crying-child

 

ကျနော့်ရဲ့ ခရောင်းလမ်း ပို့ စ်ထဲမှာ မီးနင်းပြီး လှုတဲ့ အကြောင်းလေး ကြုံလို့ ထည့်ရေးပြရင်း

မီးနင်းတဲ့ အကြောင်းကို ရေးပါ့မယ်လို့  ပြောပြထားပါတယ်

ဒါပေမယ့် တစ်ကယ် ပြန်တွေးတော့ ဒါက စိတ်နယ်လွန်ဖြစ်ရပ်တွေနဲ့  ဆက်နွယ်နေတော့ ဒေါင့်ပေါင်းစုံကိုစဉ်းစားရပါတယ်

ကျနော့်ရဲ့ မြှုပ်ကွက်တွေ ပါလာမယ်..မြှုပ်ကွက်ဆိုတာ လိမ်တာကို ပြောတာ မဟုတ်ဘူးနော်..လျှိ့ ဝှက်သင့်ရင် လျှို့ ဝှက်ရမယ့် ပုဂ္ဂိုလ်ပိုင်းဆိုင်ရာတွေပါ.. ရေးရမှာတော့ မကြောက်ပါဘူး..

အင်္ဂလန်က ဘွဲ့ လွန်ယူပြီးနောက် သူငယ်တန်းက ဆရာကို မေ့သွားနိုင်သူ ရှိပေမယ့်

ကျနော့်အတွက်ကတော့ ဘာသာရေး သူငယ်တန်းအဆင့်မှာ သင်ကြားပေးခဲ့သော လမ်းမမှားအောင် ထိမ်းပေးခဲ့သော မိဘဆရာတွေကို ခုချိန်အထိ မမေ့နိုင်ပါဘူး

ကျနော် ငယ်တုန်းက ဆရာမြို့ တော် မောင်ယဉ်အောင်ရဲ့  “ ပန်းလှေ ” ဇာတ်ကားထဲမှာ မချစ်ချစ်ဇော်

ကို ပေးပြောထားတဲ့ စကားလေးတစ်ခွန်းကို သိပ်သဘောကျခဲ့တယ်..

နွားချေး မြေသြဇာနဲ့ စိုက်ပျိုးခဲ့တဲ့ နှင်းဆီပင်က ပွင့်တဲ့ နှင်းဆီပန်းဟာ နွားချေးနံ့ မနံပါဘူး

နှင်းဆီရနံ့ ဘဲ ရှိပါတယ်..” ဆိုတဲ့ စကားလေးပါ..

ကျနော် မီးနင်းတာလေးကို ကွက်ပြီးရေးရင် ကျနော်က သူငယ်တန်းကို ကျော်ပြီး ၄တန်း အကြောင်းပြောသလို ဖြစ်နေမှာမို့..သူငယ်တန်းက စပါ့မယ်..

ဒီမှာဘဲ ဝဋ္ဋ်ကြွေး၊ ပါရမီ ၊ ပဌာန်းဆက် ၊ သီလ၊ ကျင့်ကြံမှု ၊ သမထ ဘာဝနာ၊ နာမ်လောက ၊ ပရလောက၊ အကြား အမြင်ဓါတ်..စိတ်စွမ်းအား ပါဝါ၊ စိတ်ချင်း ဆက်သွယ်မှု ..အားလုံးနီးပါးဟာ

ဆဲလ်တွေ ဆက်နွယ်နေသလို တသီတတန်းကြီး ဆက်နွယ်နေတာကို အံ့သြစွာတွေ့ ရတော့တာပါဘဲ။

ကျနော်က အထင်ကရ လူမဟုတ်ပါဘူး ..သာမညလူတစ်ဦးပါ..ဒါပေမယ့် ဟောဒီသံသရာထဲမှာတော့

ကျနော့်အတွက် ကြုံခဲ့ရတဲ့ ကိစ္စတွေက သာမည မဟုတ်ပြန်ပါဘူး..

ဒီလို အကြောင်းတရားတွေ ဖြစ်လာဘို့ အတွက် နောက်ခံ အကြောင်းလိုပါတယ်..

အဲဒီ ဖြစ်စဉ်တွေရဲ့ အစက ကလေးငယ်လေး တစ်ယောက်က အစပေါ့

……..

……..

