တီ………………………
ကွိ..ကွိ…………………
ဟဲလို..တက်စတင်… ဝမ်း..တူး..သရီး…
ဟဲလို… ဟဲလို….

အဟမ်း..ဟမ်း.. ကျက်သရေမင်္ဂလာရှိလှပါသော ဒီမိုဂဇက်ရွာနေ ရွာသူရွာသားအပေါင်းတို့ခင်ဗျား…. (၆) လတစ်ခါ ကျင်းပနေကျဖြစ်သော မန်းဂဇက်…အဲ.အခုတော့
မြန်မာ့ဂဇက်ဖြစ်ပြီထင်တယ်..မြန်မာ့ဂဇက်ချစ်သူများ တွေ့ဆုံပွဲနဲ့ စာပေဆုပေးပွဲအတွက် ရံပုံငွေများ အလှူခံပါတယ်ခင်ဗျား…သဒါတရား နည်းများမဆို ပါဝင်ကြပါဦးလို့ နှိုးဆော်ပါတယ်ခင်ဗျား… ဟုတ်ကဲ့ပါခင်ဗျား… ရံပုံငွေပါ… မြန်မာ့ဂဇက်ချစ်သူများ တွေ့ဆုံပွဲနဲ့ စာပေဆုပေးပွဲအတွက်ပါ..အစဉ်အလာမပျက် ကျင်းပနိုင်ရန်အတွက်… အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်ကူညီနိုင်ကြပါတယ်လို့…

မွေးဌာနီ ~~ အညာရပ်ဆီသို့ ~~ မျှော်ရည်မျှော်မှန်း စိတ်ဝယ်တမ်းတ ~ လွမ်းလျပါသည် ~ မှန်းဆကာအတည် ~~ လှည်းလမ်းကြောင်းတစ်လျှောက် ဖုန်လုံးကြီးတွေ ~ တလိမ့်လိမ့်တက်တာ
မြင်ယောင်သေးတော့သည် ~ အညာဌာနီ ~~ တစ်ခါလာမည် ~~ ကျွန်တော့်အတွက်တော့ ~ မေ့မရပါလေအတည် ~~~

“ဟဲ့..ဟဲ့.. ဘာသံကြီးတုန်း…”

“အာ..ဆူညံနေတာပဲ…ဘယ်ကဖွင့်တာလဲ… ဒီမှာ ဘာမှ မကြားရတော့ဘူး…”

“ဟာ..စိတ်ညစ်လိုက်တာ… စာဖတ်နေရတာ အာရုံမရတော့ဘူး… ဘယ်သူတွေဖွင့်တာလဲ…”

“ရွာလယ်မဏ္ဍပ်ကဟဲ့…. တွေ့ဆုံပွဲရံပုံငွေအတွက်တဲ့… ကဗျာချစ်သူတွေလည်းတွေ့တယ်.. ဘာလဲ မသိဘူး… သူတို့ဆီက အော်နေတာပဲ…. လုံမလေးသိလား… “

“အမ်…ကဗျာချစ်သူ…ငါ မသိပါလား… နေဦး..နေဦး..ငါသွားဦးမယ်…”

“အလက်ဆင်းးးးးးးးးးးးးးးးးးးးးးးး…သဂျားမင်းးးးးးးးးးးးးးးးးးးးးးးး….”

“ဟဲလို..အောင်မယ်လေး…ပလုပ်တုတ်… ဘာတုန်း..အမွန်ရဲ့…လန့်လိုက်တာ..”

“နင်တို့ ဘာလုပ်နေတာလဲ…”

“အလှူခံမလို့လေ.. ရံပုံငွေ..ရံပုံငွေ..ဟဲဟဲ..”

“ဘာရံပုံငွေလဲ… ဘယ်သူ့အတွက်လဲ…”

“အာ.. နင်ပဲ ဦးကြီးမိုက်ကို ဗျူးထားတာ… ရံပုံငွေအခက်အခဲရှိတယ်ဆို… အဲ့ဒါ လူကြီးတွေကို ကူညီတဲ့အနေနဲ့ ငါတို့က အလှူခံပေးမလို့…ဟဲ..အခု မိုက်စမ်းနေတာ… နင်လည်း ဝင်ကူသွားဦး…”

“နင်တို့ပဲလား… “

“အံစာတုံးပါတယ်… ဟို အပင်ပေါ်မှာ.. လော်ကို နေရာချနေတယ်…”

“မြတ်စွာဘုရား…”

