အသဲလေး လက်စွမ်းပြမဲ့ KZ’s ထမင်းဆိုင်

ဇီဇီSeptember 16, 20131min35665

ညင်းညင်းးးး ညင်းးးးးးးး   😀

ဒီတစ်ပတ် လက်စွမ်းပြမဲ့ စားဖိုမှူးက ဘယ်သူတုန်းသိလားးးးးးးး ဘယ်သူ ရှိမတုန်းးးးးးး

အသဲလေးပေါ့။ အသဲလေးးးး။

ကျနော့ အခေါ် မွသဲ။

အများ အခေါ် မသဲ

ရွာ နာမည် တီအန်အေ  ဆိုတဲ့ မသဲနုအေးဖြစ်ပါတယ်။

မီးဖိုထဲမှာစကား တပြောပြောနဲ့ချက်သွားတာများ ကျွမ်းကျင်ချက်။ နောက်မုန့်ဆိုင်ဖွင့်မှ ထပ်ခေါ်ဦးမယ်။

:mrgreen:

 ~~~~~~~~~~~`

 ခိုင်ဇာရေ အိမ်မှာချက်လေ့ရှိတဲ့ဟင်းတွေထဲကစီပြီးအစပ်အဟပ်တည့်မယ်ထင်တာလေး တွေ ချက်မလားလို့ဟေ့။ အိမ်မှာကဆီပြန်စားလေ့မရှိတော့ စားလေ့ရှိတာလေး ချက်ဖြစ်မယ်ထင်တယ်။။  အစပ်အဟပ်မတည့်ဘူးထင်ရင်အတွဲတွေပြင်လိုက် သိလားညီမလေး။  အမဟင်းတွေကတော့ ပေါ့ရွှတ်ရွှတ်တွေ။ အပေါ့အငံအတွက်တော့ လာမြည်းလိုက်ဦးနော်။ တော်ကြာ လာစားတဲ့သူတွေ အရသာမရှိမှာစိုးလို့။

ရပါတယ် အမရေ။ ဘာတွေ ချက်မယ်လို့ စိတ်ကူးထားလို့တုန်းးး၊

 

 တနင်္လာ နေ့ အတွက်

 ငါးကြင်းကို အာလူးလေးခံ ရှောက်ရွက်ကလေးအုပ်၊ ရေနွေးငွေ့နဲ့ အချိုလေးပေါင်း မလားလို့။

 ပဲပြားကို လည်း အငံအစပ်ကလေးပေါင်း ၂ ပေါင်းပေါ့ ညီမရယ်။

ကောင်းပါတယ် အမရယ်။ ခုတလော ပေါင်းတဲ့ သီတင်းတွေ ကြားနေရတာနဲ့ အတော်ပဲ။ ဟိဟိ။

 ချဉ်ပေါင်ရွက်နဲ့ ခရမ်းသီးကို ပျစ်ပျစ်ကလေးအရည်သောက်ချက် ပြီးတော့မှ  ရုံးပတီသီးကို ကြက်ဥလေးနဲ့ခြောက်ခြောက်လေး ကြော်မယ်။

 ဒူးရင်းသီးလေးအချိုတည်း ကောင်းဘူးလားးးးး

ကောင်းမှကောင်းးးးး

 ~~~~~~~~~~~~~~~~~~~~~~~~~~

 

 အင်္ဂါ နေ့ကို ကျတော့

 ဗမာကြက်ကို ဗူးသီးနဲ့ အရည်လေးနဲ့ပြွန်း ချိုချို သောက်စမ်းလေးပေါ့။

ငံပြာရည်ချက် တို့စရာအစုံ ( ဒညင်းသီး၊ ရှောက်ရွက်၊ သခွားသီး၊ ရုံးပတီသီး၊မုန်ညင်း စိမ်း၊ မုန်လာဥ ) ကို တို့စရာ စဉ်းစားထားတယ်။

ပြောင်းဖူးကြော် မယ်။ မုန်ညင်းချဉ်ကိုပဲပြားနဲ့ ကြော်မယ်။

ရှောက်ပျားရည် ဖျော်ပေးမယ်။

 ဂွတ်ထ အမရေ ဂွတ်ထ။

 ~~~~~~~~~~~~~~~

 

ဗုဒ္ဓဟူးကျတော့ရောဟင်???

 ငါးဖယ်ကို ဥနီလေးနဲ့လုံးကြော် မယ်လေ။

 အွန်းးးးး ဥနီ ဆိုတာ ခါချက်ဥ/ မုန်လာဥနီကို ခေါ်တာဖြစ်ကြောင်းတော့ ခရစ်(စ) လေးကို ကြိုပြောထားဦးမှ အမရေ။

 ကျောက်ပွင့်ကိုချိုချိုချဉ်ချဉ်လေးသုတ် နဲ့  ပဲနီလေးနဲ့ကြာဇံဟင်းချိုပျစ်ပျစ်လေးချက် ဆိုရင် လိုက်ဖက်မှာပဲ။

ညီမ ကြိုက်တဲ့ ပုဇွန်ခြောက်အစပ်ကြော်လေး အပိုဆောင်းလိုက်မယ်။

ပြီးမှ သင်္ဘောသီးဖျော်ရည် ပျစ်ပျစ်ကလေးဖျော် တိုက်လိုက်ကြမယ်။

ဒါမှ တို့ မွသဲ။  :mrgreen:

 ~~~~~~~~~~~~~~~~~~~~

 

 ကြာသာပတေးကျတော့ အရသာနည်းနည်း ပြင်းပြင်းရှိတာလေးတွေချက်မလားလို့။

 ဘာမျိုးတုန်း အမရေ…..

 ငါးခူကိုကြက်သွန်နီနဲ့အကြွပ်ကြော် လိုက်မယ်ကွယ်၊။  ရွှေဖုရုံသီးကိုပင်စိမ်းလေးအုပ်ပီးခြောက်ခြောက်လေးချက် အရမ်းမွှေးတာရယ်။

 ကန်စွန်းရွက်ချဉ်ရည်ဟင်း ဆမ်းစားလေးနဲ့ ငရုတ်သီးစိမ်းကိုကြက်သွန်ဖြူနဲ့ထောင်းထားတဲ့ စပ်စပ်လေး ဆို ကြာသပတေးနေ့လူဝင်များလိမ့်မယ်ထင်တယ်။

အစပ်ပြေ ဖရဲသီးကို အဖတ်မပါအောင်အရည်စစ်ဖျော် မယ်လေ။ ကောင်းဘူးလားးးးး

ကြာသပတေးနေ့ မြန်မြန်ရောက်ချင်လာသလိုပဲ။   😀

 ~~~~~~~~~~~~~~~~~~~~~~~~~~~

 

အမလေးးး  သောကြာနေ့ကိုလည်း ကြည့်လိုက်ပါဦးလေ။

 ကြက်ဥကို ကိုးရီးယားလိုလိပ်ကြော် မယ်။

အွန်။ အဟင့်။ ဟင်းချက်နည်းတွေ မေးရင် မွသဲဖြေပေးနော်။ 

အင်းပါကွဲ့။ ပြီးတော့ အိမ်မှာလုပ်ထားတဲ့ ငါးကြင်းကျောက်ဖိအငံလေးကို ခရမ်းချဉ်သီးလေး ငြုတ်သီးစိမ်းလေး နဲ့ နံနံပင်လေးအုပ်ချက် မယ်။

ဒညင်းသီးတို့ မယ်။

ခဝဲသီးကိုကြာဇံနဲ့ ဟင်းချိုချက် မယ်။

ပဲပင်ပေါက်ပဲပြားကြော် မယ်။

အအေးကတော့ နာနတ်သီးကိုအဖတ်မပါအောင်အရည်စစ်ဖျော် ပေးမယ်။

ဒညင်းဝက်တို့ ကဗျာ အဖွဲ့ကို အဲ့နေ့ လာစားခိုင်းရမယ်။ သူ့ အမျိုးဟင်းပါတယ် ဆိုတော့။ အဟိ။

 ~~~~~~~~~~~~~~~~~~~~~~~~~~

 စနေ ကတော့ ရုံး ပိတ်တဲ့သူတွေ မနက်စားလို့ရအောင် ဒီတစ်ပတ်လည်း စီစဉ်ပေးမလားလို့။

 မနက်စာကို ဆန်ကြာဇံသုတ် လုပ်မယ် … အာလူးပဲပြားလေးနဲ့ အချိုအချဉ်လေး သုတ် မယ် ….

