ဆီးရီယား အရေး

Zaw ThantAugust 30, 201324min382236

Normal
0

false
false
false

EN-US
X-NONE
X-NONE

MicrosoftInternetExplorer4

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

map_of_syria

.. လက်တလော မြန်မာပြည် အွန်လိုင်းမှာ အလှမယ် ခင်ဝင့်ဝါ သတင်းတွေ၊ အွန်လိုင်း ဗုတ် တွေ နဲ့ အလုပ်များနေချိန် နိုင်ငံတကာသတင်းတွေမှာတော့ ဟစ် ဖြစ်နေတာက ဆီးရီးယား ကိစ္စ..  အရင် တစ်ပါတ် ဗုဒ္ဓဟူးနေ့လောက်မှာ ဆီးရီးယားအစိုးရက သူ့ပြည်သူတွေကို ဓာတုလက်နက်တွေသုံးပြီး တိုက်ခိုက်ခဲ့တယ် စွပ်စွဲချက်အပြီးမှာ အမေရိကန်ကနေ စစ်ရေးအရ ဝင်ရောက်အရေးယူမယ် ဆိုတဲ့ အသံတွေစထွက်လာခဲ့ပါတယ်.. အဲ့တော့မှ ကိုယ်လဲ ဘာလဲဟဲ့ ဆီရီးယား ဆိုပြီး စီအန်အန် ကိုစလှန်ကြည့်ရပါတယ်.. ကိုယ်သိတာက ဆီရီးယား ဆိုတာ အရှေ့အလယ်ပိုင်းနားက ဆူညံဆူညံ နိုင်ငံတစ်ခု အဖြစ်သာ သိထားတာရှိတော့ အခုအရေးအကြောင်းဆိုမှ ဆီရီးယား အကြောင်း ABC ကပြန်စလိုက်ရပါတယ်.. အဆင်သင့်တော့ စီအန်အန်က ကိုယ်လိုလူမျိုးအတွက် အလိုက်တသိ quick-read cheat sheet လေးရေးပေးထားတာတွေ့ပါတယ်.. အဲ့ဒါလေး ဖတ်ပြီး ရွာထဲက ကိုယ်နဲ့ဘဝတူ သမားတွေ ရှိလောက်မယ် အထင်နဲ့ ပြန်ရှဲပေးလိုက်ပါတယ်.. ကိုယ့်ပြည်တွင်းရေးနဲ့လည်းခပ်ဆင်ဆင်ရှိတော့ တွေးစရာလေးတွေလည်းရတာပေါ့..

မူရင်းလင့် http://edition.cnn.com/2013/08/28/world/meast/syria-how-did-we-get-here/index.html?hpt=hp_t2 ကို အလျင်းသင့်သလို ဘာသာပြန်ထားပါတယ်.. (အလျင်းသင့် သလိုနော်)

.

.

.

ဆီးရီးယားအစိုးရ ရဲ့ သူ့ပြည်သူတွေ အပေါ် ဓာတုလက်နက်တွေ သုံးပြီး တိုက်ခိုက်မှုအတွက် စစ်ရေးအရအရေးယူ တိုက်ခိုက်မှုတွေလုပ်ဖို့ အသင့်ပဲ လို့ ပင်တဂွန် ကဆိုလိုက်ပါတယ်.. ဆီးရီးယား ဟာ ၂ နှစ်ကျော်လောက် ပြည်တွင်းစစ်ဖြစ်ပွားမှု နဲ့ အခြေအနေရှုပ်ထွေး နေရာကနေ အခု အမေရိကန် အစိုးရ ကိုယ်တိုင်ဝင်ရောက်ပါတ်သက်မှုတွေ လုပ်ရတော့မယ့် ကိန်းအထိ ဆိုက်လာပြီဖြစ်လို့ ဘယ်လိုကနေ ဘယ်လို ဒီအခြေအနေထိ ရောက်လာလဲဆိုတာ အကြမ်းဖြင်း ခြေရာကောက်ကြည့်ရအောင်ပါ..

 

၁။ ပြည်တွင်းစစ် အပြဲအကွဲ မတိုင်ခင် ဆီးရီးယား အခြေအနေ

အမှန်တော့ ပြည်တွင်းစစ် မတိုင်ခင်ကတည်းက ဆီးရီးယား ပြည်တွင်းအရေးမငြိမ်းချမ်းတာ နှစ်ပေါင်းကြာပါပြီ.. ၁၉၈၂ သမ္မတ Hafez al-Assad လက်ထက်မှာ Muslim Brotherhood အဖွဲ့ရဲ့ ပုန်ကန်ဆန့်ကျင်မှုတွေကို နှိမ်နင်း ရတယ် (ကိုယ့်ဆီမှာတော့ ရွှေဝါရောင် အရေးအခင်း ဖြစ်ပေါ့).. အဲ့လို နှိမ်နင်းရာမှာ လူထောင်ပေါင်းများစွာ သေပါတယ်.. ၂၀၀ဝ ခုနှစ်မှာ Hafez သေတော့ သူ့သား Bashar al-Assad တက်လာပါတယ် (ဒါတော့ သူတို့ကသာသွားပြီ).. Bashar တက်လာတော့ ခေတ်မှီ လွတ်လပ်ပွင်လင်းတဲ့ နိုင်ငံတစ်ခုတည်ဆောက်ပါမယ်လို့ ကတိပေးခဲ့ပါတယ် (ဒါလည်းတူတယ်).. သူလည်းသူ့ကတိအတိုင်း reform လုပ်ဖို့ကြိုးစားပေမယ့် ဆီးရီးယားပြည်သူတွေ၊ ပြည်သူ့အရေးလှုပ်ရှားသူတွေ ရဲ့ ကျေနပ်မှုအထိကို မရောက်တဲ့အပြင် အာဏာရှင်စနစ်၊ လက်တစ်ဆုတ်စာ လူတစ်စုကောင်းစားရေးသာ ရှေးရှုတဲ့ အုပ်ချုပ်ရေးလို့ ပြောခံရတဲ့ အပြင် ပြောင်းလဲမှုတွေလုပ်ဖို့ ဖိအားပေးခြင်းခံရပါတယ်.. လူမျိုးကွဲ၊ ဘာသာကွဲအရေး မငြိမ်မသက်ဖြစ်တာကလည်း ဆယ်စုနှစ်တစ်ခုစာရှိနေပါတယ်.. ၂၀၀ဝခုနှစ် ဘာသာရေး ထကြွမှုတွေဖြစ်ပြီး ၂၀၀၄ မှာတော့ Kurdish (လူမျိုး) ပုန်ကန်မှုတွေဖြစ်ပါတယ်..

 

၂။ ပြည်တွင်းစစ် စဖြစ်ပုံ

ဖြစ်ပုံကတော့ ၂၀၁၁ ဖေဖော်ဝါရီ Daraa မြိုမှာ အာဏာပိုင်တွေက ကျောင်းသာ ၁၅ ဦးကို ဖမ်းတာကစပါတယ် (သူတို့ဆီလည်း ကျောင်းသား နဲ့ စညိတာပဲ).. အမှုကတော့ အစိုးဆန့်ကျင်တဲ့ graffiti တွေ ဆွဲလို့ပါတဲ့.. ပြည်သူတွေအနေနဲ့ လက်ရှိအာဏာရှင်စနစ်ကို ဖြုတ်ချချင်နေပြီဆိုတဲ့ အဓိပါယ်ကို graffiti ထဲမှဆွဲသလို ကျောင်းသားတွေကိုယ်တိုင်ကလည်း ဒီသဘောကိုပဲ ခပ်တင်းတင်း ဆိုခဲ့ကြပါတယ် တဲ့..

အဲ့ဒီအတွက် ကျောင်းသားတွေ အကျဉ်းစခန်းမှာ နှိပ်စက်ခံရတယ်လည်း ဆိုရော မကျေနပ်မှုတွေ၊ ပေါက်ကွဲမှုတွေနဲ့ အတူ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပိုဆိုးသွားခဲ့ပါတယ်.. လုံခြုံရေး အဖွဲတွေရဲ့ ပစ်ခတ်မှုနဲ့ အနည်းဆုံး လူ ၄ဦး သေဆုံးတယ်လို့ဆိုပါတယ်.. အဲ့ဒီနောက်မှာတော့ လူထောင်ပေါင်းများစွာပါတဲ့ လူထု သပိတ်ကြီးအဖြစ် ရက်ပိုင်းအတွင်းပြောင်းလဲသွားပါတယ်..

 

၃။ ဒီလိုမငြိမ်မသက် ဖြစ်မှုကနေ ပုန်ကန်မှုအဖြစ်ပြောင်းလဲလာပုံ

ဒီလို မငြိမ်မသက်ဆူပူမှုနဲ့ ပါတ်သတ်လို့ al-Assad အစိုးရက ဆူပူသောင်းကြမ်းသူ ပြည်သူတွေကို အပြစ်ဖို့ခဲ့ပါတယ် (ဘစိန်တို့ သတိထားစေဖို့).. ၂၀၁၁ မတ်လ ဥပဒေပြုလွှတ်တော်ရှေ့ မိန့်ခွန်းမှာ ဒီလိုဆူပူမူတွေဟာ သွေးထိုးလှုံဆော်သူတွေ၊ တိုင်းပြည်မငြိမ်မသက်ဖြစ်စေလိုသူတွေ ကြောင့်သာဖြစ်ရတယ်လို့ ဆိုလိုက်ပါတယ်.. ဒီလို ပြောဆိုချက်ရယ်၊ အဲ့ဒါကို လက်ခုပ်တီးအားပေးကြတဲ့ လွှတ်တော်အမတ်တွေရယ်ကြောင့် လူထု မကျေနပ်မှု ပိုဆိုးလာပါတယ်..

