ဓာတ်သေပညာကျမ်း အပိုင်း(၉)

အပိုင်းတွေကို မရှည် ရှည်အောင်ဆွဲပြီးသကာလ.. ဆက်ပြောပါမယ်..

ရှက်တာစပိကြောင့် အိတ်စပိုရှာပေါ်မှာ သက်ရောက်မှုဖြစ်တဲ့ အတွက် ရှက်တာစပိနဲ့ အိတ်စပိုရှာဟာ တိုက်ရိုက် အချိုးကျပါတယ်.. အလင်းများများလိုချင်ရင် ရှက်တာစပိကို ကြာကြာထား၊ အလင်းနဲနဲလိုချင်ရင် ရှက်တာစပိကို နှေး.. ဆိုတော့ကာ

ဥပဒေသက (၁)က မှောင်နေတဲ့ နေရာမှာရိုက်ရင် ရှက်တာစပိကို နှေး၊ လင်းတဲ့နေရာမှာ ရိုက်ရင် ရှက်တာစပိကို မြန် ..

DSLR နဲ့ Bridge ကင်မလာတွေ မှာ ရှက်တာစပိကို manual ထားလို့ရသလို S (shutter priority-nikon), Tv(Time Value-Canon) ထားပြီးတော့လဲ ရိုက်နိုင်ပါတယ်။

အသေးကင်မလာ compact camera တွေမှာ တော့ shutter speed ကို ပြောင်းလို့မရပဲ ကင်မလာက တွက်ချက်ရိုက်ပေးသွားပါတယ်.. မှောင်တဲ့နေရာမှာ ရိုက်ရင် ဒါမှမဟုတ် night mode ကို ပြောင်းလိုက်ရင် ရှက်တာစပိဟာ ကို အလိုလို လျော့ချပေးသွားပီး ရိုက်သွားပါတယ်.. ရှက်တာစပိ နှေးသွားတာကြောင့် အဲဒီအချိန်မှာ လက်လှုပ်ရင် ပုံက ၀ါးသွားပါလိမ့်မယ်..

ရှက်တာတံခါး အဖွင့်အပိတ်လုပ်တဲ့နှုန်းကြောင့် နောက်ဖြစ်သွားတဲ့သက်ရောက်မှု ကတော့ (၂) မိုးရှင်း ဖြစ်ပါတယ်.

(၂) မိုးရှင်း (motion)/ဘလား (blur)

ရှက်တာစပိကြောင့် လှုပ်ရှားမှုပေါ်မှာ သက်ရောက်မှု ဖြစ်သွားပါတယ်.. ဘယ်လိုသက်ရောက်သွားတာလဲဆိုတော့ ရှက်တာ ဟာရိုက်တဲ့ အချိန်မှာ ပွင့်သွားပြီး ပုံရိပ်ကို ဖမ်းတဲ့ အခါ ဆပ်ပဂျက် ဟာလှုပ်ရှားနေတယ်ဆိုရင် ပုံရိပ်ပေါ်မှာ သက်ရောက်မှုရှိသွား ပါတယ် အောက်ပုံကိုကြည့်ပါ

ကြက်ဖင်ကို မျှားထိုးတာကို ပြောတာမဟုတ်ဘူးနော်.. ပုံမှာ subject ဟာ point 1 ကနေပြီး နှုန်းတစ်ခုနဲ့ 7 အထိရွေ့ပါတယ်.. ဒီချိန်မှာ ပုံရိပ်ကိုဖမ်းဖို့ ရှက်တာဟာ ပွင့်ပါတယ်. ရှက်တာ ပွင့်တဲ့ နှုန်း မြန်တဲ့အခါ ဖွင့်ချိန် ပိတ်ချိန်မြန်တဲ့အတွက် point တစ်ခုကိုပဲ မိလိုက်ပါတယ်..

ရှက်တာစပိနှေးတဲ့ အခါကတော့ ရှက်တာဟာ 2 လောက်ကနေပြီး ဖွင့်လိုက်တာ6 ရောက်မှ ပြန်ပိတ်တယ် ဆိုရင် ကြားထဲက 2,3,4,5,6 point တွေမှာ ရောက်နေတဲ့ ပုံရိပ်တွေကို အကုန်ဖမ်းသွားပါတယ်။

အဲဒီအခါပုံတွေမှာ ဘလားတွေဖြစ်သွားပါတယ်. ဘယ်လိုနေရာတွေမှာ ဖြစ်ကြသလဲဆိုတော့ အလင်းရောင် ကောင်းကောင်း မရတဲ့ နေရာကိ program, auto mode ဒါမှမဟုတ် night mode နဲ့ ရိုက်တဲ့အခါ ကင်မလာက မှောင်နေတဲံ အတွက် ရှက်တာစပိ ကို ရှော့လိုက်တယ်.. အဲဒီအခါ စပိနှေးသွားတဲ့ အတွက် ကင်မလာဟာ တခါရိုက်ရင် ပုံရိပ်ကို ပိုကြာကြာဖမ်းပါတယ်.. အဲဒီလို ဖမ်းနေ ချိန်မှာ subject ကဖြစ်စေ ဒါမှမဟုတ် ရိုက်တဲ့ ကင်မလာကဖြစ်စေ လှုပ်သွားရင် ၀ါးသွားပါပြီ..

