ကျွန်တော် အခုရေးမယ့်အကြောင်းအရာက မည်သူ့ကိုမှ ထိခိုက်လိုခြင်းမရှိသလို မည်သူ့ကိုမှ မရည်ရွယ်ပါဘူး။ မြင်နေသမျှ ၊ ကြားရသမျှကို အခြေခံပြီး အတွေးကို ဖော်ထုတ်ခြင်းသာဖြစ်ပါတယ်။ သဘောထားမတူရင် ကွဲလွဲနိုင်ခွင့်ရှိသလို .. မခံမရပ်နိုင်လို့ ဆဲကြမယ်ဆိုလည်း . ဆဲနိုင်ပါတယ်။ လားလားမှ မတုန်လှုပ်ပါဘူး။ :D

ကျုပ်တို့လောကမှာ အဆင့်အတန်းဆိုတဲ့စကားကို လူတွေအားကြီးပြောကြပါတယ်။ ဒီကောင်ကွာ..အဆင့်ကိုမရှိဘူး ဘာညာ စသည်ဖြင့်ပေ့ါလေ…

တကယ်တော့ အဆင့်အတန်းဆိုတာ ဘာကိုဆိုလိုချင်ပါသလဲ။ ကိုယ်တိုင်ပါးစပ်က အဆင့်အတန်းလို့ပြောနေပေမယ့် တကယ်ရော အဆင့်ရှိလား ….

တစ်ချို့ပိုက်ဆံရှိလူတန်းစား လူကုံတံကြီးတွေကတော့ ငွေမရှိဆင်းရဲသားတွေကို အောက်တန်းစားလို့ သုံးနှုန်းကြတာ ကြားဖူးပါတယ်။ ဒါဆို ပိုက်ဆံဆိုတာအဆင့်အတန်း

လား? .. တကယ်တော့ ကျွန်တော့်ရဲ့ ခံယူချက်က လူတစ်ယောက်ကို အဆင့်သတ်မှတ်တဲ့အခါမှာ ဒီလူရဲ့ စိတ်ဓါတ်ကိုအခြေခံလို့ အဆင့်ကို သတ်မှတ်ပါတယ်။

အရင်တုန်းက ကျွန်တော် ထင်မှတ်ခဲ့ ယူဆခဲ့ ..တာတွေက …ကျုပ်တို့ မြန်မာလူမျိုးဟာ စိတ်ထားကောင်းကြတယ် ၊ စိတ်ဓါတ်ကောင်းမွန်ကြတယ်လို့ ယူဆထားပါတယ်။

လူငယ်အချင်းချင်း စကားပြောရင် စနောက် ဆဲတာကလွဲလို့ ယုတ်မာတာမျိုးမရှိကြဘူးလို့ ထင်ခဲ့ပါတယ်။

နောက် ..ကျွန်တော် အသက်အရွယ်ရလာချိန်မှာတော့ ဒါတွေဟာတကယ်တော့ အလုံးစုံမမှန်ကြောင်းစတွေ့လာရတယ်။

ခု နှစ်ပိုင်းလေးအတွင်းမှာ ကျွန်တော်တို့ လူငယ်တွေ မျက်စိပွင့် ၊ နားပွင့်လာကြတယ်။ ကျွန်တော်တို့ခေတ်တုန်းက ကွန်ပျူတာဆိုတာ စာသင်ခန်းထဲ

မှာ အလှပြယုံခေတ်ကနေ ခုဆိုရင် တော်တော်များများဟာ ကွန်ပျူတာကို နားလည်လာတယ် ၊ သုံးစွဲနိုင်လာကြတယ်။ အနည်းငယ်တော့ တိုးတက်လာတယ်ပေါ့ခင်ဗျာ။

သို့သော်လည်း ရုပ်ဝတ္ထုတွေသာ တိုးတက်လာတယ်၊ စိတ်ဓါတ်တွေကတော့ ဟိုးအရင်ထက် အောက်ဆုံးကို ပိုရောက်သွားကြတယ်။ ဘယ်လိုအရာတွေလဲ .. .?

