သီတင်းကျွတ်အခါကာလ…အမှတ်တရများနဲ့ ကဗျာပြခန်းအမှတ်( ၁၁ )

alinsettOctober 17, 20138min147285

 

ကဗျာပြခန်း အမှတ်ဆယ့်တစ် ကို ရောက်ပါပြီ

ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယကို ရောက်နေပြီမို့ သီတင်းကျွတ် အငွေ့အသက်လေးတွေ နဲ့ ပြခန်းကို အလှဆင်ထားပါတယ်။

ကြည့်ရှု ခံစား ဝေဖန် အကြံပြုကြဖို့ တောင်းဆိုပါရစေ..။

 

စာသားတွေ ဖတ်ဖို့ဒီလင့်ကို နှိပ်ပါ

 

သီတင်းကျွတ်လဖွဲ့(ဦးပုည)

 

သီတင်းကျွတ်ပြီ အမေ

 

အဖြူရောင် အလွမ်း

 

လူပျိုသိုးရဲ့ စိတ်အတွေး

 

ဂျိုကာတစ်ကောင် ရဲ့ ဖြစ်တည်မှု

 

မမ်မီ

 

တဒင်္ဂ…

 

ဒီညမှာ ကျွန်တော် အိပ်စက်ပါပြီ

 

အရွယ်ငါးပါး သီတင်းကျွတ်

 

ကဗျာဆရာ ကမ်းဝေးမှ တစ်ဆင့်

 

သီတင်းကျွတ် မျှော်သူများ

 

တစ္ဆေအိုရဲ့ ဝိဉာဏ်

_____________________________________

“သီတင်းကျွတ်လဖွဲ့”

သောင်းဒီပါထိန်ညီးအောင်
ထွန်းဆီမီးရောင်ညီ
သီတင်းကျွတ်တူရာသီမှာ
အဿဝဏီကြယ်မင်း
နေ့နှင့်ညနာရီမှာ
သုံးဆယ်စီမြဲမှန်ဘိခြင်း။

ဆယ်ငါ့လုံးသုံးပါဒ်မှီတွင်
ကြာငါးမည်ကြိုင်သင်း။

ရာထီးပိုင်ဘုရင်မင်းတို့
မြေနန်းရင်းပဟိုရ်
ရွှေမြင်းမိုရ်တောင်တော်ပွဲကိုတဲ့
ခြိမ့်သဲအောင်ထွတ်စံမြဲကို။

တည့်သုံးဖွားရိပ်ခိုဝယ်
ယဉ်စလိုရွှေခါးချပ်ကယ်နှင့်
အသားမြတ်ခိုင်နှစ်စုံ
ပန်းကြာပွင့်ငုံ
မြင်ရသူဆတ်ဆတ်တုန်သည်
မသေရုံကျန်ခဲ့ရှင့်လေး။

ဦးပုည
_____________________________________________________

“သီတင်းကျွတ်ပြီ အမေ”

အမေ ..
သီတင်းကျွတ်ပြီ တဲ့.. အမေ
ဟိုဘက် တိုက်အိမ် ကြီး က..
လျှပ်စစ် မီးတထိန်ထိန် နဲ့ ရောင်စုံ မိတ်ကပ် ခြယ်ပြီး ပေါ့
သား တို့.. အိမ်ကလေး..ဆီမီး ရောင်စုံ မှိန်မှိန် အတွက်
ဆီမီးခွက် တွေ လိုက်ရှာ ကောက် ပြီးပြီ..
အမေ ကတော့ .. ထမင်း တစ်နပ် အတွက်
သီတင်းကျွတ် ဆိုတာ တောင် မှတ်မိသေးရဲ့လား.. အမေ ။

အမေ ..
မီးပုံးကား တွေ ရောင်းနေပြီ တဲ့ .. အမေ
ဟိုဘက် တိုက်အိမ်ကြီး က ကောင်ကလေး
ရောင်စုံ စက္ကူလေး တွေ ခြယ်ထားတဲ့
မီးပုံးကား မီးပုံးလေယာဉ် မီးပုံးသဘောင်္ တို့ကြား
ပျော်မြူးနေချိန် မှာ.. သားအတွက်
အမေ လက်ဖြစ် ရာဘာ ဘီး နဲ့
နို့ဆီသံဗူးခွံ ကားလေး က ဒီနှစ်လည်း ဒီ ဒီဇိုင်း ပဲ တဲ့..
သီတင်းကျွတ် ဆိုတာ တောင် မေ့နေ ပြီ လား အမေ ။

အမေ ..
မိဘ ဆရာ ကန်တော့ ကြသတဲ့ .. အမေ
ဟိုဘက် တိုက်အိမ်ကြီး က ..ကားတွေ အဝင်အထွက်ရှုပ်
လက်ဆောင်ကန်တော့ထုပ် အကြီးကြီးတွေ က
ဘယ်သူ က ဘယ်သူ့ ကို ဘာအတွက် ကန်တော့ကြပါလိမ့်
သား တို့ အမေ ကော..ခါတော်မှိီ
ဟိုဘက် အိမ်ကြီး ကို ဘာလို့ မကန်တော့သလဲ
သီတင်းကျွတ် ဆိုတာ. အခွင့်အရေး တစ်ခု မဟုတ်လို့ လား.. အမေ ။

အမေ ..
သီတင်းကျွတ်ပြီ ..မင်္ဂလာဆောင် ကြတော့မယ် ..အမေ
ဟိုဘက် တိုက်အိမ်ကြီး က ကောင်ကလေး ရဲ့ အစ်ကို လေ
ဘယ် လူကြီး သမီး ဆိုလား..သိန်း ၅၀၀ဝ ပေးရ သတဲ့..
အမေ ကော..
အစ်မ ကို ဈေးကောင်းကောင်း နဲ့
ဒီသီတင်းကျွတ် ဆိုတာ မှာ ရောင်းတန်း မတင် ပြီ လား .. အမေ ။

အမေ ..
ဒီ သီတင်းကျွတ် က လည်း အရင် နှစ် လို ပဲ..
ဆီမီး မှိန်မှိန် ..အပြုံးပိန်ပိ်န် နဲ့
မိသားတစ်စု
ထမင်းစား လည်း မြိန် မှာ မဟုတ်ပါဘူး ..အမေ ။

_____________________________________________________

“ အဖြူရောင် အလွမ်း”

ငါ တို့ ကမ္ဘာလေးထဲ
ငါ တို့ မသိတဲ့ မျက်နှာတွေ များများလာတယ်

ငါ တို့ လျှောက်ဖူးတဲ့ လမ်းတွေမှာ
ခြေရာဟောင်းတွေ မှုန်ရီ ပျက်စီး

ငါ တို့ ဥယျာဉ်လေးထဲ
သံစဉ်အားလုံး တိတ်ဆိတ်အေးစိမ့်

ငါ တို့ အတူရှိဖူးတဲ့
ညခင်းမွှေးမွှေးတွေမှာ
အရင်လို ရနံ့မစုံခဲ့တာ ကြာပြီ

ငါ တို့ ကောင်းကင်ပေါ်
ကြယ်ပွင့်လေးတွေ
ပိုပိုလင်းလက်လာတာမှန်ပေမယ့်
ခမ်းနားတဲ့ နေ့ရက်တွေ ရောက်တိုင်း
နင် မေ့နေတဲ့
ငါ တို့မြေရဲ့ နွေးထွေး မူ့တွေကို
နင့် ဆီ
ပါဆယ် ထုပ်ပြီး ပို့ပေးချင်တယ် ။ ။

_____________________________________________________

“လူပျိုသိုးရဲ့ စိတ်အတွေး”

အရမကြိုက်
အကြိုက်မရ
အို ဘဝ ဘဝ
တစ်ခါလာလည်း ဒါပဲဟ
ရှာလေ ရှာလေ ရှာမရ
ပြောသမျှလဲ အထာမကျ
ဒါသာဘဝ
ခဏ ခဏ ရှာရပြန်သဟ
ရှာသမျှက အနိစ္စ
ဒီလိုနဲ့ပဲ နာမည်ရ
အသစ်တွေ့ အဟောင်းမေ့သတဲ့ဗျ
ပတ်ဝန်းကျင်က သမုတ်ကြ
ဒါကိုငါလဲ မမှတ်သေး
ထပ်ကာထပ်ကာ ရှာနေသေး
လူပျိုကြီးဘဝ ကျွတ်ဖို့အရေး
ဝါမကျွတ်ခင် ရှာမယ်ဟေး
အလို အလို ဟိုကလေး
အပျိုစင်ငယ် အလှပဂေး
ငါ့ကို ကြိုက်ရင် စာပြန်ပေး
ဝါကျွတ်ရင်လေ ဆောင်မယ်မနှေး
ဒါဟာ ငါ့ရဲ့ အိမ်ထောင်ရေး
အဖေအဖေ ရှာသာပေး
သားမောင်ယူမယ် ဂယ်မနှေးး
လူပျိုသိုးရဲ့ စိတ်အတွေး…။ ။

