သရဲ နှင့် တစ်ညတာ
သရဲ၊တစ္ဆေ လောကကြီးထဲတွင် ရှိခြင်း၊မရှိခြင်းကို တွေဝေမှုများစွာ မယုံကြည်ခြင်းများစွာ ရှိတတ်သော ကျွန်မကို ထိုနေ ့က အဖြစ်အပျက်က အိပ်မရနိုင်အောင် သက်သေပြခဲ့လေသည်။
~~~~~~~~~~
အလုပ်သဘောအရ ခရီးထွက်ရတိုင်း ဧည့်သည်တည်းသော ဟိုတယ်တွင်ပင်ဖြစ်စေ၊ တခြားဟိုတယ်
တွင်ပင်ဖြစ်စေ တစ်ယောက်တည်းသပ်သပ် အိပ်ရသည်။ပုဂံ၊အင်းလေး၊မန ္တလေး၊ကျိုက်ထီးရိုးစသည့် မြန်မာနိုင်ငံရှိ ခရီးအသွားများသည့် ဒေသများရှိ ဟိုတယ်တော်တော်များများတွင် အိပ်ရသည်က
အသားကျလာသော် သရဲ၊တစ္ဆေခြောက်သည် ဆိုခြင်းသည် အိပ်ရာဝင်ပုံပြင်ပမာမျှသာ။မည်သည့် ဟိုတယ် ရောက်ရောက် ခရီးပန်းလာသဖြင့် ခေါင်းအုံးနှင့်ခေါင်း ထိလိုက်သည်နှင့် အိပ်ပျော်သွားသည်က
များလေသည်။
အဲ…ထိုနေ ့ကတော့ ပုဂံရှိ သရဲခြောက်သည်ဟု နာမည်ကြီး ဟိုတယ်တစ်ခုတွင် အိပ်ရခြင်း။
သို ့သော် ကျွန်မအတွက် ထိုဟိုတယ်တွင် တည်းတာ တတိယအကြိမ်ရှိပြီဖြစ်သဖြင့် စိတ်ထဲတွင်
သိပ်ပြီး ကြောက်လန် ့မှုကတော့ မရှိ။
ထူးတာကတော့ အရင်နှစ်ခေါက်တည်းရသည့် နေရာဘက်ခြမ်း မဟုတ်ဘဲ အသစ်ပြန်လည်ပြုပြင်
တည်ဆောက်နေသည့် ဘက်တွင် အိပ်ရခြင်း။ နှစ်ထပ်ဆောင်ဖြစ်သည့်အတွက် အပေါ်ထပ်က ခြေသံတွေကိုကြားနေရသည်။သို ့သော် ပုံမှန်ကလည်း သစ်သားဆောင်တွေဖြစ်လျှင်သော်လည်းကောင်း၊ ကြမ်းခင်းဖြစ်လျှင်သော်လည်းကောင်း ခြေသံတို ့တံခါးပိတ်သံတို ့က ကြားနေရတတ်သဖြင့် အမှုမဲ့ အမှတ်မဲ့။
အဲ…ထူးသည်က ထိုကဲ့သို ့ခြေသံများကြားရခြင်းက ညဉ့်နက်လာသည်နှင့်အမျှ ပိုပြီး ကြမ်းလာသည်
ပိုပြီး အကြားစိပ်လာသည်။လူတစ်ယောက်သည် ထိုမျှ ညဉ့်နက်သည်အထိ လမ်းလျှောက်တတ်ပါသလား။ ထိုအချိန်မှာပင် ဟိုဘက်ခန်းက ဧည့်လမ်းညွှန်တစ်ယောက်မှ Securityစောင့်နေသည့် ဘက်ကို စကားလှမ်းပြီး အော်ပြောလိုက်သည်ကို ကြားလိုက်ရသည်။
ညီလေးရေ အပေါ်ထပ်က ဘယ်သူမှန်းတော့ မသိဘူးကွာ လမ်းလျှောက်တာ အရမ်းပြင်းတယ်။
ကိုယ်က အလုပ်ပင်ပန်းပြီး အိပ်ချင်လှပြီ။ သူက ဆူညံနေတော့ ကိုယ့်အနေနဲ ့ဘယ်လိုမှ
အိပ်မပျော်ဘူး။တစ်ချက်လောက် အပေါ်တက်ပြီး ဖြည်းဖြည်းလမ်းလျှောက်ဖို ့ပြောပေးပါလားကွာဟူရျ်
ဖြစ်သည်။