ကော်ဖီ ပေးမယ်လေ။

 

 နေ့လည်စာကို  ယိုးဒယားကြက်ဆီထမင်းချက် မယ်။ မွှေးမွှေး လွယ်လွယ်လေးရယ်။ ကျောက်ဖရုံဟင်းချိုလေး နဲ့ လိုက်တယ်။

 နှင်းပုလဲဖျော်ရည် ပေးမယ်။

 

ကောင်းတယ် အမ၊။ ပြီးမှ အမဆီက ချက်နည်းလေး မေးဦးမှ။

 ရတယ်လေ။ ပြောပြမှာပေါ့။

 ~~~~~~~~~~~~~~

 

 တနင်္ဂနွေ မနက်စာ ကိုတော့  ဝါးပလောက်သောက်မုန့်ဟင်းခါးချက် မယ်………

 ပဲကြော်၊ ဘဲဥ၊ ငါးဖယ်၊ ဘူးသီးကြော် တို့ နဲ့ တွဲစားးးးး

ဟင်။ အဲဒီ မွင်းဂါး တစ်ခါမှ မကြားဖူးဘူးးး ပြီးရင် သေချာပြောပြဦးနော်။

အေးပါအေ။ ရက်ကုန်အောင် စဉ် ပါရစေဦးးးးး

နေ့လည်စာတော့  နတ်သုတ်ဓါချက် မယ်လေ။

 အင်းးးး အဲဒါတော့သိတယ်။ ကျနော်တို့ဆီမှာ သီးစုံဒန်ပေါက်လို့ခေါ်တာ။

တွဲဖက်စားဖို့…….

 ကြက်သားချက် မယ်….

 ချဉ်ပေါင်ဟင်းရည်ချက် မယ်….

 ငပိကြော် မယ်….

 သခွားသီး၊ ဥနီ၊ မုန်လာဥ သနပ် လုပ်မယ်….

 အအီပြေ သံပုရာရည်ဖျော် ပေးမယ်လေ။…..

 နောက် ဘာထပ်ဖြည့်ချင်သေးတုန်းးးးး

 

မလိုတော့ဘူးးးး ဒါဆို ဒီ တစ်ပတ် အတော်ပြည့်စုံသွားပြီ။ ဘယ်လိုချက်တုန်း မေးရင်သာ မွသဲ လာဖြေပေးပါနော်။

~~~~~~~~~~~~~~~~~~~~~~

ကဲ။
ဒီ တစ်ပတ်စာတော့ စဉ်ပြီးသွားပြန်ပေါ့။
အဆင်ပြေတဲ့နေလာစားပြီး အရင်တစ်ပတ်က အကြွေးလေးတွေလည်း ဆပ်သွားကြဦးနော်။
ဟိ။

ကေဇီကတော့ နောက်တစ်ပတ် ဘယ်သူ့ ကို မီးဖိုချောင်ထဲ သွင်းရမတုန်း စဉ်းစားလိုက်ဦးမယ်။

 

:kwi:

 

65 comments

  • Wow

    September 16, 2013 at 9:31 am

    မွသဲတို့အိမ်မှာ တစ်လလောက်ဧည့်သယ်လာလုပ်လို့ရမားဟင်င်င်င်…. :mrgreen:

    • KZ

      September 16, 2013 at 2:42 pm

      ဟိ၊။ ဒီ ထမင်းဆိုင်မှာ ချက်လိုက်တာ မွသဲ ထီပေါက်ပြီ။

      :mrgreen:

    • TNA

      September 17, 2013 at 9:18 pm

      ဧည့်သည်လာလုပ်ရပါတယ်။ လာခဲ့ ဟီဟိ

  • surmi

    September 16, 2013 at 9:39 am

    အဟမ်​းးးးး…..
    ဒီမယ်​ ​ဒေါ်သဲနု
    ခင်​ဗျား​နေတဲ့​နေရာက ကျုပ်​နဲ့ ဆိုရင်​ ​လေးဂွ တပစ်​စာ​လောက်​ပဲ​ဝေးတယ်​ …
    ဒီအတိုင်​းဆို ​နေ့တိုင်​းဧည်​့သည်​လာလုပ်​လို့ရပြီ 🙂

    • TNA

      September 17, 2013 at 9:20 pm

      လာခဲ့ကိုဆာမိ ဟိုနေ့ကဟိုအတွဲတော့ လာကြွားသွာပီ ညကြီးလာတာမို့ တယောက်ပဲမြင်တယ် ဟီဟိ ( ဟိုလူရီးမရှိတုန်းပြောရတာ )

  • MAUNG

    September 16, 2013 at 11:25 am

    ဗိုက် ဆာဆာ နဲ့ရွာထဲ ရောက်လာတာ၊ ဟင်း ပွဲတွေမြင် ပြီးပိုဆာသွားပြီ ။ ကြာသပတေး နေ့ ဟင်း အကြိုက် ဆုံးဘဲ ။ 🙂

