မန်းလေးဂေဇက် အလှူခရီးစဉ်(၅)……………….
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ နားခွင်းကျင်ကျေးရွာ မူလတန်းကျောင်းလေးးးးးး
ဆရာမလေးသို့ မြေဖြူ၊ ဘောလ်ပင်၊ သင်ပုန်းဖျက်၊ မင်နီများ ပေးအပ်နေစဉ်….
လှုပ်လှုပ်ရှားရှား One Candle အဖွဲ့ဝင်များးးးးးးးးးးးးးးးးးးး
ကျောင်းသူလေးတစ်ဦးအား စာရေးကိရိယာလေးများ ပေးအပ်နေစဉ်….
ကျောင်းသူလေးအား စာရေးကိရိယာများ ပေးလှူစဉ်..
ရပ်မိရပ်ဖ ဆရာမများ ကျောင်းသား/သူများနှင့် ကျနော်တို့ အဖွဲ့ အမှတ်တရ….
ရပ်မိရပ်ဖ ဆရာမများ ကျောင်းသား/သူများနှင့် ကျနော်တို့ အဖွဲ့ အမှတ်တရ….
၁၉.၆.၂၀၁၃ ရက်နေ့ နံနက်ကတည်းက အနောက်ဘက်တခွင်မှ မိုးတိမ်တို့သည် အလိမ့်လိုက်တက်လာကြလေသည်။ မိုးရွာရွာ နေပူပူ သွားဖြစ်အောင်သွားမည်ဟု အားခဲထားတာမို့
ကြိုက်သလောက်ရွာလိုက်စမ်း မိုး…ရေဟု စိတ်ထဲမှ ကြုံးဝါးနေလိုက်မိသည်။ ယနေ့ ကျနော်တို့သွားရောက်ကြမည့် ရွာလေးမှာ နားခွင်းကျင်ရွာဖြစ်ပါသည်။ ဒီရွာလေးဟာ
ပါးစပ်ရာဇဝင်အရ ဟိုးရှေးယခင်က ရှမ်းစော်ဘွားများ တောကစားထွက်လာလျှင် နားခိုလေ့ရှိသည့်နေရာမို့ နားခိုကျင်း ဟု ခေါ်ပါသတဲ့… နောက်တစ်မျိုးကတော့ နန့်ခေါင်ကျင်း ဆိုတဲ့
ရှမ်းအမည်ကနေဆင်းသက်လာတာဆိုပဲဗျ.. နန့်ဆိုတာက ရေ.. ခေါင်ကျင်း ဆိုတာက ..မားကျင်းခေါင် ဆိုတဲ့ ရှမ်းစကား ထမင်းစားရအောင်ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ စကားလေးပါ….
ဒီတော့ နန့်ခေါင်ကျင်းဆိုတာ ဗမာပြန်ရင် ရေနဲ့ထမင်းတွေ ပေါများတဲ့ရွာလေးးတဲ့ခင်ဗျ….. ဘယ်နေရာဘယ်ဒေသတွေ မိုးခေါင်ပြီး စိုက်ရေးပျိုးရေး မဖြစ်ရင်နေ ဒီရွာလေးကတော့
မစိုက်ပျိုးပဲ ဒီအတိုင်း ပစ်ထားရတဲ့ နှစ်မရှိဘူးတဲ့လေ.. နောက်တစ်မျိုးက နားခွင်းကျင်ဆိုသည်က ရှမ်းဘာသာနှင့်ခေါ်ဆိုတာဖြစ်ပြီး ဗမာလိုက လယ်ကွင်းကြီးတဲ့ဗျို့…..
ကျနော်လည်း ဒီရွာလေးရဲ့ သမိုင်းတွေကို ရွာခံလူကြီး ပြောပြတာနားထောင်ပြီး တော်တော်မူးသွားတယ်ခင်ဗျ..
