ကိုကိုတို့နဲ့ မြို့ကိုလိုက်မယ်…
အခုတလောဗျာ ဦးကျောက်လည်း လူတွေကိုကြည့်ပြီး “ဘဝဆိုတာ ရွေးချယ်ပိုင်ခွင့်လား၊ တင်ကြိုပြဋ္ဌာန်းထားတာလား”ဆိုတာ ကြီးကြီးကျယ်ကျယ် အတွေးနယ်ချဲ့မိလေရဲ့။ အနီးစပ်ဆုံး ကိုယ့်ဘဝကိုယ်ဆင်ခြင်သုံးသပ်မိတော့လည်း အချိုးအကွေ့ အနိမ့်အမြင့် မမျှော်လင့်တာတွေဖြစ်ခဲ့ပေါင်းများလွန်းလို့ လိုက်မမှီနိုင်အောင်ပါပဲ။ ငယ်နုစဉ်ဘဝက ရည်မှန်းခဲ့တာကတစ်ခု အခုဖြစ်နေတာကတခြားဆိုပေမည့် ဆေးစက်ကျရာအရုပ်ထင် ဖြစ်လေရာဘုံဘဝမှာနေပျော်အောင်ကြိုးစားမိသူမို့ ဦးကျောက်ဘဝမှာ ဘူမိဗေဒပညာရပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေရတာကို ဂုဏ်ယူလို့မဆုံးသလို ကျေနပ်ဝမ်းမြောက်မိပါရဲ့ဗျာ။ မကောင်းမြစ်တာ ကောင်းရာညွှန်လတ် အတတ်ပညာသင်ပေးခဲ့တဲ့ ကျောင်းတော်ကြီးက ဆရာ/ဆရာမများကိုလည်း ဒီနေ့အထိ ကျေးဇူးတင်လို့မဆုံးပါဘူး။
ဒီဘက်ခေတ်မှာ မြို့စွန်ရွာစွန် တက္ကသိုလ်ဟောင်းလောင်းတွေ မွစိတက်အောင်ဖွင့်ပြီး အဖြစ်သင်နေကြပေမည့် မောင်ကျောက်တို့ခေတ်အထိတော့ စံနစ်တကျသင်ခဲ့ရတာပါ။ နောက်ပြီး ဘူမိဗေဒပညာရပ်ရဲ့အသက် “ကွင်းဆင်းလေ့လာရေးခရီး” ဆိုတာကလည်း ရှောင်လွဲလို့မရပါဘူး၊ အကြောင်းတစ်စုံတရာကြောင့် ကွင်းဆင်းမလိုက်နိုင်ရင်၊ စည်းကမ်းမလိုက်နာရင် စာမေးပွဲကျပါတယ်ခင်ဗျာ။ ကွင်းဆင်းရတယ်ဆိုတာကလည်း အလွန်တောထူ တောကြမ်းတဲ့ သာစည်နဲ့ တောင်ပိုင်းရှမ်းပြည်နယ်စပ်ဖက်ကို တတိယနှစ်ကစပြီး ဆင်းရပါတယ်။ လွန်ခဲ့တဲ့ အနှစ်၂ဝ ဝန်းကျင်ကတော့ အဲသည့်အရပ်ဆိုတာ တောကောင်လည်းပေါ ငှက်ဖျားလည်းထူတယ်ခင်ဗျ။ ဒီတော့လည်း မောင်ဘူမိများခမျာ ကွင်းဆင်းရတော့မယ်ဆိုရင် ရန်ကုန် ကြို့ကုန်းအရပ်က ငှက်ဖျားတိုက်ဖျက်ရေးဋ္ဌာနကိုသွား၊ “ကွီနိုင်”ဆေးတောင်းပြီး ခရီးမသွားခင် ရရက်လောက်ကတည်းက ကြိုသောက်ရတာပေါ့။ အဲသည်ဆေးအစွမ်းပြပုံကတော့ လူတွေလည်း မူးနောက်နောက်နဲ့ နားထဲကလေတွေထွက် ဆံပင်တွေလည်းကျွတ်တာပေါ့ဗျာ။
အဲသည့် ကွင်းဆင်းရတဲ့အထဲမှာ ရထားနဲ့သွားမှရောက်တဲ့ သာစည်အပိုင် “လယ်ပြင်”ရွာက ငှက်ဖျားကတော့ နာမည်ကြီးခင်ဗျ၊ စွဲမိရင် သေမှပျောက်သတဲ့ ဆိုရိုးရှိလေတော့ အခပ်မသင့်ရင် မောင်ရင်ငှက်ဖျား ကိုယ်နဲ့နွယ်မှာမှာစိုးတာမို့ “လယ်ပြင် စခန်းဟေ့”လို့ဆိုလိုက်ရင် “ကွီနိုင်”ဆေးကို သကြားလုံးလိုစားပေရော့။ ဒီလိုကြိုတင်ကာကွယ်ရဲ့နဲ့ တတိယနှစ်ကျောင်းသားဘဝ တစ်ရက်သားမှာတော့ “လယ်ပြင်စခန်း”မှာ မောင်ဘူမိများရဲ့ ချစ်သည်းကျော် အနှီအခြောက်မလေး “မိစံ” ကောက်ခါငင်ကာ “ကိုယ်လက်မအီမသာ” ဖြစ်ပါတော့တယ်။ အခုလိုဖြစ်လေတော့ တစ်စခန်းလုံးထိတ်ထိတ်ပြာပြာဖြစ်ပြီး “ကွီနိုင်” သောက်သူသောက် “အာမီရမ်” ဆော်သူဆော် ဖြစ်ကုန်ကြပြီး မိစံလေးလဲ ကွင်းဆင်းမလိုက်ရပဲ ကွီနိုင်သောက်လို့ စခန်းမှာအနားယူရတာပေါ့ခင်ဗျာ။ ကျန်တဲ့မောင်ဘူမိများကတော့ ထုံးစံအတိုင်း ကွင်းဆင်း တောတိုး မြေပုံထုတ် “ခဲ”နမူနာယူရတာပေါ့ဗျာ၊ ခိုလို့မရဘူးခင်ဗျ။
ညနေစောင်း မောင်ဘူမိများအလျှိုလျှိုကွင်းဆင်းရာကပြန်ရောက်တော့ မိစံခမျာ အိပ်ရာပေါ်ခွေခွေလေး မှိန်းလို့ခင်ဗျ။ ညဦးပိုင်း ရနာရီလောက်ရောက်တော့မှ “ဝါး”ကနဲသမ်းရင်း ခေါင်းငိုက်စိုက်ချလို့ အိပ်ရာပေါ် မိန်းမထိုင် ကျုံ ့ကျုံ ့လေး ထထိုင်ပါတယ်။ ခဏနေတော့မှ “အကိုတို့ရယ်… ဗိုက်ဆာလိုက်တာ”တဲ့။ အဲသည့်လိုဆိုလိုက်တော့ မောင်ဘူမိများလည်း ထမင်းပန်းကန်ပြင် ဟင်းပုံထည့် အခြောက်အခြမ်းစားစရာတွေနဲ့ မိစံဘေးမှာ ဝိုင်းအားပေးကြတာပေါ့။ ဟုတ်တယ်လေ မောင်ဘူမိများက အချင်းချင်း ငြင်းကျခုန်ကြ ခဏခဏ ထထိုးကြပေမည့် ပြီးရင်ပြန်တည့် လည်ပင်းဖက်ပြီးနေကြတာဆိုတော့ ပြောရရင် အရမ်းသံယောဇင်ကြီးကြတယ်ခင်ဗျ။ နောက်ပြီး မိစံဆိုတာ အခြောက်မလေးမို့ အပြောဆိုးပေမည့် စခန်းမှာဟင်းမကောင်းရင် ထမင်းသုပ်၊ လ္ဘက်သုပ်၊ စားစရာတစ်ခုမဟုတ်တစ်ခု ကြံဖန်ကြွေးတတ်သူမို့ အားလုံးက ချစ်အားပိုကြပါတယ်။
