ရူးသွပ်စွာ ငါတမ်းတ မိပါရဲ့

…… အမှောင်ထဲမှာ ကျရှုံးနေသူတစ်ယောက်မို့

မင်းငါ့အရှုံးကို ဘယ်တော့မှမြင်မှာမဟုတ်သလို

ငါကလည်း ထုတ်ပြဖို့ဝန်လေးသူတစ်ယောက်

………….

ဒီမှာ…

လွမ်းစရာကို နာစရာနဲ့မနှစ်သိမ့်တတ်ဘူး…

လွမ်းဖို့ကို ငါ့မာနက တားဆီးထားလို့…..။

 

တစ်ခါတစ်ခါ…. မဲ့ပြုံးတောင်ပြုံးမိတတ်နေပြီ

မင်းခြေထောက်အောက်ရောက်နေတဲ့

ငါ့မာနကို ဖွဟဲ့လို့ ဆွဲထူရင်း

ငါ့နှလုံးသားထဲ ပြန်သိမ်းထားလိုက်တော့မယ်

 

နိုင်ချင်ပေမယ့် ရှုံးနေတဲ့ဘ၀တစ်ခုကို

မင်းလှောင်မရယ်နဲ့

ပဲ့တင့်သံဆိုတာ ကိုယ့်ဆီပြန်လာတတ်တာ သဘာဝတဲ့

 

တုံ့ပြန်မှုသဘောတရား မင်းမသိရင်

နယူတန်က မင်းကိုလှောင်ရယ်လိမ့်မယ်

တစ်ခါတစ်ရံတော့ အချစ်တွေဟာ အမုန်းကိုပြောင်းလဲသွားနိုင်သေးတာပဲ

 

ဒါပေမယ့် မင်းကိုငါမမုန်းသေးဘူး

နာကျင်တဲ့အချစ်တစ်စုံ ဆုပ်ကိုင်ထားတုန်းမှာ

မင်းဝမ်းပန်းတသာ လှောင်ရယ်လိုက်ပါ

အစကတည်းက ရှုံးပြီးသားမို့

………………………….

……………………………

ငါ့မာနလေး ငါပြန်ကောက်ယူရင်း

 

နောက်ဆုံးအချိန် စကားတစ်ခွန်းပြောချင်တယ်

………………….

“လူတစ်ယောက်ကို အရမ်းမချစ်မိစေနဲ့”

 

 

………………

 

အောင်မိုးသူ

About အောင် မိုးသူ

ဘကြီး အောင် has written 217 post in this Website..

နာမည်အရင်းကော ကလောင်နာမည်ကော အောင်မိုးသူပါ။ လူဆန်တဲ့ လူ့ဘ၀ထဲမှာ နေထိုင်တဲ့လူတစ်ယောက်ပါ။