ဘယ်သူ့ကိုမှ ဘာမှ ပြောမနေချင်တော့ပါဘူး…ဘာလေးပဲ ဖြစ်လိုက် ဖြစ်လိုက်… ဘာတွေပဲ တွေ့လိုက် တွေ့လိုက်…စိတ်ထဲ ထင်တာတွေ…စိတ်ထဲ ရှိတာတွေ…ပြောကြတယ်…ရေးကြတယ်…ပြောကြရေးကြပေါ့…ဒါကကိုယ့်လွပ်လပ်ခွင့်နဲ့ ကိုယ်ပဲ….

အဲ့ဒီမှာ ဘာသွားတွေ့သလဲဆိုတော့ တစ်ဦးနဲ့တစ်ဦး…အမြင်..ခံယူချက်…သဘောထား… သိသိသာသာကွာတာကို သွားတွေ့ရတယ်…ဘယ်သူ့ကိုမှ ဘာမှမပြောလိုပါ…ခံယူချက်တူရင်…ဆက်ပြောလို့ရမယ်…ခံယူချက်မတူရင် ပြောလက်စကိုရပ်ပစ်မယ်…ခင်မင်မှုကိုတော့ ဆက်ရှိစေချင်ပါတယ်…အမြင်မတူ ရန်သူ လို့တော့ လုပ်လို့မရဘူးလေ…အမြင်မတူတာဆိုတာက တစ်ဦးနဲ့တစ်ဦး ဦးနှောက်အနေအထား…ကျင်လည်လာရာ ပတ်ဝန်းကျင်…အဖြစ်အပျက်တစ်ခုကို ချဉ်းကပ်တဲ့ သူတွေရဲ့ အမြင်….ဒါတွေက တစ်ဦးနဲ့ တစ်ဦး…တူစရာအကြောင်းမှ မရှိတာ….မတူတာတွေကို ဖြည့်တွေး…ဖြည်တွေး တတ်ရပါမယ်…ဒီလို တွေးတတ်…သူတပါးကို နားလည်တတ်မှလဲ…စိတ်ထားကောင်း(စိတ်ကောင်း)ဆိုတာ ဖြစ်လာမယ်….ဖြစ်လာမှလဲ လောကဆိုတာ သာယာလာမယ်…

အရာရာ ငါ့အတွက်…ငါ့အတွက်…ငါယူဆသလို ယူဆရမယ်…ငါတွေးသလို လိုက်တွေးရမယ်…ငါလုပ်သလို လိုက်လုပ်ရမယ်…တ ငါထဲ ငါနေလို့ကတော့ ဒီလိုလူတွေ လောကကြီးထဲ များလေ…လောကကြီးက စိတ်ပျက်စရာ ဖြစ်လေပါပဲ…

ရှင်းရှင်းလေးပါပဲ…ဖြည့်တွေး ဖြည်တွေးတဲ့သူတွေ များလေ…လောကကြီး သာယာလေ…
ငါသမားများလေ…လောကကြီး မြန်မြန်ပျက်လေပါပဲ…ခံယူချက်တွေ…အတွေးတွေ…အမြင်တွေကတော့ တူစရာမှမရှိတာကိုး…ဦးနှောက် သေးသေးလေးသမားက တိမ်တိမ်လေး စဉ်းစားမယ်…ပေါ့ပေါ့လေးပြောမယ်…
ဦးနှောက်ရှိတဲ့သူတွေက နက်နက်နဲနဲ စဉ်းစားမယ်…လေးလေးနက်နက် ပြောမယ်…မျက်တောင်တဖျားနဲ့ မျက်စိတဆုံး..မြင်တဲ့သူချင်း ဘယ်တူပါ့မလဲ…တူရမယ်လို့ ဇွတ်ပြောနေရင်တော့ ကိုယ်ပဲ လူမိုက်စစ်စစ်ဖြစ်တော့မှာပဲလေ...

က က က …လို့ ရေးထားကြည့်ပါလား…သူငယ်တန်းကလေး တစ်ယောက်က ဘာမြင်မလဲ…ကကြီး သုံးလုံးလို့ပဲ မြင်မှာပေါ့…ဆရာမကို သွားပြကြည့်လိုက်ပါလား…က ကာ ကား…လို့ ရေးမှ ကလေးတွေ သင်ရလွယ်မယ်လို့ တွေးမိမှာပေါ့…ပန်းချီဆရာတစ်ယောက်ကို သွားပြကြည့်ပါလား…အပြာရောင် နောက်ခံလေးနဲ့ အဖြူရောင်တိမ်အုပ်လေးထည့်လိုက်ရင်…ဒီ က က က …ကနေ ဌက်ကလေးသုံးကောင်အဖြစ် မြင်ချင် မြင်မိလိမ့်မယ်….

အဖြေက ဒါပါပဲ…လူမတူရင် အတွေး အမြင် မတူနိုင်ပါဘူး…ပြောတဲ့ စကားချင်းလဲ မတူနိုင်ပါဘူး…ဒါဟာ မလက်ခံမဖြစ် လက်ခံရမယ့် အမှန်တရားတစ်ခုပါ…ကဲ အားလုံးသောမိတ်ဆွေများလဲ ငါနဲ့မတူ ငါ့ရန်သူ လို့ သဘောမထားကြည့်ကြပဲ..ဖြည့်တွေး ဖြည်တွေးပေးပြီး ခင်မင်မှု အစကို ဆွဲထုတ်လို့ လောကကြီးကို အလှဆင်ကြရအောင်ပါလားဗျာ…

(ဖေ့စ်ဘုတ်မှာ နင်ပဲငဆ ဆဲဆို ရန်ဖြစ်နေကြတာတွေတွေ့ပြီး ဒီစာကို ရေးဖြစ်ပါတယ်)

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...