အခုလည်း မိစံခမျာ အမဲသားဟင်းနဲ့ခေါင်းမဖော်တန်းစားနေတာမို့ ထမင်းထည့်ပေးရတဲ့ ရခိုင်ကြီးကတောင်…
“ဟဲ့… မိစံ၊ စားလှချည်လား၊ နင့်ဟာက ၃ပန်းကန်တောင်ရှိနေပြီ။ ကိုယ်လက်မအီမသာလည်းဖြစ်သေးဆိုတော့ နင် ဘယ်ကောင်နဲ့ မှားထားလဲ… ပြောစမ်း”
“အို… အကိုကလည်း၊ နားရှက်စရာ စကားကြမ်းကြီးတွေ” လို့ မိစံကခွန်းတုံ့အပြန်၊ ဇာတ်လိုက်ကျော် ငပြားက ဘေးကနေခါးကိုအသာဖက်လိုက်ရင်း
“ဟီး ဟီး… မိစံရယ် နင်ဟာလေ အဲသည့်လို မိန်းမစိတ်ပေါက်လာရင် အရမ်းချစ်ဖို့ကောင်း၊ ငါတောင် လက်ထပ်ချင်စိတ်ပေါက်လာပြီ” ဆိုပြီး ကြုံးဖက်လိုက်ပါတယ်။ မိစံခင်မျာ ခေါင်းငုံ့ထားရင်းက
“ဟင်း… အကိုတို့ မြို့ကျောင်းသားတွေကလည်း လက်သရမ်းလိုက်တာ၊ လွှတ်ပါတော့” လို့ညုတုတုနဲ့ဆိုလေတော့
တစ်စခန်းလုံးလည်း အုံးအုံးထ၊ ငပြားကလည်း အခွင့်အရေးရတုံး မိစံကို ဖင်ဆိတ်လိုက် ပါးနမ်းလိုက် ပွဲကြမ်းတော့တာပေါ့။ ဟုတ်တယ်လေဗျာ မိစံက ငပြားကို ဘယ်တော့မှ မျက်နှာသာမပေး အနားကပ်ခံတာမဟုတ်ဘူးခင်ဗျ။ ဒီနေ့မှသာ ဘယ်လိုဘယ်စိတ်ပေါက်ပြီး မိန်းခလေးတစ်ယောက်လို မူလေတယ်မသိ၊ အခြောက်မတွေစိတ်များ အားကြီးဆန်းကြယ်ပါ၏လို့ ဆိုရမလိုပါခင်ဗျာ။
အနှီ ချစ်နာလံထတဲ့ဇာတ်လမ်းက မောင်ကျောက်တို့ “ဘုရားဒကာ”လို့ခေါ်တဲ့ ပုတီးသမား မြင်းခြံသားငထွန်း ဝင်လာမှရပ်ပါတယ်။ ငထွန်း မိစံအနားကို ကပ်လာပြီး “ဟေ့ကောင်တွေ…. ဒါ မိစံမဟုတ်ဘူးကွ”လို့ အသံပြဲကြီးနဲ့ ကြုံးအော်မှ ငပြားလည်း ပြာပြာသလဲ ခေါင်းငုံထားတဲ့မိစံကို မေးဖျားကမအကြည့် “အောင်မလေး”လို့ ငယ်သံပါအောင်အော်ပြီး ပြေးလိုက်တာ အခန်းထဲကိုဝင်လာတဲ့ ဆရာမျိုးနဲ့ဝင်တိုက်မိမှ ရပ်ပါတယ်။ ဟုတ်ကဲ့ ခေါင်းငိုက်စိုက်ချထားတဲ့ မိစံမျက်လုံးတွေက ကြောက်စရာကောင်းလောက်အောင် ရဲရဲတောက်နေပါသတဲ့။ ငပြားခင်မျာ အခုမှပဲ “ပညတ်သွားရာ ဓာတ်သက်ပါ” တုန်တုန်ရီရီနဲ့ နံရံကို ကျောကပ်ထားတာ၊ ပြားကပ်နေတာပဲခင်ဗျ။
ဆရာမျိုးလည်း ခြေမကိုင်မိလက်မကိုင်မိ ထိတ်ထိတ်ပြာပြာဖြစ်ပြီး “နင်ဘယ်သူလဲ” မေးမှ “သမီး….. ဒီရွာက အေးမိစံပါ”တဲ့၊ တိုက်တိုက်ဆိုင်ဆိုင်ဗျာ နာမည်ချင်းကလည်းလာတူရတယ်လို့။ မောင်ဘူမိများရဲ့ ချစ်သည်းကျော် မိစံတဖြစ်လဲကတော့ တငိုငိုတရယ်ရယ် အရပ်စကားနဲ့ပြောရရင် သူရဲပူး အပမှီနေတာ သေခြာသွားပြီမို့ ဆရာမျိုးလည်း စခန်းဘေးက ဘုန်းကြီးကျောင်းကိုပြေးပြီး ကျိန်းနေတဲ့ဘုန်းတော်ကြီး နှိုး ပင့်ရတာပေါ့ခင်ဗျာ။ တောအရပ်က “ပါးစပ် အင်တာနက်”များ မြန်သလားမမေးနဲ့ ဘုန်းကြီးလည်း စခန်းကိုအရောက် ရွာသားတွေလည်းရောက်လာတာပါပဲ။ ဘုန်းတော်ကြီးက တင်ပြင်ခွေ မိစံရှေ့မှာထိုင်ချလိုက်ပြီး…
“ဟဲ့… နင်ဘယ်သူလဲ”တဲ့…
“ဘုန်းဘုန်း… သမီး တနေ့က မန်ကျည်းပင်ပေါ်ကပြုတ်ကျတဲ့ ဦးခွေးရဲ့သမီး အေးမိစံ ပါ” လို့ ခေါင်းငိုက်စိုက်နဲ့ဖြေတော့ ရွာသားတွေလည်း “ဟာ”ကနဲဖြစ်သွားကြတာပေါ့။ ဟုတ်ကဲ့၊ အနှီသူငယ်မလေးက ၁၆နှစ်အရွယ် ရွှေရင်သိမ်းသစ် မြီးကောင်ပေါက်၊ အကိုလုပ်သူကို မန်ကျည်းရွက်ခူးခိုင်းတာ၊ ခဏနေပါဦးဆိုတာကို စိတ်မရှည်လို့ သူ့ဟာသူတက်ခူးရင်း အပင်ပေါ်ကခြေချော်ကျ ဇက်ကျိုးပြီး ဒဏ်ရာမပေါ်သေခဲ့ရှာသူလေးပါ။
“ဟဲ့… ဒီကျောင်းသားတွေစခန်း နင်ကဘယ်လိုရောက်လာသလဲ”လို့ ဘုန်းတော်ကြီးကအမေးမှာ
“သမီးကို ဟို မြို့ကျောင်းသား ၂ယောက် ခေါ်လာတာပါ”ဆိုပြီး ချောင်မှာကပ်နေတဲ့ “ဘအေး” နဲ့ “ဖိုးသက်”ကို လက်ညှိုးညွှန်ပြပါတယ်။
ဆရာမျိုးလည်း ဟို ၂ကောင်ကို အကြီးအကျယ်ဒေါပွ၊ ရွာသားတွေကလည်း အလောင်းတောင်မြေမကျသေး စော်ကားလှချည်လားဆိုပြီး ရိုက်မယ်နှက်မယ်ဖြစ်ပါလေရောခင်ဗျ။ အဲသည့်အထဲမှာမှ သူငယ်မလေးရဲ့ အကိုနဲ့အဖေကတော်တော် ကောင်မလေးကို တစ်ဖက်သက်ကြိုက်နေတာလား၊ ရည်းစားလားမသိတဲ့ “ဂင်တိုတို”နဲ့ ကာလသားငနဲက အဆိုးဆုံးပါ၊ နှပ်ချေး တဗျစ်ဗျစ်ညှစ် ဝါးရင်းတုတ်ကိုင်ပြီး တွယ်မယ်ဆိုတာချည်းပဲ။ နောက်ဆုံး ဘုန်းတော်ကြီးက ငေါက်လိုက်မှ ငြိမ်သွားပါတယ်၊ ဒါတောင် ဂျိုကြည့် ကြည့်နေသေးတယ်။ ဘုန်းကြီးက
