ရွာထဲလည်း အဲလေ..မြို့ထဲလည်း ပို့စ်မတင်တာကြာပြီ…..

အရင်တုန်းကလည်းဘာတင်တာမှတ်လို့ ခပ်တည်တည်ဘဲ  :mrgreen:…….

မနက်ကကြုံရတာလေး ပြောပြချင်လို့ဘာ…

မနက်ကအစောကြီးနိုးနေတာနဲ့ ပြန်မအိပ်တော့ဘဲ မနက်စောစော ဆိုင်ကယ်လျှောက်စီးအုံးမှဆိုပြီး.

.ရုံးသွားဖို့ပါတစ်ခါတည်းပြင်ပြီးတာနဲ့ ဆိုင်ကယ်ထုတ် အပျိုကြီးတွေကို ရုံးမှာလုပ်စရာရှိလို့ဆိုပြီး လိမ်…

.ပြီးတာနဲ့ အနွေးအကျီ ထူထူဝတ်ပြီး ဆိုင်ကယ်မောင်းလာခဲ့တာ…

.မေမြို့သွားတဲ့ လမ်းကိုစီးမယ်ဆိုပြီး ရုံးနဲ့ ဆန့်ကျင်ဘက် ထွက်ပြီးစီးလာတယ်…….

နည်းနည်းစောသေးလို့ လူလည်းရှင်းနေတယ်….. ဒီဘက်ကညနေတိုင်း ပျင်းရင် ဆိုင်ကယ်ထွက်စီးနေကြ…..

စီးလာရင်းနဲ့ ချစ်သူကိုလွမ်းလိုက်သေးတယ်….    :mrgreen:

ချစ်သူနဲ့ အတူစီးမယ်ဆိုပြီး စိတ်ကူးယဉ်ထားလို့……

ထားပါတော့လေ ဒါက ကြော်ငြာဝင်တာပါ..

သူလည်းအခုဆို ရှေ့လူ ရင်ခွင်မှာ ပျော်နေလောက်ပါပြီ…

:mrgreen:

ဒီဘက်လမ်းရောက်မှအေးလို့ဆိုပြီး လက်တစ်ဖက်တည်းနဲ့ ဆိုင်ကယ်မောင်းလာတာ….

ဘေးမှာလည်း သစ်ပင်တွေ ရှိတယ် …ဖြေးဖြေးလေးပဲ စီးလာတာပါ…..

အကွေ့လေးရောက်တော့ ကလေးနှစ်ယောက်ပြေးတက်လာတာ..ရှေ့မှာ ပွတ်ကာသီကာလေး……

တန်းတန်းမတ်မတ် ဖြတ်ပြေးသွားတယ်ဆိုရင် တော်သေးတယ်……

အခုဟာက သူတို့ကဆိုင်ကယ်လာတာကိုလည်းမြင်ဟန်မတူဘူး

ရှေ့ကကလေးက နောက်ကို ပြန်လှည့်ပြေးလာတာ……

ဘယ်မှကိုရှောင်ချိန်မရလိုက်ဘူး….

စိတ်ထဲမှာလည်းထိတ်ကနဲ ဖြစ်သွားတယ်…

ကလေးဆိုတာ နုနုလေး

ကျိုးမှာအသေချာဘဲ…တွေးပြီး ဘေးကိုဆွဲချလိုက်တာ…

.ဘေးမှာမြောင်းတွေက တော်တော်နိမ့်နေတယ်…

.ဆိုင်ကယ်ကိုလှဲချလိုက်တာ……လူရော..ဆိုင်ကယ်ပါ အောက်ထဲကို ကျသွားတယ်….

အရှိန်လည်း မများတာရယ်…. သတိလည်းထားတာရယ်ကြောင့် ဆိုးဆိုးဝါးဝါးမဖြစ်ပါဘူး…..

