တိုက်ပွဲ တပွဲ ဒီမနက်မှာအကြီးအကျယ်ဖြစ်သွားလို့
ရွာသူ/သားတွေအားလုံး တိုက်ပွဲ သတင်းနဲ့ပါတ်သက်လို့
သိခွင့်ရှိမယ်ထင်လို့သတင်းထူးအနေနဲ့တင်ပြပေးလိုက်တာပါ။

ဒီသတင်းမရေးမှီကလေးမှာ အန်တီဒေါ်မမ ပဒုမ္မာ ရဲ့ သတင်း
ကျင့်ဝတ်ဆောင်းပါးလေးကဖတ်မိသွားတော့ သတင်းရေးရမှာ
နဲနဲတော့တွန့်သွားတယ်ဗျ။

ဒါကြောင့်သတင်းရေးတဲ့အခါ ဘက်မလိုက်ရေးမူ တဖတ်သူ
များ ၏ သိက္ခာကိုမကျဆင်းစေရန် ဓါတ်ပုံ ရုပ်သံများအား
စိတ်မကောင်းစွာနဲ့ ပလပ် လိုက်ရပါတယ်။

တိုက်ပွဲ ဖြစ်ပွားရာနေရာဒေသကတော့ ရွှေစတုဂံဒေသတွင်
ယနေ့မနက် မြန်မာစံတော်ချိန် ဝ၈:၀ဝ နာရီ တိတအချိန်
တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
ရွှေစတုဂံဒေသ ကို ရွာသူ/သားများ သိရှိနိုင်ရန်ဗဟုသုတ
အနေနှင့်တင်ပြပေးရလျှင်
၁။ဦးရွှေမင်း နိုင်ငံ
၂။ဒေါ်ရွှေမြင့် နိုင်ငံ
၃။ဒေါ်ရွှေတင့် နိုင်ငံ နှင့်
၄။ေါ်ရွှေသန်းမြင့် နိုင်ငံ တို့၏ လေးနိုင်ငံထိစပ်နေသော
ဒေသပင်ဖြစ်လေသည်။(လူတော်ဖြစ်လိုလျှင် မှတ်စုစာအုပ်ထဲ
ကူး၍မှတ်ပါ။):mrgreen:
တိုက်ပွဲဖြစ်သည်ဆိုရာတွင် သတင်းရေးသူအနေနှင့် တိုက်ပွဲ
ဖြစ်ပွားရာလမ်းကြောင်း ရာဇဝင် အတိတ် နောက်ခံသမိုင်း
အဖုအထစ်ပြသနာလေးများ အစရှိသည်တို့ကိုပါ သတင်း
ရှု့သူများအားတင်ပြရန်ဝတ္တရား ရှိပါသည်။
နောက်ခံသမိုင်းအားပြန်လှန်ကြည့်လျှင် တိုက်ပွဲ၏တရားခံမှာ
ဒေါ်ရွှေသန်းမြင့်ဖြစ်လေသည်။အကြောင်းမှာ ၎င်းသည်
၎င်းစားသောက်ရေးမှအနိုင်နိုင်ဘဝနှင့် ကြောင်ကိုချစ်သည်
ဟုဆိုကာကြောင်များကို မကျွေးနိုင် မမွေးနိုင်ပဲ မွေးမြူလေ
သည်။(ကြောင်ချစ်သူများသတိပြု)ထိုကြောင်များမှာပိုင်ရှင်ဖြစ်
သူမှ မဝရေစာစားရခြင်းကြောင့်၎င်းတို့ဝမ်းဝရေးအတွက်
ကိုရွှေမင်း တို့၏အိမ်သို့ဝင်၍စားလို့ရတာတွေ ဝင်ခိုးစား၏။
ကိုရွှေမင်းတို့အစကမသိ။ နောက်ပိုင်း ကြောင်များကဝမ်းဝ၍
အစွမ်းအစပြလာတော့မှ သိလာရသည်။
အထက်တွင်ဖော်ပြထားသော ရွှေစတုဂံဒေသတွင် သစ်တော
