ရလေ လိုလေ အိုတစေ ဆိုတာဟုတ်ပါ့
Facebook မှာ ကြည့်လိုက်ရင် အလကားပေးမည် ဆိုတဲ့ဆိုဒ်ဆိုရင်
လိုတာတွေ ပေးတာလည်းရှိသလို
ရသမျှတောင်းခံနေတာလည်းတွေ့ပါ့
စိတ်ပျက်စရာကောင်းတယ်
ဖုန်းတလုံးလောက်ပေးပါတောင်တဲ့သူနဲ့
ကွန်ပြူတာတောင် ဘာမှ ညာမှနဲ့ တောင်းတဲ့သူနဲ့
အစကတည်းက ဒီလူ ဒီအမျိုးတွေက ရလေလိုလေ ဆိုတာသိထားကြတော့
၇ရင်ကော ပေးရင်ကော သူတို့အတွက်မသုံးဘဲ ရောင်းစားမှာလား
တခို့ကလည်း တကယ်လိုလို့
တချို့ကျတော့လဲ မရရင် အရင်း ရရင်အမြတ် ဆိုတာမျိုး
ဖြစ်နိုင်မဖြစ်နိုင်တော့မသိဘူး
တချို့ကလဲ အလကား အကြောင်းပြပြီး စီးပွါးရေးလုပ်ကြ
ပေးကြည့်ကြည့် တယောက်ယောက်ကို
တောင်လာကြပါလိမ့်မယ် တယောက်ပြီးတယောက်

နောက် ဖုန်းအရောင်းအ၀ယ်ဆိုဒ် ဆိုရင်
သူများ 1500 ဖုန်းကို ပြန်ရောင်းကြပါတယ်
1သိန်းအောက်မလျော့
ဒီလောက်များပြားနေတာ
လိုတဲ့နေရာတွေ ပေးကြပါလား
1500 ကို သိန်းကျော်ပြန်ရောင်းတာတော့လွန်တယ်
တချို့ဆို 7ကဒ် 8ကဒ်
ဒီလူတွေက တယောက်ချင်းစီ မဲနှိပ်ကြတဲ့ သူတွေလား
အစိုးရက လူတိုင်းသုံးနိုင်အောင် လုပ်ပေးပါတယ်
ဒီလိုလူစားတွေကလည်းရှိသေး
မသကာရှိ 5သောင်း 6သောင်းပေါ့
သိန်းကျော်ပြန်ရောင်းတာတော့လွန်ပါပေ့
သြော် …လူတွေ….လူတွေ

မဲရုံမှာ မဲနိုက်လိုက်တိုင်း
ရက်ကွက်လူကြီး အမျိုးကလွဲပြီး မရတာကများနေ
ကတုံးပေါ်ထိပ်ကွက်ကြတာတွေပြောပါတယ်

အလကားနေရင်း ရန်ဖြစ်နေကြတာရှိသေးတယ်
Myanmar Mobile User
Android နဲ့ iphone
ဟိုတလောက iphone သုံးရင်း မျက်နှာမှာ အလဂျစ်တွေ ထွက်လာတယ်ပြောတော့
iphone သမားတွေက ထဆူ
နောက် s4 က ပေါက်ကွဲတယ်လဲဆိုရော
Android သမားတွေ ထပေါက်ကွဲ
တယောက်နဲ့တယောက်
ကိုယ်ကြိုက်ရာ ကိုယ်ပေါ့
ဘာတုန်း ရန်ဖြစ်နေကြတာ
ရန်ဖြစ်တာထက် တချို့ က ရန်စတာ
ဘာမဟုတ်တာလေးနဲ့ ဒေါသဖြစ်နေကြတာ

မီမီမိုးစက် ကောင်မလေးကလည်းတမျိုး
နေပိုင်ဆိုဒ်ထဲက ကဗျာတွေခိုး
သူရေးသလိုတင်
ပြောတော့ သူ့ဆီရောက်မှ Like များတာလေးဘာလေး ပြန်ဟစ်
အကြော်ရောင်းပြီး ဆင်းရဲတယ်လဲဆိုသေး
iphone တွေ ipad တွေကိုင်
သိတဲ့သူတွေက ၀င်ဆဲ
မသိတဲ့သူတွေက မေတ္တာပွါး
ပြောရင်း တယောက်နဲ့ တယောက် ဆဲကြဆိုကြ
ဟိုတယောက်ကလည်းမမှတ်
အမြင်ကပ်လောက်အောင်ရေးပြီး ပုံတွေတင်
ဆဲကြ ဆိုကြ ထောပနာပြုကြ

ခွန်ဒီယမ်း ရဲ့ မေမေ

တနေ့တမျိုးမရိုးရအောင်
နေ့စဉ် မနက်တိုင်းလာသမျှ တွှေုသမျွ
သြော် …ဒါတွေကလည်း
ကြည့်ရင်းကြည့်ရင်း တရားရစရာပါလား

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer