မျဉ်းပြိုင်

 

တိုက်ဆိုင်မှုရှိလျှင်
းးနားလည်မှုတွေ လွဲခဲ့သလား
မင်းနဲ့ ကိုယ် ကြား    …

းးကိုယ်တို့ က
မျဉ်းပြိုင်နှစ်ကြောင်းပဲ
ကဲ ဒါဆို
မျဉ်းပြိုင်ရဲ့ သဘာဝ
ပြောပြပါရစေ ။

းးဘယ်တော့မှလဲ မဆုံ
ဒီထက်လဲ မကွာဝေး
ပုံမှန်လေး ညီနေတယ် ။

းးမျဉ်းပြိုင်ရဲ့သဘာဝ
မင်းနားလည်ပေးနိုင်ရင်
တံတိုင်းတွေ ဘယ်လိုခြားခြား
ဖြိုဖျက်စရာ လိုမလားကွယ် ။

းးမလိုတာတွေ မလုပ်ချင်ပါနဲ့ 
အပို တွေ ဆို ထုတ်ပစ်စမ်း  ပါ

ဒီမှာဘက်ကနေ
ဖယ်ခွာထွက်  စရာလည်းမလိုပါဘူး
မင်းလဲ  ချန်စရာ   မလို
ကိုယ်လဲ ကျန်စရာ  မလို
ဒီ အတိုင်း လေး ပဲဆို

မဖြစ်နိုင်ဘူး   လား   ။

းးပေးနိုင်တာနဲ့ 
ရချင်တာ  မတူလို့ လား
ကျိုးပျက်သွားတဲ့ မျဉ်းပြိုင်
သဘာဝမှ မကျ
ဒါ အဖြေမှန် မဟုတ်ဘူး
သူငယ်ချင်းရယ် ။

းးအဖြေမှန် ရဖို့ လည်း ဝေး
အနေမှန် ကြဖို့ လည်း ဝေး
မျဉ်းပြိုင်ရဲ့ သဘာဝ
မင်းနားလည်မပေးနိုင်တော့
တံတိုင်းတွေ မရှိလည်း ပိုဝေး
အတိုင်းအရှည်မသိပဲ ကွာဝေး

းးမလိုတာတွေ မင်းလုပ်ခဲ့
ဒီမှာဘက်ကနေ
ဖယ်ခွာထွက်သွားတော့
မင်းလဲ ချန်ထားရစ်ရတယ်
ကိုယ်လဲ ကျန်ခဲ့ရစ်ရတယ် ။

းးဒီအတိုင်းတိုင်းလေးကို
ဘယ်တော့မှ ပြန်မရောက်တော့
အတိုင်းအဆမဲ့ ကွာဝေး
ဆွေးမြေ့ကျိုးပျက်သွားတဲ့

မျဉ်းပြိုင်လေးတွေ  အတွက်1045245_136066686601333_233189260_n
ပို၍့  ပို၍့ 

ဝေး  လို့       …     ကွာ     ။       ။

 

မကုမာရီ

About Mahar Myanmar

Mahar Myanmar has written 16 post in this Website..