ကင်မလာကို ဘယ်ထဲ ထည့်ရမလဲတော့ ရှေ့ပို့စ် မှာ ပြောပီးသွားပေမယ် ဘယ်လို ထားရမလဲ မပြောရသေးလို့ …  ရှေ ပို့စ်ကို  ဖတ်ပြီး လိုက်လုပ်မယ်ဆိုတဲ့ သူတွေအတွက်ပါ

ံHydrometer

၁။ Dry Cabinet မှာ ထားတာကတော့ ရှင်းပါတယ်။ ထဲ့ပြီး ပလပ်ထိုး hydrometer လေးကြည့်ရုံပါပဲ။

၂။ လေလုံတဲ့ သေတာ ထဲထဲ့ပြီး မီးလုံးလေးထွန်းမယ် ဆိုရင်တော့ မီးလုံးနဲ့ အရမ်းကပ်မနေအောင် သတိထားပါ.. အရမ်းပူရင် ဆားကစ်တွေ ပြသနာ ရှိနိုင်ပါတယ်။

Dry Box

၃။ Dry Box ထဲမှာ ထားမယ်ဆိုရင်တော့ တချို့ တွေမှာ silica gel ဘူးလေးပါပါတယ် မီးထိုးထားပါ.. ၂ နာရီလောက်နေရင် ဘူးထဲထည့်ပြီး ဘူးမှာ လှည့်ပီး ဖွင့်ရတဲ့လေပေါက် လေးပါပါတယ်.. အဲဒါလေးကို ခဏ လောက်ဖွင့်ထားပြီး နာရီဝက်လောက်ဆိုရင် ပြန်ပြီးပိတ်လိုက်ပါ hydrometer မှာ ၄၀-၅၀ လောက် ဆိုရပါပီ

Silica Gel (Photo by Min Htet)

၎။ဒါမှမဟုတ် ရိုးရိုးလေလုံတဲ့ ဘူးထဲမှာ ထားမယ်ဆိုရင်တော့ ဒီအတိုင်းမထားပါနဲ့  silica gel ၀ယ်ပါ.. ပြီးရင် ကို ဒယ်အိုးနဲ့ လှော်ရင် လှော် ဒါမှမဟုတ်  hair dryer နဲ့ မှုတ်ပါ.. ဒါမှမဟုတ် microwave oven ထဲမှာ medium temprature  လောက်နဲ့ ၃ မိနစ်လောက် ထဲ့ပြီး အပူပေးပါ

 ပူသွားရင် gel လေးတွေ အပြာလိုလို ခရမ်းလိုလို အရောင်ပြောင်းသွားပါလိမ့်မယ်..။ ပြီးတော့မှ အိတ်ကလေးထဲဖြစ်ဖြစ် ထဲ့ပြီး ဘူးထဲထဲ့ထားပါ။ ပူနေတုန်း မထည့်ပါနဲ့ ခဏလောက် အ အေးခံပီးမှထဲ့ပါ။

 . ကြာသွားလို့ gel လေးတွေ အဖြူရောင် ပြန်ပြောင်းသွားပြီ ဆိုရင် ပြန်ထုတ်ပြီး အပူပြန်ပေးပါ..

 သိန်းကျော်တဲ့ ကင်မလာတွေအတွက် သောင်းဂဏန်း၊ ထောင်ဂဏန်းလောက် ကလေးနဲ့ ကာကွယ်ထားသင့်ပါတယ် ..

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)