 

 

ကလေးတစ်ယောက်ရဲ့ အသိဥာဏ်ဘယ်အချိန်မှာစတင်သလဲဆိုတာ ဆရာဝန်တွေလောက် ကျနော်မသိပါ။
ကျနော် မှတ်မိတာက ကျနော်တို့ မောင်နှမတွေ အိမ်ရှေ့ ကွပ်ပျစ်လေးမှာ နေပူဆာ လှုံရင်း မာမီ ဈေးက ပြန်လာတာစောင့်တာလေးကို ကျနော် သတိယတယ်..
တစ်ကယ်တော့ မိုးလင်းပြီိဆိုကတည်းက အိမ်မှာ ထမင်းကြော်နဲ့ လဘက်ရည်က အဆင်သင့်ပါ။
ဒါက အိမ်ကမနက်ခင်းအစာလို့ ဘဲ သတ်မှတ်ပြီး မာမီဈေးက ၀ယ်လာပေးတဲ့ မုန့် တွေကို မောင်နှမတွေ စောင့်နေတာပါဘဲ
ခြံတခါးဝမှာ ဈေးဆွဲခြင်းလေးဆွဲပြီး ၀င်လာတဲ့ ပြုံးနေတဲ့ မာမီ့ကို တွေရင်မောင်နှမတွေသံပြိုင်အော်ဟစ်ပြီး မာမီ့ကို ၀ိုင်းဖက်ထားတတ်ကြတာ ပျော်စရာကောင်းတယ်..
ကျနော်တို့ မှာ အားလုံးမောင်နှမ ၇ ယောက်ရှိတာလေ..ဒါပေမယ့် အဲဒီိတုန်းကညီအငယ်ဆုံးလေးမမွေးသေးဘူးဆိုတော့

ကျနော့်အောက်က ညီမငယ် တစ်ယောက်ဘဲ ရှိသေးတာ..။ 
ကျနော်က အငယ်ဆုံးလိုဖြစ်နေတာပါဘဲ..
ကျနော်တို့ ခြံကြီးထဲမှာ အိမ်နှစ်လုံးရှိတယ် ..။ အဘိုးနဲ့  အဘွား နဲ့ သားနဲ့ သမီးက တစ်အိမ် ကျနော်တို့  မိသားစုက တစ်အိမ်ပေါ့.
မာမီဆိုတာက တဦးတည်းသောသမီး.. မာမီ့ မှာ မိခင်မရှိတော့ဘူး။ မာမီရဲ့ မိခင်က တောင်ငူရှမ်းစစ်စစ်ပါ။ 
အဘိုးကပါကစ္စတန်နိုင်ငံသား၊ အစ္စလာမ် ဘာသာဝင်၊ ကြူလီယာအနွယ်။
အဘိုးက တောင်ငူမှာစီးပွားရေးလုပ်ငန်းတွေအများကြီးပိုင်ပါတယ်..မာမီ့ဆီမှာ ခဏလာနေတာပါ.ခုနကပြောတဲ့ အဘွားဆိုတာ အဘိုးရဲ့ ဒုတိယအိမ်ထောင်..ကရင်အမျိုးသမီးကြီးပါ…ဒေါ်လယ်တဲ့ ။

အရမ်း၇ိုးသားတာဘဲ ၊ကွမ်းအမြဲစားတယ်.။ ကျနော်က သူ့ ကို ချစ်တယ်..သူ့မှာက အဘိုးနဲ 
့ရထားတဲ့ ရင်သွေးနှစ်ယောက်ရှိတယ်..မာမီနဲ့ ဆို အဖေတူ အမေကွဲပေါ့..။ 
သူတို့ ကိုကျနော်ချစ်တယ်..သနားတယ်လို့ ဘဲ ပြောပြပါစေ
ကျနော်ငယ်ကလေးတည်းက နည်းနည်းခွဲခြားနေတယ်လို့ ခံစား၇တယ်။ သူတို့ ခွဲခြားခံနေရတယ်ဆိုတာ ကျနော်သိနေသလို ဖြစ်ပေမယ့်

ဘာကြောင့်လဲဆိုတာ ကျနော် သေချာမသိခဲ့ပါဘူး
သူတို့ နာမည်တွေက မြန်မာလို ကိုထွန်းထွန်းအစ္စလာမ်နာမည်က ဆမ်မ်ဆူသင်းတဲ့ ။

သူ့ ညီမလေးကမယ်ဒယာန် လို့ ဘဲ ကျနော် သိတာ။

အခုထိ အဒေါ်( အဒေါ်သာပြောတာ ကျနော့်စိတ်မှာက မောင်နှမလိုဘဲ 
အခုထိစွဲနေတုန်း) ရဲ့ မြန်မာနာမည်ကိုကျနော် မသိပါဘူးး)။ 
ကိုဆမ်မ်ဆူသင်းက ကျနော့်ကိုအရမ်းအလိုလိုက်တာ

