ကျနော် ကွန်ပလိမ်းစာတို့ ဆုံးမစာတို့ ရေးလေ့မရှိပါဘူးနော့။

သူများကိုလည်း ပြုပြင်ဖို့ ကြိုးစားတတ်တဲ့သူထဲလည်း မပါပါဘူးးး

အားအားယားယားလည်း ဆရာမလုပ်ပါဘူးပါဘူးးးး

ကိုယ်တိုင်က လိမ္မာတယ်လို့ မ မှတ်ယူတာ တစ်ကြောင်းးး၊

ဘာမှ တတ်တဲ့သူ မဟုတ်ဘူး ဆိုတာ သိလို့တစ်ကြောင်းးး

ဘယ်သူ ဘာဖြစ်ဖြစ် ကိုယ့် တကိုယ်စာ နေကောင်းနေရင် ဘာမှ စိတ်မဝင်စားတာက တစ်ကြောင်းးး

ဘာမှ ဆို ဖြေရှင်းလို့ ရတယ်ဆိုတဲ့ အယူအဆ ကိုင်စွဲထားတာ က တစ်ကြောင်းးး၊

ကိုယ်လုပ်ချင်ရာကိုယ်လုပ် ကိုယ်ဖြစ်ကိုယ်ခံကြ ဆိုတဲ့ အတွေးရိုင်းရိုင်းရှိတာက တစ်ကြောင်းးး၊

နောက်ပြီး ဇောနဲ့ ပြောရင် နောက်က ဒေါသ၊ ဒေါသ နောက်ကမှ စကား ကြမ်းကြမ်းက ပါလာတတ်လို့ တစ်ကြောင်းးးး

အကြောင်းကြောင်းတွေကြောင့် နေသာသလောက်ကို လေညာကနေခဲ့တာ ကြာပါပြီ။

အွန်လိုင်းမှာ အစားအသောက်လိုင်းယူထားပြီး လေသံချိုချိုနဲ့ သူများ အကူအညီယူနေရတဲ့ ဘွလေးကို ပျော်လို့ အဲ့ဒီဘွပျက်မှာလည်းကြောက်လို့ အမြင်မတော်ဘူးထင်ရင်လည်း ဘာမှ ပြောဘူးရယ်။ ငိငိငိ။  :mrgreenn:

အငြင်းမသန်တာလည်း ပါတာပေါ့။

 

ခုတော့ ပြောချင်စိတ်များလာလို့ ပြောပါရစေနော်။ နည်းနည်းတော့ နောက်ကျနေပြီလားမသိ။

သာမာန် အချိန်မှာ မိန်းကလေးတွေ အမြင်မတော်ပုံတွေ အွန်လိုင်းမှာ မတက်လာသလောက် ရှိပါတယ်။

ထမီ စကပ် အကြပ်လောက် ဝတ်စားထားတာကို ရင်ခုန်ပြီး လက်ဆော့တင်တတ်တဲ့ သူတွေ တင်တာမျိုးက လွဲရင်ပေါ့။

သင်္ကြန် ဆိုရင် များတော့ ပုံတွေ တစ်တစ်ခွခွ တက်လာပါပြီ။

:p:

 

ဒီ ညနေ ဒီ ကိစ္စ တဂျားနဲ့ ပြောဖြစ်ပြီး ပို့(စ) လေး ရေးဦးမှ ဆိုတော့ ဒီ မန်းလေးသားက ယဉ်ကျေးမှုလေးပါ ပါအောင်တို့ ဘာတို့ ရေးလို့ပြောပါတယ်။

ကျနော် ယဉ်ကျေးမှု ကိစ္စ မကိုင်ပါဘူးးးး

(ကိုယ်တိုင်လည်း ယဉ်ကျေးတဲ့ထဲ မပါ၊ ယဉ်ကျေးမှု လို့ ခေါင်းစဉ်တတ်ထားတဲ့ ဟန်ဆောင်မှုတွေကိုလည်း အယုံအကြည်မရှိတာလည်းပါပါတယ်။)

 

