ဓာတ်သေပညာကျမ်း အပိုင်း(၈)

ရှက်တာစပိ

အခုပြောမှာကတော့ ဓာတ်သေပညာမှာ အဓိကကျတဲ့  shutter speed အကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်.

shutter speed ကိုမပြောခင် shutter ကိုအရင်ပြောပါမယ်.. ရှက်တာ ဆိုတာက ကင်မလာ ဘော်ဒီထဲက ပုံရိပ်ဖမ်း ဆင်ဆာ ကို မရောက်ခင် ဆင်ဆာရှေ့မှာ shutter လေးရှိပါတယ် ..

 အဲဒီ shutter တံခါးပေါက်ကလေးဟာ ဓာတ်သေရိုက်လိုက်တဲ့ အချိန်တဒင်္ဂလေးမှာ ဖွင့်ပြီး ပြန်ပိတ်ပါတယ်.. အဲဒီ ရှက်တာလေးအဖွင့်အပိတ်လုပ်လိုက် တဲ့ နှုန်းဟာ  ဓာတ်သေပညာမှာ အဓိကကျတဲ့ မဟာ့မဟာ အကျိုးသက်ရောက်မှုကြီး ဖြစ်သွားပါတဲ့.. Butterfly effect ပေါ့ဗျာ..

ကမ္ဘာကြီးရဲ့ အစွန်းတဘက်မှာ လိပ်ပြာလေး အတောင် တချက်ခတ်ခြင်းက.. အစပြုတဲ့ လေပွေမုန်တိုင်းများ.. အဲလိုပေါ့နော်..

ဒီရှက်တာပိတ်တာ ဖွင့်တာ ပေါ်မူတည်ပြီး ဓာတ်သေတွေကို အမျိုးမျိုး ခရီရေးတစ် လုပ်နိုင်ပါသတဲ့..ဟုတ်ပီဗျာ ..ဘာတွေကိုပေါ်မှာ များသက်ရောက်ပါလဲဆိုရင်.. ရှေ့အပိုင်းမှာ ပြောခဲ့တာလေးပြန်ပြီး ရီဗစ်ရှင် လုပ်ချင်ပါတယ်..

အပါချာအကျဉ်းအကျယ်ဟာ ကြောင့် ဘာသက်ရောက်မှုတွေ ဖြစ်ခဲ့ပါသလဲ.. မေ့နေရင် အပိုင်း (၅) နဲ့ (၆) ကို ရှက်တာစပိအကြောင်းဖတ်ပြီးရင်  ပြန်ကြည့်ပါ.. ဘာလို့ပြန်ကြည့်ခိုင်းတာလဲဆိုတော့ ရှုပ်သွား အောင်ပါ..ဟိ..

ဟုတ်ပါတယ် တကယ်ရှုပ်တော့မှာ ဖြစ်ပါတယ်.. အဲဒါကြောင့် ခုမကြည့်ပါနဲ့ဦး ရှက်တာစပိအကြောင်းပြောပြီး မှ ပြန်ကြည့်ပါ..လုံးဝမကြည့်နဲ့နော်..

ဒီ ရှက်တာတံခါး အဖွင့်အပိတ်လုပ်တဲ့နှုန်းကြောင့် သက်ရောက်မှု ၃ ခုဖြစ်သွားပါတယ်။ အဲဒါကတော့ (၁) အိတ်စပိုရှာ နဲ့ (၂) မိုးရှင်း နဲ့ (၃) capturing တို့  ဖြစ်ပါတယ်.

(၁) အိတ်စပိုရှာ

ရှက်တာတံခါးလေး အဖွင့်အပိတ်ဟာ အိတ်စပိုရှာ လို့ခေါ်တဲ့ ပုံရိပ်ပေါ် အလင်းရောက် ရှိတဲ့ ပမာဏ ကိုအနည်း/အများ ဖြစ်စေပါသတဲ့.. ဆရာဦးစိုးဝင်းပြောတဲ့ ဥပမာလို ရှင်းပြရရင်

ရေပိုက်တစ်ခုနဲ့ တိုင်ကီ ထဲကိုရေဖြည့်တဲ့ အခါ.. ရေထည့်တဲ့ အချိန်မြန်ရင် ရေသိပ်မရဘူး.. ရေထည့်တဲ့ အချိန်ကြာရင် ရေပိုရမယ်.

အဲဒီလိုပဲ တံခါးပေါက်ကလေးရှိတယ် အဲဒီတံခါးပေါက်ကလေးကို မြန်မြန်ဖွင့်/ပိတ် ရင် အလင်းနဲနဲရမယ်.. နှေးနှေး ဖွင့်/ပိတ်ရင် အလင်းများများရမယ်.. ရှက်တာ ဟာ ပုံရိပ်ဖမ်းဆင်ဆာထဲကို ပုံရိပ်ဝင်ဖို့ ဖွင့်ပေးလိုက်တယ်..ပြီးတော့ ပြန်ပိတ်တယ်..

ကင်မရာမှာရှိတဲ့ ရှက်တာစပိ အမြန်နှုန်းတွေက အကြာဆုံး 30s (စက္ကန့် ၃၀) ကနေ 1/8000s (တစ်စက္ကန့်ရဲ့ ၈၀၀၀ ပုံတစ်ပုံ) အထိရှိနိုင်ပါတယ်.. တချို့ ကင်မလာက 1/8000.. တချို့က 1/4000 စသဖြင့် အမျိုးမျိုးရှိနိုင်ပါတယ်.. ပုံမှန်အားဖြင့်တော့ 1/125s နဲ့ 1/600s ကြားလောက်မှာ ရိုက်ကြပါတယ်.

အဲဒီ shutter ရဲ့ speed                  မြန်ရင် အလင်းနဲနဲရမယ်.. ဒါကြောင့် ပုံက မှောင်မယ်.. အိတ်စပိုရှာ အန်ဒါဖြစ်မယ်..

ပြန်ပိတ်တဲ့ shutter ရဲ့ speed          နှေးရင် အလင်းများများ ရမယ်          ပုံက လင်းမယ်..    အိတ်စပိုရှာ အိုဗာ ဖြစ်မယ်.. အသင့်အတင့်နှုန်းကို ညှိပြီးထားနိုင်မှ  ပုံက အိတ်စပိုရှာ မှန်မယ်..

သြော်မှားပြီးမှတ်မိနေမှာစိုးလို့ ရှက်တာစပိက တစ်စက္ကန့်အတွင်းမှာ ရိုက်လို့ရတဲ့ နှုန်းနဲ့မတူဘူးနော်(fps=frame per second) fps က တစ်စက္ကန့်မှာ ၃ ပုံတို့၊ ၄.၅ ပုံတို့ ၈ ပုံတို့ စသဖြင့် ရိုက်နိုင်ပါတယ်..

ဆက်ရန်

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)