ဟုတ်ကဲ့။

နောက် အလွဲတွေက တော့ ဆယ်လစ်ဗျစ်တီ အလွဲတွေပါ။

အဟွတ်။

ကေဇီနဲ့ ဆယ်လီဗျစ်တီ တွေနဲ့ ဖူးစာကံလွဲတယ်လို့တော့ မမှတ်ကြပါနဲ့။ ဟိဟိ။   :-D

 

ဖြစ်ပုံတွေက ဂလိုပါ။

Ricky Martin

Ricky Martin

မန်းလေးမှာနေတုန်းက ဘယ် ကဘာ့ ဖလားမှာတုန်းမသိ (Ricky Martin) ရစ်ကီမာတင် ဆိုသော သကောင့်သားလေးရဲ့ သီချင်းနဲ့ ဖွင့်တယ်ပေါ့ဗျာ။

စမြင်ဖူးကတည်းက မေးစေ့က ကွဲလေးရယ်၊ အပြုံးချိုချိုလေးရယ် ကိုလည်းသဘောကျ။

“ဂိုးဂိုးဂိုး၊ ဟားလေး ဟာလေး ဟာလေး” ဆိုတဲ့ သီချင်းမြူးမြူးလေးလည်း သဘောကျနဲ့ ကေဇီတို့ အင်မတန် ကြွေပါတယ်။

အဲလာ။ အဲလာ ၂၀၁ဝ မှာ သူ့ကိုသူ ဂေးပါလို့ပြောပလိုက်တာ။  :cry:

ကြိုက်တာကတော့ ကြိုက်တုန်းပါပဲ။ အနုပညာကို အားပေးသူပဲဟာနော့။ ကျန်တာ အရေးမကြီးပါဘူးလေ။ အာဟင့်!   :cry:

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Lance Bass

Lance Bass

နောက်ပြီး ဘွိုင်ဘန်း တွေ အရမ်းခေတ်စားတဲ့ အချိန်၊

အန်စင့် (N’Sync) မှာပေါ့။ လူကြိုက်များလှတဲ့ ဂျပ်စတင် တင်းဘားလိတ် ကို ကျော်ပြီး Lance Bass ဆိုတာလေးကို မြင်ပါတယ်။

ဒီမျက်စိက အဲဒီလို။

သူ့မျက်လုံးက ကြောင်မက်လုံးလေးလိုပဲ။ ချစ်ရှာလေး ဆိုပြီး သူ့ရဲ့ မကောင်းလှစွာသောတစ်ကားတည်းသော လည်း ရုပ်ရှင်ကို စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်စိတ်နဲ့ အားပေးခဲ့တာပါ။

အဲလာ အဲလာ။ ကေဇီ ကို အဲလို အားပေးတဲ့ မက်နှာမှ မထောက် ၂၀၁၁ မှာ သူ့ ကောင်လေးကို ထုတ်ကြွားတယ်လေ၊။ သူ့ကိုသူ့ ကြေညာထားတာ ၂၀၀၆ ကတည်းကတဲ့။ ကေဇီ တို့ နိုင်ငံတကာ သတင်းတွေ မလိုက်နိုင်တဲ့ အချိန်ဆိုတော့ သိလိုက်ဘူးပေါ့လို့။

အာဟင့်။   :cry:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Clay Aiken

Clay Aiken

 

နောက် တစ်ယောက်က ၂၀၀၃ အမေလိကန် အိုင်ဒေါ က Clay Aiken ဆိုတဲ့ တစ်ယောက်။

ကေဇီက အဲလို မက်လုံး ကြောင်ကြောင်လေးတွေ သိပ်သိပ်ကြိုက်တာနဲ့….. သီချင်းတွေ ရှာဖွေကြည့်ရင်း သတင်းတွေ နားစွင့်လိုက်တာ သူက …. သူကလေ …. ၂၀၀၈ ကတည်းက ကျေညာပြီးသားတဲ့ အရပ်ကတို့။

ဪ။ ကေဇီ !! ကေဇီ!!  နင် သိပ်ရွေးချယ်တတ်ပါလားရယ်လို့ ကိုယ့် ကိုယ်ကို ထုရုံမှ တပါးးးး   :cry:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Adam Lambert

Adam Lambert

 

ဒီ ရောက်ပြီးတော့ ၂၀၀၉ မှာ တစ်ယောက်တွေ့ပြန်ရော။

Adam Lambert တဲ့။ ရုပ်လေးရော အသံလေးရော ပြောစရာမရှိ။

အသက်လေးကလည်း ကိုယ့်ထက် ၁ နှစ်ပဲ ငယ်သဟဲ့ ပေါ့။

၂၀၀၉ အမေလိကန် အိုင်ဒေါမှာ အားပေးကြမ်းခဲ့တာ။ အာဟင့်။

အဲဒီမှာတင် သူက သူ့ကိုယ်သူ ဘာ ဆိုတာ တိတိကျကျပြောပြီးသားမို့ အိုင်ဒေါမှာ ပြုတ်သတဲ့ အရပ်ကတို့။

ကောင်းကြသေးရဲ့လားးးးး   :cry:

ခုထိ သူ့သီချင်းတွေတော့ လိုက်ရှာနားထောင်မိဆဲပါပဲ။

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

Wentworth Miller

Wentworth Miller

 

ခု ခု နောက်ဆုံး တစ်ယောက်ကတော့ဖြင့် ပရီစင် ဘရိတ် အတွဲပေါင်းများစွာကို စောင့်ကြည့် မက်လုံး စူးစူးလေးကို ရင်ခုန်ခဲ့ရတာ ၆ နှစ် ပေါ့။

အဲလာ အဲလာ ဟိုတလောက Wentworth Miller  ဆိုတဲ့ သူကလေးက ကြေညာလိုက်ပြန်ပြီကွဲ့ ကွယ်တို့။

:cry:

ပဂိုးဒါးးးးး

ကဘာကြီး ဘာတွေဖြစ်ကုန်ပြီတုန်းးးးးး

 

ကေဇီမျက်စိတည့်သမျှပဲ ခြောက်ကုန်သလားးးး

ခြောက်နေတဲ့ သူတွေပဲ ကေဇီ မျက်စိတည့်သလား ဆိုတာမစဉ်းစားတတ်တောင်ပါပဲ။

 

နောက် ရှိပါသေးတယ်။ မသေချာလို့ ဘာမှ မပြောရဲသေးလို့။ အာဟင့်။

:cry:

 

အတော် စိတ်နာနေသည်။ မေးမြန်းစုံစမ်းခြင်းသည်းခံပါ။

:cry:      :cry:       :cry:

About ဇီဇီ

ဇီဇီ has written 357 post in this Website..

CJ # 129120