောင်းလဲမှု ၂ မျိုးဖြစ်သွားတဲ့ ပေါ်ကို အခြခံပြီး လန်းစ်အမျိုးမျိုး အကြောင်းကို ထပ်ရှင်း ပြပေးပါမယ်။

 

Prime lens မှာ ဖိုကယ်လန့် အသေဖြစ်ပါတယ်. များသော အားဖြင့် လန်းစ်ကို လက်နဲ့ အနီး/အဝေး လှည့်လို့ရပြီး ဒီ prime lens တွေကတော့ လှည့်လို့မရပါဘူး.. 50mm ဆိုရင် 50mm မှာ အသေဖြစ်ပါတယ်။ prime lens တွေမှာ အပါချာက အကျယ်ဆုံး ပါတတ် ပါတယ် အပါချာ အကြောင်းကို နောက် ပို့စ်တွေမှာ ဖော်ပြပေးပါမယ်။ 50mm ကို portrait ရိုက်တဲ့ နေရာမှာ အသုံးများပါတယ်.. အပါချာ က အနဲဆုံး ရှိတာကြောင့် DOF ကို ကျဉ်းစေတဲ့ အတွက် ပုံတွေကို ပိုမို ကြွရွ လှပစေပါတယ်. (အပါချာ၊ DOF ကို နောက်မှာ ရှင်းပါမယ်)

 

Nikon 50mm Prime Lens

kit lens  က ကင်မလာနဲ့ အများဆုံးတွဲပါလာတဲ့ လန်းဖြစ်ပါတယ်..ဖိုကယ်လန့် 18-55 စတဲ့ အနဲ ဆုံးအသုံးပြုနိုင်တဲ့ အခြေအနေနဲ့ တွေ့ရတတ်ပါတယ်.. 18mm ကတော့ wide ဖြစ်သွားပြီး 55 ကတော့ normal ဖြစ်ပါတယ်။ သူကတော့ ပုံမှန် ရိုက်လို့ရရုံပါပဲ။

 

Normal lens ကတော့ focal length ပိုကွာခြားပြီး တယ်လီ ပါ ပါဝင်နေပြီး အဝေး၊ အနီး တော်တော်များများ ကို ရိုက်နိုင်ပါတယ်။ 18-105, 28-105,18-135, စတာတွေ ဖြစ်ပါတယ်။ 70 ကျော်ရင် တယ်လီ ဖြစ် သွားတာကြောင့် wide ကနေ တယ်လီ အထိကောင်းကောင်း သုံးနိုင်ပါတယ်။

 

Nikon 18-105 normal lens

Tele Lens တွေကတော့ 70mm အထက်ကို ခေါ်ပြီး 70-200, 55-300 စသဖြင့် ဖြစ်ပါတယ်.. tele မှာ အဓိက ပါဖို့ ထပ်လိုတာက vibration ကိုလျှော့ချပေးတဲ့ စနစ် ဖြစ်ပါတယ်.. ကင်နွန်မှာ  IS လို့ ခေါ်ပြီး နီကွန်မှာ VR လို့ခေါ်ပါတယ်။ tele lens တွေဟာ အဝေးကို ဆွဲရိုက်တာတွေ ဖြစ်တဲ့ အတွက် နဲနဲလေးမှ တုန် လို့ မရတာကြောင့် vibration ကိုလျှော့ချပေးတဲ့ စနစ် ပါမှ သာ ကောင်းနိုင်မှာ ဖြစ်ပါတယ်။

 

Nikon 70-300 Tele Shot (ရွှေတိဂုံဘုရားထီးတော်)

Wide နဲ့ Super wide လန်းစ်တွေမှာ တော့ 11-16 , 18-24 စတာတွေ ဖြစ်ပါတယ် မြင်ရတဲ့ ဒီဂရီ ပိုကျယ်သွားပြီး အဆောက်အဦးတွေ၊ ရှုခင်းတွေ တွေရိုက်တာ များပါတယ်။ အခန်းကျဉ်း တွေဘာတွေ၊ လူအုပ်စု များတဲ့ အခါ သာမန် လန်းစ်နဲ့ မဆန့်တော့တဲ့ အခါ ဒီကောင့်ကို သုံးပါတယ်။

