ယီးပဲကွ… ဟုတ်၏ နားကြားမလွဲ ဆဲခြင်းဖြစ်သည်။ လျင်သူစားတမ်း ဤဒွန္နယာဂျီးတွင် နောက်မကျသွားစေရန် နေရာကြိုဦး ဆဲထားခြင်းဖြစ်သည်။ ဆဲပြီးသွားပြီ နောက်မှ ဘယ်သူဘယ်ဝှာ လိုက်မည်၊ နို့မို့လျင် အောင်ပုကို၊ သဂျီးကို.. စသဖြင့် နာမည်ထည့်ပြောတုံး သူများဦး သွားနိုင်သည်။ ထို့ကြောင့် ယီးပဲ အရင် ဆဲရခြင်းဖြစ်သည်။ ဆဲတော့ပြီးသွားပြီ၊ ဘယ်သူ့ ခေါင်းတပ်ရပါ့..။ ခုတလော ခေတ်ကာလဂျီးက မကောင်း.. ဟိုက လှုပ်လှုပ် ဒီက လှုပ်လှုပ်ဖြင့် သတိထားနေရသည်။ သိုးဆောင်းစကား Cheat or Be cheated ဟူ၍ ရှိသည်။ လိမ်နိုင်လျင်လိမ် မလိမ်နိုင်လျင် အလိမ်ခံ အဓိပါယ်ထွက်သည်။ ထို့သို့ဆိုလျင် ကိုယ့်အား လာမဆဲခင် သူများ အရင်ကြိုဆဲခြင်း တရားသည်။ 

ဆဲရာတွင် ကာလသုံးပါး အရွယ်သုံးပါးမရွေး ဆဲနိုင်သည်၊ ကိုယ့်အားလည်း ထိုနည်း၎င်း ထိုသူတို့မှ အချိန်မရွေး ဆဲချင်ကြပေလိမ့်မည်။ ဆဲရာတွင် မသိမသာနှင့် သိသိသာသာ ယေဘူယျ နှစ်မျိုးရှိပြီး နေရင်းထိုင်ရင်း တိုင်းထွာ ဆဲရေး ပြောတတ်သူများကိုမူ ကိုယ့်မသိစိတ်မှ ကိုယ်ပြန်ဆဲနေသူများအဖြစ် ရှုံ့ချရမည် ဖြစ်သည်။ သူများအား ဆဲရန် အခွင့်ရှိပါလျက် မိမိကိုယ်မိမိ ဆဲနေသူလောက် တုံးသူဟူ၍ လောကတွင် ရှိအံ့မထင်ချေ။ မိန်းမဖြစ်လျင် မဆဲရဟု ထင်သူများ ရှိသည်၊ ထိုအမြင်သည် လိင်ခွဲခြား ဆက်ဆံမှုဖြစ်ပြီး မွေးရာပါ အခွင့်အရေး တားမြစ်ရာလဲ ရောက်ပေသည်။ ကမ္ဘာကြော် ဟားဖက်တက္ကသိုလ်၏ လေ့လာစစ်တမ်းတခုတွင် ဆဲဆိုစကားပြောလေ့ရှိသူ မိန်းမ တရာတွင် ကိုးဆဲ့ကိုးယောက်သည် ဘဝတွင် ထီပေါက်ခြင်း၊ ရာထူးတက်ခြင်း၊ ဆန့်ကျင်ဖက်လိင်၏ ဦးစားပေးမှု ခံရခြင်း စသည့် အကျိုးထူးများ ခံစားရသည်။

ထို့နည်းတူစွာ ရေးတက္ကသိုလ်မှ ပြုလုပ်သော သုတေသန စာတမ်းတစောင်တွင် များများဆဲလေ ချမ်းသာလေ ဝင်ငွေတိုးလေ ဖြစ်ကြောင်း အံ့ဩမကုန်နိုင်ဖွယ် တွေ့ရသည်။ ယူအက်စ်ဒေါ်လာ တသန်းနှင့်အထက် ဝင်ငွေ ရှိသော သထိန်းမဂျီးများအား တွေ့ဆုံမေးမြန်းထားသော ရေးစာစောင်တွင် ဆဲခြင်းသည် သံလိုက်တုံးနှင့်တူပြီး ငွေမှာမူ သံတုံးသံခဲများ ဖြစ်ကြောင်း ကောက်ချက်ချသည်။ အဆိုပါ တွေ့ရှိချက်အား အောက်စဖုတ်တက္ကသိုလ် စိတ်ပညာပါမောက္ခ ဒေါက်တာ ဘရောင်ချိန်းအောင်ပုမှ ရာနှုန်းပြည့် ထောက်ခံထားပြီး စိတ်ကျန်းမာရေးအတွက် ထိရောက်သော ဆေးတခွက်ဖြစ်ကြောင်းပါ ဆော်ဩထားသည်။ သူ၏ပြောကြားချက်အား fcukaungpu.org အင်တာနက် စာမျက်နှာတွင် ဖတ်ရှုနိုင်သည်။

တစက္ကန့်လျင် ဆဲခြင်း အကြိမ်တသောင်း ကမ္ဘာအနှံ့ ဖြစ်ပေါ်နေပြီး အများစုမှာ မိမိသုံးနေကြ စကားဖြင့်သာ ကြိမ်ဖန်များစွာ လှည့်ပတ်ဆဲနေခြင်း ဖြစ်သည်။ ဥပမာ – အောင်ပု ယီးပဲ.. ယီးဗဲ အောင်ပု.. ယီးလိုမှိုလိုတော့ မလုပ်နဲ့အောင်ပု၊ အောင်ပု ယီးလား စသဖြင့် ယီးခြင်းထပ်နေခြင်းမျိုး ဖြစ်သည်။ ဤစာမှာ ယီးသုတေသန မဟုတ်သောကြောင့် အတိုချုံး ဆိုရသော် ဆဲရာတွင် ရှည်ရှည်ဝေးဝေး စဉ်းစားမနေဘဲ စိတ်ထဲရှိရာ အဆင်သင့် တိုင်းထွာဆဲရေးလိုက်ခြင်းဖြင့် ဆဲသူ၊ အဆဲခံရသူ နှစ်ဦးအကြား အလုပ်တခု ပြီးမြောက်သွားသည်။ အချိန်သည် ငွေဟု ဆိုရိုး ရှိပေရာ တိုတိုဆဲခြင်း၊ အဆဲခံရခြင်းအပေါ် အကဲမဆတ်ခြင်းတို့သည် တိုင်းပြည်ကုန်ထုတ်လုပ်မှု ဂျီဒီပီ တိုးတက်နှုန်းတွင် လွန်စွာမှ အခရာကြပေမည်။

လုဗာလဂျီး ကအောင်ပုနှင့် မော်ဒယ်ဘွိုင်းလေး ကကြောင်ကြီး

လုဗာလဂျီး ကအောင်ပုနှင့် မော်ဒယ်ဘွိုင်းလေး ကကြောင်ကြီး

 

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး