==================================

 

ကကြီးဆို ကာရာအိုကေနဲ့ ကေတီဗွီပဲ သိတယ်။
ကာရန် နံဘေတွေနဲ့ ချစ်ကလေးတွေ အတွက် ကဗျာတွေလည်း စပ်ထားတယ်။

“………
ကိလေသာ မကင်းတဲ့ လူသားပေမို့ ဆံဖြူသွားကျိုးလည်း နှလုံးသားထဲက အချစ်တွေကတော့ လတ်ဆတ်နေဆဲကွယ်။
ကီလိုမီတာနဲ့ တိုင်းတိုင်း၊ ပေတွေ မိုင်တွေနဲ့ပဲ တိုင်းတိုင်း ကိုကိုရဲ့ အချစ်တွေကတော့ မီးလေးတွေအပေါ်မှာ အတိုင်းအဆ မရှိပါပဲရယ်။
ကုရာနတ္ထိ ဆေးမရှိ ဆိုပေမယ့် မီးလေးတွေသာ ဘေးနားမှာ ရှိရင်လေ ကိုကို အတွက် ဆေး ဆိုတာ မလိုတော့ပါဘူးကွယ်။
ကူဖေးသူ မရှိတဲ့ ကိုကိုရဲ့ ဘဝမှာလည်း မီးလေးတွေဟာ ကိုကိုရဲ့ အသက်တွေပါပဲလို့ ဆိုချင်တော့တယ်။
……….”

ကေတီဗွီ သွားပြီး ဆော်ကလေးတွေနဲ့ ကလူးကျီစယ်၊ သီချင်းတွေရယ်၊ ယမကာ အရည်ရယ်၊ ရွှေအိုရောင် စီးကရက်က ထွက်တဲ့ အငွေ့တွေရယ် ဒါတွေနဲ့ ရောထွေးကာရယ် အပျော်တွေထဲ မျောပစ်လိုက်တယ်။
ကဲတော့ ဘယ်ဖြစ်တယ် ညာဖြစ်တယ် လာပြောလည်း ဂရုမစိုက်ပေါင်ကွယ်။
ကော့ပြီး ကော့ပြီး၊ မော့ပြီး မော့ပြီး၊ မျက်နှာကို ပြီတီတီ လုပ်ပြီး မြောက်ကြွ မြောက်ကြွ လျှောက်ပြလိုက်ဦးမယ်။
ကော်ဆဲလည်း မသိချင်ယောင် ဆောင်ပြီး နားဝင်များ တယ်ချိုပါလား၊ ထပ်ပြောပါဦးဗျား လို့တောင်မှ ပြန်ကာ လှန်ကာ ပြောလိုက်ဦးမယ်။
ကံကောင်းတာ မနာလို ဖြစ်ကြသူတွေများကို ခွေးလွှတ်လိုက်တာ အကောင်းဆုံး မဟုတ်ပါလားကွယ်။
ကားကလေးကို စီး၊ အချစ်ကလေးတွေကို တင်ပြီး ကမ္ဘာကို ပတ်မောင်းလို့ အားမရသေးဘူးဆိုရင် လကမ္ဘာ၊ အင်္ဂါဂြိုဟ်ထိပါ တက်မောင်းပစ်လိုက်ပါဦးမယ်။

ဒန် တန့် တန် … :P

================================
By – မဟာရာဇာ အံစာတုံး
================================

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။