“ဟဲ့… နင့်နှယ်၊ လွတ်ရာကျွတ်ရာသွားပါတော့လား၊ အမျှအတန်းဝေပေးမယ်” လို့ပြောလိုက်တော့
“ဘုန်းဘုန်း… မန်ကျည်းပင်ပေါ်မှာ နေစရာမရှိတော့ဘူး၊ လူတွေအများကြီးပဲ။ တမြန်နှစ်ကသေသွားတဲ့ ကြီးတော်မြရော၊ ပိုးထိလို့သေသွားတဲ့ ဦးလူဝရောပဲ။ အဲသည့် ဦးလူဝပေါ့… သမီးကိုတွန်းချလိုက်တာ”လို့ နတ်သံနှော အီးကနဲငိုပြီး အပြောမှာ “ဂင်တိုတို”နဲ့ ကာလသားငနဲလည်း မျက်ဖြူဆိုက်သွားပါတယ်။ မဆိုက်လို့မရဘူးလေ၊ အဲသည် “ဦးလူဝ”ဆိုတာ သူ့အဖေဆိုတော့၊ သူငယ်မလေးရဲ့ အဖေနဲ့အကိုရဲ့ ဒေါသမြှားဦးက သင်းဘက်ကိုလှည့်လာတာမို့ ခေါင်းခါခါခြေခြေခါနဲ့ လွတ်ကြောင်းကိုရှာလို့ ဘုန်းကြီးနောက်ကျောကို ပြေးကပ်ရတာပေါ့။
ဘုန်းတော်ကြီးလည်း အာဏာစက်နဲ့ သူငယ်မလေးကို ကျောင်းဝိုင်းထဲက မှို့ပင်ကြီးမှာနေရာပေးတာတောင်မှ ကိုကိုတို့နဲ့ မြို့ကိုလိုက်မယ်ချည်းလုပ်နေလို့ “အာချောင်”မိတဲ့ ဘအေး နဲ့ ဖိုးသက် မျက်နှာမှာသွေးမရှိ၊ ဆရာမျိုးကလည်း ဒေါကန် ငါ _ မသားတွေ မင်းတို့ဇာတ်မင်းတို့ရှင်း ခေါ်သာသွားလို့ အတွန်း ၊ သူငယ်မလေးအမျိုးတွေက အတော်တောင်းပန်ပါမှ ငိုပြီးထွက်သွားတာခင်ဗျ။ အဲ… သူရဲပူးတာလည်းထွက်သွားရော မိစံလေးလည်း ဗိုင်းကနဲပြစ်လဲသွားလို့ မနဲနှာနှပ်ယူရပါတယ်၊ သူ့ခမျာ အတော့်ကို မောသွားတာကိုး။ အမောလည်းပြေရော ပုတီးလည်ပင်းစွပ်ပြီး ဟိုငမိုက်သား ၂ကောင်ကို ကြွတ်ကြွတ်ညံအောင် ဆဲလိုက်တာ မပြောပါနဲ့ဗျာ။ ဟို ၂ကောင်လည်း ကိုယ့်အပြစ်နဲ့ကိုယ် ပြန်မပြောရဲ၊ နောက်နေ့တော့ မိစံလည်း စခန်းမှာမနေရဲလို့ ကွင်းဆင်းတဲ့နေရာကို ဆေးသောက်ပြီး လိုက်ခဲ့ကြောင်းပါခင်ဗျ။
နောက်ပိုင်း ဘအေး နဲ့ ဖိုးသက် ကို ဘယ်လိုအာချောင်လိုက်လဲ မေးကြည့်တော့…
အနှီ “လယ်ပြင်” ရွာကြီးက တောင်စောင်းမှာတည်ထားတာပါ။ ဘူတာကုန်းကအပေါ် ရွာကအောက်ဆိုတော့ ဘူတာဘက်ကနေ ရွာထဲကိုပြန်ဝင်ရင် ဆင်ခြေလျှောအတိုင်း တကွေ့ကြီးပတ်ရပါတယ်။ အဲသည်မှာ ကွင်းဆင်းပြီး စခန်းကိုပြန်လာတဲ့ ကိုရွှေငပျင်း ၂ကောင်က လမ်းအဝေးကြီးမလျှောက်ချင်လို့ ဘူတာဘေး လျှိုဘက်ကနေ ရွာထဲကို ဖြတ်ဆင်းကြပါသတဲ့။ ကုန်းပေါ်ကနေ အရှိန်နဲ့ရွာထဲကို ဘုတ်ကနဲပြုတ်ကျလို့ မော့ကြည့်လိုက်တာ သူငယ်မလေးအသုဘကိုပြင်ထားတဲ့ အလောင်းစင်ဘေးဖြစ်နေလို့ ၂ကောင်သား ထိတ်သွားသလို၊ ဖဲရိုက်နေတဲ့ ရွာ့ပရိတ်သတ်လည်း လန့်ဖြန့်ပြီးထပြေးကြပါသတဲ့။ ၂ကောင်သား ဟန်ကိုယ့်ဖို့ပြင်ရင်း…
“ဟေ့ကောင်… ဒါလေးများ၊ သွေးနဲလှချည်လား… ဟားဟား”
“ခွီး… မအေပေး၊ ငါက လုံးဝကြောက်တတ်တာမဟုတ်ဘူး၊ ရုတ်တရက်မို့ပါကွ”
“ကောင်မလေးကွာ၊ အရွယ်ကောင်းလေး၊ သနားပါတယ်။ လောကကြီးအကြောင်း ဘာမှသိမသွားရှာဘူး”
“ဒီလောက်သနားရင် ခေါ်ခဲ့လေ၊ စခန်းမှာ ပန်းကန်ဆေးခိုင်း၊ ဇက်ကြောဆွဲခိုင်းလို့ရတယ်”
“အေးကွ… ညီမလေးရေ လာ၊ ကိုကြီးတို့နဲ့လိုက်ခဲ့… ဟီး ဟီး”
အဲသည့် မောင်အာချောင် ၂ကောင် စခန်းပြန်ရောက်လို့ အိပ်ဆောင်အပေါက်ဝအရောက်မှာ၊ အိပ်ရာပေါ်မှိန်းနေတဲ့ မိစံ၊ လူသံကြားလို့ ခေါင်းထောင်ကြည့်လိုက်တာ ကောင်မလေး ၁ယောက်ကို သူတို့နောက်မှာတွေ့လိုက်ရတာမို့၊ စိတ်ထဲကနေ…
“သေနာကျ ၂ကောင်၊ သောက်မှုအကြီးကြီး ရှာလာပြန်ပြီ၊ ဆရာသိလို့ကတော့ စာမေးပွဲကျမည့်ကောင်တွေ” လို့ကျိန်ဆဲပြီး ပြန်အလှဲမှာ၊ ကျက်သီးဖျဉ်းကနဲဖြစ်သွားပြီး ဘာမှမသိတော့ပါဘူးတဲ့ ခင်ဗျား။
89 comments
KZ
July 8, 2013 at 8:48 am
ဟီးဟီးးးးးး
ဖတ်လို့ကောင်းလိုက်တာ။
ဒီတုန်းက ဒါမျိုး ဘာလို့မပြောတုန်းးး
ကြောက်တယ် ကြောက်တယ် ဆိုပြီးးးးးး
(အဲလေ)
ဒါမျိုး များများရေးပါ ကျောက် ရယ်။
ဦးကျောက်ခဲ
July 8, 2013 at 9:00 am
ရှိသေးတယ် မိဇာဂျီးရဲ့…
ညည်းတို့ စင်ကာပူမှာ ၁ပုဒ်၊ ဟောင်ကောင်မှာ ၁ပုဒ်…
နောက်ဇာတ်လမ်းတွေက ပိုကြမ်းတယ်… အားဟိ
KZ
July 8, 2013 at 9:17 am
အင်းးး
ဟုတ်ပါ့..