အမြဲတမ်းလိုကျောပိုးထားတတ်တယ်..
ညီညီ ဆိုတာ ပါးစပ်ကမချအောင်ကို ချစ်တာ..
စကားတွေ ဟိုရောက်ဒီယောက်နဲ့ နော်..
ပြောချင်တာက မာမီဈေးက ပြန်လာတိုင်း သူတို့ အတွက် ဘယ်တော့မှ မုန့် မပါလာပါဘူး..။ အဲဒီအခါမျိုးဆိုသူတို့ မောင်နှမက လှမ်းကြည့်နေတာလေ..

သူတို့ ကြည့်တာ ကျနော်က ဘာလို့ သိလဲမေးရင် 
ဘာစားစရာလေးရရ ကျနော်က သူတို့ ဘက်ကို လှမ်းကြည့်တာကိုး..
ကျနော့်မှာ စားစရာတခုရတိုင်း သူတို့ နဲ့ အတူစားပါတယ်..
ကျနော်တို့ ခြံက အကျယ်ကြီးဆိုတော့ နေ့ လည်ဘက်ဆိဲုခြံအနီးအနားက သူငယ်ချင်းတွေ လာကစားကြတာ ဆူညံနေတာဘဲ..။ရွယ်တူရော ရွယ်မတူတာတွေရော..
ကစားတဲ့ အချိန်မှာတော့ ကိုဆမ်မ်ဆူသင်းတို့ တွေလဲ ကစားကြတာပါဘဲ။
ကျနော် အသက်ဘယ်လောက်ရှိပြီဆိုတာ ကျနော် မမှတ်မိပေမယ့် ဗိုလ်အုန်းသီးစက်ဘီးလေးကိုကိုယ်တိုင်စီးတတ်နေပြီ။

တနေ့ အိမ်မှာ အားလုံးကစားနေကြရင်း အရုပ်လေးတွေ ညှပ်ပြီး နေရာင်ထိုးလို့  ရုပ်ရှင်ပြတမ်းကစားကြတယ်..
ဟိုတုန်းကလေ..။ တုတ်ချွန်လေးနှစ်ခုကို ၁ပေလောက်ခွာပြီးမြေမှာစိုက်ထား။ တုတ်ချောင်းလေးထိပ်မျာပနယ်စလင် ပုလင်းသေးသေးလေးတွေ စွပ်..

ပြီးတော့ သားရေကွင်း ၂ကွင်းကို ဟိုဘက်ပုလင်း ဒီဘက်ပုလင်း 
လှမ်းစွပ်ပြီး..သားရေကွင်း ကြားမာ ညှပ်ထားတဲ့ အရုပ်လေးတွေြှပ့်ထား ပုလင်းကို လက်နဲ့ လှည့် ..အရုပ်လေးတွေသွားတာ..
ရှေ့ မှာ ကျောင်းသုံးဗလာစာရွက်ထောင်းထားပြီးနေရောင်ထိုးပြီး ရပ်ရှင်ပြတာပေါ့လေ။
ကြည့်မယ့်သူက ဟိုဘက် အရိပ်ထင်တဲ့ ဘက်က ကြည့်ပေါ့..။ ဒီဘက်တော့ လာမကြည့်နဲ့  စက်ခန်း)
အဲလို ရုပ်ရှင်ပြဘို့ လုပ်နေကြရင်း အရုပ်လေးတွေ ညှပ်ဘို့  ကပ်ကြေး လိုလာရော။ အဲဒီိတော့ ကျနော့်ကိုဗိုလ်လင်္ကျာကကပ်ကြေးသွားယူခိုင်းတယ်..
ဗိုလ်င်္ကျာဆိုတာ သူများခေါ်ကြတာ မွေးကတည်းက ညာဘက်လက်က သိမ်သိမ်လေး မသန်ဘူး..ကျနော်က အထွန်းလို့ ဘဲခေါ်တာ၊

ကျနော့်ထက်တော့ ၁၀နှစ်လောက်ကြီးမယ်ထင်တယ်..။ ကျနော်က ဟိုဖက်အုပ်စုဆီက 
ကပ်ကြေးကို သွားယူတော့ ဟိုဘက်အုပ်စုထဲက ကျနော့်အထက်ကအကိုက လိုက်ပြီိးလုတယ်..

