နတ်ပြည်က သကြားမင်းရဲ့ FB ကတဆင့် ဆရာမင်းလူရဲ့ နောက်ဆုံးခရီး အချိန်စာရင်းကို သိလိုက်ရတယ် တနင်္ဂနွေနေ့အတွက် စီစဉ်ထားပြီးသားကိစ္စတွေကို အပြောင်းအလဲလုပ်ပြီး လိုက်ပါပို့ဆောင်ဖို့ စီစဉ်လိုက်ရတယ်။ တနင်္ဂနွေနေ့ ဆင်ရေတွင်းကနေ စထွက်တော့ နေ့လည် ၁၂ နာရီခွဲလောက် ကားပိတ်နေတဲ့အချိန်မို့ အိမ်ပေါ်က ဆင်းတာနဲ့ အိမ်ရှေ့မှာရောက်နေတဲ့ ၄၈ အထူးယာဉ်နဲ့ တာမွေကိုလိုက်သွားလိုက်တယ်။ လှည်းတန်းမီးပွိုင့်မှာတင် ၁၀ မိနစ်ကျော် စောင့်လိုက်ရတာမို့ မှီမှမှီပါ့မလားဆိုပြီး ဘုရားတ ဆုတွေတောင်းခဲ့ရသဗျ။ သင်္ကန်းကျွန်းအသင်းတိုက်မှတ်တိုင်ရောက်အောင် ဘယ်လိုသွားရမယ်မှန်း တိတိကျကျ မသိသေးပါ။ တာမွေရောက်မှ မေးမြန်းပြီး ခရီးဆက်မယ်ပေါ့လေ..

နေ့လယ် ၁ နာရီလောက် တာမွေဗလီမှတ်တိုင်ကို ရောက်တယ်။ စပယ်ယာတွေကို မေး…မေးပြီး အသင်းတိုက်မှတ်တိုင်ကိုရောက်တယ် ဆိုတဲ့ကား တက်စီးလိုက်ရတော့တာ ၁ နာရီမခွဲခင် ဆရာမင်းလူရဲ့ အိမ် အနားက အသင်းတိုက်မှတ်တိုင်ကို ရောက်သွားသဗျ။ ကဲ… ကဲ.. ဓါတ်ပုံမှတ်တမ်းလေးမှာ ဆက်လက်ရှုစားပါတော့နော်…

၁- ဆရာသုမောင်ရဲ့ သား ဖိုးသောကြာရဲ့ ကားလေးပေါ်ကနေ ကမ်းပေးမယ့် ပစ္စည်းတွေချနေတာ

၁- ဆရာသုမောင်ရဲ့ သား ဖိုးသောကြာရဲ့ ကားလေးပေါ်ကနေ ကမ်းပေးမယ့် ပစ္စည်းတွေချနေတာ

၂- နာရေးအတွက် ခေါ်ထားတဲ့ကားတွေ ဒီနားလာရပ်လို့မရ (ရပ်ရန်နေရာမရှိလို့) လို့ သူတို့ရပ်လို့ရတဲ့နေရာအထိ လျှောက်သွားနေကြတဲ့ လိုက်ပါပို့ဆောင်သူများ

၂- နာရေးအတွက် ခေါ်ထားတဲ့ကားတွေ ဒီနားလာရပ်လို့မရ (ရပ်ရန်နေရာမရှိလို့) လို့ သူတို့ရပ်လို့ရတဲ့နေရာအထိ လျှောက်သွားနေကြတဲ့ လိုက်ပါပို့ဆောင်သူများ