ဥပမာ (၁) … မင်းသား မင်းသမီးဆိုတာမျိုးက လူကြိုက်အောင် ထင်ပေါ်အောင် .. တစ်ခုမဟုတ်တစ်ခုလုပ်ပြကြရတယ်။ သူတို့လုပ်တာဟာ ကောင်းတာဖြစ်နိုင်သလို

ဆိုးတာလည်းဖြစ်နိုင်တယ်။ တစ်ချို့မင်းသမီးတွေမှာ ရှိတာလေးတွေကို ထုတ်ဖော်ကြွား ပြသပြီး နာမည်ကြီးအောင်လုပ်ကြရရှာတယ်။ တွေးကြည့်ရင် သနားစရာပါဗျာ။

မရှိရှိတာလေး ထုတ်ကြွား ထုတ်ပြရတာ။ ဒါကို .. ကိုယ်က မနှစ်သက်ရင် အားမပေးနဲ့ပေါ့ဗျာ။ ခုတော့ မဟုတ်ဘူး .. ဓါတ်ပုံတွေအောက်မှာရေးထားတဲ့ကွန်မန့်တွေမှာဆို

ရင် မကြားဝံ့မနာသာ .. မိန်းကလေး မဖတ်သင့်တဲ့ စာသားမျိုးတွေ ရေးသားထားလိုက်တာ ..ကျုပ်တို့ရဲ့ မြန်မာ ယောကျင်္ားသားထုကြီးပါပဲ။

(၂) ၂၀၁၂ သင်္ကြန်မှာ မိန်းကလေးတွေ မူးရူးနေတဲ့ပုံတွေ ၊ မှောက်ရက်နဲ့ ပိုးစိုးပက်စက်ဖြစ်နေတဲ့ပုံတွေ အင်တာနက်မှာ ပလူပြန်သွားတာမှတ်မိပါသေးတယ်။

ဒီနေရာမှာလည်း အဲဒီပုံတွေ ၊ ဟိုနေရာမှာလည်း အဲဒီပုံတွေ ၊ မြင်ရတဲ့သူ ကျုပ်ကတော့ မနေနိုင် မထိုင်နိုင် ကွန်မန့်တွေကို သွားဖတ်လိုက်မိတဲ့ကာလမှာတော့

ကျုပ် တော်တော်ကို ဖီးငုတ် စိတ်လေသွားမိပါတယ်။ ဆဲထား ဆိုထားကြတာ မိုးမွန်ပြီး ……… မြန်မာတစ်ပြည်လုံး ဒီလိုဖြစ်ပြီး ပျက်စီးနေတဲ့အလားပြောနေကြတယ်။

တစ်နိုင်ငံလုံးမှာရှိတဲ့ လူနည်းစုလေးရဲ့ ပိုးစိုးပက်စက်ပုံတွေကို ထုတ်ဖော်ပြီးတော့ မိန်းကလေးအားလုံး ပျက်စီးနေသလို ဆဲဆိုထားကြတယ်။ ဒီလိုမလုပ်တဲ့ မဖြစ်တဲ့

အခြားနေရာတွေ အများကြီးပါ .. ဒီ ငါးပုတ် ကိုပဲ လက်ညှိုးထိုးပြနေတာ ရှက်စရာကြီးပါ။ မကြိုက်ရင် ကျော်သွားဗျာ ။ မကြည့်ပါနဲ့ ။ ကိုယ့် ညီမ အစ်မတွေမဖြစ်အောင်

ဆုံးမပါ .. ယဉ်ကျေးစွာဆုံးမနည်းတွေ အများကြီးပါ။( ဗိုလ်ချုပ်ပြောတဲ့ -ာနိုင်ငံကြီးဖြစ်တော့မှာပဲ ဆိုတဲ့ စကားလေးကို လက်ဝယ်ကိုင်ပြီး ဆဲချင်သလိုဆဲနေကြတာ

မြင်ပြင်းကတ်သဗျာ။ )

(၃) ခုဆိုရင် အင်တာနက်မှာခေတ်စားနေတဲ့နောက်တစ်မျိုးက ဘစ်ကနီဝတ်ထားတဲ့မြန်မာအမျိုးသမီးပုံတွေပါ။

ရိုင်းစိုင်းစွာပြောဆို ဆုံးမနေတာကတော့ ကျွန်တော်တို့ မြန်မာယောကျင်္ားထုတော်တော်များများပါပဲ။ ရေကူးကန်လိုနေရာမျိုးမှာ ဘစ်ကနီ ၊ ရေကူးဝတ်စုံမဝတ်လို့

