ကျွန်မအခုတလောတော်တော်လေး စိတ်မကောင်းဖြစ်မိနေတဲ့ဖြစ်ရပ်ကလေးရှိနေပါတယ်။ ဟိုတ လောက ကိုမျိုးသန့်ရေး လိုက်တဲ့ကဗျာလေးဖတ်ပြီးတော့ ပိုပြီးစိတ်မကောင်းဖြစ်မိရပါတယ်။ ကျွန်မ ပါတ်ဝန်းကျင်မှာ ရိုးသားစွာငွေရှာနေတဲ့မိန်းကလေးတွေရှိပါတယ်။ သူတို့ဟာ ဘွဲ့ရတွေမဟုတ် တော့သူတို့နဲ့ထိုက်တန်တဲ့ လုပ်ငန်းခွင်လေးတွေမှာ ကြိုးကြိုးစားစားလုပ်ရင်းရတဲ့ငွေကို သူတို့လဲ သုံး မိသားစုလဲမျှရင်းနေထိုင်လာကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မအတော်သဘောကျခဲ့ပါ တယ်။ မနက်ဆို လှလှပပလေးဝတ် အလုပ်လာ၊ အလုပ်ရောက်ရင်လုပ်ငန်းခွင်ဝတ်စုံလဲ။ တနေ ကုန်လုပ်၊ ညနေရေမိုးချိုးအလှပြင် အိမ်ပြန်။ ဟုတ်လို့။ အဲတနေ့တော့အဲလိုလုပ်နေတဲ့ကောင်မ လေးအုပ်စုထဲကတယောက်က ထူးထူးခြားခြားငွေသုံးလာတာကိုသတိထားလိုက်မိပါတယ်။ ဟန်း ဖုန်းနဲ့ဘာနဲ့။ နောက်ကောင်လေးတွေလာကြို။ ပိုက်ဆံတွေတအားသုံး။ မူပျက်နေတာအလုပ်ရှင်က သတိ ထားမိလာပါတယ်။ နောက်တော့ လုပ်ငန်းခွင်ထဲမှာနေ့ခင်းအရမ်း အိပ် ငိုက်လာတာ သတိထားမိတယ်။ အဲဒါနဲ့ဘာဖြစ်လဲစုံစမ်းလိုက်တော့ Night Club မှာအလုပ်လုပ်နေ တာတဲ့။ တော်တော်လေးစိတ်မကောင်းဖြစ်သွားတယ်။ သူ့မိဘတွေကလဲ ပိုက်ဆံရရင်ဘာမှမပြော တဲ့မိသား စုဆိုတော့ သူလဲအဆက်အသွယ်ကောင်းတော့ပါသွားတာပေါ့။ သူတို့ဆီကတစွန်းတစ ပြန်ကြားရတာတော့ ညဆို ခန်းမနောက်မှာ မတ်တပ်ကလေးတွေရပ်နေတယ်တဲ့။ ၀ိုင်းတွေကခေါ် ရင် By Name မဟုတ်ရင် ၀ိတ်တာနဲ့ အလွမ်းသင့်တဲ့သူထိုင်ရတယ်ပေါ့။ တ၀ိုင်းကို ၈၀၀၀၀ ရတယ်တဲ့။ အဲဒီမှာ အဆင်ပြေလို့ ညပိုင်းအပြင်လိုက်ချင်လဲလိုက်လို့ရတယ်ပေါ့။ သူတို့ကတော့ ပျော်နေ ပေမဲ့ ကျွန်မကတော့ကြားရတာစိတ်မချမ်းသာလိုက်တာ။ ၀ိတ်တာတွေနဲ့ အလွမ်းသင့် တယ်ဆိုတာကလဲ ဘာလဲဆိုတာသိနေတော့ ပိုစိတ်မချမ်းသာရပါဘူး။ သူတို့ကလဲ ဖောက်သည်ကလဲအရေးကြီးသလို ၀ိုင်းရဖို့ကလဲ ၀ိတ်တာတွေကြည်မှဖြစ်မှာဆိုတော့ မိအေး နှစ်ခါနာရတဲ့ဘ၀ပါ။ ဒါပေမဲ့ ပိုက်ဆံက တညဆိုဆိုသလောက်ရနေတော့နာလို့နာ မှန်းမသိကြရှာ ဘူး။ အဲလိုနဲ့ အဲဒီကောင်မလေးထွက်သွား ပြီး