နောက် ၂ရက်လောက် အကြာမှာတော့ al-Assad အစိုးရတစ်ခုလုံး ဖြုတ်ချဖို့ လှုပ်ရှားမှုတွေ စဖြစ်လာပြီး လက်ရှိအချိန်မှာတော့ အစိုးရကို လက်နက်ကိုင်ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေဟာ al-Assad အစိုးရကို အပြီးတိုင် ဖယ်ရှားရေးကနေ တပြားသားမှလျော့မယ့်သဘောမရှိတော့ပါဘူး.. အစိုးရဖက်ကလည်း ၎င်းတို့ကို အကြမ်းဖက်အဖွဲ အဖြစ်သဘောထားပြီး အလျော့မပေးတာကြောင့် သူတို့ နှစ်ဖက်ကြားတိုက်ပွဲမှာ သေဆုံးမှုက ၁၀၀၀၀ဝ ကျော်လောက်ထိရှိလာပြီဖြစ်ပါတယ်..

 

၄။ အဲ့လိုတွေဖြစ်နေတာ ၂ နှစ်ကျော်လောက်ကြာနေပြီး အခုမှ US ကဘာလို့ဝင်ပါဖို့ စဉ်စားတာလဲဆိုတာ ကြည့်ရအောင်ပါ

ဆီးရီးယားနဲ့ ပါတ်သတ်လို့ မနှစ်က အိုဘားမား ပြောသွားတာလေးရှိပါတယ်.. (အရသာ မပျက်အောင် မူရင်းအတိုင်း ထည့်ပေးလိုက်ပါတယ်)

“a red line for us is, we start seeing a whole bunch of chemical weapons moving around or being utilized.”

အဓိပါယ်က ရှင်းပါတယ်.. ဆီးရီးယားက သူတို့ပြည်တွင်းစစ်မှာ ဓာတုလက်နက်သုံးတယ် ဆိုတာနဲ့ အမေရိကန်တွေ အနေနဲ့ တစ်ခုခုတုံ့ပြန်ရမယ့်သဘောပေါ့..

.. လက်ရှိအခြေအနေမှာ ဆီးရီးယားအစိုးရက ဓာတုလက်နက်တွေသုံးပြီး သူ့ပြည်သူတွေကို တိုက်ခိုက်တယ်လို့ ယူဆရကြောင်း (တကယ် ဟုတ်မဟုတ်တော့ UN ကသွားစစ်နေပါတယ်၊ စနေနေ့ အဖြေထွက်ပါမယ်) အိမ်ဖြူတော်က ပြောလိုက်ပြီဆိုတော့ အခြေအနေက အလှည့်အပြောင်းတစ်ခုဖြစ်လာပါပြီ..

 

၅။ လူသေတာခြင်းအတူတူ ဘာလို့ ဓာတုလက်နက်ကျမှ သည်းသည်းလှုပ်ဖြစ်ရတာလဲ

တချိုက အဲ့လိုမေးပြီး သိပ်အဓိပါယ်မရှိဘူး ဆိုပါတယ်..

.. ဒါပေမယ့် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရသူကတော့ ရှင်းရှင်းပဲဆိုသွားပါတယ်.. အခုလို ဓာတုလက်နက်တွေကို ကျယ်ပြန့်စွာ အသုံးချမှုနဲ့ ဒီလိုလက်နက်တွေ ထပ်မံပျံ့ပွားမယ့် အန္တရာယ် ဟာ အမေရိကန် ရဲ့ အမျိုးသား အကျိုးစီးပွားနဲ့ တကမ္ဘာလုံးအရေးအတွက် ခြမ်းခြောက်မှုတစ်ခုလို့ သတ်မှတ်ကြောင်း ပြောသွားပါတယ်.. (ကိုယ်ဆီက ဘဘ ကြီးတွေကတော့ နပ်တယ်လို့ ဆိုရမယ်)

 

၆။ ဒါဖြင့် စောစော ကတည်းက ဘာလို့ အတိုက်အခံတွေကို လက်နက် အကူအညီတွေ မပေးခဲ့တာလဲ

.. ဒီလောက်မရိုးရှင်းပါဘူးတဲ့.. နဂိုကတည်းက မငြိမ်မသက်ဖြစ်တဲ့ ဒေသ၊ ဘာသာရေးအစွန်းရောက်တွေ ရှိတဲ့ ဒေသကို လက်နက်တွေ ထောက်ပံ့ရတာ အန္တရာယ်ကြီးလှပါတယ်.. ဆီးရီးယား အစိုးရကို လက်နက်ကိုင် ပုန်ကန်နေသူ အတိုက်အခံတွေကလည်း အယ်လ်ကိုင်းဒါးတွေနဲ့ ခံယူချက် ယုံကြည်ချက်ခြင်း သဘောဆင်တူတဲ့လူတွေဖြစ်ပါတယ်.. အီရတ် အာဖဂန် တို့မှာရှိတဲ့ အမေရိကန် ရဲ့ ရန်သူတွေ နဲ့ အတူတူလိုပါပဲ..

.. အဲ့တော့ ဆီးရီးယား အတိုက်အခံတွေက လက်နက်တွေ အစွန်းရောက်တွေဆီကို မပျံ့နှံစေရပါဘူးလို့ ကတိပေးလည်း အန္တရာယ်များတဲ့ ကိစ္စမို့လို့ ကန့်ကွက်ကြပါတယ်.. ရုရှသမ္မတ ပူတင်ကလည်း ပြီးခဲ့တဲ့ ဇွန်လ စီးပွားရေး ဖိုရမ်တစ်ခုမှာ လက်နက်ကူညီဖို့ကိစ္စကို ပြင်းပြင်းထန်ထန်ကန့်ကွက်သွားပါတယ်

 

၇။ ဆီးရီးယားနဲ့ ပါတ်သတ်လို့ ရုရှ ရဲ့သဘော

.. ပူတင်ကတော့ ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ.. ဆီးရီးယားနဲ့ ပါတ်သတ်လို့ သူတို့ နဲ့ US အမြင်ခြင်းမတူပါဘူးတဲ့..

.. ရုရှ နဲ့ ဆီးရီးယား ဟာ မိတ်ဖက်နိုင်ငံတွေ ဖြစ်ပြီး ရုရှက ဆီးရီးယားကို၂၀၀ရ နဲ့ ၂၀၁ဝ အတွင်း ၅ ဘီလီယံဖိုး လက်နက်ရောင်းထားပါသေးတယ် (သူတို့ကျရောင်းတယ်နော.. ကိုယ့်အိမ်နီးချင်း ပေါက်ဖော်ကြီးတောင် သတိရမိပါသေးတယ်).. ရုရှ ရဲ့ရေတပ် အခြေစိုက်စခန်းကလည်း ဆီးရီးယား ကမ်းခြေမှာ ဆိုတော့ ဆီးရီးယားကို လက်လွတ်လိုက်ရမယ် ဆို ရုရှအတွက် တန်ဖိုးကြီးလှပါတယ်.. ဒီတော့ ရုရှက ဆီးရီးယား အစိုးရကို ဆက်လက် ကျားကန်ပေးလိမ့်မယ်လို့လဲ သံသယ ရှိစရာရှိပါတယ်..

 

၈။ ဘာသာရေး နဲ့ ဆက်နွယ်မှု

အစိုးရ အဖွဲ့အတွင်းမှာ al-Assad မိသားစုဝင်တွေ အများအပြားရှိပြီး သူတို့ဟာ ရှီယိုက် မွတ်စလင်တွေဖြစ်ပါတယ်.. တိုင်းပြည်ရဲ့ လူများစု ၃ပုံ ၄ပုံလောက်က ဆွန်နီ မွတ်စလင်တွေ ဖြစ်ပါတယ်.. ဒီလိုအခြေအနေကြောင့် ဘာသာရေးအဓိကရုဏ်းများ ဖြစ်ခဲ့ရင် အခြေအနေတွေ ပိုဆိုးသွားနိုင်စရာရှိပါတယ်..

 

၉။ အဆိုးဆုံးဖြစ်နိုင်ခြေ

ကျွမ်းကျင်သူတွေ အဆိုအရ ဒီပြဿနာသာ အိမ်နီးချင်းနိုင်ငံတွေကို ပျံ့နှံ့သွားရင် နဂိုကတည်းက ပြဿနာမသေးတဲ့ အရှေ့အလယ်ပိုင်း တဝိုက်အခြေအနေပိုဆိုးသွားနိုင်တယ် လို့ပြောကြပါတယ်.. ဆီးရီးယား အနီးတဝိုက်မှာ လက်ဘနွန်၊ အီရတ်၊ ဂျော်ဒန်၊ အစ္စရေး၊ တူရကီ တို့ရှိနေပါတယ်.. ဒီနိုင်ငံတွေဟာ ဆီးရီးယား ပြည်တွင်းစစ်ကြောင့် ထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည်တွေ ရဲ့ ဦးတည်ရာတွေ ဖြစ်တတ်ပါတယ်.. ဒီနယ်စပ်မှာ နေတဲ့ ဒေသခံတွေ နဲ့ ဆီးရီးယားစစ်ပြေးတွေ ရဲ့ ကြားတင်းမာမှု တွေလည်းရှိနေနှင့် ပြီးဖြစ်ပါတယ်..

 

ဒီဒေသတွေမှာက ဘာသာရေး၊ ယဉ်ကျေးမှု၊ သမိုင်း နောက်ခံ ပြဿနာတွေ ဖြေရှင်းမရ အောင်ရှုပ်ထွေးစွာရှိပါတယ်.. ဒီလိုမျိုး မတည်ငြိမ်တဲ့ ဒေသတစ်ခုမှာ ဖြစ်ပွားတဲ့ ကိစ္စဖြစ်လို့ ကမ္ဘာတလွှားက ပြည်သူတွေက စိုးရိမ်စွာ စောင့်ကြည့်လျက်ရှိပါတယ်..

.

.

ဒါကတော့ CNN ရဲ့ ဆီးရီးယား အကြောင်းပြန်နွေးပေးတာပေါ့လေ.. ဒါကနေ ဆက်စပ်ပြီး စဉ်းစားစရာတွေလည်း အများကြီးရှိပါတယ်..

– US က စစ်ရေးအရ ဝင်ရောက်ပါဝင်မယ် ဆိုရင် တရားမျှတမှု ရှိမရှိ

– ဝင်ပါဖို့ အတွက်အကြောင်းပြချက်က humanitarian ground လို့ တွင်တွင်ပြောကြ ရေးကြပေမယ့် ဒါ့အပြင် တခြား interest လေးတွေ အကြောင်း

– အခြေသိပ်မလှခဲ့တဲ့ အရင် အီရတ်၊ အာဖဂန် အတွေ့အကြုံတွေ ကြောင့် US ရဲ့ ချဉ်းကပ်ပုံ ပြောင်းမလား

– ကိုယ့် နိုင်ငံ နဲ့ နှိင်းယှဉ် သုံးသပ်စရာတွေ လည်း အများသားပဲ

 

နောက်ဆက်စပ် စဉ်းစားမိတာက မြန်မာပြည် ပြည်သူတွေ အနေနဲ့က US အပေါ် အကောင်းမြင်စိတ်များပါတယ်.. အကြောင်းကတော့ ကျွန်တော် hard liner soft liner ထဲမှာ ရေးမိသလိုမျိုး ကိုယ်လူဆိုး လို့ သတ်မှတ်တဲ့ ဘက်နဲ့ မတည့်ပဲ၊ ကိုယ်လူကောင်းလို့ သတ်မှတ်တဲ့ ဘက်နဲ့ အဆင်ပြေတာကြောင့် ဖြစ်ပါလိမ်မယ်.. ဒါကြောင့် လွယ်လွယ်ပဲ တရုပ်ဆို အဆိုး၊ အမေရိကန်ဆို အကောင်း သတ်မှတ်တာဖြစ်မလားပဲ.. အိုဘားမား လာတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံကြတာတွေကလည်း ပြည်သူတွေ အတွက် အများကြီး အဓိပါယ် တာသွားပါတယ်.. ဒါပေမယ့် ဆရာလူထု စိန်ဝင်း တို့ကျပြန်တော့လဲ US တို့ရဲ့ ဆောင်ရွက်ချက်တွေကို သိပ်ဘဝင်မကျတတ်ကြဘူး.. လူ့အခွင့် အရေး စတာတွေ၊ တရားမျှတမှု စတာတွေမှာ အဘိဓာန် နှစ်အုပ်ထားပြီး သူတို့ လိုချင်သလို အဓိပါယ်ဖွင့် ပြီးသူတို့ အကျိုးအတွက်သာလုပ်တယ် ဆိုတဲ့သဘောမျိုး ရေးထားတာလေး အမှတ်ရပါတယ်..

ဘာပဲ ဖြစ်ဖြစ်ကိုယ်အနေနဲ့တော့ ဘယ်နိုင်ငံမဆို ကိုယ်ကျိုးစီးပွား ကြည့်တတ်ကြတာပဲလို့ ယူဆပါတယ်.. ဒါက ရှုပ်ချစရာတော့ မဟုတ်ပါဘူး.. ဒါပေမယ့် မြင်အောင်ကြည့်တတ်ကြဖို့တော့ လိုမယ်လို့ထင်ပါတယ်.. ကိုယ်ကျိုးစီးပွားကြည့်တတ်တာချင်း အတူတူ တာဝန်ယူမှု၊ လူအခွင့် အရေး အလေးပေးမှု စတာတွေကို အလေးထားမှု ပေါ်မူတည် ပြီး ဘယ်နိုင်ငံတွေ နဲ့ ဘယ်လိုဆက်ဆံမလဲ ဆိုတာ အရေးကြီးတယ် လို့ ထင်ပါတယ်..

အခုလက်ရှိကိစ္စမှာ ဆိုလည်း US ကို အထင်ကြီးလက်စမို့လို သူလုပ်တာမှန်တယ်လို့လည်းမဟုတ်၊ နေရာတကာ လျှာရှည်တာကွာ ဆိုပြီး သောက်မြင်ကပ်စိတ် နဲ့ လည်းမဟုတ်ပဲ လူသားခြင်းစာနှာမှု ရှူထောင့်၊ သူ့ရဲ့ အမျိုးသား အကျိုးစီးပွား ရှူထောင့်ကနေပြီး သုံးသပ်တာလေးတွေ လိုက်ဖတ်ဖို့ ကြိုးစားနေတာကြောင့် ကွန်မန့်ထဲ ဝင်ဆွေးနွေးကြဖို့အတွက် ရွာထဲက ဆရာ ဆရာမ တွေကို  ဒီနေရာကနေပဲ နတ်ဒိုးလေးနဲ ပင့်လိုက်ပရစေဗျား..

 

Zaw Thant

Creadit to CNN

Reference: http://edition.cnn.com/2013/08/28/world/meast/syria-how-did-we-get-here/index.html?hpt=hp_t2

မူရင်းပိုစ့်

The Pentagon says it’s “ready to go” if it gets orders to carry out a military strike in response to Syria’s suspected use of chemical weapons against its own people.

Most people know Syria’s civil war has been raging for more than two years. But the situation is so complicated that it’s hard for even the biggest news junkie to keep track.

Now that Washington is seriously thinking about ordering limited missile strikes in one of the most volatile regions of the world, it’s a good time to retrace events and remember how we got here.

Here’s a quick-read cheat sheet about the Syrian civil war. It’s not intended to be an all-encompassing encyclopedia, but it will bring you up to date on what’s really important about a scary situation in an already volatile part of the world.

Who wants what after chemical weapons horror?

1. What did Syria look like before the conflict?

Even before the uprising in Syria, things weren’t peaceful there. Discontent simmered for decades.

In 1982, President Hafez al-Assad clamped down on a Muslim Brotherhood uprising. In one attack, his iron fist left tens of thousands dead.

When Hafez al-Assad died in 2000, his son Bashar al-Assad took over the presidency. He promised to build a more modern and democratic nation.

But reforms didn’t come fast enough for activists, who called for change and slammed Syria’s government as an “authoritarian, totalitarian and cliquish regime.”

Sectarian and ethnic unrest shook Syria over the past decade, too. A Druze uprising flared in 2000, and a Kurdish rebellion erupted in 2004.

2. How did the civil war begin?

It all started in February 2011 in the city of Daraa, when authorities arrested 15 schoolchildren for painting anti-government graffiti on the walls of a school. The children didn’t mince words with the message they painted: “The people want to topple the regime.”

Word spread that the children were allegedly mistreated while in custody. Outrage over their arrest grew, fueling protests.

Security forces opened fire, activists say, killing at least four protesters.

These four, activists say, were the first deaths in Syria’s civil war.

Within days, according to Human Rights Watch, protests grew into massive rallies made up of thousands.

Their rallying cry: “Daraa!” the city whose children sparked a national movement.

Iran: U.S. military action in Syria would spark ‘disaster’

3. How did the unrest turn into a call for an end to al-Assad’s rule?

It didn’t take long for al-Assad to criticize protesters in Daraa. In a March 2011 speech before lawmakers, he said “conspirators” started out there and wanted to spread unrest.

His dismissive remarks, and the way lawmakers applauded afterward, only further fueled protests.

“That speech had a catastrophic impact,” the International Crisis Group’s Peter Harling said last year. “People who wanted to support the regime at the time were shocked.”

Two days later, weekly anti-government protests began across Syria. Calls for reforms soon escalated into calls for the removal of the entire al-Assad regime.

Now, armed rebels have vowed to accept nothing less than al-Assad’s ouster, while the Syrian government has labeled them terrorists and vowed not to back down.

The United Nations estimates that the fighting has claimed more than 100,000 lives.

4. OK, but that all started more than two years ago. Why do some people think the United States needs to take action now?

Talking about Syria last year, President Barack Obama said “a red line for us is, we start seeing a whole bunch of chemical weapons moving around or being utilized.”

The implication was clear. If Syria uses chemical weapons in the civil war, the United States will have to do something.

Now, the White House says it looks like Syria has used chemical weapons against its own people. So here we are.

What will Obama do in response? Whatever it is, it’s time to sit up and take notice, because this news story is moving to another level.

What justifies intervening if Syria uses chemical weapons?

5. What makes chemical weapons a game changer?

Some argue that conventional weapons like guns or bombs also have a massive human toll. They say chemical weapons shouldn’t be a turning point for the world to act.

But the White House maintains that they’re a game-changer.