သို ့သော် Security အုပ်စုဘက်မှ ရယ်သံတွေကို ကြားလိုက်ရသည်။ဟိုဘက်ခန်းက ဧည့်လမ်းညွှန်အစ်ကိုကြီး ပြောလိုက်သည့်ထဲမှာ ရယ်စရာမပါပါ။သူတို ့ရယ်ခြင်းကို ကျွန်မနားမလည်။ အဲ..ဒါပေမယ့်သူတို ့ပြန်ပြောသည့်စကားကတော့ ကျွန်မအတွက် ရယ်စရာမဟုတ်ဘဲ လန် ့စရာ ဖြစ်သွားလေသည်။ သူတို ့ပြန်ပြောသည်ကငါတို ့အစ်ကိုကြီးက ဟာသတော်တော်ပြောတတ်တာပဲ။
အပေါ်ထပ်က ပြင်နေတုန်းလေ လူနေလို ့မရသေးဘူးလေဗျာဟူရျ်…။
သွားပြီ လူနေရျ် မရသေးသော ဆောက်လုပ်လက်စတန်းလန်းအခန်းထဲတွင် လူမနေသေးဘဲ ဘယ်သူက
နေနေပါသနည်း။ ဘယ်သူက လမ်းလျှောက်နေပါသနည်း။ထိုနေ ့က လမ်းလျှောက်သံ ခပ်ကြမ်းကြမ်းကြားလိုက်ရတိုင်း ဝုန်းခနဲကျွန်မအပေါ်က ကြမ်းပြင်ကြီး လှုပ်ခတ်သွားတိုင်း လန် ့
လန် ့နို်းပါသည်။ ပြီးတော့ ကြောက်ရွံမှုများစွာနှင့်စိတ်သည် အိပ်မပျော်နိုင်တော့ပါ။တစုံတခု အထူးသဖြင့် အကောင်အထည်မမြင်ရသော အရာတစ်ခုကျွန်မဆီ ရောက်လာပြီး တစ်ခုခု ဖြစ်မှာကို ကြောက်ပါသည်။ဘုရားစာတွေ ထရွတ်လိုက်၊ ပုတီးစိတ်လိုက်လုပ်နေသော်လည်း ခြေသံတို ့က ကြားနေရသည်သာ။
အိပ်မပျော်သောညဧ။် ညတာသည် ရှည်လွန်းလှပါသည်။နောက်နေ ့များတွင် ခရီးဆက်ရဦးမည် ပင်ပန်းရဦးမည်။အိပ်ခြင်းဖြင့် အားဖြည့်ရဦးမည်။ အိပ်လို့ ကမရ… လူက ပင်ပန်းစွာ မူးနောက်စွာဖြင့် ခက်ခဲပင်ပန်းသောညတစ်ညကို ဖြတ်ကျော်ခဲ့ရလေသည်။
မနက်မိုးလင်းသော် အပေါ်ထပ်ကို မော့အကြည့် ပြုပြင်ဆဲ အခန်းတံခါးပေါက်များပင် မတပ်ဆင်ရသေးသောသစ်သားချောင်း ထိုးထိုးထောင်ထောင်နှင့် အဆောင်များက ကျွန်မကို လှောင်ပြောင် ရယ်မောနေသယောင်…..။
12 comments
မဟာရာဇာ အံစာတုံး
March 17, 2014 at 4:49 pm
ဆားပုလင်းနှင်းမောင် ဝတ္ထုထဲမှာ ဖတ်ခဲ့ဖူးတယ် …
တောထဲမှာ သစ်ပင်နှစ်ပင် ပူးကပ်ပေါက်ပြီး ကိုင်းချင်း ထိနေတယ်ပေါ့ …
အဲ့ဒီမှာ လေတွေဘာတွေ တိုက်တော့ သစ်ပင်ချင်းက ပွတ်ပါလေရော …
ပွတ်တော့ .. တကျီကျီ မြည်နေတော့တာပေါ့ ….
ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ ….
သစ်ပင်တစ်ပင်က မန္တလေး ရောက်ပြီး ကျန်တဲ့ တစ်ပင်က ရန်ကုန်ရောက်လာတယ် …
အဲ့ဒီမှာ ခွဲခြမ်းစိတ်ဖြာပြီး အိမ်ထောင် ပရိဘောဂ သုံးတော့ …
အဲ့ဒီ သစ်သားတွေဟာ တကျီကျီ မြည်နေပါလေရောတဲ့ …
ဒါက အနှစ်နှစ်အလလ ပွတ်တိုက်မှုတွေ ထုံမွှမ်းနေခဲ့လို့ ဖြစ်လာတာ …
သရဲခြောက်တာ မဟုတ်ဘူးပေါ့ ….
