ထုံးစံ အတိုင်းပေါ့။
သီတင်းကျွတ် မှာ အလုပ်က ခွင့်ရတုန်း ခရီးထွက် မယ် စိတ်ကူးတော့ ရွှေကျင် ဘက် စိတ်ညွှတ် မိတယ်။
အသိအကျွမ်းကလဲ မရှိ။ ဆိုတော့ နောက်ဆုံး online က ဘော်ဒါ တစ်ယောက် နဲ့ ချိတ် မိပြီး သွားဖြစ်ဖို့ အကြောင်းဖန် သွားတော့တာပဲ။
ဆြာအုပ်ကလဲ အဲ့မှာ ရောက်နေမယ်။ ရွှေကျင် မှာစုံကြမယ် ပေါ့။
အသိ ကို အဝေးပြေး ကားလက်မှတ် အကြောင်းမေးကြည့်တော့ ညနေ ၅ နာရီ နောက်ဆုံးကား နဲ့ လိုက် ဟိုကို ညဘက်ရောက် အတော်ပဲ လို့ ဆိုလာပါတယ်။
အဲ့ဒါနဲ့ အောင်မင်္ဂလာ အဝေးပြေး ကွင်းကို ၄ နာရီ အရောက် သွားလိုက်တာမှာ . . ကိုယ့် နဖူး ကိုယ်ရိုက်ပြီး ပြန်ခဲ့ရပါတော့တယ်။
ရွှေကျင် ကားက ၃ နာရီ နောက်ဆုံးပါတဲ့။ ဓာတ်ပုံ ရိုက်ချင်စိတ်ကလဲ ထိန်းမရတော့တာ နဲ့ ပြည်သူ့ ရင်ပြင် သွားပြီး ဦးပေါက် မကြုံခဲ့တဲ့ ရေပန်း သွားရိုက် ဖြစ်လိုက်ပါတယ်။ မနက် ၆ နာရီ ကားလက်မှတ်ဖြတ်ခဲ့ပြီး ၄ ခွဲ အရောက် သွားရမှာ မို့ ညလဲ မအိပ်ဖြစ်တော့ပါဘူး။ ထွက်သွားလေ သတည်း Taxi ဖိုး ပေါ့ဗျာ။ သင်္ဃန်းကျွန်းကနေ အောင်မင်္ဂလာ အဝေးပြေး ကွင်းကို 3500 ပေးရတယ်ဗျ။ ရန်ကုန် ရွှေကျင် ကမှ 3000 ပဲ ပေးရတာ။

အောင်မင်္ဂလာ ရဲ့ အေးမြမြ မနက်ခင်း မှာ လူတစ်ယောက် ကရင် အင်္ကျီဘိုသီဘတ်သီ နဲ့ . .
— ညီလေး၊ ရွှေကျင် ဘာသွားလုပ်မှာလဲ ဟေ .
– ကျွန်တော် မီးမျှောပွဲ သွားချင်လို့ပါ အစ်ကို . . . .
— ညီလေး က ရိုက်ကူးရေးကလား . . (Tripod ထမ်း၊ ကင်မရာအိတ် တလွယ်လွယ် နဲ့ဆိုတော့)
– မဟုတ်ပါဘူး အစ်ကို . ကျွန်တော် က ၀ါသနာ အရပါ။ မှတ်တမ်း သဘောပေါ့ အစ်ကိုရာ . . . ဆိုတော့
— လာကွာ ညီလေး လက်ဖက်ရည် သောက်ရအောင် တဲ့ . .။
– လာဗျာ . . သောက်ကြမယ်။ (ကိုယ်လဲ ပျင်းနေတာနဲ့ အတော်ဖြစ်သွားတာ . .။)

အဲ့မှာ ဟိုပြော . . ဒီပြော . . အနုပညာ ဆိုတာကနေ အစ . . ရွှေကျင် မှာ ၂၄ နာရီ မီးမပြတ် တဲ့ ကိစ္စ အဆုံး အကုန်လုံး လေပေးဖြောင့် သွားကြတော့တာပါပဲ။

နောက်မှ သိရတာက . . အဲ့အစ်ကိုက ကျွန်တော် စီးမယ့် ကားလိုင်း နဲ့ ဂိတ်ကား ၁၁ စီး ပိုင်ရှင် ဖြစ်နေပါတော့တယ်။
ရန်ကုန်ကနေ ရွှေကျင် ရောက်ဖို့ ကို ၄ နာရီ ၀န်းကျင် (အဝေးပြေးကားနဲ့)ကြာပါတယ်။ ညောင်လေးပင် ကနေ လမ်းခွဲပါတယ်။ ပဲခူး အကျော် မှာ မိုးယွင်းကြီးအင်း နဲ့ ဒေးစွန်ပါ ဘုရား ကို ဖြတ်သွားရပါတယ်။ ကားလမ်း ကောင်းပါတယ်။

ရွှေကျင် ရောက်တော့ online ပေါ်က အသိကလဲ ဖုန်းက ဆက်လို့ မရ၊ ကျွန်တော်ကလဲ အချိန် လုပြီး ဓာတ်ပုံ ရိုက်ရမှာ နဲ့ . . ရွာလည်နေတုန်း . .အဲ့ အစ်ကို ရဲ့ ဆက်စပ် ပေးမှု နဲ့ တည်းစရာ အိမ်တစ်အိမ် ရပါတော့တယ်။သွားလိုရာ လိုက်ပို့ပေးမယ့် ဆိုင်ကယ်ဆရာ တစ်ယောက်ပါ အဆစ်ရပါတော့တယ်။ နောက်ပိုင်းကျ သူက Tripod ထမ်းပြီး သွားလေရာပါပါတော့တယ်။ ကျေးဇူးအထူးပါ . . . . အစ်ကို ရေ။ (ကိုဆာမိ ပြောတဲ့ ရွှေကျင် မှာများဗျာ . . တည်းချင်ရင် အဆင်ပြေ တဲ့ အိမ် ပြောတည်းလို့ ရသဗျ – -ဆိုတာ မှန်ပါတယ်ဆိုတာ ထပ်ဆင့် ထောက်ခံမိပါတော့တယ်။)