“The use of chemical weapons is contrary to the standards adopted by the vast majority of nations and international efforts since World War I to eliminate the use of such weapons. … The use of these weapons on a mass scale and a threat of proliferation is a threat to our national interests and a concern to the entire world,” White House spokesman Jay Carney said this week.

6. Why didn’t the United States just send a bunch of weapons to the opposition when it had the chance?

In June, the United States said it would send the rebels small arms, ammunition and potentially anti-tank weapons. But that was long after the unrest started. Why the delay?

Some argue that sending weapons to a region of the world that also contains Islamic extremists is risky business.

Many of the rebel fighters are militants with pro-al Qaeda sympathies, the same stripe of militants America has battled in Iraq and Afghanistan.

The Syria rebels have promised U.S. and European officials that any military weaponry they get won’t end up in extremists’ hands. But that hasn’t quelled criticism from some quarters that arming the rebels is a dangerous risk.

Russian President Vladimir Putin has slammed the decision to arm the opposition. At an economic forum in June, he cautioned, “Where will those weapons end up?”

7. What’s the deal with Russia? Why are they criticizing the U.S.?

Putin has made it clear that Russia and the United States don’t see eye to eye when it comes to Syria.

Russia and Syria are longtime allies. For one, just take a look at their weapons deals. Between 2007 and 2010, Russian firms selling weapons to Syria made almost $5 billion.

It would be costly for Russia to end that relationship, analyst Peter Fragiskatos said this year

“Russia’s leadership still sees much to lose economically and strategically from cutting Syria loose,” Fragiskatos wrote. “Russia sees Syria as another test case for the West’s appetite for intervention and views the danger of U.S. involvement as a direct threat to its own interests.”

There are other reasons to suspect that Russia will keep supporting Syria. Russia’s only naval base in the Mediterranean is on the Syrian coast, and Putin is still upset about NATO’s bombing in Libya two years ago that removed Russian ally Moammar Gadhafi from power.

‘Red line’ debate: Chemical weapons worse than attacks?

8. What’s religion got to do with it?

The al-Assad family is Alawite, a Shiite Muslim offshoot that’s one of the minorities in a country that is nearly three-quarters Sunni.

Al-Assad has filled key positions in his government with extended family members, and many of his supporters are Alawites and other minorities who fear what might happen if the Sunnis were to gain power.

Because the Syrian regime is Alawite and the majority of the country is Sunni, there are concerns that Syria could spiral into even more violence.

9. What’s the worst that could happen?

In a worst-case scenario, experts say, the fighting could spill over and make trouble for Syria’s neighbors, threatening stability in a part of the world that’s already known to be volatile.

Surrounding Syria are Lebanon, Iraq and Jordan, Israel and Turkey. The violence has been prompting war refugees to seek safety in some of these nations. In Turkey, there are ethnic tensions involving Kurds who live along its southern border with Syria.

All of these countries have a lot of religious, cultural and historical issues between them that add countless layers of complexity to the crisis. And when an entire region of the world loses stability, that worries the international community as a whole.

36 comments

  • KZ

    August 30, 2013 at 5:12 pm

    ဘယ်သူ့ က ဘယ်သူ့ ကို သတ်သတ် လူ့ အသက်တွေဆိုတော့လည်း ပြောရခက်သားလားးးး
    🙁

  • Mr. MarGa

    August 30, 2013 at 6:55 pm

    ကြားနေတာ၊ ဖတ်နေရတာတွေတော့ ရှိတယ်
    ဒါပေသိ ကိုရင့်လို ပြည့်ပြည့်စုံစုံဇာတ်ကြောင်း မလှန်မိဘူး (ပို စိတ်ဝင်စားနေတာတွေ ရှိနေလို့လေ)
    အီရတ်ကို ဝင်ပြီးနောက် မှာ US ဘယ်လိုဖြစ်သွားတယ် ဆိုတာ မြင်နေတာမို့
    ဒီတစ်ခါမတော့ အဲသလောက် တစ်ဇွတ်ထိုး ဝင်လာမယ့်ပုံ မပေါ်ဘူး
    တစ်ခုတော့ ရှိတာပေါ့ UN က ဓာတုလက်နက် အသုံးပြုတဲ့ အထောက်အထားတွေ တွေ့တယ်။
    အဲဒီ အထောက်အထားတွေကြောင့် ဆီးရီးယားကို စစ်ရေးအရ အရေးယူမယ် ဆိုရင်တော့ US ဝင်လိမ့်မယ်
    တစ်ခု ရှိတာက
    အရေးယူမယ် မယူဘူးဆိုတာကို (အမှတ်မမှားရင်) လုံခြုံရေးကောင်စီ က ဆုံးဖြတ်ရမယ်ထင်တယ်။
    အဲဒီနေရာမှာ ရုရှား နဲ့ UK က ဘယ်လို တုံ့ပြန်မယ် ဆိုတာ စောင့်ကြည့်ရမယ့်အချက်ပဲ။
    ကြားမိသလောက် UK ကလဲ ဝင်တိုက်တာကို လက်မခံဘူး ဆိုလား လို့
    ဆိုတော့
    US ဝင်ဖို့ မဝင်ဖို့မှာ UN အပေါ် မူတည်နေတယ် လို့ ထင်တယ်။
    သူတစ်ဦးတည်းတော့ သေချာပေါက် ဝင်မတိုက်ဘူး။
    UN ရဲ့ စစ်ဆေးချက်ကလဲ စနေနေ့(မနက်ဖြန်) မှ အဖြေထွက်မယ် ဆိုတော့
    ကြားမှာ စောင့်ကြည့်ရဦးမှာပေါ့လေ။
    အဲဒီလက်နက်တွေ သုံးတယ်ဆိုတဲ့ အထောက်အထားတွေကို ဖျောက်ဖျက်တာမျိုးလဲ ဖြစ်လာနိုင်သေးတာကိုး။
    စကားမစပ် မေးရရင်
    အာရပ် နွေဦးမှာ ဆီးရီးယား ပါတယ် ထင်တာပဲ
    (တကယ် မေ့တေ့တေ့ ဖြစ်နေလို့ မေးတာနော့)

    • Zaw Thant

      August 31, 2013 at 10:10 am

      ..ဟုတ်တယ်ဗျ.. အိုဘားမားကလည်း အီရိတ်၊ အာဖဂန်တွေမှာလို ဇာတ်လမ်းရှည်ကြီး ဖြစ်အောင်မလုပ်ဘူးလို့ ဆိုထားပါတယ်..

      .. သူတစ်ဦးထဲ တိုက်ဖို့လိုရင်လဲ တိုက်မှာပါပဲ တဲ့ဗျ.. UN တို့ UK တို့ သဘောကို စောင့်ချင်မှ စောင့်မယ်..

      .. နောက်ဆုံး UN ရဲ့ စစ်ဆေးချက် အနှစ်ချုပ် က
      1. A chemical weapons attack killed more than 1,400 people August 21
      2. Syrian government launched rocket attack on area
      3. ‘High confidence’ that government behind chemicals
      4. Opposition couldn’t have fabricated this
      5. A possible reason why government would have used chemical weapons – to rid the Damascus suburbs of opposition forces using the area as a base to stage attacks against regime targets in the capital

      ပါတဲ့..

  • Foreign Resident

    August 30, 2013 at 8:08 pm

    ၁ ။
    ဆီးရီးယားမှာ ဖြစ်နေတာက ၊
    အလ္လာ ရဲ့ သားချင်း ဆွေမျိုး တွေကို ကိုးကွယ်တဲ့ Shia Muslim နှင့် ၊
    အလ္လာ ရဲ့ တပည့် တွေကို ကိုးကွယ်တဲ့ Sonny Muslim ချ ကြတာပါ ။

    ၂ ။
    ဗြိတိန် ပါပါ မပါပါ ၊ UN ပါပါ မပါပါ ၊
    အမေရိက က ဆော်လိမ့်မယ် လို့ ထင်တယ် ( ထင်တယ် ) ။
    ဘာကြောင့်လဲ ဆိုတော့ ။

    က ။
    Legitimate Ground ၂ ခု ( အဆိပ် ဓါတ်ငွေ့ နှင့် Napalm / Incendiary ) ရထားတယ် ။

    ခ ။
    လေယာဉ်တင် သင်္ဘောတွေ Battle Fleet ကြီး ပို့ထားလိုက်ပြီ ။
    အဲဒီ စားရိတ်က ဒေါ်လာသန်း ရာချီပြီး ကုန်ကျမှာ ၊
    စ ကတည်းက ဆော်မယ်လို့ တွေးထားမှသာ ပို့လိမ့်မယ် ။

    ဂ ။
    အဓိက အားဖြစ့် ၊ တကယ် ဆော်မယ်ဆိုတဲ့ Indicator က လေယာဉ်တင် သင်္ဘော မဟုတ်ဘူး ။
    Boeing E-6 Mercury ( airborne command and communications ) လေယာဉ်တွေ ၊
    အဲဒီ လေယာဉ်တွေ မရှိပဲ အမေရိက က ဘယ်တော့မှ စစ်မတိုက်ဘူး ။
    အခု အဲဒီ လေယာဉ်တွေ ဆိုက်ပရပ် ရောက်နေပြီလို့ ပြောတယ် ။

    ဃ ။
    အဓိက က ၊ အမေရိက က ဆီးရီးယားမှာ ရှိနေတဲ့ ရုရှားလုပ် S-300 ( SA-10 Grumble )
    long range surface-to-air missile systems ကို ဆော် ကြည့်ချင်နေတယ် ။
    ဒီ S-300 နှင့် S-400 တွေက Tomahawk Cruise Missile တွေ နှင့် ၊
    High Altitude ပျံတဲ့ B-52 တို့ B-1 B-2 တို့ကို ပစ်ချဖို့ လုပ်ထားတာတဲ့ ။

