တကယ်တော့ မိန်းမလိုမိန်းမရ စိတ်ဓါတ်ဆိုတာဟာ ..မိန်းမတွေကို နှိမ်ထားတယ်လို့ တချို့ကထင်ကြပါတယ်။ တကယ်တော့ ယောင်္ကျားလေးမှာ ယောင်္ကျားစိတ်ဓါတ် ၊ မိန်းကလေးမှာ မိန်းမစိတ်ဓါတ်ဆိုတာမျိုးရှိကြပါတယ်။ လူတွေ သတ်မှတ်ကြတဲ့ ယောင်္ကျားစိတ်ဓါတ် ဆိုသည်မှာ ယောင်္ကျားပီသသော စိတ်ဓါတ်ကိုဆိုလိုကြပါတယ်။ ယောင်္ကျားပီသတယ်ဆိုရာမှာ .. အားနည်းသူကို ဖေးမတယ် ၊ ကြင်နာသနားမှုရှိတယ် ၊ စိတ်ဓါတ်အဆင့်အတန်းကောင်းတယ် ၊ နောက် .. အားနည်းသူ မိန်းကလေးများကို ဖေးမကူညီတတ်တယ်။ တာဝန်ယူလိုစိတ်ရှိတယ်၊ အတင်းအဖျင်းမဆိုဘူး ..နောက် ပြဿနာကို ဖြေရှင်းရာမှ မှန်ကန်တဲ့နည်းလမ်းနဲ့ ရင်ဆိုင် ဖြေရှင်းတယ် …စသည် စသည်ဖြင့်ပေါ့ဗျာ …

နောက်…မိန်းမစိတ်ဓါတ် ..မိန်းကလေးဆိုတာမျိုးက ခေတ်အဆက်ဆက် အားနည်းသူအဖြစ်သတ်မှတ်လာခဲ့ကြတယ်။ မှန်ပါတယ်..လက်သင့်ခံပါတယ်။ ဘယ်လောက်ပဲ စိတ်ဓါတ်ခိုင်မာတယ်..မာကျောတယ်ဆိုတဲ့အမျိုးသမီးဖြစ်စေ .. စိတ်နုတဲ့အချိန် အားငယ်တဲ့ အချိန် ဆိုတာရှိကြပါတယ်။ မွေးရာပါ ကြင်နာသနားတတ်တဲ့စိတ်ရှိကြတဲ့အတွက် .. တကယ်တမ်း ရက်စက်ရမယ်ဆိုရင် ယောင်္ကျားတွေလို မရက်စက်နိုင်ပါဘူး။ နောက်..မိန်းမတချို့တွေမှာဆိုရင် …
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရာကျပါတယ်… သူတို့ဟာ ပြဿနာကိုဖြေရှင်းရာမှ ..မိန်းမနည်းနဲ့သာ ဖြေရှင်းလေ့ရှိပါတယ်။ တချို့အမျိုးသမီးများဟာ … ပြဿနာတစ်ခုကို ဖြေရှင်းတဲ့အခါမှာ နည်းလမ်းဟာ တရားမျှတမှုမရှိဘဲ ..ငါ အနိုင်ရပြီးရော . သူများပျက်စီးစေ ဆိုတဲ့စိတ်မျိုးနဲ့ လုပ်တတ်ကြပါတယ်။ ဒါကြောင့်မိန်းမလို မိန်းမရစိတ် ဆိုတဲ့စကားပြောလာကြတာပါ။ မိန်းမအားလုံးမှာ အဲဒီစိတ် မရှိပါဘူး။ နောက်..မိန်းမများဟာ..အတင်းအဖျင်းပြောရစိတ်ဝင်စားကြပါတယ်။ တစ်ယောက်မှ မပြောဖူးလို့တော့ မငြင်းပါနဲ့။ အတင်းအဖျင်းဆိုရာမှာ ..သူများမကောင်းကြောင်းပါ။ မကောင်းတာကို မကောင်းဘူးပြောတာကို အတင်းမဟုတ်ဘူးလို့ ငြင်းလို့မရပါဘူး။ ကိုယ်နဲ့မဆိုင်တဲ့ သူများမကောင်းကြောင်းကို ပြောတာဟာ အတင်းပါပဲ။ ဟုတ်ကဲ့ ….ကျွန်တော်တို့လည်း ပြောပါတယ်။ မဟုတ်တာကို အဟုတ်လုပ်မပြောတာပဲ ရှိတာပါ။ နောက်ယှဉ်ပြိုင်မှုတွေ ၊ မာနတွေဆိုတာတွေဟာလည်း မိန်းမတွေမှာအများဆုံးရှိတာပါပဲ။ ကျုပ်တို့ မိန်းမတွေ အကုန်လုံးမှာ အဲလိုရှိတာမဟုတ်ပါဘူး။ စင်းလုံးချောဆိုတာမရှိဆိုတာမျိုးပါပဲ။ အဲ ..သို့သော်လည်း ယောင်္ကျားများမှာလည်း အဲလို မိန်းမစိတ်ဓါတ်မျိုးတွေရှိနေကြတာပါပဲ။ အဲဒီအခါမှာတော့ အံမ၀င်တဲ့အရာဟာ ..ပိုပြီး ဆိုးဝါးတတ်သလိုပဲ ..နဂိုသဘာဝကိုဆန့်ကျင်ပြီး ယောင်္ကျားစိတ်ဓါတ်ရှိသင့်တဲ့ယောင်္ကျားမှာ အဲဒီစိတ်မရှိဘဲနဲ့ မိန်းမတွေလို စိတ်ဓါတ်မျိုးနဲ့ ပေါင်းလာတဲ့အခါမှာ ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာဆိုသလိုမျိုး ကျုပ်တို့ မိန်းမတွေထက် မကောင်းတဲ့နေရာမှာ သာလွန်ပြီး ဆိုးဆိုးဝါးဝါးဖြစ်သွားကြပါတယ်။ အဲဒီလို လူမျိုးကို မြင်သာအောင် ပြသရာကစလို့ မိန်းမလိုမိန်းမရစိတ်ဓါတ်ဆိုပြီးသုံးနှုန်းကြပါတယ်။