ချင်ကျားပု က အရှေ့တောင်အာရှမှာ အဟွာ အများဆုံးဆိုပဲ။
တစ်နိုင်ငံလုံး က အဟွာကို မွေးပြီးကို ကျွေးမွေးပြုစုကြတာကလားးးး
ချမ်းသာပုံများတော့။
မကျွတ်မလွတ်ခိုင်းကြဘူးးးးး
အီး !!!! ငိငိငိ။
အဲဒီလ ဆို စောစောပြန် တံခါးပိတ် တီဗီက လာသမျှ သရဲကားထိုင် ကြောက် (အဲလေ) ထိုင်ကြည့်တာပဲ။
ဦးကျောက်ခဲ
July 8, 2013 at 9:37 am
ချင်ကျားပူ ကလမန်းတီးအရပ်က ကျောက်စ်ရဲ့ ဘော်ဘော်များကို
ရှူရှူးထွက်ကျအောင် ခြောက်တဲ့ တရုတ်သူရဲ ဘွားတော်အကြောင်း ရေးမယ်လေ…
ဦးကြောင်ကြီး
July 8, 2013 at 9:31 am
သရဲနဲ့ သဂျီးဦးခိုမ် ဘယ်သူ အမဲသား ပြိုင်စားရင် ဘဒူနိုင်မဲ… ကျုပ်တို့သဂျီး တခါစား ကိုဘေးနွားတကောင် အသာလေးနော… 🙄
ဦးကျောက်ခဲ
July 8, 2013 at 9:39 am
သဂျီးဦးခိုမ်နဲ့ ပြိုင်စားဖို့ဆိုရင်တော့…
သရဲမလေးလည်း ဆလံသပြီး ပြေးရလိမ့်မယ်…
မောင် ပေ
July 8, 2013 at 8:37 pm
ဟာ လာ မ လုပ် ထား ရင်
ဥခိုင် က စားမှာ မဟုတ် ဘူး ဗျ
အဲဒါ … အဲဒါ လေး
ဦးကျောက်ခဲ
July 10, 2013 at 5:55 pm
ဟာလာမလုပ်လို့ ဥခိုမ်မစားရင်…
တရဲမလေးပိုစားရတာပေါ့ ကိုရင်ပေရယ်…
surmi
July 8, 2013 at 9:39 am
မိုက်တယ်ဗျာ ….
အဖော်တေ့ာ့ရပြ ီ။ အဲဒါမျိုးတွေကကိုယ်တွေ့ကြုံမှ ယုံကြတာဆိုတော့
ယုံပါလို့လဲမပြောချင်ဘူး …..။မယုံလို့လဲမရဘူးဗျ
ကျနော်ကတော့ ြပြိတ္တာလိုကောင်မျိုးနဲ့ နှစ်ခါလောက် ကြုံဖူးလေတော့ လက်ခံတယ်ဗျို့
သဂျီးနဲ့ဘဲ နပန်းလုံးရမှာ 🙂
ဒီလိုကောင်တွေကလည်း တောတောင်နဲ့နီးတဲ့အစွန်အဖျားတွေမှာနေတတ်တော့ မြု ိ့ပေါ်မှာဘဲ နေဖူးသူတွေက ခံစားနားလည်တတ်မှာမဟုတ်ဘူးဗျ ။
ဆက်ရေးဦးဗျာ နောက်အပုဒ်တွေမှ ကျနော့်ကိယ်တွေ့ကို လာမန့်ဦးမယ်
ဦးကျောက်ခဲ
July 8, 2013 at 9:45 am
လိမ္မာပါတယ် ကိုရင်ဆာမိရဲ့…
ဝေမာနိက ပြိတ္တာမျိုးဆိုတာ မြို့ပေါ်မှာလည်းရှိသဗျ…
အား ဟိ… ကိုယ်တွေ့ကြုံမှ ယုံမယ်ဆိုတဲ့သူတွေကို ပြချင်ပါဘိ…
Crystalline
July 8, 2013 at 9:55 am
ဖတ်လို ့ကောင်းတယ်.. အန်ကယ်ရမ်ဒီ.. အဲဒါမျိုးကြားဖူးပေမယ့် တခါမှမကြုံဖူးဘူး.. ငယ်ငယ်ကတော့ ကိုယ့်ကိုကြောက်အောင်ခြောက်လှန် ့ပြောတယ်ပဲထင်ခဲ့တာ..
ဦးကြောင်ကြီး
July 8, 2013 at 10:01 am
မကြောက်တတ်သေးတဲ့ ခရစ်စတယ်ကို ဦးကြောင် ဝါးစားချင်တယ်… ဘာရယ်မဟုတ် သွားယားလို့…
ဦးကျောက်ခဲ
July 8, 2013 at 10:24 am
လူဂျီးကို ဆော်ကားတာ အခုချက်ချင်း ကြောင်ခြစ်ခံထိပြီ.. ဟိ
ဦးကျောက်ခဲ
July 8, 2013 at 10:05 am
ကျန်း… ဝီလ်စမစ် ပါဆိုမှ လုပ်ချလိုက်ပြန်ဘီ…
ဟင့်… နောက်တစ်ခါ ကြောင်ခြစ်ခံရရင် မကူတော့ဘူး… ဟိ
ဒါမျိုးက တကယ်ရှိသဗျ… ရေးပါဦးမယ်ကွယ်
Mon Kit
July 8, 2013 at 10:02 am
ဦးကျောက်ရေ.. ဖတ်လို့ကောင်းချက်.. ဒါက ရသ တမျိုးလေးပေါ့..
ထပ်မျှဝေ အုံးနော်… မျှော်နေမယ်..
ဦးကျောက်ခဲ
July 8, 2013 at 10:11 am
လာမယ် တူမ Mon Kit ရေ…
ဦးကျောက်စ်လည်း ပျင်းပျင်းရှိတာနဲ့ ဟိုးတုံးက သရဲအကြောင်းရေးတဲ့
စာရေးဆရာကြီး မြစကြာလိုင်းကို ကူးမလားလို့… အားဟိ
အလင်း ဆက်
July 8, 2013 at 10:15 am
က်ိုယ်တွေ ့တော့ ကြုံဖူးပါဘူး
အခု လေးကျောက် ရေးပြတာလေး ဖတ်ပြီးး
ကိုယ်တွေ ့ကြုံ လိုက်ရ သလိုပါပဲ။
စာရေး ကောင်းလိုက်တာ လေးကျောက်ရာ
ဦးကျောက်ခဲ
July 8, 2013 at 10:20 am
ကိုယ်တွေ့ကြုံချင်ရင် ဦးကျောက်စ် ထီပေါက်ပါစေဆုတောင်း…
အလင်းဆက် ဒညင်းဝက် အတင်းဖက် ဆိုပြီး ဖစ်တွားအောင် ဒကယ်ပြမယ်…
အလင်း ဆက်
July 8, 2013 at 10:27 am
အူးကျောက် ထီပေါက်ပါဇေ တော့ ဆုတောင်းပါတယ်
ဒါပေမယ့်
ကိုယ်တိုင်တော့ ကြုံချင်သေးဝူးဂျ
သားက နှလုံးသားလေး နူးညံတော့
လန် ့ပြီး တေတွားမှာ
အဟိ
ချစ်သုဝေလောက် ချောရင်တော်သေးးးး
မဟာရာဇာ အံစာတုံး
July 8, 2013 at 10:18 am
အမလေးလေး …
ကျွေးများ ကျွေးနိုင်လို့ဂဒေါ့ …
ဘာမှ လုပ်နေဝူးး အိုက်သလဲမမျိုးကို ကောက်ယူထားလိုက်ချင်သေး ..