    င ။
    နောက်ပြီး ၊ အမေရိက က အီရတ် ကို ဝင်သိမ်းပြီး နောက်ပိုင်း ၊
    မ တိုက်ရတာ တော်တော် ကြာသွားပြီ ။
    အဲဒီတော့ကာ ၄ နှစ် တစ်ခါလောက် expired ဖြစ်လေ့ရှိတဲ့ ၊
    သူ့ စစ်တပ်မှာရှိတဲ့ Munition ခဲယမ်းတွေ expired ဖြစ်တော့မယ် ။
    အဲဒီတော့ လွှင့်ပစ်ရတော့မယ့် တူတူ ၊ စမ်း လိုက်မှာပေါ့ ။

    စ ။
    နောက်ပြီး Shia ဆီးရီးယား ကို ဆော်တာဟာ ၊
    Shia အီရန် ကို သွယ်ဝိုက်ပြီး Lesson ပေးလိုက်တာပဲ ။
    အီရန် က မအူမလည် နှင့် ဝင်ပါလာရင် ၊ အီရန် ကို အဓိကသိပ်ချင်နေတာ ။
    အမေရိက ဟာ အရှေ့ အလယ်ပိုင်းမှာ ဖြိုစရာ အီရန် တစ်နိုင်ငံပဲ ကျန်တော့တာ ။
    အီရန် ကို ဖြိုပြီးရင် အရှေ့ အလယ်ပိုင်း ပွဲသိမ်းပြီ ။

    ၃ ။
    ဒါပေမယ့် ၊ Tomahawk Cruise Missile တွေနှင့်ပဲ ဆော်လိမ့်မယ် ထင်တယ် ။
    လွန်ရော ကျွံရော လေယာဉ် နှင့်ပဲ ဗုံးကြဲ လိမ့်မယ် ။

    အကောင်းဖက်က မြင်ကြည့်ရင်တော့ ၊
    TV သတင်းတွေ ကြည့်ရတာ ပျင်းစရာ မဖြစ်တော့ဘူးပေါ့။ 😛

    • Mလုလင်

      August 31, 2013 at 1:46 am

      အဘဖော . . . မှန်းချက် ကတော့ ကွက်တိပဲ ဗျို ့ . . . အဲ့ဒါလာပြောတာ။

    • ဦးကျောက်ခဲ

      August 31, 2013 at 10:00 am

      အာပါး… အဘဖော တွက်ပြတာ ဒက်ထိပဲ…
      ဟုတ်ပါ့ဗျာ ရုရှားနဲ့ တရုတ်က အဲဒါကြောင့် အသေ ကန့်ကွက်နေတာ…
      ဆီးရီးယားမှာ တရုတ်လက်နက်တွေ ရှိသေးတယ် အဘရဲ့…
      နောက်ပြီး S-300မှာ ဟာကွက်တွေရှိနေတယ်လို့ JAMES မှာ ဖတ်ဖူးတယ်…

    • Zaw Thant

      August 31, 2013 at 10:17 am

      .. ကောင်းဗျ အဘဖောရေ.. အနှစ်တွေချည်းပဲ.. 😀

      .. စာရှူသူ အပေါင်း ကျွန်တော်ရေးထားတဲ့ ဆီးရီးယားအရေး ကကြီးခခွေး ကိုဖတ်ပြီးရင် ဒီ အနှစ်ချုပ်ကို ဆက်ဖတ်ပေးကြပါလို့.. 🙂

  • kai

    August 30, 2013 at 11:19 pm

    အီရတ်လိုဝင်မသိမ်းတော့ပါဘူး..
    လစ်ဗျားကိုကိုယ်တွယ်ပုံကိုယူမယ်ထင်မိတယ်..။

    The White House signaled Thursday that President Barack Obama is ready to go it alone to strike Syria despite the British parliament’s rejection of military action and the lack of a UN mandate.

    Read Latest Breaking News from Newsmax.com http://www.newsmax.com/Newsfront/Syria-conflict-US-intelligence/2013/08/29/id/523039?s=al&promo_code=14B38-1#ixzz2dTKexxKt
    Urgent: Should Obamacare Be Repealed? Vote Here Now!

    • Zaw Thant

      August 31, 2013 at 10:27 am

      .. ပိတ်ကားပြင်ပေါ်မှာ ဆက်လက်စောင့်ကြည့်ကြရမှာပေါ့ သူကြီးရေ..

    • kolumbus

      August 31, 2013 at 8:42 pm

      ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် စစ်ကြေညာတော့မယ်ဆိုတော့… စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။

  • surmi

    August 31, 2013 at 8:52 am

    အဟမ်းးး သဟာဂျောင့် ရွှေဈေးတက်တာထင့်
    ကောင်းလှောင့်တေး ကောင်းလှောင့်တေးးး
    နှစ်ရွေးသားလောက် ထုတ်ရောင်းဦးမှ 😀

    • Zaw Thant

      August 31, 2013 at 10:28 am

      .. တက်ဦးမှာ လို့ ပြောတာပဲဗျား..

  • Ma Ma

    August 31, 2013 at 9:11 am

    လတ်တလော ဟော့ထ်ဖြစ်နေတဲ့ ကမာ္ဘ့သတင်းကို ဘာသာပြန်ပေးလို့ ကျေးဇူးအထူးတင်ပါတယ်။
    ဇော်သန့်ရဲ့ နတ်ဒိုးမှာ ဝင်ပြီး အားရပါးရ က ပြသွားတဲ့ FR နဲ့
    အားဖြည့် က ပြသွားတဲ့ သဂျီးတို့ကြောင့် ပွဲက ပိုစည်ပြီး ပိုကြည့်လို့ ကောင်းသွားတယ်။ 🙂

    ကိုယ့်သဘောနဲ့ဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ ဘယ်သူတွေမှ တိုက်ခိုက်ကြ သေကြေကြတာကို မလိုလားပါဘူး။
    ဒါပေမယ့်လည်း………… ကိုယ်လည်းဘယ်လိုမှ တတ်နိုင်တာ မဟုတ်တော့…….
    အနိစ္စ 🙁

    • Zaw Thant

      August 31, 2013 at 10:31 am

      .. ဟုတ်တယ်ဗျ.. ကျွန်တော်လည်း ဒီယုံမြင်လို့ ဒီခြုံထွင်လိုက်တာပါ.. 🙂

      .. ကိုယ်ဖတ်ရသလောက် သိရသလောက်ကို ဇာတ်လမ်းစရေး.. ပိုသိတဲ့လူတွေက ဝင်အားဖြည့်ပေးလိုက်တော့ အကုန်ခြုံမိသွားတာပေါ့လေ..

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 31, 2013 at 12:05 pm

    အဲ့သည်အရေးကို ရွာကမယ်တော်ကြီးကိုဘဲဥဆက်ပြီးမေးကျိတော့
    သဂျီးပြောတာနဲ့ခပ်ဆင်ဆင်ဘဲ
    အခြေနေပြင်းထန်ဘို့ကတော့ အမေဒိဂန်တွေရဲ့ချည်းကပ်မှု့ကို
    ရပ်ရှားက ထိပ်တိုက်ကာကွယ်မှာလားဆိုတဲ့အပေါ်မှာဘဲမူတည်နေတယ်ဒဲ့
    ဆိုလိုတာက
    အမေဒိဂန်တွေ မြေထဲပင်လယ်ရောက်ရင် ရုရှားက ဘာလုပ်မှာလည်း
    ဆိုတာကသာ ကီးဖြစ်ပါသဒဲ့
    အထူးသဖြင့် အမေဒိဂန်ရဲ့ စစ်ရေးလှုပ်ရှားမှု့ကို ရုရှားက ဘယ်လိုထရိလုပ်မယ်ဆိုတာကိုပါတဲ့
    အမေ့နတ်မျက်စိနဲ့ကျိလို့တွေကသလောက်တော့
    တရုပ်က ဟောင်ပြီးပတ်ပြေးနေလို့ ရုရှားကစိတ်လေနေတယ်ဒဲ့
    အဲ့ဒါကိုအခွင့်ယူပီး အမေဒိဂန်တွေကလည်း အပီဖင်ဂေါင်းကျယ်ပြနေဘါသဒဲ့
    ဘါဘဲဖြစ်ဖြစ် ဒီရက်ပိုင်းအတွင်း အများဆုံးဗုံးကျဲတာလောက်ကိုဘဲ
    အလုပ်ကြီးအကိုင်ကြီးလိုသဘောထားကြပါမယ်တဲ့
    နောက်ဆုံးတော့ ဓာတုလက်နက်တွေသုံးတဲ့ကိစ္စကို
    တရုပ်နဲ့ ရုရှားက ကလားအစိုးရကို အပြစ်ပြောပြီး ရူးခြင်ဟန်ဆောင်နေကြပါမယ်ဒဲ့
    ဒါကတော့
    မယ်တော်ကြီးပြောတဲ့အတိုင်းဖေါက်သည်ချတာဘဲဗျ
    ဟုတ်မဟုတ်တော့ တိဝူး

    • Foreign Resident

      August 31, 2013 at 4:50 pm

      မိုက်ကယ်ဂျော်နီအောင်ပု says:
      ” တရုပ်က ဟောင်ပြီးပတ်ပြေးနေလို့ ရုရှားကစိတ်လေနေတယ်ဒဲ့ ”