အဲဒီတော့ ဒီ ကိစ္စတွေကို ကျနော်ပြောတတ်သလိုပဲ ပြောပါရစေ။

အမျိုးသမီးတွေကို ပြောတာမို့ အမျိုးသားများဘက်ကို အနည်းငယ် ထိခိုက်သလိုဖြစ်ရင်သာ ခွင့်လွှတ်ကြပါလို့။

:s:

 

၁) အမျိုးသမီးးး နဲ့ အမျိုးသား

အခွင့်အရေးအတူတူ ရသင့် မရသင့် ကျနော် မငြင်းပါဘူးးး တူမှ မတူတာ။ ခန္ဓာဗေဒ အားဖြင့် မတူညီအောင် ဖွဲ့စည်းထားတာမို့ အလုံးစုံ တူအောင် လိုက်တုလို့ မဖြစ်ဘူးဆိုတာတော့ သိထားရပါမယ်။

အဲဒီတော့ အမျိုးသားတွေ လုပ်တာ အကုန်လိုက်လုပ်လို့ ဘယ်ဖြစ်မလဲ။ သဘာဝကိုက ဒီလိုပေးပြီးသားကို။

အဲ! သူတို့ ကို ကျော်နိုင်တာ အတွေးအခေါ်လေးရယ်၊ စိတ်ဓာတ်ခိုင်မာမှုလေးရယ်ကတော့ ရှိတယ်။ အဲဒါကတော့ ကိုယ်တိုင်လုပ်ယူလို့ရတယ်လေ။

သေချာလေးများ စောင့်ကြည့်ကြပါ။

သူတို့က တန်းတူ အခွင့်အရေးပေးပါတယ်တို့၊ ညီတူမျှတူ ဆိုတဲ့ စကားလုံးများသုံးလာရင် အဲဒီ အချိန်ဟာ အရက် အတူသောက်စေချင်တဲ့ အချိန်တို့၊ ညနက်သန်းခေါင် လည်ပတ်စေချင်တဲ့ အချိန်တို့ပါ။ (ဥပမာနော်) :mrgreenn:

အတွေးအခေါ်ကောင်းမဲ့ စာတို့၊ သူတို့ကို အထင်မကြီးမဲ့ စာတို့များဖတ်မိရင် ဖတ်မိတဲ့ ကိုယ့်သာမက စာရေးဆရာကိုပါ ပဲ့ကျနေအောင်ပြောတတ်တာ။ (အဟွတ်! ဒါလည်း ဥပမာပဲ) :mrgreenn:

မိန်းမတွေ ညံ့လေ ယောင်္ကျားတွေက သူတို့လုပ်ချင်ရာလုပ်နိုင်တဲ့ အခွင့်အရေးရှိလေပါ။ ထားပါလေ။ ကျနော်က အမျိုးသားမကောင်းကြောင်း ပြောနေတာမဟုတ်ပါဘူးးး :twisted:

သင်္ကြန်မှာ ယောင်္ကျားလေးတွေနဲ့ အရက်ပြိုင်သောက်ပြီး လူမှန်းသူမှန်းမသိတဲ့ ပုံတွေ တွေ့မိလို့ ပြောမိတာပါ။ တန်းတူ ရင်ဘောင်တန်းလိုက်ရမှာသည် ဒီလို သတိလက်လွတ်မူးတဲ့ နေရာမျိုးမဟုတ်ဘူး ဆိုတာ ပြောချင်တာ။

ဟိုနေ့ကပဲ ကော်မန့်တစ်ခုမှာ မြင်လိုက်တယ်။ အဲလို သတိလွတ်နေတဲ့ ကောင်မလေးကို သူ့ ရည်းစားဆိုတဲ့ ကောင်လေးနဲ့ သူငယ်ချင်းတွေပါပဲ ဟိုတယ်ခေါ်သွားပြီး  ဗီဒီယိုပါရိုက်ထားတယ်တဲ့။ သူတို့ အခေါ် အဝေါ် ဘူဖေးစားတယ်ခေါ်သတဲ့။ နောက်ပြီး အဲဒီ ဗီဒီရိုနဲ့ ငွေညှစ်သလိုပဲ အဲဒီကောင်မလေးကို ခြိမ်းချောက်ပြီး လိုတိုင်းခေါ်တယ်လို့ဆိုပါတယ်။