ထူထပ်၍ တောတွင်းနေသတ္တဝါများမှီတင်းနေထိုင်ကြလေသည်။
အဆိုပါကြောင်များသည် ၎င်းတောများပေါ်မှကိုရွှေမင်း၏
အိမ်ခေါင်မိုးပေါ်သို့ “ဝုန်း”ကနဲ့ “ဒိုင်း” ကနဲ့ ခုန်ချပြေးလွှား
လျက် အစာဝသူတို့ ၏အကျင့်စရိုက်အတိုင်း “အာဝါဟ ဝိဟာဝ”
အမှု့ပြုလေသည်။၎င်းတို့ ၏မင်္ဂလာဦးညသည် တနေ့မဟုတ်
တညမဟုတ်ကြာလာတော့ဦးရွှေမင်းသည်းမခံနိုင်တော့
ရေနဲ့ပက်သည်။မမှီမှန်းသိသိနဲ့လိုက်သည်။
ဤတွင်တိုက်ပွဲကိုအသက်သွင်းပေးသူ တဦးအကြောင်းပြော
ရတော့မည်။
ထိုသူကား ဘိုနီ (ဗ နှင့်မဗိုလ်ပါ )
ထိုဘိုနီသည်ကိုရွှေမင်းတို့အိမ်မှဖြစ်သည်။သက်တမ်း ၂နှစ်ခန့်
ရှိသောခွေးတကောင်။ အစကခွေးလေခွေလွင့်။ကိုရွှေမင်းတို့နိုင်ငံ
အတွင်းသို့ ကိုဘိုနီတို့စစ်တပ် တော်သလင်းလရောက်လျှင်
အခြားကမ္ဘာ(ရပ်ကွက်မှ)စစ်တပ်နှင့်အသည်းအသန်တိုက်ခိုက်
လေ့ရှိသည်။ကိုရွှေမင်းစိတ်အကြီးအကျယ်ပျက်မိသည်။
ဤစစ်တပ်များလာရောက်တိုက်ပွဲဆင်နွဲ၍ ခြံအတွင်းရစရာမရှိ။
စစ်တလင်းတို့ထုံစံအတိုင်း အရာရာစိစိညက် ဖြစ်ကုန်သည်။
ခြံစည်းရိုးပြင်ရသည်မှာအကြိမ်ကြိမ်။ အုတ်တံတိုင်းခတ်ဖို့ရန်ကလဲ
ဘဏ္ဍာရေးဘက်ဂျက်ကမမှီ။ ပြန်ပိတ်လိုက် ပြန်ဖောက်လိုက်။
နိုင်ငံကာကွယ်ရေးအတွက်ဦးရွှေမင်းထူးခြားသော အိုင်ဒီယာကို
ဖော်ထုတ်မိလေသည်။
အခြားမဟုတ် သပုန်ခေါင်းဆောင်အားနိုင်ငံသားအဖြစ်အသိအမှတ်
ပြုခြင်းနှင့် ဘိုနီ ဟူသော ဘွဲ့ တံဆိပ် ပေးအပ်ရန်ကမ်းလှမ်း
လိုက်လေသည်။သပုန်ခေါင်းဆောင်လဲ နေရာအတည်တကျမရှိ
အစာရေစာရိပ်က္ခာအတွက်ပူပင်ရခြင်းမှကင်းဝေမည်ဟု မှန်ကန်သော
ဆုံးဖြတ်ချက်ကိုချလျက် ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို
ကိုရွှေမင်းကျွေသောအစာကိုစားလျက် လက်မှတ်ရေးထိုးပြီး
ဘိုနီ ဟုဘွဲ့တံဆိပ်ကို အမြီးနန့်လျက်ခံယူလေသည်။
အထက်တွင်ကြောင်အားဦးရွှေမင်း လိုက်သည်ကို ကိုဘိုနီမှ
သူ့ဆန်စားရဲရမည်စိတ်ဓါတိနှင့် အတူလိုက်၍ကိုက်၏။သစ်ပင်
ပေါ်တတ်ပြေးသောအခါ ဟောင်၏။ကြောက်သပုန်မလူပ်ရဲတော့။