ကိုဂျီးဂ လဂါး စဒါနော် …
ကိုဂျီးနဲ့ လိုက်လာနဲ့ .. ဟီးးး
ဦးကျောက်ခဲ
July 8, 2013 at 10:22 am
ခေါ်သွားပါဗျ… သနားပါတယ်
“ကိုကိုအံနဲ့ပဲ နေမယ် စိတ်ကူးတယ်” တဲ့… ဟီ ဟိ
မဟာရာဇာ အံစာတုံး
July 8, 2013 at 10:39 am
နေအုံး .. ဥငေးရဲ့ …
အိုက် သလဲမ လည်း ခုချိန်ဆို
လင်ယူ သားမွေးတောင် ပီးလောက်ဘီ …
ဒီဒေါ့ … ပြန်ပယ်ဖျက်ဒယ်ဂျာ …
အိုက်ဒါ .. အိုက်ဒါ … ဟီး ..
ဦးကျောက်ခဲ
July 8, 2013 at 10:43 am
ဟီ ဟိ ဟုတ်တယ်ဗျ…
လွန်ခဲ့တဲ့ အနှစ်၂ဝ ဆိုတော့ အခု လူပြန်ဖြစ်ပြီဆို အရွယ်တော်လေး
ဟီ ဟိ
Nyo Win
July 8, 2013 at 10:29 am
သားလဲလိုက်မယ်..ချန်မထားနဲ ့
ဦးကျောက်ခဲကြီး ရိုက်လိမ့်မယ်..
လိုက်မယ်..လိုက်မယ်..ဟီးးးးးး
ဦးကျောက်ခဲ
July 8, 2013 at 10:36 am
လိုက်ချင်ရင်ခေါ်မယ် ကိုညိုဝင်းရေ…
ပြီးမှ ထွက်မပြေးရဘူးနော်… ဟီး ဟီး
ဗုံဗုံ
July 8, 2013 at 10:35 am
လေးကျောက်ကလည်း သူတို့မခေါ်ချင်နေ
ကိုယ့်ဘာသာ ခေါ်ခဲ့ပါ့လားလို့
လူအထင်ကြီးခံရ နည်းလား…
နောက်တစ်ခါကြုံရင် ခေါ်ခဲ့ ..
ဦးကျောက်ခဲ
July 8, 2013 at 10:39 am
ဟမ်မရေး… မီလုပ်ပါနဲ့ ခေါင်းငိုက်စိုက်ကြီးကို…
ထိမရ ကိုင်မရနဲ့ အမဲသားဖိုးလည်း မတတ်နိုင်ပါဘူး… ဟိ
ရဲစည်
July 8, 2013 at 10:54 am
တကယ်ရှိတယ်ရယ်လို့ဘဲ အောက်မေ့ပါတယ် ….
အနော်လဲ တသက်နဲ့ တကိုယ် ၂ခါလားဘဲ ကြုံဖူးတယ် …..
တခါကတော့ ကိုယ့်တပည့်ကျော်က ကိုယ့်ကိုသံယောဇဉ်ရှိလို့ ကူညီပေးတဲ့သဘော သေကံမရောက်ပေါ့
နောက်တခါကတော့ အဲ့ ပါးစပ်စည်းမရှိလို့ လကြီး ထိန်ထိန်သာ အောက်မှာ ပြာတောက်ခဲ့ ဖူးပါ၏
🙂
ဒန့် …. တန့် ….. တန့်
ဦးကျောက်ခဲ
July 8, 2013 at 11:10 am
ကယဲစီရေ…
ဦးကျောက်စ်တို့ မောင်ဘူမိများကတော့ လက်တွေ့ကြုံဖူးကြတာမို့ ယုံကြပါတယ်…
လူ ၂ဝလောက်အိပ်နေတဲ့ အခန်းထဲမှာ လာခြောက်လည်းခံဖူး…
တောခြောက်တာ တောမှောက်တာလည်း လက်တွေ့မို့…
ဟီး ဟီး မပြောတော့ပါဘူး၊ သဂျီးကြားရင် ရုံသွင်းပြစားနေဦးမယ်…
koyinmaung
July 8, 2013 at 10:56 am
ကိုကျောက်တို့ရေးလိုက်ယင် ကောင်းမှကောင်း..
ဆက်ရေးအုံးဗျာစောင့်ဖတ်နေမှာနော်…….
ဦးကျောက်ခဲ
July 8, 2013 at 11:13 am
အကိုရင်မောင်ရေ မင်္ဂလာပါခင်ဗျာ..
လဆန်းပိုင်းတွေဆို အလုပ်ပါးတတ်တော့ ရေးဖြစ်ဦးမယ် ထင်ပါတယ်…
အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်
July 8, 2013 at 11:21 am
ဟီဟိ.. အူးကျောက်ရေ ကျော်တို့ကျတော့ လူသေအရိုး ဝယ်ပီး ကုတင်အောက်ထားရတာဆိုတော့…
ကွိကွိ…
ကြုံရင်ရေးပါအူးမယ်ဗျာ..
ဦးကျောက်ခဲ
July 8, 2013 at 11:37 am
ကိုရင်ဂီ… ကျောက်စ်အရိုးကို ကုတင်အောက်ထားလို့ကတော့
“ကောင်လေး ထ… မင်းအောက်ကိုဆင်း၊ ဦးလေး ကုတင်ပေါ်မှာအိပ်မယ်”လို့
လှုပ်နှိုးပြီး ကွိုင်ရှာပလိုက်မယ်၊ ဘာမှတ်လဲ… ဟီး ဟီး
ခင် ခ
July 8, 2013 at 11:37 am
အမယ် ကိုယ့်တွေ့တွေ လျှိုထားကြတာ အခုမှဘဲ ထွက်လာကြတော့မယ်။
ကောင်းတယ်ဗျ ရေးကြစမ်းပါ ဖတ်ပေးမယ့်သူက အဆင်သင့်ပါဘဲဗျာ။
ဒါနဲ့ စကားမစပ် ကိုကျောက်က ကိုယ်တွေ့ကြုံပေမယ့် ကြောက်တတ်ဘူးနော်။
ဦးကျောက်ခဲ
July 8, 2013 at 11:44 am
ဆြာခရေ…
ကိုယ့်အကြောင်းကိုယ်ရေးရတာ ပျင်းလာလို့ လိုင်းပြောင်းကြည့်တာခင်ဗျ…
ကိုယ်တွေ့ကတော့လာမယ်ဆရာ… အခု “နု” တာနဲ့ “စ” ထားတာ… ဟီး ဟီး
ကြောက်သော်လည်း မတတ်နိုင်လို့ နေခဲ့ရတာ… ရေးပါဦးမယ် ဆြာခရယ်…
ရဲစည်
July 8, 2013 at 5:30 pm
ဘယ်ကြောက်မတုန်းဗျ … သရဲကတောင် သူ့ပြန်လန့်နေသေး …..