လူပေါ်ကို ဆိုင်ကယ်က ပိနေတာ……

ခဏခဏ လဲဖူးတာကြောင့် သိပ်လည်းမကြောက်ပါဘူး…

.ခြေမတော့ တော်တော်နာသွားတယ်…

(စိတ်ထဲမှာတွေးမိလိုက်သေးတယ်…အမေသာသိလို့ကတော့.. အထုပ်ပိုက်ပြီးအိမ်ပြန်ရမယ့်ကိန်းဘဲလို့ )

ဒါနဲ့.. ဆိုင်ကယ်ကိုထောင်ပြီး….အပေါ်ကိုလှမ်းကြည့်လိုက်တော့ ..ကလေးနှစ်ယောက်က အကျီဗိုက်ပြဲလေးတွေနဲ့

လက်တစ်ဖက်က စမူဆာလေးကိုင်ပြီး ပြူးကြောင်ကြောင်လေးတွေ ကြည့်နေကြတယ်….

အကြီးလေးက ကောင်မလေး….သူကပြေးဆင်းလာပြီး..အိတ်ကိုကောက်ပြီး… ထူပေးတယ်…

ဆိုင်ကယ်ကိုအပေါ်ပြန်တင်ပြီး သစ်ပင်အောက်မှာ ရပ်ရင်း သူတို့ကိုပြန်ကြည့်မိတယ်….

အကြီးမလေးက အစ်မ ခြေထောက်မှာသွေးတွေထွက်နေတယ်ဆိုမှ…ကိုယ့်ခြေထောက်ကို ငုံကြည့်မိတယ်…

ဟုတ်သားဘဲ ..အကြီးမလေးက အငယ်လေးရဲ့ခေါင်းကို ဒေါက် ခနဲခေါက်ပြီး..

”တွေ့လား ငတ်ကြီးကြပြီး လိုက်လုတာ…ငါပေးမှာပေါ့..” တဲ့ အငယ်လေးက မျက်ရည်ဝိုင်းပြီး ကြည့်နေတယ်…

အဲ့ကျမှ ကိုယ်လည်း သူတို့ကိုသတိထားမိသွားတယ်……

ပေတူးပြီး မည်းညစ်ညစ် အကျီလေးတွေနဲ့ အလန့်တကြားနဲ့ ပြူးကြောင်ကြောင်ကြည့်နေတဲ့ မျက်လုံးလေးတွေရယ်…

စိတ်ထဲမှာ သနားသွားတယ်…..

ဒါနဲ့ ပြုံးပြလိုက်ပြီး လာထိုင်ကြဦး ဆိုပြီးခေါ်လိုက်တယ်…

(ခါတိုင်းအချိန်ဆိုကက်ကက်လန်အောင် ပြောပြီး ခေါင်းခေါက်မိမလားမသိပေမယ့် မနက်စောစောလည်း ဖြစ်နေတာရယ်…

.ချစ်သူကိုစိတ်ထဲကသတိရပြီး ၀မ်းနည်းသွားတာရယ်ကြောင့် ဒေါသကဖြစ်မလာတော့ဘူး…)

အကြီးမလေးက သွက်သွက်လက်လက်ဝင်ထိုင်လိုက်ပြီး…  ” အစ်မ သီလရှင်ဝတ်သေးတာလားဟင်တဲ့ ”

”ဟင် ဘာဖြစ်လို့လဲ…လို့ အလန့်တကြားပြန်မေးမိတယ် ….သူက

” ဆံပင်တွေ တိုသွားလို့လေတဲ့”

(အော် ငါ့ဆံပင်ပုံစံတော်တော်လှနေပါလားလို့ တွေးမိသေး) ပြီးတော့မှ သတိရပြီး…..

” ဟင် နင်ကငါ့ကိုမြင်ဖူးလို့လား”လို့မေးမိတယ်….

အငယ်လေးကတော့ ကုပ်ကုပ်လေးထိုင်နေတယ်….အကြီးမလေးက

” ဟာ..မြင်ဖူးတယ်လေ…အစ်မတစ်ခါ မုန့်တွေလာပေးတာလေ… ကျုပ်တို့တောင် စားရသေးတယ်လေ..ကောင်းလိုက်တာ….တဲ့ ”

 

(ခြေထောက်နာလာလို့…..နက်ဖြန်မှ ဆက်ရေးမယ်နော်….)   :mrgreen:

 

 

 

 

 

About ဗုံဗုံ

ဗုံ ဗုံ has written 11 post in this Website..