– ၁၂၆၇ခု၊ တော်သလင်းလဆန်း (၁၅)ရက်နေ့ နံနက် (၈) နာရီ အချိန်ခန့်တွင် ပန်းတနော်မြို့ ရွှေမြင်တင်စေတီတော်၏ ဘုရား ရာဟုဒေါင့် ကုန်းတောင်ပေါ်တွင် နတ်ဝတ်တန်ဆာတို့ကို ၀တ်ဆင်လျှက် ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာသောလူတစ်ယောက်သည် မတ်တပ်ရပ်လျှက် ဘုရားကိုအာရုံပြုနေသည်ကိုတွေ့ရကြောင်း….ထိုနေ့ကား လပြည့်နေ့ဖြစ်သဖြင့် ဥပုသ်သည်တို့သည် ထိုထူးဆန်းသော အချင်းအရာကို အံ့အားသင့်စွာ ၀ိုင်းအုံကြည့်ကြကြောင်း….ထိုသတင်းသည် ပျံ့နှံ့ကာ (၈) နာရီခွဲ အချိန်လောက်တွင် ထိုနတ်နှင့်တူသော ပုဂ္ဂိုလ်၏ အနီးတွင် ၀ိုင်းအုံကြည့်ရှု့ကြသော လူဦးရေသည် တစ်ထောင်ကျော်မျှ ရှိမည်ဟုထင်ရကြောင်း….ထိုသူ၏အနီးပူလွန်းလှ သဖြင့် မည်သူမျှမကပ်နိုင်ကြချေ….

အချို့သောသူတို့က ထိုသူသည်… နတ်ဖြစ်သည်…အချို့က ဗြဟ္မာဖြစ်သည်ဟု အသီးသီးငြင်းခုံကြသည်…အချို့က ပုဆစ်ဒူးတုပ်ပြီး ရှိခိုးကြကြောင်း…ပရိတ်သတ်အလည်တွင်ထိုသူသည်ဘုရားကို ဦးသုံးကြိမ်ချပြီး ကြီးစွာသော အခိုးအလျှံသည် ထိုသူ၏ကိုယ်ပေါ်မှထွက်ပြီးလျှင် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားကြောင်း….

– အထက်ပါသတင်းကို ဖတ်ရသောမြန်မာလူမျိုး တစ်ရာလျှင် ကိုးဆယ်ခန့်တို့မှာ အတော်ထူးသောအခြင်းအရာဘဲဟု မှတ်ထင်ပြီး ယုံကြည်ကြပေလိမ့်မည်…ကျန်ဆယ်ဦးလောက်မျှသာလျှင် ဟုတ်နိုင်ရန်ခဲယဉ်းသည်ဟု မယုံကြည်ဘဲ ရှိပေမည်…

ထိုဆယ်ဦးကား ဥာဏ်ကို အသုံးပြုသော သူများပင်တည်း….မစဉ်းစားဘဲ ယုံလွယ်သူပေါသောတိုင်းပြည်သည် အောက်တန်းကျသေးသော တိုင်းပြည်ဖြစ်၏…..

အသိဥာဏ်ကို ချင့်ချိန်နိုင်ရန် ၄င်းတိုင်းပြည်၏ သတင်းစာကိုကြည့်ပြီး အကဲခတ်နိုင်၏….သတင်းစာများတွင် မြတ်စွာဘုရားဆင်းတုတော်မှ မျက်ရည်ကျခြင်း၊ ကိုယ်ဝန်ရှိသော ဥစ္စာစောင့်မ၊ နတ်ကပေးသော ကလေး စသည်ဖြင့် ခေါင်းစီးတပ်ထားသော ဆောင်းပါးများကို အလုအယှက်ဖတ်သမျှကာလ ပတ်လုံး မြန်မာလူမျိုးတို့၏ အဆင့် အတန်းသည် ခေတ်မှီရန်များစွာ လိုသေးသည်ဟု ဆိုရပေမည်ဖြစ်သည်။ ပြောတိုင်းမယုံနှင့်…ယုံတိုင်းလည်း မပြောနှင့်…ချင့်ချိန်နှိုင်းဆပြီးမှသာ ပြုလုပ်ပြောဆိုရာ၏…

မှတ်ချက်…

– ဦးသန့်၏လက်ရွှေးစင် စာစုမှ…..ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါသည်.

About Ko out of...

Ko out of... has written 91 post in this Website..