ဒါနဲ့များ သူ့ကြိုက်တဲ့သူက ရှိသေး … 🙂 ဟေဟေ့
သရဲကတောင် စာချိုးသွားသေးတယ် တလုပ်လို ဘာသာပြန်ထားတာ
ဘာတဲ့
သရဲမုန်းဒယ် အမည်းတုံးရယ်ဒဲ့ ….. ပြေးဘီ
စောဖွပြေး
ဦးကျောက်ခဲ
July 8, 2013 at 5:56 pm
ကယွဲစီ ခေါ် စောဖွပြေး…
ကတုံးချင်းလည်းတူ… စိနပြည်မှာ နေတာချင်းတူရဲ့နဲ့…
အခုလိုဗျင်းတာ နာသဗျာ၊ မနာလို မရှိပါနဲ့ဗျ ဟိ
kyeemite
July 8, 2013 at 11:41 am
ကိုရင်ကျောက်တို့အရေးကောင်းချက်ဗျာ.. 😆
ဦးကျောက်ခဲ
July 8, 2013 at 11:47 am
အကိုမိုက်ရယ်… အသာလုပ်ပါခင်ဗျ…
ဒီတစ်ခါ ပြန်လာရင် ၂လုံး သယ်ခဲ့မယ်… ဟီး ဟီး
Shwe Ei
July 8, 2013 at 11:53 am
သများတော့ ရဲရဲတောက်နေတဲ့မျောက်လုံးရီးတွေနဲ့ခေါင်းငိုက်စိုက်ကျနေတဲ့ပုံကိုမြင်ယောင်ပြီး
ကြောက်စ်နေဒေါ့ဒါဗြဲ (သတ္တိကောင်းပုံများပျော့ပါဒယ်)
ဦးကျောက်ခဲ
July 8, 2013 at 12:02 pm
ဟီ ဟိ မရွှေအိရေ…
ရွှတ်ရှလူးအာဘွားပေးလိုက် လက်သရမ်းလိုက်လုပ်နေတဲ့…
ဇာတ်လိုက်ကျော် ငပြားလည်း ထပြေးတာတန်းနေတာပဲ…
အဲသည့်ညက တစ်စခန်းလုံး ဘုရားနဲ့တရားနဲ့ ဖြစ်သွားတယ်…
Ma Ma
July 8, 2013 at 2:25 pm
တိုင်းမရှင်းများ ရှိခဲ့ရင် အချိန်ကိုနောက်ပြန်ဆွဲပြီး အဲဒီတုန်းက သူရဲမလေးကို သဂျီးကိုပြနိုင်ရင် ဆြာကျောက်စ်တော့ စုတ်လည်းဝင် လာဘ်လည်းဝင်မယ့်ကိန်း။ 🙂
ဦးကျောက်ခဲ
July 8, 2013 at 3:13 pm
အန်တီမာမားရယ်…
တိုင်းမရှင်းမလိုပါဘူး… သဂျီးဆန္ဒရှိရင် ဟောင်ကောင်ကျွန်းမှာတင်ရှိပါတယ်…
ရုံသွင်းပြစားရင် အပေါက်စောင့်ပဲလုပ်ပါရစေ ဖြစ်သွားမယ်… အား ဟိ
အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်
July 8, 2013 at 2:51 pm
အရှေ့အာရှ က အသည်းမမာဆုံး ယောက်ျား တယောက်မှ
တောင်တရုတ်ပင်လယ်ထဲက တော်ကီအညက်ဆုံး ယောက်ျားတယောက် ပိုစ့်တွင်
ကောမန့် ဝင်ရေးနေသည်..။
ကွိကွိ..။
ဦးကျောက်ခဲ
July 8, 2013 at 3:19 pm
ဟီး ဟီး… အခုတော့ ဦးလေးလည်း…
“တောင်တရုပ်ပင်လယ်ထဲက အလွမ်းတတ်ဆုံးကျောက်စ်” ဖြစ်နေပြီဗျ…
ခီညား ဆွတာနဲ့ ပိုလွမ်းသွားပြီ…. ဗြဲ
မင်းမင်း
July 8, 2013 at 4:55 pm
အေးဗျာ ကျုပ်သာဆို
ပန်းအိုးထဲအပင်စိုက်ပြီး
မြို့ကို ခေါ်ခဲ့မှာ ။
ကျုပ်နဲ့မတွေ့တာ နာသဗျာ :mrgren:
ဦးကျောက်ခဲ
July 8, 2013 at 5:44 pm
ကိုမင်းမင်းရယ်… အကောင်လိုက်လည်းမဟုတ်…
ဇက်ကြီးအောက်စိုက်ပြီး သုံးစားမရမှာကြီးတော့ မလိုချင်ပေါင်ဗျာ…
ဆရာသမားလိုချင်ရင်တော့ အဲသည့်ရွာကိုသွားလေ… ဟီ ဟိ
Mr. MarGa
July 8, 2013 at 5:51 pm
မနက်ကတည်းက ဖတ်ချင်နေတာ ကျလိကျလိနဲ့
မန်ဘာအုန်းသီးမို့ အတော် စိတ်ထိန်းထားရတာ (ဝင်ရမှာ ပျင်းလို့ အဟီး)
ဒီလို ဒီလို ကိုယ်တွေ့ တွေကို
ထပ်ပြီး ရေးပါဗျို့
သဂျီးကို ကျွတ်အောင် ချွတ်ပေး…….
ဦးကျောက်ခဲ
July 8, 2013 at 6:05 pm
မန်ဘာအုန်းသီးလုပ်ထားတာ ခွေးလွှတ်ပါ သဂျားရယ်…
ဖတ်လည်းဖတ်သေး အကြောင်းမရှိ အနီပေးတဲ့ ဂိုဏ်းကိုချိတ်နာလို့…
သဂျီးကတော့ ကိုယ်တိုင်မတွေ့သေးသရွေ့ ကျွတ်မည့်ပုံမရှိ…
ကျွတ်စေချင်ရင် ရွာသားများဝိုင်းချုပ်ပြီး ချွတ်မှပဲ… ဟီ ဟိ
Mr. MarGa
July 8, 2013 at 6:34 pm
အဲ့ သဂျီး လာမှ ဝိုင်း ချွတ်ကြရအောင်
ဦးကျောက်ခဲ
July 8, 2013 at 8:49 pm
ချွတ်မယ် ကိုရင်သဂျား…
ခင်ဗျားက ဗလကောင်းတော့ချုပ်ပေး…
ဒညင်းဝက်တို့ကိုချွတ်ခိုင်းပြီး မာမီတွေလက် အပ်လိုက်မယ်…
အား ဟိ
padonmar
July 8, 2013 at 10:53 pm
(“ဟင်း… အကိုတို့ မြို့ကျောင်းသားတွေကလည်း လက်သရမ်းလိုက်တာ၊ လွှတ်ပါတော့”)
တစ်ကျောင်းထဲတက်နေတဲ့ မိစံက သက်သက်မူပြီးပြောနေတယ်မှတ်တာ၊
အသံကော မပြောင်းဘူးလားသိချင်လိုက်တာ။
(ခေါင်းငိုက်စိုက်ချထားတဲ့ မိစံမျက်လုံးတွေက ကြောက်စရာကောင်းလောက်အောင် ရဲရဲတောက်နေပါသတဲ့။)
အဲဒါလေးလည်း စိတ်ဝင်စားတယ်။
ဦးကျောက်ခဲ
July 8, 2013 at 11:32 pm
အဲဒါကတော့ အန်တီဒုံရေ… “ပြောမယုံ ကြုံဖူးမှသိ”ဆိုသလို…
နဂိုရှိရင်းစွဲကနေ ခုချိန်ထိ မိစံက မိန်းမသံ လုပ်ပြောတတ်သူမို့…
ဒီနေ့အထိ အသံမဖမ်းတတ်ရိုးအမှန်ပါ ခင်ဗျာ…
အဲ… မျက်လုံးအကြောင်းပြောရရင်တော့…
သူငယ်အိမ်သေးသေးလေးမှာ မျက်သားတွေနီရဲနေပါသတဲ့…
မူးယစ်ဆေး/ကွီနိုင်တံခိုးတော့ မဖြစ်နိုင်ပါ ခင်ဗျ…
padonmar
July 9, 2013 at 5:02 am
ကျမငယ်ငယ်က သရဲ ကိုယ်တိုင်တွေ့ဖူးတော့ ပရလောကဆိုတာ ယုံပါတယ်။
ဒါပေမယ့် မျက်နှာ မမြင်ဖူးလိုက်တော့ အဲသလို မျက်စိက နီတယ်ဆိုတာမျိုး မကြုံဖူးဘူး။
ဦးကျောက်ခဲ
July 9, 2013 at 8:23 am
ပြောရရင်တော့ အပမှီ သရဲပူးလို့ မျက်စေ့နီတယ်ထင်တာပဲ အန်တီဒုံရယ်…
ကျောက်စ်တွေ့ဖူးတဲ့ သရဲမကတော့ မျက်ကွင်းနေရာမှာမဲနေပေမည့် မျက်လုံးနေရာမှာ အပိတ်ကြီးခင်ဗျ…
ရေးပြန်ရင်… သဂျီး “ရိ”တာ ခံရတော့မယ်… အားဟိ
padonmar
July 8, 2013 at 10:59 pm
ဦးကျောက်ရေ
မကောင်းမြစ်ထာ ကောင်းရာညွှန်လတ် လို့ ပြင်ပေးပါရစေ။
မြစ်= တားမြစ်
မကောင်းလုပ်မှာကို တားမြစ်တာပါ။
ဦးကျောက်ခဲ
July 8, 2013 at 11:19 pm
ဟိ… ပြင်လိုက်ပါပြီ ခင်ည၊ အော်မေ့ဂိုဏ်းသူလေး…
လွမ်းဖျားလွမ်းနာကျနေလို့ပါ ခီည…
padonmar
July 9, 2013 at 4:59 am
ဘယ်လိုပြောပြော ကြွားထှာခံနေရတာချည်းပဲ။
…..