ထမိန်ရင်လျားပြီး ကူးရမလားဗျ။ သူ့နေရာနဲ့သူပေါ့ဗျာ။ လမ်းပေါ်ထွက် အားအားယားယား ဘစ်ကနီဝတ်ပြနေရင်တော့ ပြောကြပေါ့။ ခုဟာက ရေကူးကန်တို့ ၊ ကမ်းခြေ

တို့မှာ ကောင်မလေးတွေ ဝတ်ထားတဲ့ပုံကို ဓါတ်ပုံရိုက်ကူးပြီးသကာလ ဖွချင်တိုင်းဖွ ၊ ရေကူးဝတ်စုံဝတ်မိတဲ့အမျိုးသမီးမှာပဲ အရှက်မရှိ မြန်မာ့ ထုံးတမ်းစဉ်လာကိုဖျက်စီး

နေသလိုလို။ ခေတ်ရေစီးကြောင်းဆိုတာရှိတယ်လေဗျာ။ ဒူးနေရာဒူး တော်နေရာတော်ပေါ့။ လိုက်လျောညီထွေ ဝတ်လို့ရပါတယ်။ လက်သင့်ခံနိုင်ပါတယ်။

ဘုန်းကြီးကျောင်းသွားတာ ဘောင်းဘီတိုနဲ့ဆိုတာမျိုးက မသင့်တော်တာ မှန်ပါတယ်။

(၄) နောက်တစ်ချက်က ကျုပ်တို့မြန်မာယောကျင်္ားလေးများဟာ ယဉ်ကျေးမှုထုံးတမ်းစဉ်လာကို သိပ်လိုက်နာစေချင်ကြတာပဲ။ မြန်မာဝတ်စုံလေးများဝတ်ထားရင်

သိပ်ကျက်သရေရှိတယ်လို့ဆိုကြတယ်။ ဟုတ်ပါတယ်။ မြန်မာမိန်းကလေးများ မြန်မာဝတ်စုံဝတ်ထားရင် သိပ်ကျက်သရေရှိပါတယ်။ ကျုပ်တို့မြန်မာဝတ်စုံဟာ

ခန္ဒာကိုယ်အချိုးအစားကို ချပ်ချပ်ရပ်ရပ်နဲ့ ထင်ရှားမြင်သာစေတဲ့ ပုံစံပါ။

အဲလိုပြောကြပြီးတော့ …. မိန်းကလေးများ တိုနံ့နံ့ ဟိုပေါ်ဒီပေါ် ဝတ်ဆင်ထားရင် မျက်လုံးပြူးနဲ့ကြည့်တာ သူတို့က ထိပ်ဆုံးကပါ…

သူတောင် ဖော်ရဲသေးတာပဲ ဖော်လို့ ကြည့်တယ်လို့တော့မပြောနဲ့ခင်ဗျ။ အဲဒီလို ဝတ်စားဆင်ယင်ပုံမျိုးကို မကြိုက်ဘူးလည်းဆိုသေးတယ်၊ မကြိုက်ရင်လုံးဝ လှည့်မကြည့်

နဲ့ပေါ့ခင်ဗျာ။ ရှင်းနေတာပဲ။ ခုတော့ ကြည့်လည်း ကြည့်သေး … ပြစ်လဲပြစ်မှားသေး … ဆဲလည်း ဆဲသေးဆိုတော့ ……. အင်း………စဉ်းစားစရာပါပဲ

(၅) နောက်ထပ် ခေတ်စားနေတာက နိုင်ငံရေးခင်ဗျ .ဖေ့ဘုတ်ပေါ်မှာ ဆိုဒ်တွေမှာဆိုရင် နိုင်ငံရေးကမပါမဖြစ်ပေါ့ဗျာ၊ ကိုယ်လည်း နိုင်ငံရေးမှမပြောရင် လူအကြီးလိုလို၊

အမျိုးပဲ မချစ်တတ်သလိုလို ၊ ဉာဏ်တုံးကြီးလိုလို …. အဲ ……….အဲဒီနိုင်ငံရေးကို ပြောကြသူများကလည်း ယောကျင်္ားသားထုက ပိုများသဗျ။