အရင်က ဒီနေရာတွေမှာ ရှမ်းတွေ နေထိုင်သွားတာတော့ အသေအချာပါ.. ဘာကြောင့်လဲဆိုတော့ နားခွင်းကျင်ဆိုတဲ့ ရွာလေးနဲ့ တစ်ဆက်တည်း ရှိနေတဲ့ ရွာတွေကတော့ နားပင်၊
နားတုံ၊ နားဖီ၊ တုံးလုံ ဆိုတဲ့ ရွာတွေပါပဲ…။ အဲ့ရွာတွေထဲမှာမှ ယခုအခါ နားခွင်းကျင်နဲ့ တုံးလုံဆိုတဲ့ ရွာနှစ်ရွာသာ ကျန်ရစ်ပြီး တခြားရွာတွေကတော့ ပျက်သွားခဲ့ပါပြီ…။
ရွာတွေဆက်နေသလိုပဲ.. လွဲမုတ်တောင်၊ သပြေတောင်၊ နားဖီတောင်ဆိုတဲ့ တောင်သုံးလုံးကလည်း တဆက်တည်းမဟုတ်ပေမယ့် တစ်တောင်နဲ့ တစ်တောင် အလှမ်းမကွာလှပဲ
တည်ရှိနေကြပါသေးတယ်.. ဒီတောင်တွေအပေါ်မှာတော့ ရှေးဟောင်းစေတီလေးတွေ ရှိနေပြန်တယ်…။ ဒါကတော့ ကျနော်စပ်စုဖြစ်လို့ ရွာခံလူကြီးတစ်ယောက်ပြောပြတဲ့ ရွာလေးရဲ့
သမိုင်းကြောင်းပါပဲ….။ ရှမ်းလူမျိုးတွေက ဆင်းသက်လာကြပေမဲ့ လူငယ်တော်တော်များများ ရှမ်းစကားကို မတတ်ကြတော့ပါဘူး..။ ထိုနည်းတူစွာ နိုင်ငံသားမှတ်ပုံတင်မှာလည်း
ဗမာ/ဗုဒ္ဓဆိုပြီး ဖြည့်ထားကြပြီးပြီလေ…။ အင်းပေါ့လေ.. မြေမျိုလို့ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်မယ်ဆိုထားတာပဲလေ..။ တကယ်ပြောရရင် ကချင်ပြည်နယ် မိုးကောင်းအထိ
ရှမ်းလူမျိုးတွေ ရှိနေကြတာပါ…။ ထားလိုက်ပါစို့ဗျာ.. အလှူခရီးလေးကိုပဲ ပြန်ရေးပါရစေ….။
နားခွင်းကျင်ရွာဆိုတာ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသက ရွာလေးတစ်ရွာပါ
ဒီရွာလေးကတော့ ရွှေဘို-မြစ်ကြီးနား မော်တော်ကားလမ်းရဲ့ ဘေးမှာရှိတဲ့ ညောင်ပင်သာရွာကနေ အရှေ့ဘက်ထဲကို ဝင်သွားရတာပါ.. ညောင်ပင်သာရွာနဲ့
နားခွင်းကျင်ရွာကို မော်လူးချောင်းလေးက ခြားထားပါတယ်… ရွာလေးက အိမ်ခြေ တစ်ရာကျော်ရှိပါတယ်…။ စာသင်ကျောင်းလေးကတော့ ရွာလေးရဲ့ အဝင်ဝမှာပဲ တည်ရှိနေတာပါ..