    • KZ

      September 16, 2013 at 2:41 pm

      ဟုတ်တယ်။ အဲဒီ ဟင်းစပ် အကြိုက်ဆုံးပဲ။
      🙂

    • TNA

      September 17, 2013 at 9:20 pm

      အဲဒါမြန်မာဟင်းတွဲလေးပေါ့

  • surmi

    September 16, 2013 at 11:30 am

    တစ်​ခု​လောက်​​ပြောချက်​တာ​လေးက ………
    ဟင်​းချက်​နည်​း​တွေပါ အကျဉ်​း​ရေး​ပေးပါလား …
    တစ်​ချု့ိဟင်​း​တွေက မစားဖူး မချက်​ဖူးတာ​တေွရှိနိုင်​ပါတယ်​

    • KZ

      September 16, 2013 at 11:34 am

      အမငိ။
      ဦးဆာ။ ဒါ အနော့ကို ချောက်ချတာဖစ်တွားဘီ။
      အားဂျီးများဂျီးးးး ချက်တတ်ဘူးလို အစ ပို့(စ) မှာ ဝန်ခံပြီးမှ ရေးထားတယ်လေ။ 😀

      နည်းသိချင်ရင် စားဖိုမှူးတွေကိုမေးနော်။
      သူတို့ဖြေမှာ။

      ကျနော့အလှည့်ကျလည်း ကျနော်ချက်တတ်တာပဲ တင်မှာ။ အေးရော။ ဟိဟိ 🙂

    • TNA

      September 17, 2013 at 9:22 pm

      ဟုတ်ကိုဆာမိ သိချင်တဲ့ဟင်းတွေပြောပြလေ။ ချက်နည်းကို ကေဇီဆီပို့လိုက်မယ်. ကျွန်မကွန်နက်ချင်မကောင်းလို့။ သူပိုစ့်တင်ပေးလိမ့်မယ်။

  • awra-cho

    September 16, 2013 at 12:33 pm

    အခု ထမင်းစားနေရင်း ဖတ်နေတာ ဟင်းမကောင်းတာနဲ့ ကွက်တိပဲ
    ချက်နည်းလေး ပါရင် အကုန်မဟုတ်တောင် တမျိုးလောက် ပုံမှန်ထည့်ပေးပါလား ချက်ကြည့် ချင်လို့ပါဗျ

    • KZ

      September 16, 2013 at 12:40 pm

      အာဟင့်။
      စားဖိုမှူးမနိုးသေးဝူးးးး
      ဘယ်ချက်နည်းသိချင်သတုန်းဗျ။
      သူလာရင် ပြောပြလိမ့်မယ်။
      ဟိဟိ!!
      😀

    • TNA

      September 17, 2013 at 9:23 pm

      သိချင်တဲ့ဟင်းထမင်းဆိုင်ပိုင်ရှင်ဆီပို့ထားပါ။ ချာဖိုမူး ရေးပေးပါမည်။

  • ခင် ခ

    September 16, 2013 at 2:19 pm

    ကြာသပတေးနေ့ ဟင်းစပ်ကလေးကို နှစ်သက်ပါ၏။
    ပြီးခဲ့တဲ့ ဟင်းစပ်ပိုစ့်ရော အခုပိုစ့်ရော Copy / Save ကျွန်တော်လုပ်ယူထားပါကြောင်း ခွင့်ပြုလိမ့်မည်ဟုယူဆကြောင်း၊ ထိုCopy / Saveအား တဆင့်ပြန်လည်ရောင်းချခြင်း၊ ဖြန့်ဝေခြင်းမျိုး လုပ်ဖို့ မဟုတ်ပါကြောင်း၊ နောင်တစ်ချိန် အလုပ်ပင်စင်ယူလို့ထမင်းဆိုင်လေးဖွင့်ပြီး ဝမ်းစာရှာရရင် အသုံးပြု ချင် ပြုရအောင် ဖြစ်ပါကြောင်း၊ ကျေနပ်နိုင်ဖွယ်မရှိလျှင် ထိုဆိုင်ဖွင့်သည့်အခါ ပိုစ့်ပိုင်ရှင်တစ်ဦးအား တစ်လစာ ထမင်းအနပ် ၆ဝ အလကားမတ်တင်းကျွေးပါမည်။

    • KZ

      September 16, 2013 at 2:39 pm

      ဟိဟိ။
      ဆိုင်ဖွင့်ရင်သာ အကြောင်းကြားပါ။
      ရောက်ရာအရပ်က အပြေးပြန်လာပါ့မယ်။

      :mrgreen:

    • TNA

      September 17, 2013 at 9:13 pm

      ကောင်းပါလေ့ကောင်းပါလေ့ လာချားမယ်နော်

  • Mahar Myanmar

    September 16, 2013 at 2:26 pm

    မြန်မာဘီယာ လည်း တစ်ပါတ်စာ
    ဟင်း တွေ ကို အလုပ်တွေ မရှိ ပျင်းရိတဲ့ ကြား က
    မလုပ်ချင် လုပ်ချင် နဲ့ စီစဉ်နေတာ မို့… ဟင်းလျာ တွေ ပြီးစီး တဲ့ အခါ ..
    တစ်ပါတ်စာလာ ချက် ပေး ပါ့ မယ်… ကျုပ်ကတော့ ယမကာ သမား များ အတွက် ပါ ..
    လိုလေး သေး မရှိ ပြင်ဆင် ပေး မှာ ပါ… အခု တော့ မပြီး သေး လို့
    ဒေါ်ကေဇီ ပလိစ် ဝိတ် ပါ နော်…
    စာဖိုမှူး တွေ ကျုုပ်ထက် ပျင်း ကြတယ် နော်..
    တစ် နေ့ ကို ဟင်း က …မနက် စာ … ည စာ
    အတူတူ စားရမဲ့ ကိန်း ပဲ.. ဘရိတ်ဖတ်စ် နေ့လည်စာ နဲ့
    ညနေစ ဆို ပြီး လုပ်ပေး ပါဗျ….
    မနက် က ဟင်း ညနေ စား ရမယ် ဆို ..ကျုပ် က
    စိတ်ကောက်တတ် တယ် နော်…

    ခင်တဲ့
    မဟာမြန်မာ

    • KZ

      September 16, 2013 at 2:37 pm

      စောင့်မျှော်နေပါတယ်။
      မဟာလေး လာချက်ပေးနိုင်မဲ့ ရက်ကို။
      ယမကာ ကိုကို တွေ ရော ပေါ့။
      😀

      မနက်/ည ဟင်းထပ်လို့ မစားချင်တဲ့သူတွေ ကို သာမီး သိပ်မုန်းတာပဲ ဂျီးတော်။
      :kwi:

  • sorrow weaver

    September 16, 2013 at 2:37 pm

    ဝက်သားလဲပါဘူး …အဟင့်

    • KZ

      September 16, 2013 at 2:40 pm

      အဲလာဆို နောက်တစ်ပတ်မှ လာခဲ့။
      ဝက်သားချက်မဲ့ လူဂျီး က နောက်တစ်ပတ်မှ ပြန်လာမှာ။

      😀

    • TNA

      September 17, 2013 at 9:24 pm

      ကျန်းမာရေးနှင့်ညီညွတ်သောဟင်းများသာဖြစ်ပါဂျောင်း ( ဟီဟိ သများဝက်တားမချားလို့ဘာ ) နောက်တခါဝက်သားနှင့်တင်ပါမည်

  • ဗုံဗုံ

    September 16, 2013 at 3:38 pm

    အိမ်း..မှတ်သွားပြီးတော့ အချစ်ဆုံးကို ချက်ကျွေးအုံးမှ…
    အမေ့ကို ပြောတာပါ…. :mrgreen:

    • KZ

      September 16, 2013 at 3:52 pm

      အွန်! ယုံဘူးးးး
      ဗုံလေး ဟင်းချက်တော့မယ်ဆိုတာ သီတင်းကျွတ်တော့မှာမို့လားးးး
      :mrgreen:

  • ဖတ်မိတာမှား ..ပြီ
    ပါးစပ်မှာ သွားရည်ကျလို့ စားချင်တာ မစားရတဲ့ ဘွ ပါလားနော် ..
    အဲလိုများ နေ့တိုင်းချက်ကျွေးမယ့်သူရှိရင် အားပါးတရ နေ့တိုင်းစားချင်ကြောင်း..

    • KZ

      September 16, 2013 at 3:53 pm

      အဟင့်။
      အနော်လည်း အွန်လိုင်းမှာ စိတ်ကူးနဲ့ စားနေရသူပါ။
      😥

  • kyeemite

    September 16, 2013 at 4:04 pm

    အော်…ဟော်
    ထမင်းချက်ငှားထားတာကိုး
    တတ်လည်းတတ်နိုင်တဲ့ ကေဇီကဗျာလွတ်ပဲ… 😀

    • KZ

      September 16, 2013 at 4:25 pm

      ရွာထဲက နာမည်ကျော် စားဖိုမှူးတွေကူညီတောင်းထားတာပါ မိုက်မိုက်ရယ်။

      တစ်ပတ်က နေ ၂ ပတ် လောက်မှာ အကြံဉာဏ် မထွက်နိုင်မှာစိုးလို့။

      😀

  • Mr. MarGa

    September 16, 2013 at 5:14 pm

    တစ်ပတ်စာ ဟင်းစပ်
    အကုန်လုံး ကြိုက်စ်
    နောက်ရက်ကစပြီး
    ဒီထမင်းဆိုင်မှာ လပေးနဲ့ စားမယ် :mrgreen:

    • KZ

      September 17, 2013 at 7:51 am

      ပိုက်ပိုက်အရင် ရှင်းပေးပါ တဂျားမင်းးးး 😀

  • ကျော်စွာခေါင်

    September 16, 2013 at 10:12 pm

    kz
    အင်္ဂါနှင့် ကြာသပဒေးတွင်… ထမင်းလာစားပါမည်..
    တခါမှ မဆုံဘူးသောကြောင့် လူနှင့် နာမည် တွဲပြီးသိစေရန် အစိမ်းရောင် အုန်းလက်ကြီး ထမ်းပြီး ဆိုင်ထဲအထိ ဝင်လာမည်…။
    လမ်းကြောင်းရှင်းရန်လိုအပ်မည်ထင်လျှင် ကြိုတင် ရှင်းထားပါ…။
    အုန်းလက်က တော်တော် ကြီးပါသည်..။



    ဟွန် ့ ့ ့ လူဂိုများ…စိမ်းစိမ်းကားကား အုန်းလက်ကြီး တဲ့။

    • KZ

      September 17, 2013 at 7:55 am

      ဟိဟိ။
      စိတ်မဆိုးပါနဲ့။
      ဒီလိုမှ မပြောရင် ဆိုင်ကို ဘယ်လာပါ့မတုန်းးးးး
      အုန်းလက်ကြီး ယူခဲ့စရာလိုပါဘူးးးး
      ပန်းချီကားလေး တစ်ချပ်လောက်ဆိုရပါတယ်။ ခွိ
      :kwi:

    • TNA

      September 21, 2013 at 2:29 pm

      ရွာသားကြီး နာမည်ရင်းနဲ့ရုပ်ဖျက်လာတယ်ထင်ပါ့။

  • Crystalline

    September 17, 2013 at 8:49 am

    အတဲလေးရဲ့ဟင်းစပ်တွေထဲ မစားဖူးတာတွေတော်တော်ပါတယ်.. ဆိုင်ထဲဝင်ပြီးဟင်းတွေခပ်မြည်းသွားပါသီရှင့်.. အကြွေးရမယ်ဆိုရင်.. နှစ်ပေးနဲ့စားချင်ပါသည် 🙂

    • KZ

      September 17, 2013 at 9:01 am

      ခရစ်(စ) သာလာစားရိုးမှန်ရင်
      ဆိုင် လူစည်မှာမို့ ဝမ်းမြောက်ဝမ်းသာကြိုဆိုကြောင်းပါ။ 🙂

  • အဘ ဖားသက်ပြင်း

    September 17, 2013 at 8:56 am

    တောက်ခ်.

    ဆောက်ကိုရီးယားကင်မချီခေါက်ဆွဲခြောက်ပြုတ်သောက်ရင်းမန့်သည်.

    • KZ

      September 17, 2013 at 9:00 am

      အွန်။
      နာ လည်း ဒီ ပို့(စ) ကို ပါမုန့်လေးကိုက်ရင်းရေးရတာပဲ။
      ဘွဘွ။
      ငပိကြော်လေးတောင်မပါတဲ့ ပါမုန့်။
      😥

  • Ma Ma

    September 17, 2013 at 10:30 am

    ဟင်းစပ်တွေဖတ်ပြီး ချက်စားချင်စိတ်ထက် ဧည့်သည်လုပ်ချင်စိတ်သာ ပေါက်လာတော့တာပဲ။ :kwi:
    အကြွေးစာရင်းကိုတော့ ပေါင်းသာမှတ်ထားလိုက်ပါ။
    ကြုံတော့ပေး တွေ့တိုင်းတောင်းပေ့ါ။ :loll:

    • KZ

      September 17, 2013 at 10:42 am

      ဟိဟိ။
      မွသဲ တော့ ဇာတာတက်လာပြီ။

      😀

  • Ma Ei

    September 17, 2013 at 1:35 pm

    အသဲလေးလက်စွမ်းပြထားတဲ့ KZ’s ထမင်းဆိုင်မှာ
    စားဖိုမှုး လက်ရာစုံ ဟင်းတွေကောင်းသတဲ့ …
    စားချင်ရာစား၊ စားချင်သလောက်စား
    လပေး၊ နောင်ခါပေး၊ ကြုံမှပေး လဲ ရောင်းသတဲ့….
    ရောင်းကောင်းအောင်ကြော်ငြာပေးလိုက်ပါတယ်…
    🙂