_____________________________________________________

“ဂျိုကာတစ်ကောင်ရဲ့ ဖြစ်တည်မှု”

ခါးလိုက်တဲ့ဘဝ ဆိုရအောင်လည်း
ငါ့အတွက်တော့ နေသားကျနေခဲ့ပြီ

သူများတကာ ခါးမှ ချိုရမယ့်ဘဝ
မရွေးရဲတဲ့ငါ့အတွက်တော့
လူအလို့ပဲဆိုဆို ခေါင်းငုံ့ခံယုံကလွဲ ရွေးချယ်စရာမှမရှိတော့ပဲ

တစ်ခါတစ်လေတော့လည်း တားထားတဲ့စည်းတွေက နက်ရှိုင်းလွန်းတယ်
ငါ ကို်ယ်တိုင်ပဲ ဒီစည်းကိုဖန်တီးခဲ့သလား ..

တစ်ခါတစ်ရံတော့လည်း အနာဂတ်က ေဝေဝေဝါးဝါး
ဖြစ်ချင်တာတွေ မလုပ်နိုင်ခဲ့တဲ့ ဒီဘဝထဲ ဖြစ်သင့်တာပဲဆိုတာနဲ့
ငါ မျက်စိမှိတ် လျှောက်လှမ်းခဲ့တာ …
ခရီးလမ်းတွေ ဆူးခင်းလည်းပဲ
မှုန်ပြပြနဲ့ကျန်ရစ်ခဲ့ပြီ …

ခါးသက်သက် အပြုံးအောက်က တုန်လှုပ်မှုကို
ဘယ်သူကများ မြင်နို်င်မှာလဲ
အားတင်းထားတဲ့ ဒီခန္ဒာရဲ့ ပါးလျမှုတွေ
တလှပ်လှပ်နဲ့ ရင်ခုန်သံတွေတောင်
တိုးသဲ့သဲ့ပဲ ကျန်ရစ်တော့တယ်
ဂျိုကာတစ်ကောင်အဖြစ်ခံယူ
နာကျင်မှုကို ဖုံးကွယ်
ရယ်စရာဟာသအဖြစ် ပုံဖော်ရလွန်းလို့
မျက်ဝန်းတွေတောင်
အေးစက်ခဲ့တာ နှစ်ကာလတွေ ကြာရှည်ခဲ့ပြီ

ဖြစ်သင့်တာပဲ လုပ်ရမှာပါလေဆိုတဲ့ အကြောင်းပြချက်ထဲ
ငါ့အိပ်မက်တွေကို ဖုတ်ကျည်းသဂြိုလ် နာလန်မထူနိုင်ခဲ့တာ
ဆယ်စုနှစ်မက တိုင်ခဲ့ပြီ ….

ဆေးစက်ကျရာ အရုပ်မထင်ပေမယ့် ..
ကျသမျှဆေးစက်အရုပ်ဖြစ်ဖို့
ငါ့ အိပ်မက်တွေကို မြေလှန် …
ကမ္ဘာသစ်တစ်ခုဖြစ်ဖို့
မျက်စိဇွတ်မှိတ်ကြိုးစားနေရဆဲပဲ………

_____________________________________________________

“မမ်မီ”

အမယ်လေးလေ…..
သေဆုံးသွားပါပေါ့လား….
ထားလိုက်ပါလေ….
မနက်ဖြန်တွေမှာရင်ဘတ်ဟောင်းလောင်းနဲ့ဆက်ရုံပေါ့!

အသည်းကို….
မင်း! အစိမ်းလိုက်ထုတ်သွားတာလေ…..
ပြန်တော့ပေးခဲ့ပါ!
ဆေးစိမ်ပြီး….
ပတ်တီးနဲ့ကျပ်စည်းထားလိုက်မယ်!
အသည်းနှလုံး မမ်မီပေါ့!

နောင်လာနောက်သားတွေအဖြေရှာပစေ……
တွေ့မှာပါ….
အသည်းနှလုံး မမ်မီ တစ်ခုရဲ့သမိုင်း….
အလွမ်းနဲ့. မင်းနာမည်တွေအပြည့်အသိပ်..
မင်းအရေးမစိုက်လို့…
ခပ်မိုက်မိုက်ပဲ…
လွမ်းလွန်းလို့သေဆုံးခဲ့ပါတယ်!

_____________________________________________________

“တဒင်္ဂ”

ကံကြမ္မာ…….
ဖူးစာကံပါ လို့ ပြောလို့မရတဲ့ ကံကြမ္မာကြောင့်!

အချိန်…….
“အချစ်” လို့ ပြောရင် ဘယ်သူမှမယုံကြည်ကြမဲ့ အချိန်အတွင်း…

အခြေအနေ…….
မတော်တဆ သက်ဆင်းခဲ့တဲ့ ဆုံတွေ့မှုတစ်ခုမှာ..

ရလာဒ်
မမျှော်လင့်နိုင်တဲ့ အရာက ပေါင်းဖက်မှုပေါ့။

_____________________________________________________

“ဒီညမှာ ကျွန်တော်အိပ်စက်ပါပြီ”

ကဗျာတစ်ပုဒ်ကို မရေးနိုင်ပေမဲ့
ကဗျာရေးဖို့ အကြောင်းတွေ ကျွန်တော်မှာ
ခပ်များများရှိနေတာ သေချာပါတယ်။

မနေ့က သူဌေးတစ်ယောက်အပေါ် သီးခံခဲတယ်။
ချစ်တဲ့ကောင်မလေးရဲ့ အပြုအမူအပေါ် ခေါင်းငုံခံခဲရတယ်။
အထက်အရာရှိရဲ့ မတရားမှုအပေါ် သီးခံခဲ့ရတယ်။
အနိုင်ကျင့်တတ်သူတစ်ယောက်ရဲ့
စကားလုံးစိမ်းတွေ ရဲ့ပစ်ပေါက်ချင်းခံခဲရတယ်။
ရန်သူတစ်ယောက်ရဲ့ ယုတ်မာခြင်းတချို့ကိုလက်ဝယ်ပိုက် ခဲ့ရတယ်။
စသဖြင့် ကဗျာလုပ်ရေးစရာ
အကြောင်းတရားများ ကျွန်တော့်မှာ ရှိခဲ့ပါတယ်။

ဒီညကျွန်တော်အိပ်စက်ပါပြီ
မနက်ဖြန်ကျွန်တော်မနိုးခဲ့ရင်
လွတ်လပ်ခြင်းလေကို ရှုရှိုက်ဖို့
ခရီးထွက်သွားတယ်လို့သာ သဘောထားပေးပါ။
ကျွန်တော်ကျေနပ်ပါသည်။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကဒီဘဝမှာ မနက်ဖြန်များကို
ခပ်များများမလိုချင်ခဲ့သူမို့ပါ..။

ဒီ့အတွက် ဒီညမှာကျွန်တော် အိပ်စက်ပါပြီ…
ဒါပါနဲ့ဆို ဒီစကားကို သုံးကြိမ်မြောက် ကျွန်တော်ပြောခဲ့ပါပြီ…။
အဓိကအားဖြင့် မနက်ဖြန်ဆိုတာ ကျွန်တော့်အတွက်
အမှားတွေ…..
အခါးတွေ…….
နာကြည်းစရာတွေ…….
ခံပြင်းစရာတွေ…..
ဝမ်းနည်းစရာတွေ….
ဝေဒနာတွေ…..အပြည့်မို့
ကျွန်တော် အိပ်စက်ချိန်မှာ ကျေးဇူးပြု ၍ မနိုးလိုက်ပါနဲ့.
“ဒီညမှာ ကျွန်တော် အိပ်စက်ပါရစေ”….။ .