၃- ကားမှန်မှာကပ်ထားတဲ့ စာရွက်

၃- ကားမှန်မှာကပ်ထားတဲ့ စာရွက်

၎- နာရေးကို လိုက်ပို့သူတွေကို ကမ်းပေးတဲ့ ပလပ်စတစ်အိတ်ထဲက ပစ္စည်းတွေ

၎- နာရေးကို လိုက်ပို့သူတွေကို ကမ်းပေးတဲ့ ပလပ်စတစ်အိတ်ထဲက ပစ္စည်းတွေ

၅- တရားစာအုပ် ၁ အုပ်၊ ကာတွန်းစာအုပ် ၁ အုပ်

၅- တရားစာအုပ် ၁ အုပ်၊ ကာတွန်းစာအုပ် ၁ အုပ်

၆- ယပ်တောင် ၁ ချောင်း

၆- ယပ်တောင် ၁ ချောင်း

နာရေးမှာကမ်းပေးတဲ့ ပလပ်စတစ်အိတ်လေးထဲမှာ ဥူးသုမင်္ဂလရေးတဲ့ “အမြန်နှုတ်လိုက်ပါ” တရားစာအုပ်၊ ဇာတ်လမ်းမင်းလူ၊ သရုပ်ဖေါ် Mr. BURMA ရဲ့ “ဘာတွေဖြစ်ကုန်ကြပြီလဲ” ကာတွန်းစာအုပ်၊ ယပ်တောင်တစ်ချောင်း၊ မင်းလူ၏ ဘ၀နှင့် စာပေမှတ်တမ်း၊ ဓမ္မဒါန အလှူရှင် ဦးဥာဏ်ပေါ် (မင်းလူ)၏ ကောင်းမှုဖြစ်တဲ့ “ကွယ်လွန်သူအတွက် ကုသိုလ်ပြုနည်း” ဓမ္မစာအုပ်ငယ် တို့နှင့်အတူ ဆရာမောင်ဆေးနီမှုန့်တစ်ထုပ် ပါဝင်ပါတယ်။

နေ့လည် ၂ နာရီမှာ လိုက်ပါပို့ဆောင်မည့် ယာဉ်တန်း စထွက်ပါတယ်။ စွယ်တော်ရွက် လိုက်ပါခွင့်ရတဲ့ကားက ရှေ့ဆုံးကပါ။ ကားပေါ်မှာ ဂျာနယ်လစ်တွေပါလာပါတယ်။ ပြောင်းအကြီးနဲ့ ကင်မရာတွေနဲ့ သူတို့အချင်းချင်း ပြောနေတဲ့စကားတွေအရ ဂျာနယ်လစ်တွေမှန်းသိရတာပါ။ လူငယ်လေးတွေများပါတယ်။ တက်လူတွေပေါ့ခင်ဗျာ။ ၂း၃၅ နာရီမှာ ရေဝေးကိုရောက်ပါတယ်။ ကျနော်တို့ အရင်ဆုံးရောက်တာလို့ ယူဆမိခဲ့တာ ပြင်ဆင်ထားတဲ့ခန်းမထဲရောက်မှ မှားမှန်းသိရတော့တာပါပဲ…

(ခန်းမအ၀င်မှာ ဆရာ့ရဲ့လက်ရာ “ဘာတွေဖြစ်ကုန်ပြီလဲ” ကဗျာရှည် ၁၊၂၊၃ ကိုဝေငှပါတယ်။ ကျနော်မသိခဲ့တဲ့ ဆရာ့ နိုင်ငံရေးလှုပ်ရှားမှုပါ။ FB မှာ ပြန့်နေတာမို့ မတင်တော့ပါဘူးနော..)

ကြည့်ပါဦးလေ…

၇- ခန်းမအပြည့်ရောက်နှင့်နေပြီးသားလူတွေ

၇- ခန်းမအပြည့်ရောက်နှင့်နေပြီးသားလူတွေ

၈- ပြင်ဆင်ပေးထားတာ  ( ဆရာ့ရုပ်အလောင်းကို ဓါတ်ပုံမရိုက်ရက်လို့ မရိုက်ခဲ့တာကိုတော့ ခွင့်လွှတ်ပေးပါဗျာ )

၈- ပြင်ဆင်ပေးထားတာ
( ဆရာ့ရုပ်အလောင်းကို ဓါတ်ပုံမရိုက်ရက်လို့ မရိုက်ခဲ့တာကိုတော့ ခွင့်လွှတ်ပေးပါဗျာ )