:chee:

 

၂) အမျိုးသမီးနဲ့ အရက်

အထက်က ပြောခဲ့လို့ ကျနော်က မိန်းမတွေ အရက်သောက်တာကို ရှုံ့ချတာမဟုတ်ဘူးနော်။

ကျနော်ကိုယ်တိုင် တံဆိပ်မျိုးစုံ အခွင့်အရေးရရင် ရသလို စမ်းဖူးတယ်။ ဘီယာတို့ ဝိုင်တို့ ဆိုတာ မူးကို မမူးတတ်တော့။

အူအရိုင်း သူငယ်ချင်းတိုင်းကို ကျနော်က စတိုက်ပြီးမှ အူမရိုင်းအောင်လုပ်ပေးခဲ့တာပါ။  ဘာလို့ ဆို အူအရိုင်းမှာ အရည်နည်းနည်း ဝင်တာနဲ့ မူးကောင်းပြီး နီးစပ်ရာကောင်က လုပ်ချင်ရာလုပ်တဲ့ထဲ ပါသွားမှာဆိုးလို့ပါ။

ကျနော် စသောက်ရတဲ့ ရည်ရွယ်ချက်ကလည်း အူမရိုင်းအောင်ပါ (မိုက်တယ်နော်၊ အကြောင်းပြချက်က၊ ငိငိငိ)။ :mrgreenn:

ဒါပေမဲ့ အရက်မူးလို့ ဘာမှ မသိ၊ ဘာမှ မမှတ်မိအောင် သောက်တာမျိုးတော့ စတုပစ်ဖြစ်လွန်းတယ်လို့ပဲ ပြောပါမယ်။

အလွတ်အကျွတ် ဆိုတာ သံသရာက လွတ်ရာလွတ်ကြောင်း ကိစ္စမှာပဲ သုံးလို့ ကောင်းတဲ့ စကားလုံးပါ။ အရက်ဝိုင်းတို့ ဘားတို့ ကလပ်တို့ လူမြင်ကွင်းတို့မှာတော့ မကောင်းဘူးပေါ့နော့။ သတိနဲ့ ယှဉ်စေချင်ပါတယ်။

ကိုယ်ကမှ ကြိုက်လွန်းလို့ မူးချင်ဆောင်ပြီး ကြံစည်ရတာမျိုးတော့ မပြောပါဘူးးး နိုင်မယ်ထင်မှတော့ လုပ်ကြပေါ့။ :mrgreenn:

ခုက အလိုမတူပဲ သတိလက်လွတ် ပါသွားမှာကို စိုးတာပါ။ ဘူဖေးဘဝ မရောက်စေချင်လို့ ပြောပြတာပါ။

 

၃) အမျိုးသမီးနဲ့ ချစ်သူရည်းစား

ခုနက ပြောခဲ့တာက ကိုယ်က သောက်ချင်လို့မှ အလွတ်အကျွတ်သောက်တာကိုပြောတာ။ တစ်ချို့က ညာတိုက်တာတို့၊ ဆေးခတ်တာတို့ ရှိတယ်လေနော့။ ကိုယ့်ကို ချုပ်ပြီး တိုက်တာမျိုး မဟုတ်သရွေ့ ဘယ်သူ့မှ မယုံတာကောင်းတာပေါ့နော့။

ကျနော်က “ခု ချစ်သူရည်းစားတွေကို ယူဖို့ အထိ မယုံကြည်ပါနဲ့” လို့ ပြောရင် ကြားရတာ တစ်မျိုးဖြစ်ပါလိမ့်မယ်။ ကျနော်တို့ အစဉ်အလာကိုက မိန်းမကောင်း ပန်းကောင်းတစ်ပွင့်ပန်တို့ ဘာတို့နဲ့ နားရည်ဝခဲ့တာကိုးးးး။