အဲ့ဒီ့ အိမ်မှာ ပစ္စည်း ထုတ်ထားပြီး မီးမျှောပွဲ ကိုသွား ဆြာအုပ် တို့ နဲ့ ရိုက်ကြ။
မမောနိုင် မပန်းနိုင်ပေါ့ဗျာ။ ထူးထူးဆန်းဆန်း အဲ့ဒီ့မှာ မိုးရွာတော့တာပဲဗျို့။ ကင်မရာ လေး ပိုက်ပြီး ကျွန်တော်၊ ဆြာအုပ် နဲ့ ဓာတ်ပုံအသင်းက တစ်ယောက်မှာ ဟိုဈေးဆိုင်လေး ပြေးခို၊ ဒီဈေးဆိုင် လေး ပြေးခိုပေါ့ဗျာ။ အဲ့ဒီ့မှာ ဆိုင်ရှင်က . . ဒီမှာဒီမှာ . .

— မောင်လေးတို့ အစ်မ ဆိုင်က မိုးသိပ်မလုံ ရင် အိမ်ပေါ်မှာ သွားနားပါလား . နားနားနေနေပေါ့ လဲအိပ် လို့လဲ ရတယ် သိလား .
– ရပါတယ် အစ်မ . . ဒီအတိုင်းလေးလဲ အဆင်ပြေပါတယ်။

အဲ့ဒီ့မှာ အဲ့ ဆိုင်ရှင်ရဲ့ အမျိုးသားက အတင်းအိမ်ပေါ်ခေါ် ရေနွေးတွေ အတင်းတိုက် နဲ့ အားနာချင်စရာ ကောင်းလောက်အောင် ဧည့်ဝတ်ကျေပါတော့တယ်။
တကယ် အမှတ်တရ ပါပဲ ဗျာ။

အဲ့ဒီကနေ လမ်းခွဲ ကျွန်တော်က မြို့ ပေါ်ပတ် ထမင်းစား ရေချိုး ခဏ နားပြီး ညပွဲ ရိုက်ဖို့ နေရာ ရှာရင်း ဆြာအုပ်တို့ နဲ့ လူစုကွဲ သွားရာကနေ မြစ်ထဲ လှေစီးရတဲ့ အဖြစ်ကိုရောက်သွားပါတော့တယ်။ အဲ့တော့မှ လှုပ်နေတဲ့ မီး တွေကို လှုပ်နေတဲ့ လှေပေါ်ကနေ shutter speed ချ ပြီးရိုက်ရတာ တော်တော်ခက်၊ တော်တော် မဖြစ်နိုင် . . မဖြစ်နိုင်ဆို အဲ့လို လိုက်ရိုက် နေတာ ကိုယ်တစ်ယောက်ပဲ ရှိ . . အဲ့ဒီတော့မှ ဟိုဘက်ကမ်းပေါ်တက်ပြီး ဒီဘက်ကမ်းကို ပြန်ရိုက်ရတော့တာ . . ခြင်တော်တော်ကိုက်တယ်ဗျာ . . ဖွဲ နဲ့ ဆုပ်ပက် သလိုပဲ။

မီးမျှောပွဲ ပြီးတော့

ဆြာအုပ် တို့ကတော့ ညမအိပ် ပဲ ညတွင်းချင်းပဲ ကိုယ့်ကားနဲ့ ကိုယ်ပြန်ကြ။ ကျွန်တော် ကတော့ မနက် လိုင်းကား နဲ့ ပြန်ရမှာ မို့ တည်းရမယ့် အိမ်မှာ ညအိပ်၊ မနက်စောစော တစ်ပုံ နှစ်ပုံ ထရိုက်ပြီး နှုတ်ဆက်ခဲ့ပါတယ် ရွှေကျင် ရယ်ပေါ့ . . .။

တော်တော် ကျေနပ် ဖို့ ကောင်းတဲ့ ခရီးပါပဲ ဗျာ . . . .။

ချစ်စရာကောင်းတဲ့ လူမျိုး၊ တနည်း ကရင် လူမျိုး တွေနဲ့ ထိတွေ့ခွင့် ရခဲ့လို့လဲ . . ၀မ်းသာ မိပါတော့တယ်။

ပြည်သူ့ ရင်ပြင် - ၁

ပြည်သူ့ ရင်ပြင် – ၁

ပြည်သူ့ ရင်ပြင် - ၂

ပြည်သူ့ ရင်ပြင် – ၂

ရွှေကျင် မီးမျှောပွဲ - 2013 သီတင်းကျွတ် လ

ရွှေကျင် မီးမျှောပွဲ – 2013 သီတင်းကျွတ် လ

ရွှေကျင် မနက်ခင်း

ရွှေကျင် မနက်ခင်း

ရွှေကျင် မနက်ခင်း

ရွှေကျင် မနက်ခင်း

ရွှေကျင် မနက်ခင်း

ရွှေကျင် မနက်ခင်း

ရွှေကျင် နေ့လည်ခင်း

ရွှေကျင် နေ့လည်ခင်း

လေးစားစွာဖြင့်
Mလုလင်

About Mလုလင်

has written 50 post in this Website..

ဓာတ်ပုံရိုက်ရတာ ကိုကြိုက်တယ်။