ဘယ့်နှယ်ကွာ….ကားလေး လေးငါးစီး မီးရှို့မိတာလေးများ လူတွေအများကြီးဖမ်းပြီး ပြင်းထန်စွာ အရေးယူမည် တဲ့….

တို့တိုင်းပြည်မှာဆို ဘိန်းရောင်းပြီး ဘိန်းစားတဲ့ သူတွေတောင် သတိပေးယုံလောက်ပဲ ပေးတာ…အဲ့ဒါကြောင့် အဲ့လို စုတ်တီးစုတ်ပြတ် တိုင်းပြည်တွေမှာ သွားမနေချင်တာ…

ဟိုမိန်းမကြီး ဒေါ်ရင်လှကော ဘာထူးလဲ…ကိုယ့်တိုင်းပြည်ထဲက လူတွေကိုတောင် နိုင်အောင်မထိန်းနိုင်ဘူး…ရုပ်ပျက်ဆင်းပျက်…

နောက် လုံရှန်လီး…လား…လီရှံလုံးလား… လက်တောက်လောက်တိုင်းပြည်လေးကိုတောင် ငြိမ်းချမ်းအောင် မထိန်းနိုင်ဘူး…နင်တို့တွေ တိုင်းပြည် ငြိမ်းချမ်းအောင်ထိန်းသိမ်းတာ မတတ်ဘူးဆိုရင် တို့ အစိုးရဆီလာသင်….

ပြည်သူလူထုကို ဖုန်းကဒ်နဲ့ စည်းရုံးရတယ်…သူပုန်တွေကိုကျတော့ ကားပါမစ်နဲ့ သိမ်းသွင်းရတယ်…နားလည်လား…ကိုယ့်ရှိတဲ့ဟာကို အကျိုးရှိအောင် အသုံးမချတတ်ဘူး…ညံ့ပါ့ကွာ…

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...