သိထား မှတ်ထားတာလေးတွေကို ရှယ်လိုက်ပါတယ်။ အကျိုးရှိမယ် အသုံးချနိုင်မယ်ထင်ပါတယ်။

ဖုန်းလိုင်းနဲ့ အင်တာနက်ချိတ်ဆက်တာကို Dial up Internet Connection လို့ ခေါ်ပါတယ်။

( ADSL ကျတော့ Double Phone line ) ပါ။
ဖုန်းလိုင်းနဲ့ အင်တာနက်ချိတ်ဆက်ဖို့ ရန်အတွက်လိုအပ်တာလေးတွေကတော့–
1. Modem Card or ( Modem) လိုပါတယ်။ ( External Modem adapter နဲ့ Internal PCI Modem Card ) ဆိုပြီးနှစ်မျိုးရှိပါတယ်။ကိုယ်နဲ့ အဆင်ပြေတဲ့ ကြိုက်တဲ့ Modem ကိုသုံးလို့ ရ ပါတယ်။
2. Access Kit လို့ ခေါ်တဲ့ Internet ချိတ်ဆက်ခွင့် User name နဲ့ Password ထည့်ထားတဲ့ နာရီအလိုက် သုံးနိုင်တဲ့ စာအိပ်လေးပါ။
ကွန်ပျူတာဆိုင်တွေတော်တော်များများမှာဝယ် ယူလို့ ရပါတယ်။ Access Kit ကို MPT သို့ MTP က နေထုတ်လုပ်ရောင်းချပါတယ်။
3. နောက်တစ်ခုကတော့ဖုန်းလိုင်းပါ။ ဖုန်းလိုင်းက Auto Phone line ဖြစ်ရပါမယ်။ Exchange telephone ရုံးနဲ့ နီးလေ Connection ပိုကောင်းလေပါ။
အမြင့်ဆုံး56 kb/s လောက်တော့ရနိုင်ပါတယ်။
ချိတ်ဆက်ပုံချိတ်ဆက်နည်းကိုတော့ AccessKit ထဲမှာရေးပေးထားပါတယ်။
Dial လုပ်ရမယ့်နံပါတ်ကတော့ 144 သို့ မဟုတ် 146 ပါ။

မှတ်ချက်။ Internet ချိတ်ဆက်နေစဉ်အတွင်းမှာ Dialup Connection မှာ ဖုန်းပြောလို့ မရ နိုင်သလို ဖုန်းပြောနေစဉ်အတွင်း အင်တာနက်နဲ့ ချိတ်ဆက်လို့ မရနိုင်ပါဘူး။

About wunnakoko

wunna koko has written 35 post in this Website..

IT