Foreign Resident
July 9, 2013 at 8:35 am
” အော်မေ့ဂိုဏ်းသူလေး… လွမ်းဖျားလွမ်းနာကျနေလို့ပါ ခီည… ”
တောက် ၊ ကြွားချက်ကတော့ ရက်စက်တယ် ။
အခု တလော ၊ ဆိုင်ဆိုင် မ ဆိုင်ဆိုင် ၊
ဒီ အကြောင်းကြီးပဲ ဆွဲထည့်နေတာ တွေ့ရတယ် ။
အင်းးးးးးး ၊ ဒါပေမယ့် ၊ ကိုယ်ချင်းစာမိပါတယ်လေ ။
Carry On ဦးကျောက် ။
ဦးကျောက်ခဲ
July 9, 2013 at 8:59 am
အဘရယ်…
ဒီအချိန်လေးပဲ သာသာယာယာ ကြွားလို့ရတာ၊ နောင်ဆိုရင် လွယ်မှာမဟုတ်။ စီနီယာကြီး အဘက ကျောက်စ်ကို ကိုယ်ချင်းစာတယ်ဆိုလို့… ကျေးကျေးပါခင်ဗျာ
Crystalline
July 9, 2013 at 2:29 pm
အဘရေ နည်းနည်းဆွဲကပ်လို့ရတာနဲ့ ကြွားတော့တာပဲ.. သက်ဆိုင်သူ မမလှလှရယ်.. အတိတ်သမိုင်းကြောင်းတွေသေသေချာချာပြန်လေ့လာပါအုန်းလို့
ဦးကျောက်ခဲ
July 9, 2013 at 3:06 pm
ခရစ်စတယ်ကြောင်ရေ…
သိဒယ်… ဂလိုကြပ်မယ်ဆိုတာဂို…
ကျောက်စ်က အိပ်သွန်ဖာမှောက်…
အတိတ်ကို အကုန်ပြောပြီးသား…
ဦးကြောင်ကြီး
July 10, 2013 at 8:34 am
ခရစ်စတယ်ကြောင်ဆိုတော့ သူနဲ့ကျုပ်က အကြင်လင်မယား ဖြစ်နေသယောင်၊ အဲလိုဟုတ်သေးဗူး… ဒိုင်လျှိုလေး ရှိသေးတယ်… တယောက်နဲ့တယောက် အကြောင်းသိအောင် ခုမှ အဝေးကွင်း စမ်းကန်တုံး… 😳
uncle gyi
July 8, 2013 at 11:49 pm
မောင်ရင်ကျောက်မပြနဲ့တော့
ရေးထားတာဖတ်ရတာနဲ့တင်ယုံတယ်
စာပေလွတ်လပ်ခွင့်ပေးလိုက်တာနဲ့
မောင့်လိုလက်စွမ်းမျိုးနဲ့ဆို
ကျုပ်လုပ်ဝံ့ပါတယ်
တမျိုးမတွေးနဲ့
စာအုပ်ထုတ်ဖို့စာချုပ်တာကိုပြောတာ
ဦးကျောက်ခဲ
July 9, 2013 at 8:18 am
မလုပ်ပါနဲ့ အန်ကယ်ကြီးရယ်…
ကျေးဇူးအကြီးကြီး တင်ပါတယ်၊ ဒါပေသည့်…
မောင်ကျောက်က စာရေးကျဲသူမို့ အန်ကယ်ကြီးပဲ စီးပွါးရေးထိခိုက်မှာဗျ…
အရီးခင်လတ်
July 9, 2013 at 1:53 am
သိပ္ပံပညာရှင်တွေလဲ အဲဒီအကြောင်းတွေ ကို အင်မတန်စိတ်ဝင်စားတဲ့ အကြောင်း ဆောင်းပါးတွေရှိတယ်။
“What Happens To The ‘Soul’ After Death” စသဖြင့်ပေါ့။
သူတို့ဆီက မှန်တဲ့ ရလာဒ် ရလာဖို့ နဲ့ မာရှင် တွေ ကို ရှာတွေ့ ဖို့ ဘယ်ဟာက နီးစပ်နိုင်မလဲလို့ တောင် တွေးကြည့်မိသေးတယ်။
ကကျောက် ဇာတ်လမ်း မျိုး ကိုယ်တိုင်ကြုံတာတော့ မဟုတ်ပေမဲ့ နီးတဲ့ ဆွေမျိုး ထဲ မှာ ကို ဖြစ်ဖူးတယ်။
မိသားစုထဲမှာဘဲ သိခဲ့တဲ့ အကြောင်းကို သူစိမ်းတစ်ယောက် (မကျန်းမာ နေတဲ့ အဖွားကြီး) ကပြောနေခဲ့တာ။
ကျွန်မ အဒေါ်တွေ၊ အဖွားတွေ ကိုယ်တိုင် မြင်ရ၊ ကြားရ တာမို့ ယုံရခက်၊ မယုံရခက် ဖြစ်ခဲ့တာ။
အသက်လေးရလာချိန်မှာတော့ တစ်ချို့အကြောင်းတွေ က ကိုယ့် Control နဲ့ လွတ်နေတာတွေ သတိပြုမိလာချိန် ဘာကိုမှ ဇွတ်ကန်မငြင်းချင်တော့ဘူး။
လက်ရှိရာနှုန်းပြည့် မှန်တာတွေ တောင် တစ်ချိန် မှားသွားနိုင်သေးတာဘဲ။
အများပြောသလိုဘဲ တကယ်ကို ဆွဲဆောင်မှု အပြည့် နဲ့ ရေးနိုင်တာကလား။
အပြင်မှာလဲ အပြောကောင်း မဲ့ပုံဘဲ။
နှင်းနှင်းတော့ နားညည်းမဲ့ ကိန်း မို့ သနားမိသား။
😆
ဦးကျောက်ခဲ
July 9, 2013 at 8:30 am
အရီးလတ်ရေ…
နာနာဘာဝဆိုတာ ကျမ်းဂန်များထဲမှာလည်းပါ၊ ကိုယ်တိုင်လည်း ကြုံဖူး…
နိုင်ငံတကာမှာလည်း ပုံစံမျိုးစုံနဲ့ရှိနေကြတာမို့…
Dimension ကွာတယ်လို့ သဘောထားလိုက်တယ်…
ညှင်းညှင်း… အပြောကောင်း မကောင်းတော့ မေးကြည့်လေ ဟီ ဟိ
KZ
July 9, 2013 at 8:46 am
လူချင်းမမြင်ဘူးတဲ့ အခြေအနေကနေ ဒီ အခြေအနေထိ အရောက်ဆိုတော့ ……
ဖေကျောက်ကြီး တော်ကီကို မှန်းလို့ရပြီးသားးးး
လူချင်း မြင်ဘူးတဲ့ အချိန်မှာ သေချာသိလိုက်ပြီးသားးးး
ဒါနဲ့ အဝေးသင် အပြောသင်တန်းလေး ဘာလေး ဖွင့်ဖြစ်ရင် ပထမဆုံး စီးဖု ခေါ်ပါရစေနော်။ (တရုတ် အသံထွက်ကို ကြားသလိုရေးသည်။)
ပစ်ကြွေသွားအောင် ပြောချင်လို့ပါ။
ဦးကျောက်ခဲ
July 9, 2013 at 9:07 am
ကျန်း… မိဇာဂျီးတို့ ကြပ်ချက်…