      အဲဒီအကြောင်းက ဆက်ရှင်းရင် တစ် Post ဖြစ်မယ် ။

      • မိုက်ကယ်ဂျော်နီအောင်ပု

        August 31, 2013 at 8:05 pm

        ဘာရယ်ဟုတ်ပါဘူးအဘရယ် ကျုပ်ကရန်းပြောတာပါ
        ထူးဆန်းနေတာလေးက
        ဗီတိုတွေမူပိုင်ယူထားတဲ့ တရုပ်နဲ့ရုရှားက ဒီတစ်ပွဲဘါသံမှမထွက်တာကိုပါ
        အရှေ့အလယ်ပိုင်းဖြစ်နေလို့လားမပြောတတ်
        အမေဒီဂန်တွေ မြေထဲပင်လယ်ထဲပဲရောက်နေဘီ
        ရုရှားက ရေငုတ်သဘောင်္လွှတ်လိုက်မယ် အော်နေတုန်းရှိသေးတယ်
        တရုပ်ဆိုတာ အစတောင်ရှာမရဘူး
        အင်္ဂလိပ်တွေ အလွတ်နေတော့ ပြင်သစ်ကအပီဆော်မယ်လုပ်ပြန်ရော
        ဒဂယ့်ပွဲကတော့
        ဓါတုလက်နက်ကို ဘယ်လောက်အသုံးချထားသလဲဆိုတာဘဲဖြစ်မယ်ထင်တယ်
        ( ထင်တာ :mrgreen: )
        သေခြာတာတစ်ခုက ထုတ်သာမပြောကြတာ
        ( အေလိုးကလားတွေ မင်းတို့အခြင်းခြင်းမျိုးပြုပ်အောင်ချကြ ) ဆိုပြီး
        စိတ်ထဲက ကျိတ်ပြီးပြောနေမယ်ထင်ဒယ် ( ထင်တာ )
        ကျုပ်အထင်ရန်းပြောရရင်တော့
        အမေဒိဂန်တွေက အီရတ်ကိုဆော်ထားတုန်းက ဘာဓာတုလက်နက်မှမတွေ့လို့
        ဒီပွဲမှာ အရှက်ပြေ ဖင်ဂေါင်းဝင်ပွပြတယ်ထင်တာဘဲ ( ထင်တာ )
        ဘါဘဲဖြစ်ဖြစ်
        ဒီပွဲမှာ အမေဒိဂန်တွေ ဗုံးကျဲလို့ မတော်တစ်စ မှားပြီး
        ပြည်သူတွေတစ်ခုခုဖြစ်သွားရင်
        အမေဒိဂန် ဖင်ထဲ ငရုပ်ကျည်ပွေ့ဝင်ပြီသာမှတ်
        ပြောလို့ပြောတာ
        အိုဘားမားဆိုတဲ့သတ္တဝါကို စောက်ချည်လို့တော့မထင်မိပေါင်

      • Foreign Resident

        September 1, 2013 at 4:59 am

        မိုက်ကယ်ဂျော်နီအောင်ပု says:

        ” ( ထင်တာ :mrgreen: )
        သေခြာတာ တစ်ခုက ထုတ်သာ မပြောကြတာ ၊
        ( အေလိုး ကလားတွေ မင်းတို့အခြင်းခြင်း မျိုးပြုပ်အောင် ချကြ ) ဆိုပြီး
        စိတ်ထဲက ကျိတ်ပြီး ပြောနေမယ် ထင်ဒယ် ( ထင်တာ ) ”

        အဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ ။ လူဇိုး ။

        ၁ ။ အဘ က Liberal & Humanism အယူ ယူထား လို့ရယ် ။
        ၂ ။ အခု အဘ နေထိုင်တဲ့ ဩဇီ ဥပဒေ ကလည်း တားမြစ်ထားလို့ရယ် ။
        အဲဒီလို Discriminate ဆန်တဲ့ စကားတွေကို ရေးဖို့ မသင့်ဘူးပေါ့ကွယ် ။
        ( အထူးသဖြင့် တရားဝင် စာအရေးအသား နှင့် ပေါ့ )

        အဲလို ပိုပြီး ပွင့်ပွင့်လင်းလင်း လဲရှိ ၊ မှန်လဲ ပိုမှန်မယ့် အကြောင်းတွေက ၊
        နှစ်ကိုယ်ကြား စကား နှင့်ပဲ ပြောလို့ ရတာမျိုးလေ ။

        အမေရိကန် ကြီးကမှ သူ့နိုင်ငံ ပြင်ပ ထွက်ချနေရသေးတာ ။
        တရုတ်ကြီးက သူ့ပြည်တွင်း Xinjiang ပြည်နယ်မှာတင် တဂျိန်းဂျိန်း ။
        ရုရှား ဆိုရင်လည်း သူ့ပြည်တွင်း Chechnya ပြည်နယ်မှာတင် တဂျိန်းဂျိန်း ။
        အဲဒီတော့ကာ ၊ သူတို့လည်း ။

        အဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ ။

        အဘ လိုပဲပေါ့ ။ ထုတ်ရေး / ထုတ်ပြော မှာတော့ မဟုတ်ဘူးပေါ့ ။
        ဒါပေမယ့် ။

        အဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ ။

  • kai

    August 31, 2013 at 3:23 pm

    ယူအက်စ်က..တော်တော်မွဲနေတာဗျ..။
    မွဲဆို… စစ်တွေဖန်တီပေးပြီး.. စစ်တွေထဲလက်နက်ရောင်းနေတာ.. အရင်ကလို..သူကခေါင်းဆောင်မှမဟုတ်တော့တာပဲ..
    တခြားနိုင်ငံတွေလည်း…ရောင်းကြတာကိုး..။

    ဆိုတော့…
    အဲဒီဆီးရီးယားသူပုန်ကိုပို့လိုက်တာတွေ.. သူ့ပြန်ဆော်ဖို့ လက်နက်တွေလည်းဖြစ်သွားနိုင်တာပဲ..
    ကျုပ်ကိုအိုဘားမားအကြံလာတောင်းရင်… ပင်လယ်ထဲကနေ ပစ်ကူလေးပဲပေးလိုက်လို့ပြောမယ်..
    သူပုန်ကိုချဖို့အစိုးရတပ်တွေ အင်အားစုပြင်နေပြီဆို.. အဲဒီနေရာတလုံး..
    အစိုးရတပ်ဖက်က.. ခေါင်းဆောင်ရှိတဲ့နေရာတလုံး..
    ကွပ်ကဲရေးရုံးရှိတဲ့နေရာ.. တလုံး..

    တိန်တိန်တိန်…. :mrgreen:

  • အရီးခင်

    August 31, 2013 at 3:27 pm

    ဆြာဇော်ရေ
    ဒီ ကိစ္စ ကိုယ်နဲ့ မဆိုင်ဖူး လို့ ပစ် ထားချင်ပေမဲ့ ရွှေဈေး တက်တက် မတက်တက် ကိုယ့်မရှိတော့ အကြောင်းမဟုတ်။
    ဒီဇယ်ဆီ၊ ဓာတ်ဆီတွေ ထိုးတက်လာတာက ပြသနာ။

    ကနဦး တင်ပေးသူရော၊ အားဖြည့် ဆွေးနွေးသူများ ကိုပါ ဗဟုသုတလေးအတွက် ကျေးဇူးပါ။
    အဘ တို့များ (ဖော & ပု) စစ်ပွဲ ဆိုမှ ပြန်ဝင်လာတော့တယ်။

  • မဟာရာဇာ အံစာတုံး

    August 31, 2013 at 3:40 pm

    မိုက်ဒဗျာ …
    အီးဂလိပ် ဒဒင်းဂို ဗမာလို ပျံထားဒယ် …
    ဂွတ်ချယ်ဘဲ ….
    သေဂျာဘာဒယ် …
    ခညား ဒီလောက် တော်နေမှဒေါ့ ခညားမှာ ညက်စိပါမှာ ကျိန်းသေဒယ် …
    :mrgreen:

  • lele kyi

    August 31, 2013 at 5:23 pm

    အင်းနိုင်ငံရေးသမိုင်းကိုစိတ်ဝင်စားတယ်။ သာမန်စိတ်ဝင်စားယုံပါ။သေသေချာချာတော့ ဉာဏ်မမှီလို့နားပဲထောင်တတ်တယ်။ ဦးဖေါသုံးသပ်ပြသွားတာရယ် သူကြီးအာဘော်ရယ်ကိုကြ ိုက်ပါတယ်။