ရွာလေးရဲ့ အင်အားနဲ့ ဝိုင်းဝန်းကြိုးစားပြီး တည်ဆောက်ထားကြတာမို့ ကျောင်းလေးကလည်း သန့်သန့်ပြန့်ပြန့်ပါပဲ…။ နှစ်စဉ်လာလှူနေကြမို့ ကလေးတွေက
ကျနော်တို့ကတိုမြင်ကတည်းက ပျော်ရွှင်နေကြပါပြီ….။ ဆရာမလေးတွေကလည်း ကျနော်တို့ အဖွဲ့ကို ကြိုဆိုကြတယ်ခင်ဗျ… ကျနော်တို့ စာရေးကိရိယာ စလှူဖြစ်တဲ့ နှစ်တွေက
တစ်ချို့ မူလတန်းကျောင်းက ဆရာမလေးတွေက အလှူကို လက်မခံရဲကြဘူးခင်ဗျ…။ ကလေးတွေက အားလုံးပြည့်စုံပါတယ်..
မလိုအပ်ပါဘူးဆိုပြီး ငြင်းပယ်ကြတယ်… သေသေချာချာလေ့လာတော့ မြို့နယ်ပညာရေးမှူးတွေက လာလှူရင်လက်မခံဖို့ မှာထားတယ်ဆိုပဲ..။ ဪ…. တော်တော်ခက်တဲ့
လူတွေပါလားလို့ တွေးမိတယ်…။ သူတို့တွေကလည်း မစွမ်းဆောင်နိုင် စွမ်းဆောင်နိုင်မဲ့ လူတွေကိုလည်း အားမပေး…။ ရှေ့ကသွားဆိုတော့လည်း မသွား နောက်ကလိုက်ဆိုတော့
မလိုက် ဘေးကနေ ကန့်လန့်ကန့်လန့်ဆိုတဲ့ လူမျိုးတွေ…. ဒီနှစ်ကျနော် အစ်ကိုတော်တစ်ယောက် မြို့နယ်ပညာရေးမှူးရုံးကိုရောက်ပြီး ကျနော်တို့ လုပ်ဖြစ်တဲ့ စာရေးကိရိယာ
အလှူအကြောင်းလေးပြောပြတော့ ရုံးကစာရေးတစ်ယောက်က” ဘာလှူစရာလိုလဲ.. နိုင်ငံတော်က ဗလာစာအုပ်၊ခဲတံအပြင် ငွေတစ်ထောင် ထောက်ပံ့ပေးနေပြီပဲ”လို့ ပြောပါသတဲ့…။
ကဲဗျာ.. ဒီလိုလူတွေ..ဒီလိုစိတ်ထားတွေနဲ့ ….ဟူးးးတွေးးမိတိုင်းး ရင်မောတယ်… ကျနော်မေးလိုက်ချင်ပါတယ်… “ခင်ဗျားကလေးရော တစ်နှစ်လုံးစာကို
ဗလာစာအုပ်လေး ခြောက်အုပ်နဲ့ လုံလောက်ပါ့မလား”လို့လေ..။ ပရဟိတတွေ လုပ်နေတယ်ဆိုတာ နိုင်ငံတော်က တာဝန်မကျေလို့ အဆင်မပြေဖြစ်နေတဲ့ နေရာလေးတွေကို
တာဝန်သိပြည်သူတွေက တတ်နိုင်သလောက် တတ်စွမ်းသလောက် ဖြည့်ဆည်းဆောင်ရွက်ပေးနေတာပါ..ဒီလိုလူတွေကို အားမပေးပဲနဲ့ သူတို့ အရင်က ကြွေးကြော်ခဲ့တဲ့
စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတက်သော ဒီမိုကရေ နိုင်ငံတော်ကြီးကို အဘယ်သို့သောနည်းဖြင့် ရောက်ပါအံ့နည်…။( မှတ်ချက်။ ။ တကယ်က
စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သောဆိုတာက စကားလုံး အပိုပါ..ဒီမိုကရေစီဆိုကတည်းက စည်းကမ်းရော ခေတ်မီဖွံ့ဖြိုးတိုးတက်တယ်ဆိုတာရော ပါပြီးသားလို့
ကျနော်နားလည်မိပါတယ်…ကျွဲကူးရေပါပေါ့..။) ဒီကျောင်းက ဆရာမလေးတွေကတော့ ကလေးတွေရဲ့ အခက်အခဲလေးတွေကို သိရှိနေပြီးသားမို့ အရင်နှစ်တွေကလည်း
