မိုးတွေရွာကာနီးတုန်းက

သတိထားမိတာလေးတခုရှိတယ်။

မိုးလွတ်ရာပြောင်းရွှေ့နေတဲ့ပုရွက်

ဆိတ်တွေပါ။

အကောင်ကမဲမဲ ချီလာတဲ့ဥတွေက

ဖြူဖြူ။အတန်းလိုက်ချီတတ်သွား

တာ။ ရှေ့ကခေါင်းဆောင် တ

ကောင်နောက်ကို နောက်က

နောက်လိုက် ပုရွက်ဆိတ်တွေ က

တညီထဲလိုက်တာ။ကြည့်လို့အရမ်း

လှတာပဲ။ရှေ့ကကွေ့ရင်ကွေ့တဲ့

အတိုင်းနောက်ကကွေ့တယ်။

ရှေ့ကတတ်ရင်နောက်က တညီတ

ညာတတ်တယ်။အောက်ကိုဆင်း

ရင်လိုက်ဆင်းတယ်။

လမ်းမှာတဲ့ကောင်တွေ နောက်

မှာပြတ်ကျန်တဲ့ကောင်တွေကို

ပြန်တည့်မတ်ပေးတဲ့ အထိန်း

ကောင်တွေကပြန်ထိန်းပေးတယ်။

၁ဝ မိနစ်လောက်ကြာတော့ သူတို့

လိုရာပန်းတိုင်ခရီးကို အဆင်ပြေ

ပြေနဲ့ ရောက်သွားကြတယ်။

ငါတို့များတော့ သူတို့နဲ့ကွာပါ့။

ရှေ့ကသွားတဲ့လူနောက်လည်း

မလိုက်ချင်။ ရှေ့ကလူကလည်း

စောင့်မခေါ်။ သွားချင်တဲ့နေရာ

ကလည်း ရေရေရာရာ မရှိ။

လမ်းကြောင်းတွေက များ။

ဦးတည်ချက်မရှိ။ခေါင်းဆောင်

ကောင်းမရှိ။နောက်လိုက်ကောင်း

မရှိ။ အချင်းချင်းလည်းမညီညွတ်။

ဒီလိုတွေနဲ့ သွားနေရင်တော့

မိုးရွာရင် ဒုက္ခရောက်မယ်။

ဟင်းဟင်း ဒါမျိုးဆို

ဆရာအံရေ ဟုတ်လားမသိဘူး :mrgreen:

About မင်း ခန့် ကျော်

has written 83 post in this Website..

မြန်မာပြည်တွင်မွေးသည်။ မြန်မာပြည်တွင်အရွယ်ရောက်သည်။ ထို့ကြောင့် မြန်မာလိုတွေးပြီး မြန်မာလိုပြောတတ်သည်။