ကြောင်သပုန်များဦးရွှေမင်းထံမှာအစားမချောင်၍ သစ်တောဘက်
အမဲလိုက်ထွက်သည်။တောတွင်းသစ်ပင်များတွင် ကြီးစိုးနေသော
သူများမှာ ဆာမူရိုင်း ရှည့် များဖြစ်သည်။

၎င်းတို့နယ်ကိုခွင့်ပြုချက်မတောင်းပဲ စိတ်ရှိတိုင်းဝင်ထွက်သွားလာနေ
သောကြောင်အုပ်စုကို သိပ်အမြင်မကြည်ဖြစ်နေသည်မှာကြာပြီ။
ယခုဆာမူရိုင်းရှည့်၏ အိမ်ထဲမှ ကလေးကို အတင်းဝင်စီး၍ စား
သောက်ပစ်လိုက်သော ကြောင်ကိုအခဲမကြေနိုင်။ပြန်လည်လက်စားချေနိုင်
ရန်အခါအခွင့်စောင့်နေသည်မှာကြာပြီ။

အချိန်ကာ မြန်မာစံတော်ချိန် နံက် ၈:၀ဝ နာရီ။
နေရာကာ ရွှေစတုဂံ ဒေသ။

တကောင်းတည်း သတိလက်လွတ် ရွှေစတုဂံဆဒသအနီး

အခင်းကြီးသွားအပြီး လက်စဖောက်နေသောကိုရွှေကြောင်အား
ဦးစီးချုပ် ဘိုနီ မှတွေ့ရှိရ၍ အတင်း ထိုးစစ်ဆင်လျက်လိုက်ရာ
အနီးရှိသစ်ပင်ပေါ်သို့ပြေးတတ်နိုင်သော်လည်း ဘိုနီ၏
ပါစပ်ဖျား၌ အမှီး ဖျားရှိ ကြောင်အမွေး အားလက်လွတ်လျက်ထား
ခဲ့ရသေည်။ ကြောင်မှာအလွန်ထိပ်လန့်လျက် အမှီးတွင်ဒဏ်ရာ
ရှိလျှက် သစ်ပင်ပေါ်တွင်တုန်ရီ လျက်ရှိနေလေသည်။
ဤတွင် ရှည့်အခွင့်အရေးအဖောက်ခံ ထားရသော ဆာမူရိုင်းရှည့်တို့
“ကြောင်အခက် ရှည့်အချက်”ဟု ကြွေးကြော်လျက် ကြောင်ကို
အပင်၏အပေါ်ဖျားမှနေ၍ဝိုင်းထား၏။ ကြောက်က ရှည့်ကို အလေးမထား
အောက်ကဘိုနီကိုသာ အလေးထားကြောက်နေ၏။
“စစ်ပွဲတို့မည်သည် အင်အားနည်းသည်များသည်အဓိမဟုတ်
ကြံရည်ဖန်ရေသာအဓိက”ဆိုပြီးရှည့်တို့က မိမိထက်အစမတန်
အင်အားကြီးမားသောကြောင်ကိုရင်ဆိုင်နေလေသညိ။
ကြောင်၏မျက်နှာတည့်တည့်သို့ရှည့်နှစ်ကောင်ခုန်ချ၏။ကြောင်က
ရှေ့ သိုမဲနေစဉ် နောက်ဘက်ကရှည့်တကောင် ကခုန်ချလျက် ဒဏ်ရာ
ရှိရာအမှီကိုကိုက်၏။မြန်လိုက်သည့်တိုက်ကွက်။ကြောင်ကနောက်သို့
လှည့်ရာတွက်ရှည့်ကမြေကြီးပေါ်ခုန်ချ၏။ကြောင်ကလဲနာလည်းနာ
ဒေါသလဲထွပ်ပုံရသည်။မြေကြီးပေါ်မှာထိုင်စောင့်နေသော ဘိုနီ
ကိုမေ့ကာရှည့်နောက် ခုန်ချကာလိုက်၏။
မြေကြီးပေါ်ခြေချရုံရှိသေး ဘိုနီ လိုက်၍ သစ်ပင်ပေါ်တတ်ပြေး
ရပြန်၏။တိုက်ပွဲ၏အသံများဆူညံလျက်ရှိလေသည်။
ဘိုနီက “ဝုတ် ဝုတ် ဝုတ်” ဟောင်၏။

ကြောင်က” မီးးးးးညောင်းးးး ညောင်းးးးး”ဟု ငယ်သံပါအောင်အော်၏။

ဆာမူရိုင်းရှည့်များက ” ကွီးးးးကွတ် ကွတ် ကွတ်” အော်လျက်ညာသံ
ပေး၏။

နောက်ဆုံးကြောင်သည် အမှီးတွင်သွေးသံတရဲရဲဖြစ်နေရာမှ တိုက်ပွဲတွင်
မိမိအရေးမလှနိုင်ကြောင်းတွေးမိပုံရလျက် ဆုတ်ခွာမည့်လမ်းကြောင်း
ကိုရှာလေသည်။၎င်းတွေ့ရှိသောဆုတ်ခွာရာလမ်းကြောင်းမှာ
ကိုရွှေမင်း တို့အပေါ် ခေါင်မိုးမှနေ၍သူ့နေရင်းဒေသ ဒေါ်ရွှေသန်းမြင့်
တို့ထံဆုတ်ခွာရန်ဖြစ်လေသည်။
ကြောင်လဲလမ်းကြောင်းတွေ့သည်နှင့်တပြိုင်နက် “ဝုန်းကနဲ့ ဒိုင်းကနဲ့”
ှုီဦးရွှေမင်း ခေါင်းမိုးပေါ်ခုန်တတ်လျက် ပြေးလေသည်။

ဒေါ်ရွှေသန်းမြင့်ကာဈေးသွားနေခိုက်ဖြစ်၍တော်သေးသည်။
သို့မဟုတ်ပါက ကြောင်အမှီးဒဏ်ရာတွေ့ရပါက ……………………………။

ဤတွင် တိုက်ပွဲတရက်တာပြီးဆုံးလေတော့သတည်း။

About မင်း ခန့် ကျော်

has written 83 post in this Website..

မြန်မာပြည်တွင်မွေးသည်။ မြန်မာပြည်တွင်အရွယ်ရောက်သည်။ ထို့ကြောင့် မြန်မာလိုတွေးပြီး မြန်မာလိုပြောတတ်သည်။