ဒီ ပို့(စ) က စက်တင်ဘာမွေးတဲ့ သများရဲ့ချစ်သူတွေ ကို မွေးနေ့ဆုတောင်း ပို့(စ) ပေါ့။

ရှိသလောက် တင်ရရင် အများ မျက်စိနောက်မစိုးလို့ ပေါင်းတင်လိုက်တယ်။

စက်တင်ဘာမွေး ဗားဂိုးတွေမို့ ပိုချစ်ရတာပေါ့။ (လူတိုင်းကို အဲလိုပဲ ချစ်ကြောင်း အကြောင်းပြချက် အမျိုးမျိုးပေးတတ်လို့ သည်းခံကြပါ။)

:-D
စက်တင်ဘာ (၉) ဒီနေ့ ဝါး ရဲ့ မွေးနေ့။ (နေတိုးနဲ့ တူတူပဲ။)

စက်တင်ဘာ (၁၁) ရန်ဖြစ်ဖော် တဂျား မွေးနေ့။ ( O’Henry နဲ့ တူတူပဲ။)

စက်တင်ဘာ (၁၆) မွန်မွန်လေး မွေးနေ့။ (မာ့ အန်ထော်နီ နဲ့ မွေးနေ့တူတူပဲ။ ခွိခွိ)

စက်တင်ဘာ (၁၈) အလက်ဆင်းလေး မွေးနေ့။ (မင်းခိုက်စိုးစန်နဲ့ တူတူပဲ ။)

ပြီးမှ စဉ်းစားကြည့်တော့ ကဗျာပြခန်းက ၄ ယောက်လုံး စက်တင်ဘာမွေး ကန်ရာသီဖွားတွေချည်းပဲ။

အဲလာ အချစ်တော် အားလုံးးးး

ယနေ့မှ စ ….

ကြုံရသော နေ့ရက်၊….

တွေ့ရသော လူ၊….

ရလာမဲ့ အတွေ့အကြုံတွေ …. သည် ….  စိတ်၏ချမ်းသာခြင်းးးး ကိုယ့်၏ ကျန်းမာခြင်းကို အထောက်အပံ့ဖြစ်ပါစေ။

အားလုံး လူလွတ်တွေပဲမို့ မှန်ကန်သော၊ တည်ကြည်သော ဖူးစာဖက်မျိုးနဲ့တွေ့ဆုံ ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

:mrgreen:

 

ဟိုနေ့ကမှ သိရတဲ့ တဂျီးမွေးနေ့ အတွက်လည်း Happy Belated Birthday ပါ။
တဂျီး မွေးနေ့က Jack Daniel  ရဲ့ မွေးနေ့နဲ့ တူတူပဲ။ ဟိဟိ။

:-D

ဇီဇီ

About ဇီဇီ

ဇီဇီ has written 354 post in this Website..

CJ # 129120