အမျိုးသမီးတွေက ချစ်တုန်း မွှန်တုန်း ဒီ ရည်းစား ချစ်သူကို ယူဖို့ စဉ်းစားမှာပေါ့။ ဒါနည်းမှန်လမ်းမှန်ပါ။ ဒီလိုပဲ တွေးရမှာပါ။ အပျော်ပါလို့ တွေးတာထက် ပိုကောင်းပါတယ်။

ဒါပေမဲ့ “အဲဒီ သကောင့်သားက ကိုယ့်ကို အတည်ယူမှာပဲ၊ ကိုယ်တို့ တစ်ချိန်မှာ ယူမှာပဲ” လို့ လုံးဝ လုံးဝ မယုံကြည်သင့်ကြောင်းပါ။ လူကိုရော ကံကိုရော ဘာကိုမှ ယုံမှတ်ပြီး ပုံမအပ်ပါနဲ့။ ယုံကြည်မှု ဆိုတာကို လူစိမ်းတစ်ယောက်ကို လွယ်လွယ်မပေးပါနဲ့လို့ ပြောတာပါ။

ကျနော် ပြောနေတာ မြန်မာပြည်တွင်းနေ အရပ်သူလေးတွေကို ပြောချင်တာပါ။

ဘယ်နေရာသွားသွား ကားနဲ့သွားလာနိုင်တဲ့ ဆယ်လစ်ဘရစ်တီတွေနဲ့ စပွန်ဆာ အားကိုး လုပ်ချင်ရာ လုပ်နေတဲ့ အရပ်ပျက်တွေအတွက် ပြောတာမဟုတ်ပါဘူးးး

သူတို့ ရှေ့ဆောင်ဝတ်စားပြသမှုနဲ့ လိုက်အတုယူနေမဲ့ ကလေးမလေးတွေကိုပြောတာပါ။

ယောင်္ကျားတွေနဲ့ တန်းတူ ဒွေးရောရှတ်တင်နေမှ အရက်သောက်မှ ဟိုဖော် ဒီဖော်နေမှ ခေတ်မှီတာမဟုတ်ပါဘူးဗျာနော့။ ရေစီးကြောင်း တားလို့ မရဘူး ဆိုပေမဲ့ လက်လွတ်ခြေကာ မျောပါသွားမှာထက်စာရင်ရေစီးကြောင်း ပေါ်က စီးစရာလေးနဲ့ ရေကို စုန်ဆင်းတာကောင်းတာပေါ့။

ခုလို ထိန်းသိမ်း လိမ္မာဖို့ပြောနေတာ ယောင်္ကျားယူကောင်းဖို့ ပြောနေတာ မဟုတ်ဘူးနော်။

အသစ်ကြိုက်တို့ ပက်ကင်ပိတ်မှ ဆိုတဲ့ သကောင့်သားများ အတွက် လုံးဝလုံးဝ ပြောနေခြင်းမဟုတ်။။

ကိုယ့်တန်ဖိုးကို သိစေချင်လို့ ကိုယ့်ကိုယ်ကို ချစ်စေချင်လို့ ပြောနေတာပါ။ ကိုယ့်ကို ချစ်ဖို့ ဘယ်သူ့ဆီက မှ မမျှော်လင့်ပါနဲ့။ အယူမရှိပဲ မပေးတဲ့ ခေတ်ကြီးပါ။

အဲဒီတော့ အမျိုးသမီးများ ကိုယ့်ကိုယ်ကိုချစ်မှ ကာကွယ်မှ ကြားက ဥပဒေ ထုတ်စရာမလိုတော့မှာ။ အဲဒီ ဥပဒေ ထုတ်တယ် ဆိုကတည်း က ကိုယ့်လူမျိုး မိန်းမသားတွေကို အထင်သေးလို့ပါ။

မိန်းမတစ်ယောက်အတွက် ယောင်္ကျားရရေးးး၊ ယောင်္ကျားက ကိုယ့်ကို ကြည်ကြည်ဖြူဖြူ ယူရေး ဆိုတာ ဘဝဖြစ်နေတဲ့ အချိန်လွန်ခဲ့ပါပြီ။ ပန်းတိုင်က ဒါမဟုတ်ပါဘူးနော်။