Tokina 11-16 Super wide lens

Fish eye lens ကတော့ ငါးမျက်လုံးလိုဖြစ်ပြီး 10mm လောက်ဖြစ်သွားပြီး မြင်ကွင်းကို 180 ဒီဂရီအထိ ၀င်ပါတယ်.. ပုံမှန်မဟုတ်တဲ့ ပုံတွေအဖြစ် လုံးလုံးကြီးတွေ၊ ခွက်ခွက် ကြီးတွေ ပေါ်ပါတယ်..

 

Nikon 10.5 Fish eye (ဒီလန်းစ်ကတော့ ကျုပ်ဆီမှာ မရှိပါဘူး)

Micro ကတော့ အနီးကပ်ရိုက်တဲ့ လန်းစ်ပါ. Micro lens ကတော့ တော်တော်များများမှာ မရှိတတ်ပါဘူး..

 

အဲဒီတော့ DSLR ကင်မလာ သမားတွေမှာ အနီးရိုက်ချင်ရင် အနီးရိုက်တဲ့ လန်းစ်ပြောင်း၊ အဝေးရိုက်ချင်ရင် အဝေးလန်းစ် ပြောင်း၊ ကပ်ရိုက်ချင်ရင်လဲပြောင်း၊ လူရိုက်ချင်တယ်ဆိုရင်လဲ ပြောင်း ဆိုပြီး အနှီ လန်းစ် ဟုခေါ်သော ပြောင်း တွေကို မကြာခဏ ပြောင်းလဲ ရိုက်နေရသော ဆြာသမားများကို ပလို ဓာတ်သေ ဆြာများဟု မှတ်ကြပါကုန်။ တချို့ ဖွတ်ကလိဒင်္ဂါး တတ်နိုင်သူ တွေကတော့ နောက် ဘော်ဒီ တွေ ထပ်ဝယ်လို့ သူများတွေ ကင်မလာ တစ်လုံးတောင် အနိုင်နိုင် ၀ယ်နေရတဲ့ အချိန်မှာ သူရို့တွေက ကင်မလာ ကြီး ၂ လုံး သုံးလုံးလွယ်ပြီး လက်စွမ်းပြနေကြလေရဲ့

 

ပုံမှန်အနေနဲ့တော့ DSLR ကင်မလာတစ်လုံးဈေးဟာ ၆ သိန်းကနေ သိန်း ၂၀ ကျော်ရှိနေပေမယ့် .. တကယ်တန်း ၀ယ်ပြီးသွားတဲ့ အခါ ထပ်ပြီး သုံးရတဲ့ လန်းစ်တွေရဲ့ တန်ဖိုးနဲ့ ပြန်ယှဉ်တဲ့ အခါ မပြောပသလောက်ဖြစ်သွား ပါတယ်။ နောက်ပိုင်းမှာ လန်းစ်တွေဟာ ကင်မလာ ထက်တောင် ပိုဈေးကြီးပါသေးတယ်။

လန်းစ်အကြောင်းတော်တော်ပြောအပြီးမှာ နောက်တဆင့်ကတော့ ဓာတ်သေပညာရပ်အတွက် အရေးကြီးဆုံးထဲက တစ်ခု  ဖြစ်တဲ့ အပါချာ အကြောင်း ကို နောက် တစ်ပို့စ်မှာ ဆက်ပါမယ်…

P.S အဲ သင်တန်းလေးမှန်မှန်တက်ကြတာတော့ ၀မ်းသာပါတယ် .. ဒါပေမယ့် fb မှာ ကျုပ် page လေးကို like တို့ share တို့ တို့ comment တို့လုပ် ပေးကြအုံးလေဗျာ.. ခင်ညားတို့ကလဲ..

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)