_____________________________________________________

“အရွယ်ငါးပါး သီတင်းကျွတ်”

၁-၁၀
“မိုးလွတ်ပါမည်လား
မီးပုံးပျံလွှတ်ရအောင်”
ပြိုင်တူအော်ရင်းဗျောက်ဖောက်
မီးရှူးပန်းတွေဝှေ့ရမ်း
လမ်းပေါ်မှာကားတွေဆွဲ
တကယ့်ကိုပျော်ခဲ့ရတဲကလေးဘဝ
တသသနဲ့လွမ်းပါသဗျာ။

၁၅-၂၀
ကဲမယ်သဲမယ်
ချစ်သူလက်ဆွဲ
ပွဲဈေးတန်းသွားမယ်။
ဗုံးကနဲဗျောက်သံကြား
လန့်သွားရင်ကိုယ့်ဖက်ထား
အားနာစရာမလို
အို ဒါကလဲပျော်စရာကြီးပါဗျာ။

၂၅-၃၀
“မင်္ဂလာဆောင်ရအောင်အချစ်ရယ်”
ဆိုတဲ့စကား
ဂါထာလို တစ်ဖွဖွရွတ်
သီတင်းကျွတ်ပြီဆိုတာနဲ့ မရိုးမရွ
သူများတွေကို အားကျ။
ဒါနဲ့ဘဲ
လူပျိုဆိုတဲ့ဘဝကိုအခွံချွတ်ချ
အိမ်ထောင်သည်ဘဝကို
ရောက်ခဲ့ရပါသဗျာ။

၄၀-၅၀
သီတင်းကျွတ်ဆိုတဲ့အခါသမယ
ဂါရဝတရား ပွားများရတဲ့အချိန်
အိမ်ကမိဘ အသာထား
ဆရာ့ဆရာများကို
နောင်ရေးကိုမျှော်ကာတွေးပါလို့
ဦးနှိမ်အသာချ
ဂါ ရတဲ့ အချိန်အစစ်ပါဘဲ။
ဟိုကဒီက
လာလိုက်ကြတဲ့
အာဝါဟ ဝိဝါဟ ဖိတ်စာ
အင်း
ငွေတော့ အတော်ကုန်တဲ့လပါဘဲ။

၅ဝအလွန်-
ဝါလကင်းလွတ်
သီတင်းကျွတ်တာနဲ့
အကြီးကောင်ဆောင်ချင်ပါပြီတဲ့။
အငယ်မကလဲ
လာမြန်းတာ လက်ခံရမလားတဲ့။
စိတ်အတွေးနဲ့ တွက်ကြည့်
ဖိတ်စာရိုက်
ခန်းမကြေး
ဧည့်ခံစရိတ်
ခန်းဝင်ပစ္စည်း
မင်္ဂလာဆွမ်းကျွေး
ဗီဒီယိုနဲ့ဓါတ်ပုံ
ဟိုစားရိတ်
ဒီစားရိတ်
စိတ်ကူးနဲ့တွက်ကြည့်ရုံနဲ့
အတော်ကုန်နေပြီ။
အော် ဝါလကင်းလွတ်
သီတင်းကျွတ် ကျွတ်
ကျွတ်စ် ကျွတ်စ် ကျွတ်စ်……………။

_____________________________________________________

“ကဗျာဆရာ ကမ်းဝေးမှ တဆင့်”

ဆေးရုံပေါ်က တစ်ည
အတွေးတစ်စက ရစ်ပတ်လာတယ်
လက်မှာ ပိုက်တန်းလန်း
ရေသန့်ဗူးလေး ခေါင်းအုံး လို့ ကုတင်ပေါ်မှာလှဲနေရ
တုတ်တုတ်မလှုပ်နဲ့ သွေးချို ၅၅၄..ဘာမှတ်နေလဲ..တဲ့
အိမ်က လူတွေ မရောက်သေးဘူး
တွယ်ရာမဲ့ လူသားလို အခင်းမဲ့ ကုတင် မှာ ပက်လက်
တကယ်ဆို စီးကရက်လေးရှိုက်ဖွာပြီး လွမ်းရမယ် ့အချိန်
ငယ်ချစ်ဦးနဲ့ ဝေးပြီ

သူ့ကို စွဲလန်းစွာရှိုက်ဖွာခဲ့တာ ..၂၃နှစ်
လက်ဖက်ရည် ဆိုင်မှာ
မိတ်ဆွေတွေနဲ့ တစ်နေ့ ၅ကြိမ် ထက် မနည်း.. ၂၃နှစ်
သူက ရာဇသံပေးတာကို ငါကဂရုမစိုက်ခဲတာ
ပထမ နှလုံးသွေးကြောကျဉ်းလာတယ်
နောက်.. သွေးတိုးနဲ့ တစ်ချက်ရိုက်တယ်
အခုတော့

ဆန်ကြမ်းစားရတော့မယ်
အချိုမပါတာတွေ အရသာမဲ့တွေ စားရတော့မယ်
ချစ်ခြင်းမေတ္တာကိုလျှော့ရတော့မယ်
လောဘဒေါသတွေကို ပယ်သတ်ရတော့မယ်
ငါ့ကို သွေးချိုက အလဲထိုးချလိုက်ပြီ
ကံတရားရယ် ..မင်းသိပ်ရက်စက်တယ်
ဆေးရုံပေါ်ရောက်မှ ကိုယ့် ကို ချစ်တဲ့ လူ နည်းမှန်းသိရတယ်
သီးသန့်ခန်းထဲ သီးသန့် ဇြစ်နေတယ်
မိတ်ဆွေလုပ်ဖေါ်ကိုင်ဖက်တွေက မျက်နှာလေး တစ်ချက်လာပြကြတယ်
ခဏလေးပါ
တစ်ချို့က ဟန်ဆောင် ပန်ဆောင် ဖုန်းလေး ဆက်လို့
တစ်ချို့လည်း တကယ့်ကို ဝမ်းပန်းတနည်း
ဒါက လည်း သဘာဝစစ်စစ် ပဲ မဟုတ်လားညီလေး။

ကမ်းဝေးရေ
တစ်ဖွာတစ်ချက်ရှိုက်လို့ ကဗျာရွတ် ချင်မိတယ်
ပြီးတော့ တို့ကဗျာဆရာတွေ စိမ်းလန်းကြမယ်
တစ်ဦးကို တစ်ဦး နွေးထွေးစွာ ပြုံးလို့
မင်းပြောပြောနေတဲ့ မင်းအကိုကြီး တယောက်
၂၃နှစ် တာချစ်သူကို ဖြတ်လိုက်ပြီ
ကဗျာဆိုတဲ့ ချစ်သူကိုတော့ ငါသေမှ ပြတ်မယ် ညီလေး။ ။

_____________________________________________________

*“သီတင်းကျွတ် မျှော်သူများ´´*

မိုးရာသီ ကုန်လွန်ခါနီး
သွန်းခါသာ ရွာလှပေမယ့်
မျှော်လင့်မိ ဝါကျွတ်ချိန်ကို
ချစ်တေးနှော ရည်စားတွေရယ်
ဒီသီတင်းကျွတ်ရင် မင်္ဂလာဆောင်မယ်။

ကလေးငယ်လေး ကျောင်းကိုပြေး
ကျောင်းပြန်စာကျက် ကျုရှင်တက်
မိုးလင်းမိုးချုပ် မအားရရှာ
ဟိုနေ့ကတော့ စကားစပ်ကာ
မေးလာအမေး ရီမိသေးတယ်
သီတင်းကျွတ်ဖို့ လိုသေးလားလို့
သားမောင်ဘာလို့ မျှော်ရတယ်
ပြန်ကာစပ်စု အဖြေပေးတယ်
သီတင်းကျွတ်ရင် ကျောင်းခဏပိတ်လို့
နေစဉ်ပြေးလွှား မောရတာတွေ
ခဏရက်လေး အပန်းဖြေရင်း
မီးပန်းဗျောက်အိုး ဆော့ချင်တယ်။

တစ်လတစ်နှစ် ပေးရလခ
အိမ်ဌားဖြစ်လို့ မသက်သာကွယ်
ရလာသမှလေး စုကာထားပြီး
ပေးခဲ့ရတာ အစဉ်အလာမို့
ဒီနှစ်တော့ကွယ် ရှိတာထုရောင်း
ဒဂုံတောင်ပြောင်းဖို့
မြေစိုက်အိမ်လေးဝယ်ထားသမို့
ဒီဝါကျွတ်ရင် ပြောင်းရွှေ့ရမယ်
သီတင်းကျွတ်ကို မျှော်မိတယ်။

_____________________________________________________

“တစ္ဆေအိုရဲ့ ဝိဉာဏ်”

ငါ အသက်ရှူမဝဘူး
နှလုံးသားကို ဖျစ်ညှစ်ထားတဲ့
အေးစက်စက် မင့်ရဲ့ လက်မဲကြီါ်ကို
လွှတ်ပေးပါ…။

ကိုယ့်ကိုကိုယ် စွဲချက်တင်လို့
ကိုယ် ကိုယ်တိုင် ဆုံးဖြတ်တဲ့
ရေရေရာရာ မရှိမဲ့
တရားခွင် မမြောက်သော
လှည့်စားမှုပေါင်း မြောက်များစွာ..။

အလင်းရောင် တွေ့ရင် ထွက်ပေါက် ဆို
ဒါဆို..မရွေးချယ်နိုင်လောက်အောင်
များပြားလွန်းတဲ့ ထွက်ပေါက်တွေနဲ့
ဒီမြေဟာ လင်းချင်းနေသလား….။

အေး..မင်းက
ကျောက်ခေတ်ရဲ့ သူရဲကောင်းဆို
ငါက ခေါင်းမာလွန်းတဲ့
တစ္ဆေအိုတစ်ကောင်ပေါ့
ဒါပေမယ့်..မင်းကို
ငါ မပိုင်ဆိုင်တဲ့ ပဉ္စလက် အတတ်တွေနဲ့
မလှည့်ဖြားဘူး…။

စည်းကမ်းနဲ့ တိကျမှုအောက်
မင်းကိုယ်တိုင် ဒူးထောက်
ယုံကြည်မှု အတူတူ တည်ဆောက်ရအောင်..။

အစွန်းနှစ်ဘက်က တောင်းဆိုမှုတွေနဲ့
လှိုင်းထန်နေတဲ့ စကားစစ်ထိုးပွဲတွေ
အသိဉာဏ်ကို အတ္တက ချွန်းအုပ်
မိုးခါးရေတွေ ပြိုင်တူ သောက်ရလောက်အောင်
ဒီမြေဟာ ခက်မာ ကြမ်းရှ နေခဲ့ပြီလား…

လာပါ..
မင်းနဲ့ အတူတူ ထိုင်လို့
တစ္ဆေအို တစ်ကောင်ရဲ့လက်နဲ့
သန်းခြောက်ဆယ် ကြယ်စင်တွေ
ဒီမြေမှာ ခင်းကျင်းကြစို့….။ ။

_____________________________________________________

ကဗျာတွေ ဖတ်ပြီးရင်

မှတ်ချက်ပေးဖို့

မဲပေးဖို့

မမေ့နဲ့ဦး….ဗျို့………

လေး စား စွာ ဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)


    Pages: 1
  • 2

85 comments

  • KZ

    October 17, 2013 at 8:46 am

    မနှင်းဖြူမှန်မှန်ပြောရကျိုး နပ်သွားပါပြီ။
    ကွန်ဂရက်ကျူလေးရှင်းပါ အဖြူ။

    :chit:

  • KZ

    October 17, 2013 at 8:48 am

    ပြခန်းထဲ ဝင်လို့ မရဘူးးးးး
    ပြခန်းစောင့်သကြား နိုးသေးဘူးလားးးးး

    • Mr. MarGa

      October 17, 2013 at 9:09 am

      အို…ချစ်လှစွာသော ဂျီးဒေါ် ရေ
      ပုံကို နှိပ်လိုက်ပါ
      ကျွန်တော် ဖွင့်တာတော့ ပွင့်ပါတယ်ခင်ဗျ
      စမ်း ကျိ ပါ ဦး 🙂

      • KZ

        October 17, 2013 at 9:12 am

        ရပြီ။
        ရပြီ။
        🙂

  • ဘော်ဘော်တို့
    ဒီလ ဆင်ထားတဲ့ ပုံလေးက မိုက်တယ်
    ကျနော်တို့လို့ အသက်ကြီးသူတွေအတွက်ဖတ်ရမြင်ရတာ
    ရှင်းကနဲ လင်းကနဲ

    ကဲ ရွာသူား လူလွတ်များ ဝါလကင်းလွတ်သီတင်းကျွတ်မှာ ကျွတ်နိုင်ပါစေ
    မီးပုံပျံများလည်း လွှတ်နို်င်ပါစေ။

    တူမကြိးကေဇက်နဲ့ မရွှေကြည်ဆက်သွယ်ပါ လေးပေါက်ကို အထူး သတင်း ပြောပြစရာရှိသည်
    ထိပ်ဆုံးက ဆေးပေါ့လိပ်

    • alinsett

      October 17, 2013 at 10:20 am

      ပြခန်း အပြင်အဆင်လေးက အဆင်ပြေတယ်ဆိုလို့
      အမော ပြေပါပြီ လေးပေါက်ရေ

  • သီတင်းကျွတ်မှာ ၁၁ မီးငြိမ်းတဲ့ အလက်ဆင်းရေ . . . နောက်ခါတွေ့ရင် နာ ကဗျာရွတ်ပြပါ့မယ် ။ နီ ထွက်မပြေးဘူးလို့ ကတိပေးပါ။ 🙂 ကဲ ပြခန်းထဲကို ဝင်လိုက်ဦးမ

    • alinsett

      October 17, 2013 at 10:24 am

      မွန်မွန်ရေ

      ကဗျာ တကယ်ရွတ်ပြနော်

      ကျွန်တော်တော့ ကဗျာ ရွတ်ပြတာကို သိပ်နားထောင်ချင်တာပါ
      ဘယ်သူပဲ ရွတ်ရွတ်ပေါ့။
      ကဗျာ ရွတ်တယ်ဆိုတာကိုက သိပ် အနုပညာ ဆန်တဲ့ လူသားတွေရဲ့ ချစ်စရာအပြုအမူလေးဆိုတော့. . .

  • အဟိအဟိ ..မနှင်းဖြူ ကံတွေကောင်းနေပါ့လား …
    နာမည်တွေဖျက်ကြလွန်းလို့ စန်းတက်လာတာဖြစ်မယ်..
    ကဗျာဆုတွေဘာတွေ ရလို့ ..အားပေးသူများ ကို အထူးကျေးဇူးတင်ပါဒယ် …

    • alinsett

      October 17, 2013 at 10:27 am

      ကဗျာဆုရှင် ရဲ့ ဝမ်းသာပီတိစကားလေး ပေါ့နော်။

      တွေ ့ဆုံပွဲရောက်ရင်
      ကဗျာချစ်သူအဖွဲရဲ့အမှတ်တရလက်ဆောင် ဆုလေး ကိုယ်တိုင်လာယူနော်

  • ဟိုက် ..ပြခန်း ၁၁ ကိုဖတ်လိုက်တာ
    သူ့ထက် ဆရာ ဆရာ့တွေချည့်ပဲ ..
    ၁ဝမှာတုန်းက ၃ပုဒ်လောက်ကြိုက်တယ်
    ခု ၁၁ မှာ အကုန်နီးပါးကြိုက်နေတယ်..ကိုယ်ရေးတာကလွဲရင် ………
    တော်လိုက်ကြတာ…………….

    • alinsett

      October 17, 2013 at 10:29 am

      🙂

      ဒီပြခန်း ၁၁ က ကဗျာလေးတွေ အကုန်လုံးက
      ချစ်စရာကောင်းနေတာပါ။

  • မဟာရာဇာ အံစာတုံး

    October 17, 2013 at 10:00 am

    သဒင်းကျွတ်ဘီ
    မီးဘုံးပျံ လွှတ်ဂျရအောင် …
    နင့်ရဲ့ ဒေါ်ဖွားမေဂျီး ခေါ်ဂဲ့ …

    ဟိုကျိ ဒီကျိ လိုက်ကျိတွားဘာဒယ် ခညာ …

    • alinsett

      October 17, 2013 at 10:33 am

      အန်ဇရာ

      နာ့ဒေါ်ဖွားမေဂျီးကို ခေါ်ခဲ့ဆိုတော့
      နီ သဘောကျလို့လား။
      ဒေါ်ဖွားမေဂျီးကို နီလိုချင်ရင် နာ ပေးမှာပေါ့
      သီချင်းလေးနဲ့ပေးမယ်. . .

      ဖဲ. . ကြိုးးလေးးးနဲ့ ချည်ပြီးးးး
      ပေးချင်တယ်. . . .
      ဒေါ်ဖွားမေဂျီးးးးးးးးကို . . . .

      :kwi:

  • KZ

    October 17, 2013 at 10:44 am

    အွန်။
    ဒူမှလည်း မဗုတ်သေးပါလားးးး
    ဗုဒ် ကြပါ ဗျို့။
    အနော့ ကဗျာ ဗုတ်ရင် နောက်တစ်ပတ် ထမင်းဆိုင်မှာ အလကား စားခွင့် ပေးပါ့မယ်။
    အဟိ ခိခိခိ
    ခုခွိ ခုခွိ

    :mrgreen:

    • alinsett

      October 17, 2013 at 11:03 am

      ဟုတ်ပါ့

      ကဗျာလေးတွေ ဖတ်ပြီး ခံစားပြီးရင်
      ဗုတ်ပေးကြပါဦးဗျို့

      ကဗျာရေးသူတွေ အတွက် အမှတ်တရလက်ဆောင် အဖြစ် ဗုတ်ရလဒ်လေးတွေ
      ပေးကြပါစို့နော်

    • ခင် ခ

      October 17, 2013 at 7:25 pm

      အလကား စားရမယ့်အရေး
      ငေးမောလာ မနေတော့ပါဘူး
      တွေးတောကာ ဗုတ်လိုက်ချင်ပါရဲ့
      ခတ်တာက သူ့ကဗျာကိုယ်မသိပြီမို့
      မှန်းကာသာ ဗုတ်ရချည်ရဲ့
      မဟုတ်ရင်လည်း ကျွေးမယ်ထင်မိသကွဲ့
      နှမငယ် ခိုင်ဇာရဲ့။

      • KZ

        October 17, 2013 at 7:38 pm

        ကျွေးပါ့ဗျားးးး
        :mrgreen:

        ဘယ်ကဗျာ ဗုဒ်ဗုဒ် ပါ။

      • Mr. MarGa

        October 17, 2013 at 7:54 pm

        ဗုတ်သာဗုတ် လေးခ ရေ
        ဂျီးဒေါ်က သူ့ကဗျာ ပါရင် နှစ်ပတ်စာ ဖရီး တဲ့ဗျ
        :mrgreen:

      • alinsett

        October 17, 2013 at 7:55 pm

        လေးခရေ…
        ကဗျာပြခန်းအတွက်.. ရာသီဖွဲ့ကဗျာလေးတွေ အဆက်မပြတ်ရေးသား ပေးပို ့..ပေးနေတဲ့အတွက်..
        ကျေးဇူးကမ္ဘာပါ…နော်..။

        လေးခ ရဲ ့ကဗျာလေးတွေကို… ကျွန်တော်တို ့ပြခန်းအဖွဲ ့ဝင်တွေက… အမှတ်တရ ဖြစ်အောင်.. စီစဉ်ထားတာ ရှိပါတယ်.လို ့..။
        ဘယ်အချိန်မှာ.ဘယ်လို..အမှတ်တရ ဖြစ်အောင်.. ဖန်တီးပေးမယ်ဆိုတာတော့….
        မျှော်……

        ((အဟိ..ကြို သတင်းပေးမိပြီ..)

        :kwi:

        လေးစားချစ်ခင်လျက်…

        • ခင် ခ

          October 17, 2013 at 8:04 pm

          အလင်းဆက်ရေ မောင်ရင်တို့ထံပိုပြီးတဲ့ ကဗျာ မောင်ရင်တို့ပိုင်သမို့ မောင်ရင်တို့ သဘောပါ။ ကျုပ်က ဆိုင်ဘဲဆိုင်တော့တာမို့ သဘောရှိပါဗျ။
          ဖြူစိမ်းတွေ နောက်နှစ်တစ်တန်းတက်ရင်ဖြင့်
          ရာသီဖွဲ့ကဗျာလည်း နှစ်ပတ်လည်ပြီထင့်။

  • alinsett

    October 17, 2013 at 4:31 pm

    အဲ

    တစ်ပုုဒ်ကိုပဲ ဗုတ်သွားလို ့
    မဲတစ်မဲတော့ရပါပြီ

    ပေးကြပါဦးနော်

    🙂

  • အရီးခင်

    October 17, 2013 at 5:06 pm

    မနှင်းဖြူ လေး BIG Congratulations!
    တကယ်ကောင်းတဲ့ ကဗျာလေးပါ။ 😛

    • Mr. MarGa

      October 17, 2013 at 5:11 pm

      ဗြဲ…
      အရီး ဗုတ်လဲ ဗုတ်ရသေးဘူး
      စကားမစပ် ချွန်ရရင်
      အဲ့ကဗျာက ဘာလို့ကောင်းလဲ ဆိုတော့
      နောက်ကွယ်မှာ ခံစားချက် အပြည့်နဲ့ ဆိုလားပဲ
      ဟီဟိ

      • ပါးစပ်ပိတ်စမ်း …….. မာဂိန် ..အသာမငြိမ်ရင်
        ကြာ ..စင်္ကြာကြိမ်နဲ့ ..ကျောပြင်ကို ဗျောတင်တော်မူလိုက်မယ်… ဘာမှတ်ဒုန်းးးးးးးးးး!!!

    • ကျေးဇူးပါ အရီးရေ ……
      ဒိလိုပဲ ကာရံမသိ ..ဘာမှမရှိတဲ့.. ကဗျာမဟုတ်တဲ့ စာစုလေးကို အားပေးကြတာ
      ကျေးဇူးတင်ပါတယ်.. 😀

  • အရီးခင်

    October 17, 2013 at 5:09 pm

    နာ့ ကဘာ တောင် မရိုက် ရသေးဘူး။
    နောက် တစ်ခန်း ကူးပြီ။
    မြန်လိုက်ကြတာ၊ သွက်လိုက်ကြတာ။
    ကောင်းပါလေ့တော်။

    ပြခန်းထဲ ဝင်မရပါ အလက်ဆင်း လေး ရေ့။
    404 Not found ဖြစ်နေပါတယ်။

    • Mr. MarGa

      October 17, 2013 at 5:18 pm

      အရီးရေ
      ပုံကိုနှိပ်ပြီး ထပ်ဝင်ကြည့်ပါဦး
      ကျွန်တော်တို့ စမ်းတာတော့ အဆင်ပြေနေတယ်ဗျ
      ဒါကြောင့်
      Please Try Again 🙂

      • အရီးခင်

        October 17, 2013 at 5:28 pm

        ငါးခါ လောက် နှိပ်အပြီး ဝင်သွားတယ်။
        တကယ်တော့ ဝင်လို့ ရလိုက် မရလိုက် ဖြစ်နေတာ။

        ဝုတ်ပြီးပါကြောင်း။ 😛

        • Mr. MarGa

          October 17, 2013 at 5:43 pm

          အရီးရေ
          ထည့်တဲ့ link က ထည့်ရင်း ဖြုတ်ရင်းနဲ့ ချာချာလည်နေပြီ
          အဆင်အပြေဆုံးကို ထည့်တာ
          ပြန်စစ်ကြည့်မှ လွဲနေလို့
          ပြေလိုက် မပြေလိုက် ဖြစ်သွားတာဗျ
          အခုတော့ အားလုံး အိုကေ လို့ ပြောလို့ရပါပြီဗျာ
          မောင်မာဃ မျက်စိ ရှမ်းသွားတာကြောင့်
          internet traffic အနည်းငယ် များသွားပါကြောင်း 🙂

  • အရီးခင်

    October 17, 2013 at 5:29 pm

    “ဒီညမှာ ကျွန်တော် အိပ်စက်ပါပြီ” ကိုဖတ်ပြီး ” တဒင်္ဂ မှာ
    စိုင်းထီးဆိုင် ရဲ့ “အဖေရောက်တဲ့ အခါ ပြန်နှိုးပါနော်” ဆိုတဲ့ သီချင်းလေးကို သွားသတိရတယ်။
    ဟိုကလေး ကတော့ ပြန်နိုး နေချင်ခဲ့သူပေါ့။
    ဒီတော့ မအိပ်ပါနဲ့ဦးလေ။
    သီတင်းကျွတ် အမေ့ ကို ကန်တော့ပါဦး။
    😉

    • alinsett

      October 17, 2013 at 5:53 pm

      အရီးရေ
      ပြခန်း ထဲ အားပေး လာတဲ့အတွက် ကျေးကျေးပါ

      ဒါနဲ့ အဲဒီ ဦးထီးသီချင်း မနားထောင်ဖူးဘူး
      ကျွန်တော်နားထောင်ချင်တယ်

      ဘယ်က ရနိုင်မလဲဟင်

      • Mahar Myanmar

        October 18, 2013 at 8:43 am

        ဒီတစ်ခါ တော့ ည မှောင်မှောင် မှာ..
        လျှပ်စစ်မီး မသုံး ပဲ ( အမှန် တော့ မီး မလာ တာ ပါ)
        ဆီမီးခွက် မီးရောင် အား ကိုး နဲ့ ကဗျာ စာသား ဖြူဖြူ များ ကို
        အားပေးဖတ်ရှု သွား ပါကြောင်း…
        အပြင် အဆင် အလွန် နှစ်သက် ပါ၏ ။
        သက်ဆိုင်သူ များ အားလုံး အား ချီးကျူးပါ၏။
        စကား မစပ် ..အလင်းဆက် ရေ
        ဦးထီး သီချင်း နား ထောင် ချင် ရင်…
        ဦးထီး ရှိရာ လိုက်မေး ပါ လော…
        အကျွန်ုပ် အလိုအရ…
        ကက်ဆက် ခွေ (သို့) စီဒီ အခွေ များ ထဲ တွင်
        ရှိ နိုင် ပါကြောင်း…
        ဆိုင် များ တွင် သွားရောက် စုံစမ်း ပါရန် ..
        အကြံပု လိုက် ပါရ စေ…

  • Mahar Myanmar

    October 18, 2013 at 9:05 am

    လုပ်ငန်း က ထိုင်ခုံ နေရာ အပြောင်း အရွှေု့ လာမည့် အပါတ် ထဲ ရှိ နေပါ၍
    မန်းဂဇက် တွင် ခေတ္တ ပျောက်ရမည် ထင်ပါသည်။
    နေရာ သစ် တွင် အင်တာနက် လိုင်း ဆင် ထား တာ မတွေ့သေး ပါ ။
    ဘယ် အချိန် ဆင် မည် မသိ ပါ ။
    တော ထဲ က ဘဝ မို့…
    ဖုန်း ဆို တာ..တောင် ကိုယ် နဲ့ မဆိုင် သလို ပါ…
    သို့မို့ ကြောင့် …
    အကျွန်ုပ် ပျောက် ဆုံး နေပါ ကလည်း..
    ကိုရင် ရာမည ကို ရှာဖွေဖို့ အမှု မအပ် ပဲ..
    ရဲစခန်း ကို လူ ပျောက် မတိုင် ပဲ..
    စိုးရိမ်တော် မမူ ကြပါရန် ..
    လေးစား စွာ အသိ ပေးချင် ပါသည် ..ခင်ဗျား။
    လက်ထဲ တွင် နောက် ထက်
    အချစ်စစ် စစ် အလွမ်း စစ်စစ်
    ခံစားချက် ထွတ်ထွတ် ကဗျာ လေးပုဒ် ..
    ရှိနေပါ သေး သည်။
    ပြခန်း အတွက် ပို့ ပေးရဦး မည် လော….
    သိချင် ပါ ၏။
    ပို့ ပြီး မှ ..
    ( ဒညင်းဝက် ရဲ့ အချစ် ဝေဒနာ ကြောင့် )
    ကဗျာ မေ့ မှာ စိုးကြောက် မိပါ သည် ။

    • Ma Ma

      October 18, 2013 at 9:52 am

      အဲလို ရွာထဲမှာ ကြေညာကပ်ပြီး ခရီးထွက်တာ မဟာမြန်မာက ဆန်ပြုတ်ပဲ
      အဲ-
      စံပြပဲ။
      🙂

    • alinsett

      October 18, 2013 at 11:39 am

      မှားတဲ့အခါလည်း မှားပေမပေါ့ ကိုမဟာ ရယ်

      အခုတော့ အချစ်တွေ အလွမ်းတွေကြားမှာ နစ်မြုပ်မနေတော့ပါဘူး

      အချစ်ဝတ္ထုတွေ ရေးကောင်းရေးမယ်
      အချစ်အချစ်နဲ့အော်နေပြီး အချစ်ရဲ့ မာယာအောက်မှာ ဦးတည်ချက် မမဲ့တော့ပါဘူး

      ကဗျာလေးတွေကို
      မျှော်လင့်ကြိုဆိုလျက်ပါနော်

    • Mr. MarGa

      October 18, 2013 at 3:19 pm

      ကိုရင်
      ကဗျာ လေးပုဒ်လဲ ပေး
      ဟို ကဗျာကိုလည်း ချုံ့ထားတယ်ဆိုတာ ပြန်ပေးဦး
      ပြီးမှ နောက်က ကြည့်ပြီး ပြန်ရှင်းမယ် :mrgreenn:

  • sorrow weaver

    October 18, 2013 at 11:23 am

    မငီး …မျက်နှာငယ့်တာ့ …နာ့ကဗျာနှယ့် .. ….အဟင့်

    • alinsett

      October 18, 2013 at 11:49 am

      အံမယ်

      ဘာလို့မျက်နှာငယ်ရတာတုန်းဗျ
      ဗုတ်ရလဒ်လည်း မနည်းပါဘူး။
      ကိုဆော ကဗျာကလည်း ကောင်းပါတယ်ဗျ

      ကျွန်တော် ကြိုက်တဲ့ကဗျာတစ်ပုဒ်ပါပဲ

      🙂

    • မိုး မင်းသား

      October 20, 2013 at 7:01 pm

      sorrow weaver…..ရေ

      အားတင်းပြီးကြိုးစားပါဗျ…….ကျွန်တော်နဲ ့တူတူပဲ

      ဟဲ…ဟဲအားမငယ်နဲ ့လေ

      fighting………;;;;;;;;;;;;;;;;;;

  • surmi

    October 18, 2013 at 4:01 pm

    ​တော်​​တော်​​ရွေးရခက်​​နေပါတယ်​…
    ၁ဝ ပုဒ်​​လောက်​ ဗုတ်​လိုက်​ချင်​ပါရဲ့…
    ခုမှဘဲ ဂဇက်​ရွာထဲကဗျာဆရာ​တွေများမှန်​းသိရ​တော့တယ်​…. 🙂

    • alinsett

      October 20, 2013 at 3:30 pm

      အကြိုက်ဆုံးတွေထဲက…အကြိုက်ဆုံးလေး သုံးပုဒ်ကိုပဲ.ရွေးရမှာပေါ့…ဦးဆာ..။

      လူတွေဟာ အချစ်နဲ ့တွေ ့ရင် ကဗျာဆရာဖြစ်သွားတယ်..ဆ်ိုတဲ့ စကားအရဆိုရင်တော့..
      ဒီရွာထဲမှာ.. အချစ်နဲ ့တွေ ့နေတဲ့သူတော်တော်များပါတယ်..။

      🙂

    • မိုး မင်းသား

      October 20, 2013 at 6:57 pm

      ကိုဆာမိရေ….

      ရွာထဲမှာကဗျာဆရာတွေများသလို….

      ကဗျာတွေကလည်းကိုဆာပြောသလိုရွေးရခက်ကြီးဖြစ်နေမိတယ်…..

      စိတ်ကိုထိမ်းပြီးသုံးပုဒ်သာဗုတ်သွားပါတယ်နော်

  • မိုး မင်းသား

    October 20, 2013 at 6:53 pm

    ဂဇက်ကတော်ရုံနဲ ့ဝင်လို ့မရတော ့…..စိတ်ညစ်မိတယ်လင်းလင်းရေ….

    ဝင်ဗုတ်သွားပါတယ်နော်

    • alinsett

      October 21, 2013 at 7:36 am

      ရလဲ့

      လူဂို ခေါ်ပုံက လင်းလင်း တဲ့

      ချစ်သုဝေနဲ့ ဘာဂလိုတိုတို လူ နာမည်နဲ့အခုမှဆင်သွားတယ်

      🙂

      ဝင်ရခက်တဲ့ ဂဇက်ထဲ မရမကဝင်လာပြီး
      ပြခန်းကိုအားပေးသွားတဲ့ မာမီမိုးကို ကျေးဇူးတင်ပါတယ်နော်

  • ရွှေမိုးတိမ်

    October 22, 2013 at 3:51 pm

    အကုန်လုံး ကို ဗုတ် ချင်နေတော့ ခက်တာပဲ ။ အတွေးရစေတဲ့ ကဗျာ ၊ ပေါ့ပေါ့ပါးပါး ရယ်ရတဲ့ ကဗျာ ။ လူငယ်ဟန် ကဗျာ ။ ကိုယ် ကတော ့ကုန်လုံးကြိုက်တယ်ကွယ် 😀

    • alinsett

      October 22, 2013 at 5:23 pm

      အကြိုက်ဆုံးတွေ ထဲကမှ
      အကြိုက်ဆုံး သုံးပုဒ်ကို ရွေးသွားပါကွယ်

      :kwi:

      ပြခန်းထဲ အရောက် လှမ်းလာခဲ့တဲ့ ရွှေမိုး ရေ
      ကျေးဇူးပါဗျ

  • Mr. MarGa

    October 22, 2013 at 7:41 pm

    အင်
    ကွန်မန့်က လေးဆယ့်ခွန်
    ဗုတ်က နှစ်ဆယ့်ရှစ် တဲ့
    ဗုတ်ကြပါဗျ
    ဗုတ်ကြပါဦး လို့
    ဗုတ် နည်းပါတယ် ဆိုမှ
    သဂျီးကလဲ ဘေးကို ကပ်မပေး
    ဗုတ်ကလေး မျက်နှာငယ်နေရှာရော့မယ်……

  • alinsett

    October 22, 2013 at 7:51 pm

    ဟုတ်ပါ့ဗျာ..။
    ပြခန်း စီစဉ်နေတဲ ့ အဖွဲ့ဝင်လေးတွေ… မျက်နှာငယ်လိုက်တာ…။

    နောက်ပြခန်းတွေအတွက်.. အားလေး ထည့်ပေးကြပါဦးနော်…။

  • kyeemite

    October 23, 2013 at 10:18 am

    ဘဝ ဆိုတဲ့ ကဗျာလေး နဲ့ ဆုရသွားတဲ့ “မနှင်းဖြူမှန်မှန်ပြော” ဆ ိုတဲ ့ ရွာသူလေး ရေ…
    Congratulations!!!!!!!!!!! ပါဗျာ..
    တကယ်ကောင်းတဲ့ ကဗျာလေးပါ။ 😛
    ကဗျာပြခန်းစီစဉ်သူများရေ….
    ကြီးမိုက်တစ်ယောက်
    အင်တာနက်ဖေါက်လို့
    ခုမှရောက်ရကြောင်း
    သတင်းပို့ပါတယ်..နော
    ဗုတ်လည်းဗုတ်ပါ့မယ်

    • ကျေးဇူးပါ ဦးကျီးမိုက် (ကြီးမိုက်) 😛 ရေ
      မတောက်တခေါက် ရေးထားတာလေးကို
      ခံစားချက်ချင်းတူလို့ အားပေးကြတဲ့အတွက်
      ရသွားတာပါ ..

  • kyeemite

    October 23, 2013 at 11:13 am

    ဗုတ်ခဲ့ပြီ မိတ်ဆွေတို့ရေ…

  • ဗုံဗုံ

    October 23, 2013 at 12:20 pm

    မမနှင်းဖြူ…ဆုရသွားတာ
    ဝမ်းသာပါတယ်.မုန့်ကျွေးပါ.. :mrgreen:

    ဗုတ်ခဲ့ပြီ ဖြစ်ပါကြောင်း..
    ဗုတ်ဖို့အရေး..သုံးနာရီလောက်စောင့်ခဲ့ရတယ်…

  • ကျော်စွာခေါင်

    October 24, 2013 at 2:56 am

    ညီလေး အလင်းဆက်ရေ
    ပြခန်း ဒီဇိုင်းလေး ကြိုက်တယ်..။
    ကဗျာတွေ လည်းကောင်းတယ်… တကယ်လည်းတော်ကြပါတယ်..
    ဦးခေါင်…..ဗုတ်ခဲ့တယ်နော်။

    မကေရဲ ့ကဗျာကို ဗုတ်ချင်ပေမယ့် လွဲနေတဲ ့ကဗျာ တစ်ပုဒ်မှမတွေ ့လို ့ ဇဝေ ဇဝါ ဖြစ်နေပါသည်..။

    • alinsett

      October 25, 2013 at 7:42 am

      ဦးခေါင်ရည်
      ကျေးကျေးပါ

      :kwi:

      ပြခန်းအတွက်လည်း ဦးခေါင်ရဲ့ ကဗျာလေးတွေ လိုအပ်နေပါတယ်လို ့

    • KZ

      October 25, 2013 at 12:40 pm

      ခေါင်နော်။

      လူကသာလွဲတာ။
      ကဗျာက မလွဲဘူးးးးး
      ဟွန့်။

      😀

  • KZ

    October 25, 2013 at 12:43 pm

    အဟင့်။
    ကေဇီ ကဘာလေးကို ဗုပ်ပေးကြပါ။
    ထမင်းဆိုင်မှာ အလကားကျွေးပါ့မယ်။ :mrgreenn:

    ဒါပဲ။
    မဗုပ်တဲ့သူ ခေါ်တော့ဘူးးးးးး :mrgreenn:

    အလက်ဆင်းးးးးးး
    နာ့ ပလိုမိုးချင်း ထိရောက်ရဲ့လားဟမ်?

    :mrgreen:

    • alinsett

      October 25, 2013 at 4:48 pm

      အဆင်သင့် စားသောက်ဖို ့တွေကို လူကြုံနဲ့
      အိမ်အရောက် ထည့်ပေးလိုက်ရင်
      ပို ထိရောက်မယ် မမဂျီး

      အာ့ဆို
      ကျွန်တော်လည်း မမဂျီးကဂျာကို သုံးပုဒ်ထဲ ထည့်ဗုတ်မယ်

      🙂

  • ရွှေဘိုသား

    October 28, 2013 at 5:50 am

    မရေးတတ်ရေးတတ် ကဗျာတွေနဲ့ Home page မှာတင်ရမှာ အားနာနေတာ
    အခုတော့ ဝါသနာကို ဖော်ထုတ်ဖို့ ရွာသားတွေ အစီအစဉ်လေးက ကောင်းလှပါ၏ဗျာ
    မရောက်တာကြာတော့ ရွာလည်း တော်တော်ပြောင်းလဲသွားပါလား ဝမ်းသာပါတယ်။

    • alinsett

      October 28, 2013 at 5:26 pm

      ကိုရွှေဘိုသား ရေ
      ကဗျာကောင်းလေးတွေ ရေးပြီးပို ့ပေးထားလို့
      ကျေးဇူးတင်ပါတယ်နော်

      ကဗျာပြခန်းကို အမြဲတမ်းအားပေးနေပါနော်

      🙂

  • Mahar Myanmar

    October 28, 2013 at 4:35 pm

    ဗုတ် လိုက်ပါ၏။
    ( လဲ သူ ကို ထူပေး ရုံ သာသာ .. ပါ )
    အင်တာနက် မရှိ မဲဇာ ကနေ ..အပြေးအလွှား
    လာ ဗုတ် သွား ရပါတယ်..
    ကို အလင်း ဆက် ရေ…
    ကဗျာ တွေ ပို့ပေး ပါမည် ..
    နက်ဖြန် သို့မဟုတ် ဘယ်သောအခါ…….

    • alinsett

      October 28, 2013 at 4:54 pm

      ဘယ်သောအခါ တော့မလုပ်ပါနဲ့
      မနက်ဖြန်ဆို ဟုတ်တုတ်တုတ်
      🙂

      အရောက်လာပေးတာ ကျေးဇူးပါဗျ

  • Mahar Myanmar

    October 29, 2013 at 9:17 am

    ပို့ပေး မှာ ပါ ဘော်ဒါ ကြီး ရာ..
    အဲဒီ မှာတောင် ကို ကျုပ် ကဗျာ..
    တွေ ကျန်သေးတယ် လေ..

  • alinsett

    October 31, 2013 at 12:59 pm

    ဟုတ်ပါ့
    ဗုတ် ဘယ်ပျောက်သွားပြီလဲ

    sos

  • KZ

    October 31, 2013 at 1:02 pm

    ဟင်။
    ဘေးမှာရှိတယ်လေ။
    အေကာဏ နာ့ ကဘာလေး အညားဆုံးနေမှာ။
    အဟေးဟေးးးး
    ခိုးသွားတဲ့ ဒူညား ကျန်အပေးပါနဲ့ ခင်ညားးးးးးး

    :mrgreen:

  • မဟာရာဇာ အံစာတုံး

    November 1, 2013 at 11:59 am

    Vote က Vote post ဆိုရင် ဘေးမှာ မပေါ်ဘာ …
    အခြားပို့စ်မှာဆိုရင် ပေါ်ပါတယ်။
    ပို့စ်ထဲမှာ မတွေ့ဒါဆိုရင်တော့ ..
    ကိုးနတ်ရှင်ကိုသာ အပြစ်တင်ဂျပေလော့ …

    သာဒု .. သာဒု .. သာဒု ..

    • alinsett

      November 1, 2013 at 12:12 pm

      အံဇာဒုန်း ရေ
      အညှ အညှ အညှ

      အဲ ကွန်နက်ချင်ရေ
      အမျှ အမျှ အမျှ
      ကြားရာ အရပ်က သာဒုခေါ်ပါ အံဇာ ရေ

      :kwi:

  • Mahar Myanmar

    November 1, 2013 at 1:46 pm

    ဟေးဟေး ပျော်ထှာ ..
    မဟာ တို့ ဆုရတော့ မယ်…
    ဒီလို ဆု မျိုး ရခဲ လှ ၏။
    ဗုတ်ကြပါ ဗုတ် ကြပါ
    ဆု ကို မဟာ ယူ တော့ မျာ ပါ။
    ကျန် ကဗျာ ရှင် များ စိတ် လျျော့ လိုက်ကြပါ တော့
    ဟေးဟေး :D-

  • Mr. MarGa

    November 1, 2013 at 2:34 pm

    အရင်ပြခန်းတွေမှာလည်း
    ပြခန်းပေ့ချ်မှာ ဗုတ် ဘေးမကပ်ဖူးလေ
    အခုမှပဲ ကဗျာချစ်သူတွေ မျက်စိလည်သွားတာလား မသိ
    ပြေးကြည့်ပြန်တော့လဲ ဘာမှ မပြောင်း
    အခုတော့
    ရှင်းပြီ လင်းပြီ ပေါ့……
    ပြောစရာရှိတာ ဝင်ပြောရရင်
    မကြာခင်မှာ ဒီပြခန်း ပိတ်တော့မှာနော့
    အကြိုက်ဆုံး ကဗျာလေးတွေ ကျန်သေးရင်ဖြင့်
    မဲမပေးရ မရှိလေအောင်
    လာထား….လာထား……

    • alinsett

      November 1, 2013 at 5:44 pm

      ကျွန်တော် မျက်စိ မလည်ပါဘူး ဒဂျားရာ
      ပြခန်းပိုစ့်ထဲက ကြည့်ရင် ဘေးမှာ ချိတ်ထားတာ မမြင်ရဘူးဆိုတာသိတယ်

      တခြားပိုစ့်တွေထဲက နဲ့ Home စာမျက်နှာက ကြည့်ရင် ဗုတ်ဘေးချိတ်ထားတာ မြင်ရတယ်ဆိုတာလည်း သိတယ်

      မနေ့က တစ်နေ့လုံးနဲ့ ဒီနေ ့တစ်နေ့လုံးမှာ
      အဲဒီ ဗုတ်ဇယားကြီးကို ပြခန်းထဲလည်း မမြင်ရ
      ဘေးချိတ်ထားတာလည်း မတွေ ့ရ။
      ဘယ်က ကြည့်ကြည့် ပျောက်နေလို ့ပါ။

      နက် လိုင်း နှေးနေတာပဲ ဖြစ်ပါလိမ့်မယ် ။

  • KZ

    November 2, 2013 at 1:37 pm

    ဝှါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    😥

    တာမီး ကဘာလေး တစ်မဲ နဲ့ကပ်ပြုတ်သွားပြီ။
    ဝှါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    ကဗျာပြခန်းတာဝန်ခံများ တာမီးကို မုန့်ဝယ်ကျွေးကြပါ။
    ဝမ်းနည်းနွန်းနွန့်ပါ။
    :hint:

    ဟီးဟီးဟီးးးးး
    ရတာက လေးလေးကြည် ကဗျာလားမသိဘူးးးး
    ဘယ်ဒူရရ ကွန်ဂရက်ကျူလေးရှင်းပါ။
    မုန့်လိုက်ကျွေးပါ။
    :mrgreen:

    • alinsett

      November 2, 2013 at 4:47 pm

      အစားအသောက်ကိစ္စက မပါ ပါအောင် ထည့် ကို ပြောရသေးဒယ်နော်
      မမဂျီး တို့များ

      🙂

    • alinsett

      November 6, 2013 at 6:34 pm

      ကအာဂ ရေ
      ပြခန်း ၁၂ ကို
      နိုဝင်ဘာ ၁၁ ရက်နေ့လောက်မှာ ဖွင့်ပြနိုင်ပါလိမ့်မယ်။

  • TNA

    November 9, 2013 at 4:51 pm

    ဟိုက်ရှ် ၁၁ နေ့ကနာရင်ခုန်ရမဲ့နေ့ဘဲ။ အကုန်လုံး ၁၁ ရက်နေ့ချည်းဘာလားဟ။ အောင်မယ်လေ့။

    • alinsett

      November 9, 2013 at 5:34 pm

      အဟိ
      အန်တီသဲတော့
      ၁၁ ရက်နေ ့ကို ရင်တခုန်ခုန်နဲ့ စောင့်ပေတော့ပဲ
      🙂

      ကဗျာပြခန်း ၁၂ ကလည်း
      အရင်ပြခန်းတွေနဲ့မတူအောင် စီစဉ်ထားသေးတယ်။
      ဘယ်သူက ဘယ်လို လက်စွမ်းပြမလဲဆိုတာ ရင်ခုန်စွာ စောင့်စားရင်းကကိုပဲ
      အန်တီသဲ ရင်ခုန်စွာ စောင့်နေတဲ့ ပိုစ့်တစ်ပုဒ်ကလည်း
      တက်လာဦးမှာ

      :kwi:

      • TNA

        November 9, 2013 at 9:47 pm

        အေးအေ့ နာ့ထမင်းဆိုင်ကလဲ ၁၁ ရက်နေ့ပဲတဲ့အေ့။ တိုက်ဆိုင်လွန်းလှပါတကားအေ။ နာတော့ သေရင်မြေကြီး ရှင်ရင်ရွှေထီးပါပဲအေ။ ဘုရားတစောင့်ရတော့မပေါ့အေ။ ညီးဝတ်လည်ဘာဇီတော်။ :harr:

        • alinsett

          November 10, 2013 at 12:08 pm

          :kwi:

          :kwi:

  • ငှက် ငယ်

    November 10, 2013 at 12:50 pm

    ကဗျာပြခန်း ဘယ်လို ဝင်ရမလဲ ပြောပြပါဦးလား…..

    alinsett says: ရေ..။

    • alinsett

      November 10, 2013 at 1:38 pm

      ဟုတ်ကဲ့

      ကဗျာတွေ ဖတ်ချင်ရင်
      ကဗျာပြခန်း ဆိုတဲ့ပုံလေးကို ထောက်ပြီး တစ်ချက် ကလစ်လိုက်ပါနော်
      ကဗျာတွေဆီ ရောက်သွားပါလိမ့်မယ်

      ကဗျာ ပေးပို ့ကူညီချင်ရင်တော့
      alinsett.art@gmail.com ကို ဖြစ်ဖြစ်
      alinsett ရဲ့ ဖေ့ဘုတ် ချက်ဘောက်ထဲကိုဖြစ်ဖြစ်
      ပေးပို ့နိုင်ပါတယ်

Leave a Reply