သို့

 

ဂဇက်ရွာ

ငါနင့်ကို အရမ်းသတိရနေပါတယ်

နင့်ဆီကိုစာတွေမှန်မှန်မပို့လို့ငါ့ကို မေ့သွားပြီလာဟင်

စာတွေသာငါမရေးအားလို့ မရောက်တာပါ ငါ့စိတ်ကတော့ ရွာအကြောင်းတွေကိုအမြဲသတိရနေတယ်ဆိုတာယုံပေးပါနော်

ငါ့မှာ အထူးအဆန်းလေးတွေချက်စားလည်းနင့်ကိုသတိရပြီ ကင်မရာလေကိုင် ဓါတ်ပုံတွေရိုက်နင့်ကိုပို့မယ်ပေါ့

ခရီးသွားရင်လည်းနင့်ကိုသတိရ ခရီးကပုံလေးတွေ နင့်ကို ပြဖို့ ဓါတ်ပုံတွေကို ရိုက်မိနေတယ်

ဒါပေမဲ့ နင့်ဆီကို ငါမပို့ဖြစ်ခဲ့ပါဘူးဟယ်

ငါခံစားနေရတာတွေ ပျော်ရွှင်နေရတာတွေကို နင့်ကို ဝေမျှဖို့ မအားနိုင်အောင် ငါအလုပ်တွေအရမ်းများနေခဲ့တယ်လေ

ကိစ္စများမြောင် အီလူ့ဘောင်ဆိုတဲ့ အတိုင်း ဒီလပိုင်းတွမှာ ငါထွက်ပြေးချင်လောက်အောင် ကိစ္စတွေများနေတယ်

ဒါပေမဲ့လဲ ဒီသံသရာဝဲဂရက် က လွဲမထွက်နိုင်သေပါဘူးဟယ်

ကြွေးဟောင်းတွေကိုဆပ် / ကြွေးသစ်တွေကိုချ /ရွှေအိုးတွေကိုမြှပ်

အိမ်စ္စ အလုပ်ကိစ္စတွေနဲ့ ပြေးလွှားနေရတယ့် ငါ့ဘ၀ပေါ့ဟယ်

နင်စိတ်ရှုတ်သွားပြီးလား ငါ့ရဲ့ အပူတွေကို နင့်ကို ကူးစေတော့ရယ်လို့

ငါမရည်ညွန်းခဲ့ဘူးဆိုတာနင်သိရင် ငါဝမ်းသာပါပြီ ဂဇက်ရယ်

ကဲကဲတော်ပြီ ငါ့အကြောင်းတွေကို ဒီမှာတင်ရပ်လိုက်မယ်

နင့်အကြောင်းတွေကို ဆက်ရအောင်နော်

နင့်သတင်းတွေကိုတော့ ငါလက်လှမ်းမှီသလောက်တော့ကြာနေရပါတယ်ဟယ်

နင့်ကအသွင်အပြင်တွေပြောင်းပြီ နံမယ်ပါပြောင်းလိုက်ပြီဆို

နင်ဘာတွေပဲပြောင်းပြောင်း နဲ့ ငါတို့ အပေါ်မှာထားတဲ့ နင့်ရဲ့စိတ်ထားလေးတော့ မပြောင်းလိုက်နဲ့နော်

နင့်ကိုမှီပြီး ငါကမိတ်ဆွေကောင်းတွေ / ဗဟုသုတတွေ အများကြီးရခဲ့တယ်လေ

ဒါကြောင့်နင့်ကို ကျေးဇူးတွေတင်နေပါတယ်နော်

ကဲစာလည်းရှည်သွားပြီ နောက်မှ ထက်ပြီးစာတွေရေးအုံးမယ်

 

နင့်ကိုအမြဲသတိရနေတဲ့

ရွာသူ နိုဗွီ

 

ps

နင့်ကိုပြမယ်ဆိုပြီးငါရိုက်ထားတဲ့ ဓါတ်ပုံနဲနဲထည့်ပေးလိုက်တယ်

C360_2013-09-29-10-04-49 C360_2013-09-29-10-04-31_orgငါကိုယ်တိုင် လုပ်ထားတဲ့ ကင်ချီနဲ့ ပဲခေါက်ဆွဲ

DSCN2419[1]

ရေထဲကအရိပ်

DSCN2287

China MSA သင်္ဘောပေါ်ရောင်တုံးက

DSCN2298

Novy

About Novy

yi yi has written 66 post in this Website..

မှန်တယ်ထင်ရင် နောက်မဆုတ်ပါ CJ # 1272011

   Send article as PDF