အပေါ်က ပုံတွေအရ slow shutter speed နဲ့ရိုက်ရင် subject လှုပ်ရှားရင်၊ ဒါမှမဟုတ် handshake ဖြစ်ရင် ပုံဝါးမယ် ဆိုတာပါပဲ.. အရင်တုန်း က ရုံးမှာ ကျူပ်ရဲ့ ဓာတ်ပုံဆရာ နာမည်က တုန်ဝါးမှုန် တဲ့ :P

ဒါကြောင့် ဥပဒေသ (၂) က ကိုယ်ရိုက်တဲ့ ပုံတွေကို ပြတ်ပြတ်သားသား ဖြစ်ချင်ရင် ရှက်တာစပိ ကို တတ်နိုင်သမျှတင်..

Shooting daylight & Moving subject : ဒါကတော့ ပြဿနာ မဟုတ်ပါဘူး အလင်းရောင်ကောင်းကောင်းရတယ်.. အဲဒီအတွက် စပိကို ကြိုက်သလောက်တင် အဆင်ပြေပါတယ်.. လှုပ်ရှားမှုကို ရိုက်တဲ့ အခါ လူဆိုရင်တော့ 1/125s လောက်၊ ငှက်တွေဘာတွေဆိုရင် 1/500s လောက်တော့ ထားရပါမယ်..

Shooting lowlight & Moving subject :အလင်းရောင်နဲတဲ့ အချိန်မှာ ရိုက်ရင်တော့ ဥပဒေသ (၂) ကိုမျက်စိမှိတ်ပြီး လိုက်နာ လို့ မရတော့ပါဘူး ဘာလို့လဲဆိုတော့ အလင်းရောင်ကနဲတယ် စပိကိုတင်ရင် exposure under ဖြစ်မယ်.. ဒါ့ကြောင့် စပိပြောင်းပြောင်း ရိုက်ကြည့်ပြီး အကောင်းဆုံးပုံ ထွက်နိုင်တဲ့ အမြန်ဆုံး စပိမှာ ထားပါလို့ဆိုလိုပါတယ်.. ဒါပေမယ့်တခုမှတ်ထားရမှာ က စပိ 1/60s အောက်ရောက်ရင်တော့ subject မလှုပ်ရင်တောင် handshake ၀င်တဲ့ အတွက် ၀ါးမှာဖြစ်တဲ့ အတွက် အတတ်နိုင်ဆုံး 1/60s ထက်ကျော်အောင်ထားရမှာ ဖြစ်ပါတယ်။

ဥပဒေသ (၃) စပိမြန်ရင် အလင်းရောင်နဲမယ်၊ စပိနှေးရင် အလင်းများမယ်

Shooting lowlight & still subject: တကယ်လို့ still ပုံတွေရိုက်မယ်ဆိုရင်တော့ ပိုကောင်းအောင်ရိုက်နိုင်ပါတယ်။ subject ကလှုပ်နေတာမဟုတ်တဲ့ အတွက် shutter speed ကို အတတ်နိုင်ဆုံးလျှော့ချနိုင်ပါတယ်.. ဒါပေမယ် အဲဒီအခါ နောက်ပြဿ နာတစ်ခုက handshake ပြဿနာပါ..  ဒီတော့ shutter speed ကိုလျှော့ချလိုက်ပီဆိုရင် ရိုက်ဖို့အတွက် ကင်မလာကို လက်နဲ့ မကိုင်ပါတော့နဲ့ .. လက်နဲ့မကိုင်တော့ ဘယ်နဲ့ ကိုင်ရမလဲဆိုတော့ ကင်မလာ တင်တဲ့ tripod သုံးချောင်းထောက် ကလေးတွေရှိ ပါတယ်. အဲဒီမှာ တင်ရိုက်လို့ရပါတယ်.. တကယ်လို့ tripod မရှိရင် ခုံပေါ် ဒါမှ မဟုတ် တခုခုပေါ်ကို တင်ရိုက် နိုင်ပါတယ်.. ဓာတ်သေ ဆြာတွေမှာ အရေးကြီးဆုံးမရှိမဖြစ် က tripod ပါပဲ.. tripod ကတော့ ခံနိုင်တဲ့ ၀န်၊ တောင့်တင်းမှု၊ ပေါ့ပါးမှု တွေပေါ်မူတယ်ပြီး ဈေးက ၅၀၀၀ တန်လောက်ကနေ ၃ သိန်းကျော်တန်လောက်အထိ ဒီမှာရှိပါတယ်.. အဲဒီထက်ဈေးကြီးတာတွေလဲ ရှိပါတယ်..

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)