လောကမှာ အကောင်းအဆိုးဒွန်တွဲနေသလိုပါပဲ ..လူတိုင်းဟာ အရာတိုင်းမှာ မကောင်းသလို ..အမြဲတမ်းလည်း မကောင်းနိုင်ပါဘူး။ ရှေ့က ပို့စ်မှာပြောခဲ့သလို .. ရည်းစားနဲ့ပြတ်မှ ရည်းစားနဲ့ ပုံတွေကို လိုင်းပေါ်တင်တာတို့ ၊ ဗီဒီယိုတွေထွက်လာတယ်ဆိုတာမျိုးဟာ..ဆိုရင် ယောင်္ကျားတစ်ယောက် ရှိသင့်တဲ့ စိတ်ဓါတ်မျိုးနဲ့ဆိုရင် လုံးဝ မလုပ်သင့်တာပါ။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တယ်ဆိုသလိုပါပဲ မိန်းကလေးတွေဘက်ကလည်း ဒါမျိုးတွေအရိုက်မခံသင့်ပါဘူး။ မဖြစ်သင့်ပါဘူး။ ဒါကြောင့် .. ကျွန်တော် အစောပိုင်းက စာတွေရေးတယ်ဆိုတာ မြင်သမျှ ကြားသမျှကို အခြေခံပြီးရေးတာဖြစ်ပါတယ်။ ကျွန်တော်ဟာ ယောင်္ကျားဝါဒီတစ်ယောက်မဟုတ်သလို မိန်းမ၀ါဒီတစ်ယောက်လည်း မဟုတ်ပါဘူး။ အရှေ့အရှေ့က ရေးထားတဲ့စာတွေမှာ ကြမ်းတာတွေရှိရင်လည်း ဒီပို့စ်နဲ့ပဲ အားလုံးကိုတောင်းပန်ပါတယ်။ မည်သူ့ကိုမှ မရည်ရွယ်သလို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်လည်းမရှိပါဘူး။
ဖတ်ရှု့ကြတဲ့ ရွာသူရွာသား သူတော်စင် .အပေါင်း မင်္ဂလာခါးညောင်းကြပါစေ.. :mrgreen:

မိန်းကလေးတွေဘက်က ဆိုးတာတွေအများကြီးရှိပေမယ့်လည်း … ရေးတော့ပါဘူး.. သိချင် မိန်းမယူကြည့်လိုက်ကြ.. ဟိဟိ

 

About မနှင်းဖြူ မှန်မှန်ပြော

Hnin Thae Phyu has written 32 post in this Website..