သူလဲတရားဝင်လုပ်နေတယ်ပေါ့။ သိပ်မကြာခင်မှာပဲ အဲဒီအလုပ်ထဲက နောက်ကောင်မလေး တစ်ယောက် သူကနေဆက်ပေး လိုက်တာပါသွားပြန်ရော။ ဘာကြောင့်ပါသွားပြန်တာလဲလို့ လေ့လာလိုက်တော့ သူတို့မိသားစု အခြေအနေက ဒီလိုလမ်းကို တွန်းပို့ လိုက်တာပဲလို့တွေ့ မိပါတယ်။ မိသားစုများ၊ မိဘအိမ်ထောင်ရေး မပြေလည်၊ ၀င်ငွေနည်း ပါး၊ မှီခိုသူများရာကနေ အဘက်ဘက်ကအဆင်မပြေနေလေတော့ ဘာမှမလုပ်အုံးတော့ ၀ိုင်းထိုင် အရက်ငှဲ့ပေးရုံနဲ့ တည ၈၀၀၀၀ ဆိုတာ နဲတာမှမဟုတ်တာ။ မက်လောက်စရာပမာဏဖြစ်နေ လေတော့ သူတို့ဒီလမ်းကိုရွေးသွားတာ မဆန်းဘူးလို့ပဲပြော ရတော့မှာပေါ့။ အဝေးသင်နဲ့ ဘွဲ့ရ ပြီးတော့ အလုပ်ရှာတော့လဲအရောင်းစာရေးမလောက်ပဲရ၊ ၀င်ငွေက သူတို့လမ်းစရိတ်အ၀တ် အစားဖိုးနဲ့တင်အိမ်ပြန်မပေးနိုင်။ အဲဒီ ဘ၀ကနေ အခုလိုလမ်းစ လဲတွေ့ရော မှန်သည်မှားသည် မဆုံးဖြတ်နိုင်ပဲ ထွက်ပေါက် တခုဖြစ် သွားရတယ်လို့ထင်မိပါတယ်။ ဒီလိုဖြစ်အောင် ပညာရေး၊ အသိပညာတွေကို ရိုက်ချိုးပစ်ခဲ့တဲ့ စနစ်ဆိုးကြောင့်လို့ပဲ အပစ်တင်ချင်ပါတော့တယ်။ အလုပ်အကိုင်အခွင့်အလမ်း တွေနည်းပါးနေသေးသမျှတော့ ဒီလိုအဖြစ်မျိုး တွေကြုံတွေ့နေရအုံး မှာပဲလို့ထင်မိပါတယ်။ ညနေ ဖက်ကန်ဘောင်ကိုလမ်းလျှောက်တုန်းကဆိုလဲ အဲလိုကောင်မလေး တွေ အရွယ်ကောင်းလေးတွေ ချစ်စရာလေးတွေ မမြင်ချင်မှအဆုံး စိတ်မကောင်းစွာတွေ့နေ ရပါတယ်။ ခေတ်စနစ်ရဲ့အမွေဆိုးတွေကို ဒီကလေးတွေခါးစည်းခံ နေရတယ်လို့ပဲမြင်မိပါတယ်။ ပထမတော့ အထင်တော်တော်သေးမိပါတယ်။ ဒါပေမဲ့ကိုယ့်ပါတ်ဝန်းကျင်က ကလေးတွေပါသွား တော့မှပဲ သူတို့ရွှေးချယ်စရာများများမရှိတာကိုနားလည်ခဲ့ရပါတယ်။ မိသားစုတွေအားလုံးအလုပ်ရှိ ပညာကလဲသုံးစားလို့ရ ပူပင်စရာမရှိတဲ့ဘ၀မှာ ဒီလိုဘ၀မျိုးကိုရွေးချယ်တယ်ဆိုရင်တော့ အပြစ်ဆို စရာ ဖြစ်မှာဖြစ်ပေမဲ့ အခုလို တနေ့လုပ်တနေ့စားမိသားစုဘ၀မှာကျတော့ ဒီအလုပ်ကိုရွေးချယ် တာဟာ ကံကြမာကြောင့်လို့ပြောရမလား စနစ်ဆိုးရဲ့အမွေလို့ပြောရမလားမသိတော့ပါဘူး။

About မွသဲ ( 17082011 )

has written 110 post in this Website..

THAKHIN CJ #8172011