ကျနော်တို့လူမျိုးအများစုဟာငွေကြေးရလိုမှုတစ်ခုထဲနဲ့ နိုင်ငံအပြင်ထွက်ပြီးရေကြည်ရာမျက်နုရာရှာဖွေနေကြရတာ

ကမ္ဘာ့ မြေပုံကိုဖြန့်ခင်းကြည့်ရင်လက်ညိုးထိုးလို့လွေတ်နိုင်လောက်အောင်ပါပဲ

ဟိုး…ဘိုးဘေးခေတ်ကနိုင်ငံခြားမှာအတတ်ပညာသွားရောက်သင်ယူခြင်း၊အစိုးရကစေလွတ်ခြင်း၊

မိမိပညာနှင့်သွားရောက်လုပ်ကိုင်ခြင်း…..

စသဖြင့်ဒါတွေကအနည်းစုပါ..

ခုတော့မိရိုးဖလာတစ်ခုလို

နိုင်ငံခြားကိုထွက် အလုပ်လုပ်ကြတာအဆန်းမဟုတ်တော့….

ရိုးအီနေတဲ့စကားလိုကျနော်တို့နားထဲမှာ….

ဘာကြောင့်၊ညာကြောင့်၊ဟိုဟာကြောင့်၊ဒီဟာကြောင့်ဆိုတဲ့ လက်ညှိုးထိုးအပြစ်တင်ရမဲ့ကိစ္စလည်း

ကျနော်မပြောချင်တော့ပါ…

ကျနော်တို့တစ်တွေမိဘတွေနဲ့ဝေး၊

ညီအကိုမောင်နှမတွေနဲ့ဝေး၊

ဇနီးနဲ့ဝေး၊ခင်ပွန်းနဲ့ဝေး၊ဆွေမျိုးသားခြင်းတွေနဲ့ဝေးပြီးရေခြားမြေခြား သက်စွန့်ဆံဖျားအလုပ်၊လုပ်နေကြတာ

၊အမေသေ၊အဖေသေ၊အကိုအမသေ၊

ဘယ်သူသေသေ

ကျနော်တို့လက်တွေနဲ့၊ကျနော်တို့မျက်စိတွေနဲ့…

..မြင်ခွင့်ထိခွင့်ကိုင်တွယ်ပို့ဆောင်ခွင့်မရနိုင်တဲ့

ကျနော်တို့ဘဝတွေ၊ခေါင်းငုံ့ဒူးထောက်မျက်လွှာချပြီးရတဲ့ဒီပိုက်ဆံတွေနဲ့မှ

လူဖြစ်ခွင့်ရတော့မှာလား…

ကျနော်တို့ရတဲ့ ငွေကြေးနဲ့နိုင်းယှဉ်ရင်တန်ဖိုးခြင်းညီမျှပါရဲ့လား……။

ခပ်ကြောင်ကြောင်အတွေးဆိုရင်ဝိုင်းပြီး(မေတ္တာ)ပို့လိုက်ကြပါအုံး။

About ဦး ကြိမ်

ဦး ကြိမ် has written 8 post in this Website..

ရို သား ဖျောင့်မတ် ခြင်းကို နိုင်သရွေ့ ထမ်းပိုးရင်း လောကလမ်းကို လျှောက်နေသူပါ..........။