အဟမ်း..ဟမ်း.. ကျက်သရေမင်္ဂလာရှိလှပါသော ဒီမိုဂဇက်ရွာနေ ရွာသူရွာသားအပေါင်းတို့ခင်ဗျား…. (၆) လတစ်ခါ ကျင်းပနေကျဖြစ်သော…မြန်မာ့ဂဇက်ချစ်သူများ တွေ့ဆုံပွဲနဲ့ စာပေဆုပေးပွဲအတွက် ရံပုံငွေများ အလှူခံပါတယ်ခင်ဗျား…သဒါတရား နည်းများမဆို ပါဝင်ကြပါဦးလို့ နှိုးဆော်ပါတယ်ခင်ဗျား… ဟုတ်ကဲ့ပါခင်ဗျား… ရံပုံငွေပါ… မြန်မာ့ဂဇက်ချစ်သူများ တွေ့ဆုံပွဲနဲ့ စာပေဆုပေးပွဲအတွက်ပါ..အစဉ်အလာမပျက် ကျင်းပနိုင်ရန်အတွက်… အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်ကူညီနိုင်ကြပါတယ်လို့…

“အလက်ဆင်း..နင့်အသံ နည်းနည်းတိုးလို့ မရဘူးလား…ဒီလောက် အော်ကြီးဟစ်ကျယ်နဲ့… ဆူညံနေတာပဲ…”

“အာ… ဒါမှ တစ်ရွာလုံးကြားရပြီး အလှူငွေလာထည့်မှာပေါ့ဟ… နေဦး..ငါ သီချင်းဖွင့်လိုက်ဦးမယ်… “

မွေးဌာနီ ~~ အညာရပ်ဆီသို့ ~~ မျှော်ရည်မျှော်မှန်း စိတ်ဝယ်တမ်းတ ~ လွမ်းလျပါသည် ~ မှန်းဆကာအတည် ~~ လှည်းလမ်းကြောင်းတစ်လျှောက် ဖုန်လုံးကြီးတွေ ~ တလိမ့်လိမ့်တက်တာ
မြင်ယောင်သေးတော့သည် ~ အညာဌာနီ ~~ တစ်ခါလာမည် ~~ ကျွန်တော့်အတွက်တော့ ~ မေ့မရပါလေအတည် ~~~

“ဟဲ့..တစ်ရွာလုံးကို ဆူညံတက်နေတာပဲ.. ဒီအချိန် ကျောင်းသားတွေ စာမေးပွဲဖြေနေရတယ်လေ…”

“ဟာ… ဒီလိုဖွင့်မှ အလှူခံမဏ္ဍာပ် ပီသမှာပေါ့… ဒီမှာ ပွင့်လင်းရာသီရောက်လာရင် ဒီလိုအသံတွေကြားရမယ်… ဘာထူးဆန်းလို့လဲ…”

“ဘာထူးဆန်းလို့လဲ..ဟုတ်လား…ဟော..ဦးမိုက် လာနေပြီ…”

“ငါ့ညီတို့… ဖတ်ရွေးရန်ပုံငွေဆို..ဟုတ်လား…”

“ဟုတ်တယ် ဦးမိုက်ရဲ့.. မွန်မွန် ဗျူးတုန်းက .. ရန်ပုံငွေ အခက်အခဲရှိတယ်ဆိုလို့ .. အဲဒါ .. ကူညီချင်တာနဲ့ပဲ.. ဒီလိုလုပ်လိုက်တာ.. နော်.. သဂျား..”

သဂျားကလဲ ခေါင်းတငြိမ့်ငြိမ့်နဲ့ ထောက်ခံနေတယ်။

“အေးပါကွာ… ငါ့ညီတို့ စေတနာကို ဦးမိုက် နားလည်ပါတယ်.. ဒါပေမယ့် … ဒီလိုအသံတွေက ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်တယ်ကွ… သိတဲ့အတိုင်းပဲ..ပွင့်လင်းရာသီရောက်ပြီဆိုရင်
ပွဲတော်တွေက ဆက်နေတယ်..အလှူအတန်းတွေများတယ်… ဒီတော့ အလှူခံမဏ္ဍပ်တွေကလည်း အပြိုင်အဆိုင်… သူတို့ကတော့ ဟိုးအဝေးကသူတွေပါကြားပြီး
လှူနိုင်အောင်ဆိုပေမယ့်..အနီးမှာနေတဲ့သူတွေကတော့ နေ့စဉ်နဲ့အမျှ စိတ်အနှောင့်အယှက်ဖြစ်ရတော့..အကုသိုလ်ဖြစ်ရော…စေတနာကနေ ဝေဒနာဖြစ်တာပေါ့ကွာ…
ရွာထဲမယ်..ကိုကြောင်ဝတုတ်တောင် ရေးထားသေးမို့လား..အော်..ဒါနဲ့.. မွန်မွန်.. စာပေဆု ကြေညာပြီးပလား…”

“ကြေညာမလို့ပဲ ဦးမိုက်… ဒီမှာ အသံတွေကြားလို့ ပြေးလာတာ… ပြီးရင် ကြေညာပြီး ရွာထိပ်မှာလည်း ကပ်ထားလိုက်ပါမယ်.. “

