” မဲ့ပြုံး “

 

ပြင်ဖို့သင့်တယ်

ပြောတော့ပြင်မယ်၊

ပြင်ကြရအောင်

ဆွေးနွေးလုပ်တယ်၊

အချိန်မလောက်လို့

နောက်လ ဆုတ်ကွယ်၊

ပြင်ဖို့အရေး

နှောင့်နှေးနိုင်ဖွယ်၊

ဒီလိုနဲ့ဘဲ

၂၀၁၅ ရောက်ပါလိမ့်မယ်၊

ပါးစပ်ကပြောပြီး

လက်ကမမြန်တယ်၊

ဒီနည်းလမ်းတွေ

ရိုးပါပေါ့အစိုးရရယ်၊

 

မဂျာအေးကိုလေဗျာ

သူ့အမေရိုက်ပါလို့

မှောင်မိုက်မှာငို၊

ကိုလူပျိုထရံပေါက်က

ခြေထောက်ကိုဆွဲ တွဲလဲ၊

တွဲလဲရယ်နေပါအုံး

မိုးတောင်ကချုံး မုန်လုံး၊

မုန်လုံးကိုစက္ကူကပ်

ကြာကလပ်နဲ့ဆွမ်းတော်တင်

ပလ္လင်ပေါ်ကမျောက်ကလေး

ဆင်းကာလို့ပြေး ဂျာအေး၊

မဂျာအေးကိုလေဗျာ

သူအမေရိုက်ပါလို့

မှောင်မိုက်မှာငို၊

………………….

…………………..

………………… ဂျာအေး။

 

ငယ်တုန်းကသီချင်း

ဆုံးစမရှိငြီးရင်း

ပြုံးလှမိခြင်း၊

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..