  • ကိုရင်စည်သူ

    August 31, 2013 at 7:21 pm

    ဆီရီးယားသင်္ဘောသားမိတ်ဆွေ ဘောပေါ်ရှိလို့ ဆီးရီယားတွေရဲ့ သဘောသဘာတွေကို ကိုရင် သတိထားမိတယ်။
    အဲ့ ဆီရီးယားဘောသားကိုကြည့်ပီး အော်… ဒီလို စိတ်ဓါတ်ပြင်းတာ၊ သွေးဆူလွယ်တာ၊ ညစ်တွန်းတွန်းတတ်တာတွေ
    ကြည့်ပီး… အော်.. သူတို့ ဆီးရီးယားချင်း ဓါတုဗုံးမကဘူး နှူ ရှိရင်တောင် သတ်လောက်တယ်လို့ ထင်မိတယ်။။
    အာရပ်နိုင်ငံတွေက ရေနံကြွယ်ဝမှုနဲ့ စွန်းရောက် စိတ်ဓါတ်တွေကြောင့် ဘယ်လိုဖြစ်ဖြစ် အရှေ့အာရှ
    နိုင်ငံများထက် အန်ဒရယ်အပေးနိုင်ဆုံး ကိုလိုနီလက်သစ်နိုင်ငံကြီးတွေရဲ့ ဩဇာကို ထိခိုက်ချင်သလို
    ဖြစ်လာပါတယ်။ အထူးသဖြင့် အာရပ်နိုင်ငံတွေကလည်း စစ်ရေးကို ပေါ်တင်တမျိုး ဝှက်ပြီးတမျိုး
    တီလုပ်ကြီးနဲ့ ရုရှဆီက ဝယ်ရင်း ဖြည့်တင်းနေကြပါတယ်… အမျိုးမျိုးလဲ မစ်ဆိုင်းတွေကို စမ်းသပ်ကြပါတယ်။ ကိုယ်တွေ့
    ပင်လယ်နီနဲ့ မြေထဲပင်လယ် လူးလားသွားနေတော့ ပင်လယ်နီ တစ်လျှောက်သင်္ဘောပေါ်က ကြည့်ရင် တာဝေး ဒုံကျည်တန်းတွေကို ခဏခဏတွေ့ရတာပဲ။ ပထမတော့ ကိုရင်က လေယာဉ်ပျံပျံတယ်ထင်နေတာ…။ နောက်မှ…
    ဒုံးကျည်တွေ စမ်းလွှတ်နေမှန်း ဘောပေါ်က အာရပ်တစ်ယောက်ပြောမှ သိတော့တယ်။
    (တစ်) အမေရိကန်က သူ့စီးပွားအရမ်းသိတဲ့နိုင်ငံဆိုတော့ သေချာတဲ့ ရလဒ်တစ်ခုသိတဲ့အတွက် စစ်ခင်းပါလိမ့်မယ်..
    (နှစ်) ဂျိုထနေတဲ့ အီရန်ကိုလည်း ဟိန်းခြောက်ချင်နေပါတယ်..
    (သုံး) တချိန်သာ တရုတ်ကြီး၊ ရုရှနဲ့ စစ်ဖြစ်ရင် ဒီတိုက်ပွဲတွေက အမေရိကန်အောင်နိုင်ဖို့ အတွေ့အကြုံကောင်းတွေ
    ဖြစ်သွားနိုင်ပါတယ်။
    အာရပ်မှာ လျှာထွက်နေတဲ့.. ကိုရင်စည် 👿

  • kai

    September 1, 2013 at 4:36 am

    အိုဘားမား.. လွှတ်တော်ဆီ သဘောတူညီချက်တောင်းလိုက်ကြောင်းနဲ့.. လွှတ်တော်က ဗကေးရှင်းသွားနေသမို့.. စက်တင်ဘာ ၉ရက်နေ့မှ ပြန်စမယ်ဖြစ်ကြောင်း..
    ဆိုတော့…

    ==

    Obama to seek congressional OK for Syria action

    WASHINGTON (AP) — Short on support at home and allies abroad, President Barack Obama unexpectedly stepped back from a missile attack against Syria on Saturday and instead asked Congress to support a strike punishing Bashar Assad’s regime for the alleged use of chemical weapons.

    With Navy ships on standby in the Mediterranean Sea ready to launch their cruise missiles, Obama said he had decided the United States should take military action and that he believes that as commander in chief, he has ‘‘the authority to carry out this military action without specific congressional authorization.’’

  • Mahar Myanmar

    September 2, 2013 at 10:11 am

    လစ်ဗျား ပုံစံ မျိုး ခင်းကျင်း ဖို့ များ ပါတယ်.. သူပုန် ကို ပစ်ကူ ပေး ခြင်း ပေ့ါခင်ဗျာ..
    မတူ နိုင် တာ က .. အစ္စရေး နဲ့ နယ်မြေ အကွားအဝေး ပါ…
    အခု ဆီးရီးယား မှာ တော့ အမရိကန် ဘယ်ပုံ နဲ့ ဝင်ဝင် အစ္စရေး ကတော့ မစ်ဇိုင်း နဲ့
    အတီး ခံ ရမှာ ပါဘဲ… အဲသည် တော့ ဘယ်လောက် ထိ ကျယ်ပြန့် လာနိုင် မလဲ..
    အစ္စရေး ဆိုတာ က သေးပေမယ့် အဆိပ်ပြင်း တာ အာရပ် တွေ အကုန် သိကြတယ်..
    အီရန် က ဘယ်ပုံ ကူ မလဲ… ရုရှား က ဟန်ပြ ပဲ လား တရုတ် က လေ ဟန် ပြပဲ လား
    ဆိုတာ ဆက်ကြည့် ရမှာ ပါ…
    ဆီးရီးယား ဗီဒီယို ဖိုင် တွေ အရ ကလေးသူငယ် ပြည်သူ တွေ ဒါဏ်ရာ မရှိ ပဲ.. အကြောဆွဲ
    ခံစား သေဆုံး ကြတာ ဓါတု လက်နက် ရဲ့ အရိပ်လက္ခဏာပါ ဘဲ…
    ဒီ လက်နက် သာ အစွန်းရောက် တွေ လက် ထဲ ရောက် နေရင် ..နံပါတ် တစ် ခံ ရမယ့် သူ က
    အမေရိကန် ဖြစ် ပါတယ်…
    ဒီ လို လက်နက် မျိုး သုံးစွဲတာ အစိုးရလား သူပုန် လား မသိ နိုင်သေး ပေမယ့်..
    ကျည်တစ်တောင့် ထက် အဖျက်စွမ်းအား မြင့်မား တာကြောင့် ..တစ်ခုခု တော့
    အက်ရှင် ယူမှာ ပါ… မယူ ခဲ့ရင် နောက် ထပ် ပြည်တွင်း စစ်ပွဲတွေ မှာ အလွယ်တကူ ထပ်သုံးစွဲကြ
    ပါလိမ့်မယ်..

    အာဏာတွေ ဝါဒ အကွဲအပြား တွေ ကြား မှာ သမရိုးကျ လက်နက် မသုံး ပဲ ကန့်သတ် လက်နက် သုံးတာ ဟာ
    တစ်ကမ္ဘာ လုံး က ကန့်ကွတ် ရမည့် ကိစ္စ ပါ.. ခံ ရတော့ မြေစာ တွေ ပဲ ခံကြရပါ တယ်

    • မိုက်ကယ်ဂျော်နီအောင်ပု

      September 2, 2013 at 10:53 am

      အဓိက ကတော့ ဓာတုလက်နက်တွေသုံးဆွဲမှု့ပေါ်မှာဘဲ
      လုပ်သွားကြမယ်ထင်တယ်
      ဘလိုင်းကြီးဝင်လို့ရတာမှမဟုတ်တာ
      နောက်တစ်ခုက
      သူပုန်အုပ်စုက သူတို့ကိုဘယ်လောက် အလိုရှိသလည်းဆိုတာပေါ်မှာလည်း
      မူတည်နေသေးတယ်
      ထင်တာရန်းပြောရရင်
      ရုရှားကလည်း သူ့ဖေါက်သည်ဖြစ်နေလို့သာ မျက်နှာမပျက်အောင်
      ညာသံပေးနေတာ
      ဓါတုလက်နက်တွေသုံးတယ်သေခြာရင် အိုဘားမားကို ဝင်ဆော်စေခြင်မှာဘဲ
      ဒို့မလုပ်ဘူးမင်းလုပ်ဆိုတာကိုသိလို့
      အိုဘားမားက တရုပ်နဲ့ရုရှားကို ကျိတ်ပြီးအတင်းခေါ်နေသလားမပြောတတ်

  • Zaw Thant

    September 2, 2013 at 10:50 am

    .. လောလောဆယ်တော့ စက်တင်ဘာ ၉ ရက်နေ့ ထိစောင့်ရုံပါပဲ.. အဲ့ဒီနောက်မှပဲ အိုဘာမားတို့ ဘယ်လိုလုပ်မလဲကြည့်မှာပေါ့.. ကျွမ်းကျင်သူတွေ သုံးသပ်တာတော့ bad option, worse option and horrible option ပဲရှိပါသတဲ့..

