လူအဖွဲ့အစည်းအပေါ်တွင် ကောင်းမွန်စွာထောက်ပံ့မှုပေးနိုင်ရန် သုတေသနလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ Ciclopirox လိမ်းဆေးကို အသုံးပြုခြင်းဖြင့် HIV ပိုးများအား ချေမှုန်းသုတ်သင်နိုင်စွမ်းရှိပြီး ၄င်းပိုးအား နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာမှုမရှိအောင် တားဆီးနိုင်စွမ်းရှိသည်။
ယခုနည်းပညာကို လေ့လာနေသော Rutgers New Jersey Medical School မှ ပြောကြားချက်အရ ” Ciclopirox သည် ခေတ်စားနေသော နောက်ဆုံးပေါ် ခုခံကာကွယ်ဆေးများနှင့် မတူညီသော်လည်း HIV ပိုးအား တိုက်ခိုက်ချေမှုန်းနိုင်စွမ်းရှိပြီး ရောဂါပိုးနောင်ထပ်ပြန်ပေါ်မလာအောင် ပိုးကို ချုပ်နှောင်ထားနိုင်သည် ” ဟု ဆိုသည်။
ထို့အပြင် အဆိုပါအဖွဲ့မှ အခြားသောသုတေသနသမားများအနေဖြင့် Ciclopirox အား လူသားများ အတွက် ခြေထောက်လိမ်းဆေးခရင်မ်အဖြစ် အသုံးပြုနိုင်သည်ကို သက်သေပြခဲ့ပြီး FDA (Food and Drug Administration) နှင့်Europa ၏ EMA (Europen Medicine Agency) တို့မှလည်း ၄င်းကို ထောက်ခံခဲ့ ပါသည်။

 

သုတေသနပြုလုပ်သူများက ”အစွမ်းထက်သောဆေးဝါးများဖြင့် HIV ပိုးကို တိုက်ခိုက်ကုသမည်ဆိုပါက ပိုးအနေဖြင့် အသက်ဆက်ရှင်သန်နိုင်သော်လည်း ယခုဆေးအနေဖြင့် HIV ပိုးရှိနေသော ဆဲလ်အား မိမိကိုယ်ကို သက်သေနိုင်အောင် ပြုလုပ်နိုင်စွမ်းရှိသည်” ဟု ဆိုသည်။
Ciclopirox ကိုအသုံးပြု၍ လူတို့အပေါ်တွင် HIV ကုသရန် ယုံကြည်စိတ်ချစွာအသုံးပြုနိုင်သည်ဟု ဆိုသည်။  FDA မှ အသိအမှတ်ပြုထားသည့် အခြားသော HIV ကုသနိုင်သည့် ဆေးဝါးတစ်မျိုးမှာ Deferiprone ဖြစ်သည်။ ၄င်းသည် Ciclopirox နှင့် မတူညီဘဲ စနစ်တကျအသုံးပြုရသော ဆေးဖြစ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုထက်ပိုကာ အကျိုးသက်ရောက်မှုရှိပါသည်။

Source:www.news.cnet.com

About Mr WorldWide

Mr WorldWide has written 99 post in this Website..

လက်ထောက်ကထိက (Member of DASA)