    • KZ

      September 17, 2013 at 1:40 pm

      ဟိဟိ၊.
      ကျေးဇူး အားဂျီးတင်ပါတယ် မွအိ။
      :chit:

  • အရီးခင်

    September 17, 2013 at 2:42 pm

    မြင်သာမြင်ရ မကြင်ရတဲ့ ဘွ။
    မသဲ ကို ဘူသူပိုင်ထားတာလဲ။
    မနာလိုဘူးဟေ့။ 😉

    Ingredient တစ်ချို့ (May be အများစု) မရနိုင်ပေမဲ့ လဲ အနည်းဆုံးတော့ ဘာချက်သင့်တယ် ဆိုတဲ့ ဟင်းတွဲလေးတွေ ရသမို့ အင်မတန်ကောင်း တဲ့၊ စေတနာပါတဲ့ Post လေးပါ။
    စီစဉ်သူ ကေဇီလေးရော၊ အားဖြည့်သူ မွသဲ ကိုပါ ကျေးကျေးပါ။
    😛

    • KZ

      September 17, 2013 at 2:49 pm

      ဟိ။
      ရေးနိုင်တုန်းးး အားတုန်းးးး ရေးနေတာ ပါ အရီးရေ။
      ခွိ။
      အကြံကုန်ရင်တော့ နောက် ဆားတစ်မျိုး ထပ်ချက်ရမှာပေါ့။

      မွသဲ ပိုင်ရှင်ကတော့ အတော်ကံကောင်းချက်။

      😀

    • TNA

      September 17, 2013 at 9:28 pm

      ဟီး ပိုင်ချင်အသေးရော ပိုင်ချင်နောက်ပေါက်ကလေးရောကြည့်လျှင်သိနိုင်ဘာဂျောင်းအရီးလတ်ရေ။ အိုဗာဝိတ်တွေဖစ်နေဘာဂျောင်း။ ဟီဟိ ကြွားစ်းဒါ

  • TNA

    September 17, 2013 at 9:11 pm

    ဟီဟိ ကွန်နက်ချင်မကောင်းလို့ကောင်းတဲ့နေရာရောက်မှ ကိုယ့်ထမင်းဆိုင်ကိုယ်လာကြည့်ရတယ်။ စားလို့ကောင်းမဲ့ပုံပဲနော် ဟီဟိ

    • KZ

      September 18, 2013 at 8:04 am

      ချစ်ဖို့ကောင်းတဲ့ မွသဲ။
      စားဖိုမှူးကြီး အနော့ ကို ပစ်ထားပြီမှတ်နေတာ။
      ဟီးးးးးး
      ရီပလိုင်းတွေ အတွက် ကျေးဇူးတင်ပါတယ်။
      :chit:

  • TNA

    September 17, 2013 at 9:26 pm

    ဇဂါးမစပ် ဝါးပလောက်သောက်မုန့်ဟင်းခါးကလေ ပဲမှုန့်မပါပဲ ဆန်မှုန့်နဲ့ချက်တာတော့။ နာလဲအထုမှချားဖူးတာရယ်။ တော်တော်ကောင်းတယ်။

  • ဦးကြောင်ကြီး

    September 18, 2013 at 8:12 am

    အသဲလေးကေဇီ
    ပုလဲဖွေးနေခြည်
    သရဲမွေးဒေဝီ
    ခမဲပေးသွေဖီ..။

  • အဘ ဖားသက်ပြင်း

    September 18, 2013 at 8:13 am

    မားဂီ လောက်ပဲ အချက်ကောင်းအုံးမလား …
    မားနော်. …နေ့တိုင်း ခေါက်ဆွဲပြုတ်တယ်
    အစပ်အဟတ်အရသာက အမြဲတမ်း တည့်နေတာချည်း..
    ဂလောက်ကောင်းတဲ့ လက်ရာ စိအူးမလား…
    ငိငိ..
    ကော်ဖီမစ်ဖျော်လည်း အင်မတန် လက်မှန်တာ..
    ရှားဒယ် … ရှားဒယ်…
    ဒါတောင် ရေခဲရိုက်ထားတဲ့ ဖက်ထုပ်တွေ ပေါက်စီတွေ ပီဇာတွေ
    ထည့်မကြွားရသေးဝူး…
    ဟင့်…။

