များသော အားဖြင့်တော့ ကင်မလာရှိတဲ့ သူတွေဟာ ဘယ်ရာသီပဲ ဖြစ်ဖြစ် ကင်မလာ ကို ကင်မလာ အိတ်ထဲ ပဲ ထည့်သိမ်းကြပါတယ်.. နွေဖက်ကတော့ ဘာမှ မဖြစ်ပေမယ့် မိုးတွင်းဖက်ဆိုရင် တော့ ဆန်ဆာ ကိုဖြစ်ဖြစ်၊ လန်းစ် ထဲကို ဖြစ်ဖြစ် မှိုစွဲဖို့ အခွင့်အရေးများပါတယ်.. မိုးတွင်းမှာ ဘယ်လိုထားသင့်တယ်ဆိုတာ အောက်မှာ ရေးထား (သူများပြောတာတွေ ကူးချထား) ပါတယ်..

ဒစ်ဂျစ်တယ် ကင်မရာတွေရဲ့ ပုံရိပ်အရုပ်ဖမ်းပေးတဲ့ စန်ဆာ မှာ မိုးတွင်းကာလတွေမှာ မှိုတွေတက်တပ်ပါတယ် ၊ စန်ဆာမှာ မှိုတက်တာနှစ်မျိုးရှိပါတယ် မျက်နာပြင်မှာ တတ်ရင်ဆေးကြောရနိုင်ပေမဲ့ စန်ဆာအတွင်းပိုင်းမှာမှိုတတ်ရင် ဆေးကြောဖို့ ခက်သွားပါသည်

 အဲဒီလို မဖြစ်အောင် ၊ ကြိုတင်ကာကွယ်ကြပါ၊ မိုးတွင်းဓါတ်ပုံထွက်ရိုက်ကြသူတွေ အိမ်ပြန်ရောက်ရင် ကင်မရာအိတ်ထဲမှာဘဲ အိတ်လိုက်သိမ်းထားကြပါတယ် ဒီလိုသိမ်းတဲ့အတွက် မှိုတတ်ကြရတာပါ ပုံမှန် လုပ်ဆောင်ရမှာက အိမ်ရောက်တာနဲ့ ကင်မရာအိပ်ထဲက ကင်မရာကိုထုပ်ပြီး ၊ သန့်ရှင်းရေး လုပ်ပြီး ရေငွေ့ စုပ်တဲ့ သေတ္တာ လေးထဲမှာ ထဲ့ထားရပါမယ် ၊ တန်ဖိုး တစ်သိန်းဝန်းကျင်လောက်ဆို ၀ယ်လို့ရပါတယ် ၊ ရေငွေ့စုတ်တဲ့ သေတ္တာ မရှိသူတွေက လေလုံတဲ့ ပလပ်စတစ် ဗူး၊ လေလုံတဲ့ ပုံး တစ်ခုထဲ မှာ ဆန်သန့်သန့် ကို လှော်ပြီး အအေးခံပြီး ထဲ့ပါ ပြီးလျှင် အ၀တ်သန့်သန့် ပါးပါးလေး ဆန်ပေါ်မှာခင်းပြီး ကင်မရာတွေ မှန်ဘီလူးတွေထဲ့ထားပြီး လေလုံအောင်အဖုံးပြန်ပိတ်ထားပါ ၊ လုံးဝ မှို မတက်ပါ ၊ တလတစ်ခါ  ဆန်လှော်ကိုလဲပေးရင်ပိုစိတ်ချရပါသည်ခင်ဗျား။ (by Ko Kyaw Thu)

Dry Cabinet

Dry Cabinet ကတော့ ဈေးနဲနဲကြီးပါတယ်.. ဒါပေမယ့် တကယ်ဈေးကြီးတဲ့ ကင်မလာ သိန်း ဆယ်ချီပြီး တန်တဲ့ ပစ်စည်းဆိုရင်တော့ သုံးသင့်ပါတယ်.. အနည်းဆုံး တစ်သိန်းခွဲ လောက်ရှိပြီး လျှပ်စစ်ပေးထားရတဲ့ အတွက် စိတ်ချရပါတယ်.. အဲစိတ်မချရတာက မီးပျက်သွားရင်…

Dry Box

 Dry Box ကတော့ မီးတွေဘာတွေနဲ့ ချိတ်ထားစရာ မလိုပါဘူး.. ဒါပေမယ့် တချို့ တွေမှာ Silica Gel ဘူးလေးပါပါတယ် အဲဒါလေးကို အရင် မီးထိုးပြီး အပူပေးရပါတယ်.. ပြီးရင် အထဲကိုထဲ့ပြီးဘူးကို ပိတ်ထားရပါတယ်..   ဈေးကတော့ ၄၀၀၀၀ ကနေ ၆၅၀၀၀ လောက်ရှိပါတယ်..

Air Tight Box (photo by Escap Villno)

Air Tight ဗူးလေး က Capital Hypermart မှာ ဝယ်လို့ရပါတယ် ..ပုံစံကတော့ ကင်မရာအတွက် သီးသန့်ထုတ်ထားတဲ့ ပုံပါ …Camera & Lens 4 လုံးလောက်ဆန့်ပါတယ် .. 11000 လောက်ပဲရှိပါတယ် (by Escap Villno)

Silica Gel (Photo by Min Htet)

Silica Gel : ၃၄ လမ်းအပေါ်ဘလောက်က Royal မှာရှိပါတယ်။ တစ်ပေါင်ထုပ်ကို ၂၀၀၀ ကျပ်ပေးရတယ်။ Silicon လို့မပြောနဲ့ ကိုယ်ကို အရူးလိုကြည့်လိမ့်မယ်။ Silica Gel လို့ပြောဝယ်။ (by Zar Ni Ko Ko )

 Mandalay  ၂၈ လမ်းလား ၂၇မှာလားမမှတ်မိတော့ဘူးအကယ်ဒမီကြွေဂျီးချွတ်ဆိုတဲ့ဆိုင်ရှိတယ်ဗျ။အဲ့မှာတစ်ပေါက် ၇၀၀ကျပ်နဲ့ ရပါတယ် (by Tin Htut)

  လေလုံတဲ့ ပုံးခွံလေးတစ်ခုထဲမှာထည့်ပြီး 5W မီးသီးတစ်လုံးထွန်းထားပေးလိုက်ပါ…လွယ်ပါတယ်..moisture ကာကွယ်ဖို့ မဟုတ်လား.. .ဈေးအသက်သာဆုံးနည်းလမ်းဘဲ (by Si Thu)

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)