အထွန်းကမြန်မြန်ပြေးလာဆိုတော့ ကပ်ကြေးကိုကိုင်ရင်းပြေးလာတာပေါ့..။ ကပ်ကြေးဆိုတာ ဆေးရုံသုံ့းကပ်ကြေးနော်..
၈လက်မလောက်ရှည်ပြီး ထိပ်က ချွန်နေတာဘဲ..
နောက်က အတင်းလိုက်တော့ အတင်းပြေးရင်းေ၇ပိုက်ခွေကြီးကို တိုက်ပြီိး ကျနော် မှောက်ရက် လဲကျတာ..။ 
ကျနော် ပြန်ကုန်းထချိန်မှာ အထွန်းက ထအော်တော့တာဘဲ..
ကျနော့်လက်ထဲမှာ ကပ်ကြေးမရှိတော့ပါဘူး..
ကြမ်းပြင်ကို ကြည့်လိုက်တော့ သွေးစက်တွေ ကျနေတာကပ်ကြေးက ကျနော့် ပါးမှာ စိုက်ဝင်နေတာ 
ညာဘက်ပါး အလယ်လောက်ကနေ စ၀င်သွားတာ အဖျားက နားအထက်ဘက်က နားထင်ထဲမှာ။ကျနော် ငို၇မှန်းမသိဘူး ။..ကြောင်ငေးနေတာပါ..အော်သံတွေကြားမှ မာမီရောက်လာပြီး ကျနော့်ကို ရိုက်တော့တာဘဲ..