အထက်က သစ်တွေကလည်း
တစ်ပင်နဲ့ တစ်ပင် တဒုန်းဒုန်းနဲ့ အနှစ်နှစ် အလလ ဆောင့်ခဲ့လို့ မြည်တာ နေမှာ … :mrgreenn:
လုံမလေးမွန်မွန်
March 17, 2014 at 6:00 pm
သရဲကြောက်တယ်.. တစ်ယောက်တည်း ဟိုတယ်ခန်းထဲမှာ မအိပ်ရဲဘူး.. အာ့ကြောင့် ဂိုက်မလုပ်တာ..
alinsett (gazette)
March 17, 2014 at 7:08 pm
အဲဒါ ကြောင် ဒဂေါင်ဂေါင်များလားးး
🙂
kai
March 18, 2014 at 12:31 am
ခြေရာကြီး..အဲ..အဲ.. ခြေသံကြီးကြားနေမှတော့.. မိအောင်ဖမ်းခဲ့တာမဟုတ်ဖူးကွယ်…။ :kwi:
kyeemite
March 18, 2014 at 11:04 am
ဟုတ်ပါ့…အဖေါ်ခေါ်ပီးတက်ကျိခဲ့ရမှာ :kwi:
ဘရန်းဒက် ကေဇီ
March 18, 2014 at 11:20 am
နာဂစ်ဖြစ်တဲ့ညမျိုးတောင် မနိုးတဲ့ သများအဖို့တော့
ခြောက်လို့ ခြောက်မှန်းတောင် သိမှာမဟုတ်!!
:hint:
moonpoem
March 18, 2014 at 11:41 am
သများကို အမှန်အကန် အားပေးနေလိုက်ကြတာ ကြောက်ပါတယ်ဆိုမှ 😀
မမလေး
March 18, 2014 at 11:41 am
ညဘက်ဆို ဘေးမှာလာလာအိပ်နေလားမသိဘူးနော် . . .
TNA
March 18, 2014 at 6:18 pm
အိပ်ပျော်နေတုန်းဘေးမှာလာအိပ်သွားသေးလားမသိဘူး။ အာဟိ။ အဲ့ပုဂံဖက်မယ် သရဲအားကြီးပေါဆိုပဲ။ သူငယ်ချင်းက ပုဂံကိုသွားတော့ ရောက်ရောက်ခြင်းစလိုက်တာ။ ကဲအမျိုးတွေ ငါတို့ရောက်လာပြီ ငါ့တို့ကို လာနှုတ်ဆက်အုံးလို့ ပါးစပ်ဆော့လိုက်တာ သူတို့ တအုပ်စုလုံး တညလုံးမအိပ်ရဘူးဆိုပဲ။ မနက်မှလူကြီးတွေ သိပြီး မနဲနှင်ရတယ်တဲ့။ မွန်းပိုအမ်လဲ အဖေါ်ခေါ်လိုက်တာမဟုတ်ဘူး။ မဆူနဲ့ ငါအိပ်မို့ ငါ့နားလာနေဆိုနေ မယ့်ပုံပဲ
moonpoem
March 19, 2014 at 11:58 am
ဘုရား ဘုရား ကြောက်ပါတယ်TNAရေ။ သူ ့ဟာသူ လမ်းလျှောက်နေတာတောင်မှ ကြောက်နေတဲ့သများကို ကိုယ့်နားသာ လာအိပ်ရင် အသက်တောင် ထွက်မလားဘဲ။
myat pearl phyu
March 20, 2014 at 12:14 pm
ကြောက်တတ်တဲ့သူဆို ပိုခြောက်တယ်ဆို …
မကြောက်တဲ့လူကျတော့လည်း သရဲနဲ့တောင် ဖက်နပန်းလုံးကြတယ် ဆိုလား …
မေတ္တာပို့ ဆုတောင်း ကုသိုလ်တွေ အမျှဝေ ပေးရုံပေါ့နော် ….
Ko chogyi
March 23, 2014 at 6:38 pm
“သရဲနှင့်တစ်ညတာ“ ဆိုလို့ အတွေးတစ်မျိုးပေါက်သွားတာ။
နောက်တာပါစိတ်မဆိုးနဲ့။
အဲဒီသရဲက နောက်ပေါက်သရဲတွေဖြစ်မယ်။
ကျွန်တော်ငယ်ငယ်က ညောင်ဦးနဲ့ ပုဂံမြို့ဟောင်း(၃မိုင်)၊ ည ၁ဝ နာရီလောက်လမ်းလျှောက်ပြန်နေကျ။
မြို့သစ်ပြန်တည်တော့ ညောင်ဦးနဲ့မြို့သစ်(၇)မိုင်စက်ဘီးစီးပြန်နေကျ။ ဘာမှမရှိပါဘူး။
အဲတစ်ခုပဲရှိတယ် ညဖက်စီးပွားရှာနေတဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေပဲ တွေ့တယ်။