IMG_2280

ငါဟာ အတောင်ပံ တစ်စုံတောင်မှ ပိုင်ဆိုင်ခွင့် မရှိခဲ့တဲ့ အိန်ဂျယ်

လိုတရ နှင်တံ ငါ့လက်ထဲက လွတ်ကျ ပျောက်ရှနေဆဲလေ

ကယ်တင်ခြင်း တပ်မ လည်း ငါမပိုင်ဆိုင်လေတော့

ဂတိ ရဲရဲ ငါမပေးရဲခဲ့ဘူး

အပ်ချလောင်း အုံဖွ ဂါထာတွေ ရွတ်ဖတ်

မင်း မနက်ဖြန်တွေ လှပစေဖို့ 

ငါ ဟာဖန်းဆင်းရှင် နတ်ဖုရားမ တပါး မဟုတ်လေတော့

မင်း အိမ်မက်တွေ မင်းကိုယ်တိုင်ထုဆစ်ရလိမ့် မယ်

ဒါပေမဲ့

မပြည့်ဝ သေးတဲ့ ဆန္ဒတစ်စုံ အတွက် မင်း အားမငယ်ပါနဲ့ 

ကြမ်းတမ်းခက်ရှတဲ့ ခရီးလမ်းတစ်လျှောက်

ဂါထာ မရွတ်တတ်တဲ့ ဒီနတ်သမီး တစ်ယောက်

မင်းနဲ့ အတူတူလျှောက်မယ်

(ဒီဆန်းဒေးမှာ ဟိုရေး ဒီရေး လျှောက်ရေးလိုက်ပါသည်)  :P

 

 

About Iris

has written 10 post in this Website..