နာလိုက်တာလို့ ကျနော် မပြောပါဘူး..။ ဒါပေမယ့် ကျနော် အသံထွက်ပြီး ငိုခဲ့ ပါတယ်..။ 
ကျနော် မျက်ရည်တွေ ကြားက ၀ိုးတ၀ါးမြင်လိုက်တာက ကျနော့်ကို ကြည့်ရင်း မူးမေ့လဲသွားတဲ့ အဘွားဒေါ်လယ်
..
ငိုနေတဲ့ မယ်ဒယာန်..ပြုံးနေတဲ့ ကျနော့်အကို ။
ကျနော့်ကို ပွေ့ချီလိုက်တဲ့ အကိုဆမ်မ်ဆူသင်းနောက်ဝိုင်းကြည့်နေကြတဲ့သူငယ်ချင်းတွေ……..
အဖေရောက်လာပြိး အကျိုးအကြောင်းမေးပြီးစိတ်ဆိုးနေတဲ့ ကျနော့်အဖ..
နင့်ဘာသာဖြစ်တာ….ဆေးရုံကိုနင့်ဘာသာသွား” လို့ ပြောတဲ့ မာမီ့စကားကြောင့်.
ဗိုလ်အုန်းသီး စက်ဘီိးလေးကို ကိုယ်တိုင်နင်းပြီး ဆေးရုံကို ထွက်လာခဲ့ တာပေါ့..။ ညာလက်က ပါးကဒါဏ်ရာက
ိုအုပ်ကိုင်ထား၇င်းဘယ်လက်က လက်ကိုင်ကိုကိုင်ပြီးစက်ဘီးနင်းတယ်..
ဆေးရုံက မြို့ အနောက်ဘက်အစွန်မှာဆိုတော့ မိုင်ဝက်လောက်နီးပါးရှိမလားမသိဘူး။
လမ်းမှာ လှည်းမောင်းလာတဲ့ လှည်းသမားတွေက သွေးတွေနဲ့ စက်ဘီးနင်းလာတဲ့ ကလေးဆိုတော့ မေးတာပေါ့..
ဘာဖြစ်တာလဲ..မိဘတွေမပါဘူးလားပေါ့..
မေးသမျှဖြေနေရတာပါဘဲ..။ သူတို့ ရဲ့ ကြင်နာမှုလေးကို ကျနော် မမေ့ပါဘူး..။ လယ်သမားတွေဆိုပေမယ့် မေးနေတဲ့ သူတို့ အသံတွေထဲမှာ ကြင်နာမှုတွေပါတယ်..
နောက်မှ ဆေးရုံရောက်ပြီးမှ အပါနဲ့ မာမီ ရောက်လာတယ်
အညာနွေကပူတာနဲ့  ထွက်လိုက်တဲ့ သွေးတွေ..
ဆရာဝန်ကြီးက ဂရုစိုက်ပါတယ်..နာမည်က ဦးအောင်ထွဋ်ပါ..။ ကျနော့်ကို ကူညီပေးတဲ့ ဆေးရုံအကူ အဒေါ်ကြီးက ဒေါ်ညိုတဲ့ .
ဆေးရုံမှာက ထုံဆေးရော မေ့ဆေးရော လုံးဝမရှိချိန်ဖြစ်နေပါတယ်..
နောက်ဆုံးဆရာဝန်က ကျနော့်ကို မေးပါတယ်။။
သားဘာဆေးမှမသုံးဘဲ အစိမ်းချူပ်တာ ခံနိုင်မလားတဲ့ ..ရွှေဘို ဆေးရုံက ဝေးတယ်..ဟိုမှာတော့ ဆေးစုံပါတယ်တဲ့ ..
ဒါပေမယ့် သွေးထွက်များနေတယ်..၁၀မိုင်ကျော်ခရီးကို သားသွားမယ်ဆို မကောင်းဘူးတဲ့”
တစ်ကယ်လို့ သာ အရှန်နည်းနည်းပြင်းမယ်ဆိုရင် နားထင်က တစ်ဆင့် ဦးခေါင်းခွံကို ထိုးဖောက်လို့ ကပ်ကြေးဖျားသာ ဦးနှောက်ထဲ ၀င်ခဲ့ မယ်ဆိုရင်သားအခုဆို အသက်တောင် မရှင်နိုင်တော့ဘူးတဲ့ ”
ကျနော်မှတ်မိသလောက် ပြန်တွေးပြီးရေးတာပါ..
နောက်ဆရာမတွေနဲ့ သူ အင်္ဂလိပ်လို အကြာကြီးပြောနေပြီး အစိမ်းချုပ် ချုပ်ဘို့ စတင်တော့တာပါဘဲ။
(
)ချက်ချုပ်ရတယ်..နာတယ်..။ ဒေါ်ညိုက မျက်လုံ့းကို မမြင်၇အောင် လက်ဝါးနဲ့ ကာပေးထားတယ်..
ကျနော်က မသိမသာလေး ချောင်းကြည့်၇င် အပ်ကောက်ကြီးက မျက်လုံးနားဝဲ၀ဲလာမှ မျက်စေ့ကိုမှိတ်ထားလိုက်တာ။
ဆရာဝန်ကြီးက ချုပ်နေရင်းနဲ့ နောက်မျ ရောက်လာတဲ့ ဆရာမကို ဘီရိုထဲက အာတာပူစီမုန့် ယူလာခိုင်းပြီး ကျနော့်ကို ကျွေးတယ်..။ ပန်းရောင်လေး.. စားလဲစား ချုပ်လည်းအချုပ်ခံပေါ့..
အခုထိ ကျနော့်ပါးမှာ ကပ်ကြေးထိုးမိတဲ့ ဒါဏ်၇ာကမပျောက်ပါဘူး..။ရေးရေးလေးရှိသေးတယ်..
ဒါပေမယ့် ကျနော့်နှလုံးသားထဲမှာတော့ ပါးက အမာရွတ်ထက် ပိုပြီးအရာထင်ခဲ့ တဲ့ အမာရွတ် ကျန်နေဆဲပါဘဲ..
ကျနော်ကလေးပါကလေးတိုင်းဆော့တတ်ပါတယ်..
မိဘတိုင်းကလဲ သားသမီးတွေအတွက် စိတ်ပူမယ်ဆိုတာ နားလည်ပါတယ်..
ဒါပေမယ့်……
ငယ်ကတည်းက ရင်ထဲမှာ နာခဲ့ ရပါတယ်..
သေခြင်းတရားက အဲဒီအချိန်ကတည်းက ကျနော့်ကို နားရွက်လေးတောက်သွားတယ်..

 

ဆက်ပါဦးမယ်

ကျော်စွာခေါင်

 

About ကျော်စွာခေါင်

kyaw swar kaung has written 80 post in this Website..

ပန်းချီကို လူမှန်းသိတတ်စကတည်းက အရိုက်နှက်ခံပြီး သင်ယူဆည်းပူးခဲ့ပါတယ်.. 3D Animation အတွက် ပန်းပုရုပ်လေးတွေ ဖန်တီးပါတယ်..။ ကဗျာရေးတယ်..စာရေးပါတယ်..။ ထမင်းမေ့ ဟင်းမေ့ စာကို အသည်းအသန်ဖတ်ပါတယ်..။