သူ့ကို……………

စချစ်ခဲ့ရတာက ၂၀၀၁။
အရပ်ရှည်ရှည် လူပိန်ပိန်၊ နှုတ်ခမ်းမှာ ပြုံးပြီး မျက်လုံးမှာ မာန ရိပ် သန်းနေတဲ့ ကောင်လေးတစ်ယောက်ကို။

 

 

သူ့ကို……………

သနားပြီးပိုချစ်မိတာက ၂၀၀၃။

သူ့ဖြစ်ရပ်မှန် အသည်းကွဲ သီချင်းဆိုအပြီး စင်ပေါ်မှာ လဲကျသွားခဲ့တဲ့ ပုံရိပ်လေး။
အဲဒီ သီချင်းနောက် လိုက်လာတဲ့ အောင်မြင်မှု တရိပ်ရိပ်ကို အဝေးကနေ မုဒိတာပွါးပြီး ဝမ်းသာခဲ့ရ။

ရော့(ခ) သီချင်းမှ ကြိုက်ခဲ့ကြတဲ့ ရွယ်တူ သူငယ်ချင်းတွေကြား လူစွဲ နဲ့ သူ ဆိုတဲ့ ဟစ်ဟော့တွေ ခိုက်တော့ သူငယ်ချင်းတွေက တအံ့တဩ။
“”ဟစ်ဟော့မစစ်ဘူး””၊ “”ကော်ပီတွေပါ”” ကဲ့ရဲ့သံကြားက သူ့ကို ချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ အပြုံးမပျက် ထွက်သမျှအခွေ ဝယ်ပြီး နားထောင်ခဲ့။

 

သားဦး အင်္ဂါသားဖြစ်တာလေးကိုလည်း ချစ်တယ်။ :mrgreen:
ရိုးသားသယောင် အကြည့်တွေကိုလည်းချစ်တယ်။ :mrgreen:
ငါးပေ ကိုး ဆိုတဲ့ အရပ်အမောင်းကိုလည်းချစ်တယ်။ :mrgreen:
ယဉ်ကျေးဖွယ်ရာ ဆိုတတ်တဲ့ စကားသံတွေကိုလည်း ချစ်တယ်။ :mrgreen:
နူးညံ့တဲ့ သီချင်းစာသားတွေကိုလည်း ချစ်တယ်။ :mrgreen:
အပေါင်းအသင်းဆို အောင်မြင်စေချင် စင်တင်ပေးချင်တဲ့ စိတ်ထားလေးကိုလည်း ချစ်တယ်။ :mrgreen:
လူအများ ယစ်မူးတဲ့ အောင်မြင်မှုလမ်းကြောင်းမှာ မယိမ်းယိုင်ပဲ ရှေ့ဆက်နိုင်တဲ့ ပါးနပ်မှုကို ချစ်တယ်။ :mrgreen:
သူတို့ လောကသားအချင်းချင်း တိုက်ခိုက်တဲ့အထဲ မပါဝင်ပဲ နေတတ်တဲ့ စိတ်ဓာတ်လေးကိုလည်းချစ်တယ်။ :mrgreen:
ယောင်္ကျားလေး အချင်းချင်း မနာလိုရလောက်တဲ့ အောင်မြင်မှုနဲ့ စန်းကို အချိန်ကြာကြာထိန်းနိုင်တဲ့ ဉာဏ်ရည်ကိုလည်း ချစ်တယ်။ :mrgreen:
ကုန်ကုန်ပြောရရင် သူခေါ်တဲ့ “မဆွိ” ဆိုတဲ့ ခေါ်သံကို ဘယ်သူ့ ခေါ်သံနဲ့မှ ယှဉ်လို့ မရအောင် ချစ်တယ်။ :mrgreen:

 

(ဒီစာက သူ့ကို အလကားနေရင်း ပုတ်ခတ်နေသောသူများကို တောက်မြင်ကတ်၍ ရေး၏။)

:harr:  :harr:  :harr:

 

About ဇီဇီ

ဇီဇီ has written 357 post in this Website..

CJ # 129120