ကျောက်စ်ပြောပြန်ရင် ကြွားထှာအပြောခံရဦးမယ်။ ဟိ… ဒီတစ်ခေါက်ကတော့ ဒယ်ဒီပါပါးချစ်ဖေဖေကို တထိုင်ထဲနဲ့ ခေါင်းညိမ့်အောင် တော်ကီပစ်ခဲ့ရတာအေ့။ ကျောက်စ်လည်း လွတ်လွတ်ကင်းကင်း သရဲပို့စ်ကနေ ဒီဘက်ရောက်လာပြီ …
“ဇာတ်ရူးနဲ့ ဆိုင်းသံ” တွေ့ပြန်လေဘီ… ဟီ ဟိ
Hnin Hnin
July 10, 2013 at 5:50 pm
အရီးက အမှန်ကို မြင်တတ်လိုက်တာ။
အဲ့ပုံပန်းနဲ့ အဲ့တော်ကီ အဲ့နေ့က သနားရတာ။
ဦးကျောက်ခဲ
July 11, 2013 at 9:13 am
ကျေးဇူးတင်ပါတယ်ကွီ…
ဒါမျိုးမပြောဖူးလို့ ချွေးလေးနဲနဲပျံတာကလွဲရင်…
ကျောက်စ်ပစ်တာ ဟတ်ထိတယ်မဟုတ်လား…လို့
အား ဟိ
koyinmaung
July 16, 2013 at 11:18 am
သနားစရာ လူပျိုသိုးကြီးပါကွယ်……
Ma Ma
July 16, 2013 at 3:31 pm
ချွေးလေး ဗူးသီးလုံးလောက် ပျံတာကလွဲလို့ 😆
Mr. MarGa
July 16, 2013 at 9:01 pm
ကံဆိုးချင်တော့ အဲကွန်းကလဲ ကျောက်စ်ကို မသနားရှာဘု
ဦးကျောက်ခဲ
July 16, 2013 at 3:51 pm
ဟီဟိ… ဒယ်ဒီပါပါးချစ်ဖေဖေ ကိုသွားတွေ့တော့ ရင်အခုန်သားခင်ဗျ…
ကြားလူမပါ၊ ကိုယ်တိုင် တော်ကီလွှတ်ရတာ ကျွတ်ဆင်ကြီး… ဟီးဟီး
ညှင်း ညှင်း… ဘယ်ရမလဲ ကျောက်စ်ပါ…
နာရီဝက်လောက် တော်ကီထုလိုက်တာ သဘူတောပါတယ် ဖြစ်သွားရော…
ရွာသားများ… ဆိတ်ဝင်စားရင် သင်တန်းပေးမယ် အားဟိ…
Inz@ghi
July 16, 2013 at 3:52 pm
မိန်းမယူမယ့်အကြောင်းကို တနေ့တခြား မရိုးနိုင်အောင် ရေးနိုင်သူ ကို ကတ်သရင်းဇီတာဂျုံးကြီး ပေးမယ်ဆို
အူးကျောက် ရနေလောက်ဘီ…
ဒချိ..ဒချိ…
ဦးကျောက်ခဲ
July 16, 2013 at 4:07 pm
ဟမ်… ကျောက်စ်ကို မိုက်ကယ်ဒေါက်ဂလပ် လမ်းစဉ်
လိုက်စေချင်လို့လား… ကျောက်စ် ကြောက်
YUYA MON
July 9, 2013 at 1:53 am
Good……waiting for next post.
Thanks!!!
ဦးကျောက်ခဲ
July 9, 2013 at 8:32 am
Thanks for your comment and I would try my best.
kai
July 9, 2013 at 2:43 pm
အင်း..
မနက်ကတင်.. ဂိုဂယ်လိုဂိုပြောင်းနေတာ.. ဘာများပါလိမ့်.. လိုက်ကြည့်တော့…Roswell က.. ပုဂံပြားပျံပျက်ကျတဲ့.. ၆၆နှစ်ပါတ်လည်တဲ့..
အဲဒီမိစံကိုသာ.. ဧရိယာ၅၁ထဲသွင်းလိုက်ရင်ပွဲပြတ်…
အာဟိ…
ဦးကျောက်ခဲ
July 9, 2013 at 3:14 pm
သဂျီးကတော့ ခက်စ်တယ်…
ပန်းကန်လုံးပျံကျတော့ယုံပြီး သရဲကြတော့ အာဟိ… လုပ်တယ်…
ဒီတခါ လည်လည်ထွက်ရင် ဟော်တယ်မှာ လူမဲသရဲနဲ့တွေ့ပါစေဗျာ… ဟီး ဟီး
မင်းမင်း
July 9, 2013 at 2:44 pm
သရဲ နာနာဘာဝ တို့ဆိုတာ ရှိ မရှိ
ငြင်းကြစတမ်းဆို ကျုပ်က ရှိတဲ့
ဘက်မှာနေမယ် ။ ဒါပေမဲ့
အဲဒီကောင်တွေကိုတော့ မကြောက်ဘူး။
(ညဘက် မီးပျက်နေရင်တော့ အိမ်သာမတတ်ဖြစ်ဘူး :mrgreen:)
TNA
July 9, 2013 at 10:02 pm
ဖတ်လို့ကောင်းချက်တော့။ နောက်များလဲမျှော်နေပါအုံးမည်။
ဦးကျောက်ခဲ
July 10, 2013 at 9:43 am
လာမည်…ကြာမည် လေ အန်တီသဲရဲ့
ဆူး
July 10, 2013 at 1:17 pm
ဒီပိုစ်လေး ဖတ်လိုက်တော့.. တခု တွေးမိတယ်..
လောလောလတ်လတ် မကျည်းပင် က ကျသေတဲ့ ၁၆နှစ် သမီး ရဲ့ တုန့်ပြန်ချက်က.. တော်တော် လန်းတယ်နော်.. အစိမ်းမဟုတ်ပဲ အကျက်ကလေး ကျနေတာပဲ.. ယဉ်ပါးနေတဲ့ အမူအရာမျိုး ရေးထားတာ တွေ့မိတယ်.. ဟိဟိ..
ဘာမှတော့ မဟုတ်ဘူး.. ဝင်သုံးသပ်ကြည့်တာ။
ဦးကျောက်ခဲ
July 10, 2013 at 1:26 pm
ဟုတ်တယ် ဒေါ်ဆူးရဲ့…
ဟိုးတုံးကမြင်ဖူးတာ ခပ်ကြမ်းကြမ်းတွေချည်းပဲ…
သရဲမလေးက အတော်ယဉ်တော့၊ ရုတ်တရက်ဘယ်သူမှ သတိမထားမိခဲ့ဘူး…
အဲဒီအရပ်ထုံးစံ ၅ရက်ထားတာဆိုတော့၊ အလောင်းလည်းမြေမကျသေး…
နဂိုနေကယဉ်ကျေးသူ၊ ကုသိုလ်အကြွင်းအကျန်ရှိလို့နေမယ်ထင်ရဲ့…
Ma Ei
July 10, 2013 at 1:40 pm
စာရေးဆရာလုပ်ပါ….
စာအုပ်ထုတ်ပါ ….
နံမည်ကြီးစာရေးဆရာဖြစ်မှာသေချာတယ်….
😆
ဦးကျောက်ခဲ
July 10, 2013 at 2:14 pm
အချွန်နဲ့ မ “မ”ပါနဲ့ မအိရယ်…
အဲသည့်ပိုးကသတ်ရခက်တယ်ခင်ဗျ…
အခုတောင် စာပြန်ရေးမိတာ စွဲနေလို့… ဟီး ဟီး
Mr. MarGa
July 16, 2013 at 8:59 pm
တစ်လက်စတည်း
ကဗျာလေးပါ ပြန်ရေးပါနော့
ကဗျာပြခန်းက မျှော်နေတယ်