“အေးအေး…ကဲ..ဒါဆို ငါ့ညီတို့လည်း ပစ္စည်းတွေ သိမ်းလိုက်ကြတော့…အခုလောက်ဆို ရွာထဲကလူတွေအကုန်လည်း ကြားပြီးလောက်ပြီ ထင်ပါတယ်… စေတနာမနည်းကြပါဘူးကွာ… အော်..
မထူးပါဘူး..တစ်လက်စတည်း…အဲဒီမိုက်နဲ့ပဲ..ဆုကြေညာလိုက်ပါလား…”

“ရော့..အလင်းဆက်..ဒီမှာစာရွက်..ဒါကြည့်ပြီးရွတ်… “

“အဟမ်း… လေးစားအပ်ပါသော မြန်မာ့ဂဇက်ရွာသူရွာသားအပေါင်းတို့ခင်ဗျား… ရင်ခုန်စရာနိုဝင်ဘာ ခေါင်းစဉ်နဲ့အတူ နိုဝင်ဘာလအတွက် စကာတင် (၁၀) ပုဒ် ရှိတဲ့အနက် စာဖတ်သူများစာပေဆု ရရှိသွားတဲ့ပို့စ်ကတော့ ကိုကြောင်ဝတုတ်ရဲ့ မတူကွဲပြားသော လူအများစုဝေးနေထိုင်ရာ … တစ်နည်းအားဖြင့်ဆိုသော Public ဆိုတဲ့ ပို့စ်ပဲ ဖြစ်ပါတယ်ခင်ဗျား… မှတ်ချက်များကို ရွာထိပ်က ကြော်ငြာဘုတ်မှာ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား…”

 

မှတ်ချက်များးးး

ဘယ်သူမှ မပြောရဲ မပြောချင်တဲ့
ဖြစ်သင့်တဲ့ ကိစ္စတွေကို သတ္တိရှိရှိပြောထားလို့ ကြိုက်တယ်

**************************

အသိတရားနဲ့သတိထားစရာတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ရဲရဲတင်းတင်းဖေါ်ထုတ်ရေးသားတဲ့အကျိုးပြုစာလေးမို့ကြိုက်

**************************

အတွေးအခေါ် ဆန်းသစ်တယ်၊ လမ်းဟောင်းကနေ ခွဲထွက်နိုင်တယ်

**************************

ကျွန်တော်တို့ နိုင်ငံရဲ့  လူနေမှု ဝန်းကျင်မှာ……နေ့စဉ်လိုလို တွေ့ ကြုံနေရတဲ့
မတော်တရော် လုပ်ရပ်တွေ
မတော်တရော် စိတ်ဓါတ်တွေကို ဝေဖန်ထောက်ပြထားတဲ့. . . .အက်ဆေးလေးပါ။
အပိုအလိုမရှိ ကျစ်လျစ်ခိုင်မာစွာ ရေးဖွဲ့ ပြီး … 
ကောင်းစေလိုတဲ့ စိတ်စေတနာနဲ့  ခံစားရေးဖွဲ့ ထားပုံက 

အသိအမှတ်ပြုထိုက်တာမို့ . . .
အကြိုက်ဆုံး အဖြစ် ရွေးချယ်လိုက်ပါတယ် ။

**************************

လူမှုပတ်ဝန်းကျင်က ပြုပြင်သင့်တာတွေကို အမုန်းခံပြီး ချက်ကျလက်ကျ ထောက်ပြထားတဲ့ ပို့စ်ကောင်းလေးပါ။

**************************

ဆုကြေညာပြီးပါပြီ။ ကိုရီးဖက်ကက်ရေ… ဂုဏ်ယူပါတယ်နော်။ လုံမလည်း ကြိုက်တဲ့ ပို့စ်တစ်ပုဒ်ပါ။ ဖတ်ရွေးအဖွဲ့ရဲ့ မှတ်ချက်တွေကလည်း အားလုံးနဲ့ အကြိုက်တူကြမယ်လို့ ထင်ပါတယ်။

နောက်ပြီး ထုံးစံအတိုင်း အံစာတုံး၊ အလင်းဆက် နဲ့ သဂျားတို့ကို ပို့စ်ထဲမှာ ခပ်တည်တည်နဲ့ ထည့်ထားပါတယ်။ ဖတ်ရွေးဥက္ကဌ ဦးမိုက်ကိုလည်း အဓိကဇာတ်ဆောင်အဖြစ် ရေးထားပါတယ်။ အပေါ်က

အကြောင်းအရာဟာ ဆုကြေညာဖို့အတွက် ရေးထားတဲ့ လုံမရဲ့ အာဘော်သက်သက်သာဖြစ်ပါတယ်။

ခင်တဲ့
လုံမလေးမွန်မွန်

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 162 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010