ကြည်ကြည်ဖြူဖြူခွင့်ပြုပေးခဲ့ကြတာပါ..။ မတတ်နိုင်တဲ့ကလေးလေးတွေက တကယ်ကို မတတ်နိုင်ကြတာပါ..ကျနော်တွေ့ဘူးတဲ့ ကလေးတွေတော်တော်များနေပါပြီ..။ ဗလာစာအုပ်
မဝယ်နိုင်လို့ ဆရာမလေးတွေက ဗလာစာရွက်လေးတွေနဲ့ စာရေးခိုင်းထားတဲ့ ကလေးလေးတွေ… ကျနော့်ရင်ထဲမှာ မချိအောင် ခံစားခဲ့ရတာ…။ တကယ်သိချင်ရင်
တကယ့်ဘဝတွေထဲကို ဆင်းကြည့်ကြစမ်းပါလို့ တိုက်တွန်းချင်ပါတယ်.. ရွာတွေမှာ နေတဲ့ မိဘတွေဟာ ကလေးတွေ ပညာရေးအတွက်မပြောနဲ့ စားဝတ်နေရေး အတွက်
ဘယ်လောက်ရုန်းကန်နေရတယ်ဆိုတာ မြင်တွေ့ရပါလိမ့်မယ်…။ ရွာတွေက ထမင်းဝိုင်းအကြောင်း ကျနော် နည်းနည်း ထည့်ပြောပါရစေ.. အခုလိုမိုးတွင်းမှာ ငါး၊ ဖားတွေပေါပေမယ့်
သူတို့ မစားနိုင်ပါဘူး..ရှာဖွေရတဲ့ ငါး၊ဖားတွေကို အိမ်စရိတ်ရအောင် ဈေးမှာရောင်းချပြီး သူတို့တွေကတော့ မျှစ်ပြုတ်ကို ငါးပိဖုတ်နဲ့ စားကြသူတွေပါ..။ ခင်ဗျားတို့တော့ မသိဘူး
ကျနော်တော့ သူတို့လို ထမင်းကို မျှစ်ပြုတ်၊ ငါးပိဖုတ်နဲ့စားကြည့်ဘူးတယ်… ဘယ်လိုမှအဆင်မပြေဘူးးးး။
ရွာတွေမှာနေတဲ့ လူတွေအကြောင်းပြောရရင် ကျနော် ရင်နာလွန်းလို့ မပြောပါရစေနဲ့တော့… ။
ကျနော်တို့ အဖွဲ့က စာအုပ်လေးတွေ ခဲတံလေးတွေ ပြင်ဆင်တော့ ဆရာမလေးက “တော်တော်အဆင်ပြေသွားတယ်ရှင့်… နိုင်ငံတော်က ပေးတဲ့စာအုပ်တွေက နှစ်ကြောင်းမျဉ်း
ရှင်တို့လှူတာက လေးကြောင်းမျဉ်းဆိုတော့လေ..”ဟု ပြောပြသဖြင့် ပီတိဖြစ်မိရသေး၏။ ကလေးတွေကို စာအုပ်လေးတွေ ဝေငှပေးရင်း “စာကြိုးစားကြနော်..သားးတို့
သမီးတို့…တိုင်းပြည်အတွက် အားထားရတဲ့ လူတော်လူကောင်းလေးတွေဖြစ်လာအောင်… “ဆိုပြီးပြောမိတော့ ကလေးလေးတွေ
မျက်လုံးလေး ပေကလပ်ပေကလပ်နှင့်…ဟုတ်ပေသားပဲ..သူတို့လေးတွေက တိုင်းပြည်အတွက်တို့ ဘာတို့..နားလည်သေးတာမှမဟုတ်တာ… စာရေးကိရိယာလေးတွေဝေငှပြီးတော့
ဆရာမလေးတွေကို အလှူရှင်တွေ အကြောင်းပြောပြတော့…ဝမ်းသာအားရ သာဓု..ခေါ်ကြရှာပေသည်..။ အားလုံးပြီးစီးတော့ စာသင်ဆောင်လေးရှေ့မှာ ကလေးတွေနဲ့ အမှတ်တရ
ဓာတ်ပုံတွေရိုက်ကြပေါ့… ကျနော်က လှူဒါန်းမှု မှတ်တမ်းလေးရေးပေး..ရပ်မိရပ်ဖတစ်ယောက်ကတော့ လိုအပ်တဲ့နေရာမှာ လိုအပ်တဲ့ အကူအညီတွေ လာပေးကြတဲ့ အတွက်
အများကြီး ဝမ်းသာကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောလို့.. အားလုံးကိုနှုတ်ဆက်ပြီး ကျောင်းလေးကနေထွက်လာတော့ ကလေးတွေက..