  • ဦးကြောင်ကြီး

    September 2, 2013 at 11:23 am

    ကိုဇော်သန့် နေကောင်းလား…။ ရွာထဲဝင်လာဂဒဲဂ ခင်နေတာ အခုဆို ပိုရင်းနှီးသွားသလိုဗဲ… ဒဂယ် ဒဂယ်..
    …………………
    ဗြိတိန်လွှတ်တော်က ဆီးရီးယားကို ဝင်မတိုက်ဖို့ မဲပေးလို့ အင်္ဂလိပ်စစ်တပ်တွေ ကိုယ်ထိလက်ရောက် မပါတော့ဘူး.. ထောက်ပံ့ရေး၊ ထောက်လှမ်းရေးပိုင်း လုပ်ပေးလိမ့်မယ်… ဘဇာကြောင့်နည်း.. ထင်တာတော့ ဆီးရီးယားသည် သူနဲ့ပြိုင်ဖက် ပြင်သစ်အတွက် ပိုအရေးကြီးတယ်… ပြင်သစ်အကျိုးစီးပွား အဲဒီမှာ ပိုရှိတယ်။ ဒီတော့ အထိခိုက်အကျအဆုံး ရှိမည့်၊ နိုင်ငံရေးအရ ထိခိုက်ရှနာလွယ်မည့် လမ်းမရွေးဘူး၊ ချီးထုပ်ကြီးကို ပြင်သစ်ဆီ တွန်းပို့တယ်။ ယူအက်စ်ကလည်း ဗြိတိန်၊ ပြင်သစ် နှစ်ယောက်ထဲက တယောက် ပါမယ်ဆို စစ်ရေးအတွက် လုံလောက်နေပြီ။ ဗုံးကြဲတာလောက်၊ သူပုန်တွေကို လက်နက်ကြီး ထပ်တပ်ပေးတာလောက်ပဲ ဖြစ်မယ်နဲ့တူတယ်။ စစ်တိုက်မယ် ကြေငြာတဲ့နေက စတော့ရှယ်ယာဈေး သိသိသာသာ ပြုတ်ကျသွားတယ်။
    ဝသဗုံ ကြေးမုံဂျီးအမျိုး တရုတ်ကြီး သိပ်အာမချောင်ရဲ ဖြစ်နေတယ်။ လတ်တလော အာရပ်ကမာ္ဘ မငြိမ်မသက်ဖြစ်မှုမှာ တရုတ်ကြီး ချောင်ပိတ်မိနေတယ်။ လူ့အခွင့်အရေး မျက်ကွယ်ပြုပြီး ငါ့တဖို့ လုပ်စားထားလို့ အရေးကြုံတော့ စားပို့နင့်နေပြီ။ ရုရှားအတွက် ဆီးရီးယားသည် သူ့ရေတပ်အတွက် တခုတည်းသော ပင်လယ်ဆိပ်ကမ်း အခြေဆိုက်မြို့… လက်လွတ်ခံလို့ မရဘူး… အဲဒီမှာ အရှေ့အလယ်ပိုင်းဒေသအတွက် သူ့ထောက်လှမ်းရေး ဌာနချုပ် ဖွင့်လှုပ်ရှားနေတာ… ရတဲ့နည်းနဲ့ ကာကွယ်မှာပဲ…. တရုတ်ကြီးက အယင်လို လိုက်မလာတော့ ရုရှားဂျီး ဂိန်နေတယ်။ ယူအန် လုံခြုံရေး ကောင်စီတင်ရင်တော့ တရုတ်နဲ့ရုရှားပေါင်းမှာပဲ.. ဒါပေမဲ့ တရုတ်အဖို့ ရုရှားလို တဖက်ထဲ ဗျောင်လိုက်လိုက်မရဘူး။ ဆော်ဒီ ဦးဆောင်တဲ့ အနောက်ယိမ်း အာရပ်နိုင်ငံတွေနဲ့ အီရန်ခေါင်းဆောင်တဲ့ အစွမ်းရောက် အစ္စလာမ်ကမာ္ဘ အားပြိုင်တဲ့ပွဲဖြစ်လို့ နှစ်နေရာစလုံးမှာ ရေနံ အကျိုးစီးပွား၊ ကုန်သွယ်ရေး ကြီးကြီးမားမား ရှိနေတဲ့ တရုတ်အဖို့ အရမ်းသတိ ထားနေရတယ်။
    အီရတ်မြို့တော် ဘဂ္ဂဒက်ကို ယူအက်စ် မရိန်းတပ်တွေ ဝင်စီးပြီးပြီးခြင်း သမတဂျော့ဘုရ်ှက လေယဉ်တင်သင်္ဘောပေါ်မှာ “mission complete” တိုက်ပွဲပြီးပြီလို့ ကမာ္ဘသိ ကြေငြာတယ်။ နောက်တော့ ပျောက်ကျားခြုံခိုတိုက်လို့ သေလိုက်တဲ့ အမေရိကန်စစ်သားတွေ သောက်သောက်လဲ.. ရန်သူ စိတ်ဓာတ်ကျအောင် ဆိုက်ဝါးသုံးခဲ့တာ…
    အလားတူပုံစံ ဆီးရီးယားမှာ ထပ်ဖြစ်တယ် ပြောရမယ်။ လစ်ဗျား၊ တူနီးရှား၊ အီဂျစ် စတဲ့ ဒေသတွင်း နိုင်ငံတွေမှာ လူထုအုံကြွမှု ဖြစ်တော့ ဆီးရီးယားသမတ အာဆတ်က ဘာပြောသလဲဆို သူ့နိုင်ငံမှာ အားလုံးငြိမ်ငြိမ်သက်သက်ပဲ.. ဖြစ်စရာ အကြောင်းမရှိလို့ ထုတ်ဖော်ပြောခဲ့တယ်။ (စကားလုံး အတိအကျမဟုတ်) နောက်တော့ ဖြစ်လိုက်တာ ပြည်တွင်းစစ် သူ့နိုင်ငံ အဆိုးဆုံး….။
    မြန်မာပြည်မှာလည်း ၁၉၉၆လောက်ကထင်တယ် အဲတုံးက အစိုးရအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့် သတင်းစာကနေ မြန်မာပြည် လူမှုစီးပွားနိုင်ငံရေး ဘက်စုံအောင်ပွဲရနေပြီ၊ မကြာခင် နိုင်ငံတကာ သံတမန်ရေး ထိုးစစ်လုပ်တော့မယ်လို့ ကြေငြာတယ်။ သဘောက ပြည်တွင်းမှာ သူတို့ လုံးဝ အနိုင်ရပြီမို့ ကမာ္ဘပတ် စည်းရုံးတော့မယ်။ နောက်ဆက်တွဲ think tank လုပ်သူတို့ သတ်မှတ်တဲ့ သံအမတ်တွေကို ယူအန်နှစ်ပတ်လည်ညီလာခံလွှတ်ပြီး တက်လာတဲ့ နိုင်ငံအသီးသီးက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစကားပြောခိုင်းတယ်…. နောင်ဆယ်နှစ်လည်းကြာရော သူပြုတ်ပါလေရော… ဘာပဲဖြစ်ဖြစ် ဒင်း ဆယ်နှစ်နီးပါး တောင့်ခံနိုင်လို့ အတော်ဆုံး ပြောရမယ်… :p

    • Zaw Thant

      September 2, 2013 at 1:25 pm

      .. ကောင်းပါတယ်ဗျား.. အခုဆို ပိုရင်းနှီးသွားသလိုပဲ ဆိုတော့ ဘာအကြောင်းကြောင့်များဖြစ်မလဲဗျ..

      .. ဦးကြောင်ကြီး ရဲ့အားဖြည့်ချက်တွေအတွက်လည်း ကျေးဇူးပါဗျ.. ဖတ်ပြီးတော့ အခြေအနေကို ပိုပြီးကွက်ကွက်ကွင်းကွင်း မြင်လာရပါတယ်..

      .. အင်းအားကြီးပေမယ့် ခြေလှမ်းသိပ်မှားလို့ မရတော့တဲ့ US ရယ်၊ အားယူနေတဲ့ ရုရှ၊ တရုပ်တို့ကြားက အရေးပါတဲ့ ပွဲတစ်ခုဖြစ်မှာပေါ့ဗျနော.. စက်တင်ဘာ ၉ ရက်နောက်ပိုင်း အပြောင်းအလဲတွေ ဖြစ်လာရင်လည်း ပြန်လာဆွေးနွေးပါဦးဗျ..

      • KZ

        September 2, 2013 at 1:29 pm

        နိုင်ငံတကာ ရေးရာ သတင်း ကိစ္စတွေပေါ့ကွယ်။
        ဦးကြောင်လည်း သတင်း ဝါသနာပါသူမို့ ပိုခင်တာပါတဲ့၊၊
        😀

        • Wow

          September 3, 2013 at 10:44 am

          ပရောဂါမှန်ရင်တုံဆင်းဒယ်ချိုလားးးး….
          ကြောင်ရီး ဘယ်သဒင်းကြားပီး တုံဆင်းလာဒါလဲ :mrgreen:

        • KZ

          September 3, 2013 at 10:53 am

          ဆီးရီးယားသီတင်းကြားပြီး တုန်ဆင်းလာတာ။
          ဇော်သန့်ကို ခင်လွန်းလို့ ကြောင် ညီမလေး ပေးမယ် ဆိုလားပဲ၊

          :kwi:

  • Wow

    September 2, 2013 at 4:02 pm

    ဆီးရီးယားအရေးကို ဇီးသီးစားပြီး တွေးကျိပေးပါမယ် :mrgreen:

  • မြစပဲရိုး

    March 15, 2015 at 6:31 am

    တစ်နှစ် ခြောက်လကျော် အကြာ မှာတော့ ကိုယ်ကြောက်ခဲ့တဲ့ ဆီဈေးက မတက်ဘဲ အတော်ပြုတ်ကျသွားတာ ပေမဲ့
    ခေါင်း နဲ့ ကိုယ် အိုးစားကွဲ သူတွေ များများလာတော့တာ အတော်လေး ဝမ်းနည်းစရာပါ။
    ဒီ အမုန်း ရန်ကြွေး တွေ ဘယ်လောက်ထိ ထပ်ဆက်ဦးမယ် မသိ။
    အဆုံးမသတ်တော့ မဲ့ အမုန်းစစ်ပွဲ တွေ ဖြစ်နေပြီ ထင်ရဲ့။

    ဝါး တစ်ယောက်လဲ ဇီးသီးစားရလွန်းလို့ သွားတွေ အတော်ကျိန်း တော့ မယ်။

Leave a Reply