၉- သာဓုမျိုးဆက်လို့မပြောရဘူး.. အဖြူရောင်ပန်းခြင်းမှာရေးထိုးထားတဲ့စာ

၉- သာဓုမျိုးဆက်လို့မပြောရဘူး.. အဖြူရောင်ပန်းခြင်းမှာရေးထိုးထားတဲ့စာ

၁၀- ဆရာ့ကိုလာရောက်ပို့ဆောင် နှုတ်ဆက်ကြတဲ့ စာပေချစ်သူများ

၁၀- ဆရာ့ကိုလာရောက်ပို့ဆောင် နှုတ်ဆက်ကြတဲ့ စာပေချစ်သူများ

၁၁- ပြည်သူချစ်တဲ့ သူဖြစ်ကြောင်းသက်သေ = မင်းလူကိုချစ်ခင်ကြသူများ၊

၁၁- ပြည်သူချစ်တဲ့ သူဖြစ်ကြောင်းသက်သေ = မင်းလူကိုချစ်ခင်ကြသူများ၊

၁၂- ခန်းမအပြင်ဘက်မှာ ကပ်ထားတဲ့မှတ်တမ်း

၁၂- ခန်းမအပြင်ဘက်မှာ ကပ်ထားတဲ့မှတ်တမ်း

၁၃- အနီးကပ် (၁) ပန်းချီပုံများ

၁၃- အနီးကပ် (၁) ပန်းချီပုံများ

၁၄- အနီးကပ် (၂) တိုက်ဆိုင်မှု (မွေးနေ့-ကွယ်လွန်)

၁၄- အနီးကပ် (၂) တိုက်ဆိုင်မှု (မွေးနေ့-ကွယ်လွန်)

၁၅- အနီးကပ် (၃) တိုက်ဆိုင်မှု (ထူးအိမ်သင်- မင်းလူ)

၁၅- အနီးကပ် (၃) တိုက်ဆိုင်မှု (ထူးအိမ်သင်- မင်းလူ)

၁၆- ခန်းမအပြင်ဘက်မှာ ရောက်ရှိနေတဲ့ မင်းလူချစ်သူများ

၁၆- ခန်းမအပြင်ဘက်မှာ ရောက်ရှိနေတဲ့ မင်းလူချစ်သူများ

၁၇- ဆရာချစ်ဦးညို

၁၇- ဆရာချစ်ဦးညို

၁၈- အင်္ကျီ အနက်စင်းနဲ့ ဦးဇင်ဝိုင်းက ဦးအောင်လွင်၊ လွင်မိုး၊ အရိုင်းတို့အား နှုတ်ဆက်နေစဉ် (ဦးဇင်ဝိုင်းက ကျောရိုးဆစ်အထောက်အကူပြု ခါးပတ် ပတ်ထားရပါတယ်)

၁၈- အင်္ကျီ အနက်စင်းနဲ့ ဦးဇင်ဝိုင်းက ဦးအောင်လွင်၊ လွင်မိုး၊ အရိုင်းတို့အား နှုတ်ဆက်နေစဉ် (ဦးဇင်ဝိုင်းက ကျောရိုးဆစ်အထောက်အကူပြု ခါးပတ် ပတ်ထားရပါတယ်)

ညနေ ၃ နာရီမှာ မိုးတွေ သည်းထန်စွာရွာချပါတယ်၊ ခဏပါဘဲ၊ ၃း၀၃ မှာ နာရေးကူညီမှု အသင်းဝင်တွေက ဆရာ့ကိုဝန်းရံပြီး သံဝေဂလင်္ကာတွေ ရွတ်ဆိုခဲ့ကြပါတယ်။ဆရာ့နောက်ဆုံးခရီး အချိန် နီးကပ်လို့လာခဲ့ပါပြီ။

၁၉-၃း၁၃ မှာ မိသားစုဝင်များက ဆရာ့အား ရှိခိုးကန်တော့နေစဉ်

၁၉-၃း၁၃ မှာ မိသားစုဝင်များက ဆရာ့အား ရှိခိုးကန်တော့နေစဉ်

၂၀- ၃း၁၈ ရုပ်အလောင်းပို့ရန် လှုပ်လှုပ်ရှားရှား

၂၀- ၃း၁၈ ရုပ်အလောင်းပို့ရန် လှုပ်လှုပ်ရှားရှား

၂၁- ၃း၁၉ ဆင်ထားတဲ့ ပန်းချီကားတွေ၊ပန်းခြင်းတွေဖြုတ် ရှေ့နောက်တန်းစီ

၂၁- ၃း၁၉ ဆင်ထားတဲ့ ပန်းချီကားတွေ၊ပန်းခြင်းတွေဖြုတ် ရှေ့နောက်တန်းစီ

ဒါပေမယ့် ပို့ဆောင်မှု ဆက်မလုပ်ဖြစ်ပါဘူး မီးသင်္ဂြိုလ်ရန် သတ်မှတ်ထားချိန်က ညနေ ၄ နာရီမှပါ၊ ခဏစောင့်နေရဦးမှာမို့ ပန်းချီကားတွေကို မှတ်တမ်းတင်ခွင့်ရလိုက်ပါတယ်။