“ကျေးဇူးတင်ပါတယ်….မင်္ဂလာပါ..”ဆိုပြီး နှုတ်ဆက်..ကျနော်တို့ အဖွဲ့လည်း ကျောင်းလေးကထွက်လာရော…ဟော…အနောက်တောင်ဆီက
မိုးတွေ ဝေါခနဲ…ရွာချပါလေရော…ရွာတော့မိုးရေ..ရွာစမ်းပါတော့..ခြောက်သွေ့နေတဲ့ ဘဝလေးတွေကိုလည်း စိမ်းလန်းသွားအောင် ရွာချလိုက်ပါတော့..မိုးးးးရေ..ဟုရေရွတ်ရင်းးး
ပျော်ရွှင်ချမ်းမြေ့ကြပါစေ……
K.T.W.L
5 comments
kotun winlatt
June 27, 2013 at 8:22 am
ကိုးနတ်ရှင်ကောင်းတုန်းးးလေးးးပုံလေးစာလေး အပြေးအလွှားတင်ပြီးးးသကာလ ရွာထဲမှ စာလေးတွေ ဝင်ဖတ် ကွန်မန့်ပေးပြီးးးးလစ်ပြေးသွားပြီဖြစ်ပါဂျောင်းးးးးးးးးးးးးးးးးး။
Ma Ei
June 27, 2013 at 12:12 pm
ဒီတစ်ခါလှူရတာ
အများကြီးလှူနေရသလိုဘဲ
ခဏခဏ ပျော်နေရတယ်…
ကျေးဇူးပါ kotun winlatt ရေ….
Shwe Ei
June 27, 2013 at 12:30 pm
မျှစ်ပြုတ်နဲ့ငပိဖုတ်စားပြီး စာသင်ကျောင်းတက်နေကြရသူကလေးများ အောင်မြင်မှုရပါစေလို့ဆုတောင်းပေးပါတယ်ဗျာ..
အလှူအတွက်လဲ ပီတိဖြစ်မိပါတယ်..
One Candle အဖွဲ့ ဆထက်ထမ်းပိုး တိုးပြီးလှုနိုင်ပါစေ…
အလင်း ဆက်
June 28, 2013 at 9:11 pm
သာဓုပါဗျာ…..
သာဓု
သာဓု….
uncle gyi
June 28, 2013 at 10:46 pm
နားခွင်ရွာကလေးကစိုက်ပျိုးရေးးကောင်တယ်ဆိုတာ
ဟုတ်လောက်တယ်ဗျို့
ကလေးတွေကောဆရာမတွေပါ
ဝတ်စားထားတာလေးတွေသိပ်မဆိုးဖူး
ဒါထက်စကားမစပ်
ကျောင်းတွေမှာဆရာတွေမတွေ့ဖူးနော်