    • KZ

      September 18, 2013 at 8:18 am

      မားးးးး
      တစ်ပတ်လောက် စားဖိုမှူး လက်စွမ်းပြပေးမားးးးဟမ်??
      <3

  • weiwei

    September 18, 2013 at 1:29 pm

    အခုတလော ခံတွင်းပျက်နေလို့ ထမင်းဆိုင်ကို အရင်ဆုံးဝင်လိုက်တယ် ..
    စားဖိုမှူးနဲ့ အိမ်နီးနားချင်းတွေဆိုတော့ အတော်ပဲ …
    ထမင်းချိုင့် နေတိုင်း ယူမယ်ဗျို့ …………. 🙂

    • KZ

      September 18, 2013 at 1:35 pm

      ဝေ ရေ။ ဝေ ရေ။
      ကူပါဦးလေ။
      :chit:

      • weiwei

        September 18, 2013 at 1:57 pm

        ဝါသနာက မနေဘူးဆိုတော့ စဉ်းစားလိုက်အုန်းမယ် …
        စဉ်းစားလို့ပြီးရင် အကြောင်းကြားလိုက်မယ်နော် …

        • KZ

          September 18, 2013 at 2:06 pm

          ဟိ။
          ချစ်စရာ ဝေလေးးးး
          စဉ်းစားပြီး အဖြေပေးနော်။

          :chit:

    • TNA

      September 21, 2013 at 2:28 pm

      မဝေလက်စွမ်းပြမွှလာချားအုံးမယ်။ အိမ်နီးချင်းချိုဒေါ့အကြွေးလဲရမယ်ထင်ပါ့။ ဟီဟိ

  • ခင် ခ

    September 18, 2013 at 8:58 pm

    ရေတွက်ကြည့်တာ၄ဝခုဗျ
    အံမခန်းပါဘဲလေ
    နီလည်းနီနိုင်ကြပါပေ့

    • TNA

      September 21, 2013 at 2:31 pm

      နီချက်ကတော့ခွက်ခွက်လန်ပဲ ကိုခင်ခရေ။ နီလဲနီနိုင်ကြပါပေတယ်

  • တိဘာဘူး မွားဆွိရှက်တာမှတ်လို့(တောင်ငူလေသံနှင့်)
    ပီးဒေါ့မှ မွသဲရှက်တာကိုးးးး
    ဘူဘဲရှက်ရှက် အပီဆွဲဂျင်တယ်
    :mrgreen:

    • KZ

      September 22, 2013 at 11:50 am

      တို့ အရမ်းရမ်း ရှက် တတ်တာ သူ သိသားနဲ့ကွယ်။
      :mrgreen:

  • ကိုရင်စည်သူ

    September 22, 2013 at 4:20 pm

    ကျော့် သင်္ဘောမလိုက်တော့ဘူး မဆွိစ်…
    ဒလလှေဆိပ်မှာ ကျော့် ထမင်းဆိုင်လေးဖွင့်မလို့..
    အဲ့ဟင်းချက်နည်းတွေကို သေချာသင်ပေးခဲ့ပါလား..
    စလုံးထိုင် မြန်မာမှု လက်ရာဆိုပီး ဟင်းပွဲရောင်းချင်းလို့ဗျာ.. :mrgreen:

    • TNA

      September 22, 2013 at 5:08 pm

      ဒလသင်္ဘောပေါ်လိုက်ချက် ပိုကိုက်သကွဲ့

  • ရွှေမိုးတိမ်

    October 23, 2013 at 4:11 pm

    ခရမ်းသီးနဲ့ ချဉ်ပေါင်အရည်သောက်ချက်တာ ၊ ငါးကြင်း အာလူး ရှောက်ရွက်ပေါင်းတာ ၊ မုန်ညှင်းချဉ်နဲ့ပဲပြားကြော်တာ ၊ ရုံးပတီသီးနဲ့ ကြက်ဥကြော်တာ အပါအဝင် တစ်ခါမှ မစားဖူးတဲ့ အထူးဆန်းဟင်းလေးတွေ အများကြီးတွေ့လို့ မှတ်သွားတယ် မမခိုင်ဇာရေ ။ စမ်းပြီး ချက်စားကြည့်ဦးမယ် ။ နောက်တစ်ခေါက် ဟင်းစပ်တွေတင်ရင်လည် းအားပေးမယ်နော့ ။ သားသတ်လွတ်လေးတွေလဲ မွသဲကို မေးပေးပါဦး 😀

    • KZ

      October 23, 2013 at 4:43 pm

      အွန်။
      ဒီ နောက်ကို အများကြီးတင်ပြီးပြီလေ။
      တနင်လာနေတိုင်း တင်တယ် ညလေးးး

      😀

Leave a Reply