 

၂၂- ငယ်ငယ်တုန်းက ဆရာမင်းလူ

၂၂- ငယ်ငယ်တုန်းက ဆရာမင်းလူ

၂၃- ပျော်ပျော်နေတတ်တဲ့ ဆရာမင်းလူ

၂၃- ပျော်ပျော်နေတတ်တဲ့ ဆရာမင်းလူ

၂၄ ပြည်သူချစ်တဲ့ ဆရာမင်းလူ

၂၄ ပြည်သူချစ်တဲ့ ဆရာမင်းလူ

၂၅- ဆရာအော်ပီကျယ်

၂၅- ဆရာအော်ပီကျယ်

၂၆- ၃း၄၄ ပို့ဆောင်ဖို့ ပြင်ကြပါပြီ၊ တကယ့်နောက်ဆုံးခရီးရဲ့ အစပါ

၂၆- ၃း၄၄ ပို့ဆောင်ဖို့ ပြင်ကြပါပြီ၊ တကယ့်နောက်ဆုံးခရီးရဲ့ အစပါ

၂၇- ၃း၄၅ စတင်ပို့ဆောင်

၂၇- ၃း၄၅ စတင်ပို့ဆောင်

၂၈- ထူးထူးခြားခြား ပန်းခြင်းပို့သူများ (အနီးကပ်ရိုက်ပြပါဦးမယ်)

၂၈- ထူးထူးခြားခြား ပန်းခြင်းပို့သူများ (အနီးကပ်ရိုက်ပြပါဦးမယ်)

၂၉- ဆရာ့ကို သူတို့ရင်ထဲမှာ အမြဲတမ်း သိမ်းထားကြမယ့်သူတွေက ပို့ခဲ့တာပါ

၂၉- ဆရာ့ကို သူတို့ရင်ထဲမှာ အမြဲတမ်း သိမ်းထားကြမယ့်သူတွေက ပို့ခဲ့တာပါ

၃၀- ဆရာနဲ့ လက်တွဲခဲ့ကြသူတွေရဲ့ အလွမ်းပန်းခြင်း

၃၀- ဆရာနဲ့ လက်တွဲခဲ့ကြသူတွေရဲ့ အလွမ်းပန်းခြင်း

၃၁- ဆရာ့အားသယ်ဆောင်လာစဉ် (နောက်တဲ့တဲ့မှ တွန်းလာသူများတွင် မင်းကိုနိုင်ပါဝင်ပါသည်)

၃၁- ဆရာ့အားသယ်ဆောင်လာစဉ် (နောက်တဲ့တဲ့မှ တွန်းလာသူများတွင် မင်းကိုနိုင်ပါဝင်ပါသည်)

၃၂- မိသားစုနှင့် အနုပညာ မောင်နှမများ

၃၂- မိသားစုနှင့် အနုပညာ မောင်နှမများ

၃၃- မီးသင်္ဂြိုလ်စက်အပေါက်ဝနားအရောက် ရပ်ကျန်နေခဲ့ရတဲ့ မင်းကိုနိုင်နဲ့ ကိုကိုကြီး (ကိုဂျင်မီနဲ့ ကိုမြအေးလည်း တွေ့ခဲ့ပါတယ် ဓါတ်ပုံမှတ်တမ်း မတင်လိုက်ရလို့ပါ)

၃၃- မီးသင်္ဂြိုလ်စက်အပေါက်ဝနားအရောက် ရပ်ကျန်နေခဲ့ရတဲ့ မင်းကိုနိုင်နဲ့ ကိုကိုကြီး (ကိုဂျင်မီနဲ့ ကိုမြအေးလည်း တွေ့ခဲ့ပါတယ် ဓါတ်ပုံမှတ်တမ်း မတင်လိုက်ရလို့ပါ)