နောက် ကျုပ်တို့မြန်မာပြည်ရဲ့ မီးအိမ်ရှင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းလေးများ တင်ကြရင် အားပေးတဲ့သူများရှိသလို ဆဲကြတဲ့သူတွေကလည်း အများသားဗျ။

ဆဲကြတာမှ ပက်ပက်စက်စက်နဲ့ ဆဲကြသဗျ။ အမျိုးသားတွေပါပဲခင်ဗျာ ………. သူလုပ်သလို မလုပ်နိုင်ဘူး ၊ အရည်အချင်းမရှိဘူး ၊ ဝင်မငန်နဲ့ဗျာ ။ လုပ်နို်င်သူတွေ

လုပ်သွားကြလိမ့်မယ်။ ဘေးထွက်ထိုင် ဘုမပြောနဲ့ ။

(၆) နောက်ထပ် အွန်လိုင်းလောကမှာ ခေတ်အစားဆုံးက ဟိုဟော်တယ် ဒီဟိုတယ်မှာ ရိုက်တဲ့ သမီးရည်းစားများရဲ့ ဟိုလုပ်ဒီလုပ် ..ဗီဒီယို ၊ ဗီဇက်အို ၊ ဓါတ်ပုံ စသည်ဖြင့်

ကျုပ်တို့ မြန်မာတွေ ပါးစပ်ဖျားမှာ လူမျိုးခြားနဲ့ယူတဲ့ မြန်မာမတွေ ပျက်စီးနေသလိုလို ဘာလိုလိုတွေပြောကြသဗျာ။ တစ်ခုဗျာ …. မြင်ရကြားရသလောက်ဆိုရင်

အဲလို နှစ်ဦးသဘောတူ လုပ်ချင်တာလုပ်ကြ ၊ နောက် ကွဲကြ ပြဲကြတဲ့အချိန်မှ ဟိုဟာတွေထွက်လာ ဒီဟာတွေထွက်လာ ၊ မိန်းကလေးမှာနာမည်ပျက်

ဘယ်သူတွေလုပ်သလဲခင်ဗျာ? သူတို့ရဲ့ ချစ်သူ ယောကျင်္ားများပါပဲ။ ယောကျင်္ားပဲဗျာ ၊ ယောကျင်္ားစိတ်ဓါတ်ပေ့ါ။ ခုဟာကျ မိန်းမလိုမိန်းမရနဲ့ဗျာ။

အဲလို ထွက်လာသမျှတွေကြည့်လိုက် ဗမာစုံတွဲတွေချည့်ပဲ ၊ ဘယ်ကုလားမှ သူတို့ရည်းစားကို အဲလိုတွေ လုပ်တာ မကြားဖူးဘူး။ အမျိုးချစ်တယ်ဆို ပါးစပ်နဲ့တင်

ချစ်မပြပါနဲ့။ ကို်ယ့်အမျိုးဂုဏ်သိက္ခာစောင့်ထိန်းဖို့အရေး အရာတိုင်းမှာ ကူညီစောင်မရမှာ ..ခုတော့ …

ကျွန်တော်အရင်တုန်းကထင်ခဲ့တာက .. ဒါမျိုးလူတွေဟာ ပညာမတတ်တဲ့သူတွေလို့ ထင်ခဲ့တာ ..တက်တက်စင်လွဲပါလေရောဗျာ ။ ခုလိုလုပ်နေကြ ဖြစ်နေကြတဲ့ထဲမှာ

ပညာတတ်တွေဟာ အများဆုံးပါပဲ။ ကျုပ်တို့တွေ ခု ပြောနေကြတဲ့ ဆင်ဖမ်းမယ်ကျားဖမ်းမယ်ဆိုတဲ့ စကားလုံးအကြီးကြီးတွေထက် … ကျုပ်တို့တွေ ပြုပြင်သင့်တာက

တော့ …… စိတ်ဓါတ်အဆင့်အတန်းလို့ပဲ ပြောချင်ပါတယ်။

အမျိုးကိုချစ်ကြပါ စောင့်ရှောက်ကြပါ …..ဆိုတာတွေ ပါးစပ်နဲ့တင်မဟုတ်ဘဲ လက်တွေ့ပါ စောင့်ရှောက်နိုင်ကြပါစေဗျာ။

 

About မနှင်းဖြူ မှန်မှန်ပြော

Hnin Thae Phyu has written 32 post in this Website..