၃၄- ၃း၅၅မီးသင်္ဂြိုလ် စက်အတွင်းသို့အ၀င်၊ ဖိုးသောကြာလိုက်ဝင်သွားတယ် ( ဘာလို့ ဓါတ်ပုံက ၀ါးလာပါလိမ့်နော် )

၃၄- ၃း၅၅မီးသင်္ဂြိုလ် စက်အတွင်းသို့အ၀င်၊ ဖိုးသောကြာလိုက်ဝင်သွားတယ် ( ဘာလို့ ဓါတ်ပုံက ၀ါးလာပါလိမ့်နော် )

၃၅- ၃း၅၆ ဂျိုင်းကနဲ ပိတ်လိုက်တဲ့ သံတံခါး။  ဓါတ်ပုံဘာကြောင့်ဝါးသွားတာလဲ သိလိုက်ရပြီ၊ ကျနော့်မျက်ဝန်းထဲမှာ မျက်ရည်တွေ ပြည့်လာခဲ့လို့ပါ၊ ခွင့်လွှတ်ပေးပါခင်ဗျာ။

၃၅- ၃း၅၆ ဂျိုင်းကနဲ ပိတ်လိုက်တဲ့ သံတံခါး။
ဓါတ်ပုံဘာကြောင့်ဝါးသွားတာလဲ သိလိုက်ရပြီ၊ ကျနော့်မျက်ဝန်းထဲမှာ မျက်ရည်တွေ ပြည့်လာခဲ့လို့ပါ၊ ခွင့်လွှတ်ပေးပါခင်ဗျာ။

၃၆- ဆရာ့သမီးငယ် ယုယ နဲ့ အားပေးစကားပြောနေတဲ့ မင်းကိုနိုင်

၃၆- ဆရာ့သမီးငယ် ယုယ နဲ့ အားပေးစကားပြောနေတဲ့ မင်းကိုနိုင်

၃၇- ကျနော်တို့ချစ်တဲ့သူတစ်ဦး စာဖတ်သူတွေ ရင်ထဲက ဆရာမင်းလူကို နောက်ထပ်မတွေ့နိုင်တော့ပါဘူး။ မိုးကောင်းကင်ကြီးတောင် ၀မ်းနည်းငိုကြွေးနေပါပကော။

၃၇- ကျနော်တို့ချစ်တဲ့သူတစ်ဦး စာဖတ်သူတွေ ရင်ထဲက ဆရာမင်းလူကို နောက်ထပ်မတွေ့နိုင်တော့ပါဘူး။ မိုးကောင်းကင်ကြီးတောင် ၀မ်းနည်းငိုကြွေးနေပါပကော။

ဆရာမင်းလူ ကောင်းရာဘုံဘ၀ရောက်မယ်ဆိုတာ ယုံကြည်နေပါတယ်၊

ဆရာ့သမိုင်းကို ကောင်းကောင်းရေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်ဆရာ။

ကျနော်တို့လည်း ကြိုးစားပါ့မယ်၊

စာပေသစ္စာပါခင်ဗျ။

ဆရာ့ သမိုင်းလေး ထပ်ဖြည့်ပေးလိုက်ပါရစေဦးနော်။

ဆရာ့ပန်းချီပုံ

ဆရာ့ပန်းချီပုံ

ဆရာ့ဓါတ်ပုံ ( လက်ကမ်းစာစောင်လေး ကို Scan ဖတ်ပေးလိုက်တာ )

ဆရာ့ဓါတ်ပုံ ( လက်ကမ်းစာစောင်လေး ကို Scan ဖတ်ပေးလိုက်တာ )

ဆရာမင်းလူရဲ့ သမိုင်း page No 1

ဆရာမင်းလူရဲ့ သမိုင်း page No 1

ဆရာမင်းလူရဲ့ သမိုင်း page No 2

ဆရာမင်းလူရဲ့ သမိုင်း page No 2

ဆရာမင်းလူရဲ့ သမိုင်း page No 3

ဆရာမင်းလူရဲ့ သမိုင်း page No 3

စာရှုသူအပေါင်းကျေနပ်လိမ့်မယ်ထင်ပါတယ်။

With respect,

Swal Taw Ywet.

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

About Swal Taw Ywet

has written 64 post in this Website..

The motto of world best British soldiers SAS is " Who dare win ", so dare to face. Try your best for our mother land. OK? CJ # 1102012