 

၎) အမျိုးသမီးနဲ့ အဝတ်အစား

သင်္ကြန်ပုံတွေမှာ တွေ့တယ်။ ဖော်ထားလိုက်ကြတာ။

ကျနော် ဟာ အသက်ငယ်တုန်းကတည်းက အဖော်အလော် အင်္ကျီသိပ်ကြိုက်တတ်ပါတယ်။ မိန်းကလေးတွေ လှအောင် ဖော်ထားသရွေ့ သိပ်သဘောကျပါတယ်။

ဒါကို ကို ကျနော့မျက်စိထဲ မှာ သူတို့ ဖော်တာဟာ ဘယ်လိုမှ ခံစားလို့ မရပါဘူးးးး

အဝတ်အစားမှာ စည်းတို့ ဘောင်တို့ရှိပါတယ်။ အလကားထားတဲ့ စည်းတွေမဟုတ်ပါဘူးးး

လူနဲ့ တိရိစ္တာန်မှာ ကွာတာ အဝတ်အစားပါ။ လူရိုင်းနဲ့ လူယဉ်ကျေးခေတ်မှာလည်း ကွာတာ အဝတ်အစားပါ။

ဖော်ချင်တာပဲ။ ဖော်ပါ။ ရပါတယ်။ လှအောင်လေးတော့ ဖော်ကြပေါ့ဗျာ။

ခုဟာက၊

နောက်ပြီး စိတ်မဆိုးနဲ့ဗျ! တစ်ခုပြောမယ်။ အနီးစပ်ဆုံး ဥပမာ …

….ကိုရီးယားမင်းသမီးတွေ ဖော်ကြတယ်။ကျနော်တို့ မြန်မာမင်းသမီးတွေလည်း ဖော်ကြတယ်။ ဘာကွာတုန်း သိလားးး

မျက်နှာပေးးဗျ။ ကိုရီးယားတွေမျက်နှာပေးကို ကြည့်!! ဝတ်ရိုးဝတ်စဉ် ဝတ်ထားသလို မျက်နှာပေးလေးတွေနဲ့။

ကျနော်တို့ မင်းသမီးတွေကြည့်လိုက်။ “ငါ ဖော်ထားတယ်၊ ငါလှတယ်၊ ငါ စက်စီဖြစ်တယ်” ဆိုတဲ့ မျက်နှာပေးတို့ မျက်လုံးတို့နဲ့။

အဲဒီမှာ ကွာတယ်။ ဖော်ရပြီ ဆိုပြီး စွတ်ဖော်မှတော့ သကောင့်သားများက လာထားပေါ့ဗျာ။

ရှေးအဆက်ဆက် ယောင်္ကျားတွေ မိန်းမတစ်ယောက်ကို မြင်ရင် ဘယ်နေရာတွေ အရင်ကြည့်တတ်တုန်း အစဉ်အဆက် ရိုးရာ အဝတ်အစားဆိုပြီး လုပ်ထားတဲ့ အဝတ်အစားတွေကိုသာကြည့်။ ဒီထက်တော့ မပြောချင်ဘူးးး (သိချင်ရင် မက်စေ့ပို့၊ ငိငိငိ) :mrgreenn:

နောက်ပြီး အစဉ်အဆက် နှိမ်ထားခဲ့တဲ့ အမြင်များ အရလည်း လှလှပပဝတ်စားထားရင်တောင် သူတို့ ကြည့်အောင်လို့ အလှပြင်တာဆိုတဲ့ သူများဟာ ဖော်ထားသလောက်ကို သူတို့ကို ဖိတ်ခေါ်တာလို့ပဲ ထင်မှာ မလွဲပါဘူးးး

နောက်ပြီးးး အမျိုးသမီးတွေ ကိုယ့်ခန္ဓာကိုယ်မှာ ဘယ်ဟာလှတယ်၊ ဘယ်နေရာမလှဘူး သိရင် ပိုကောင်းတာပေါ့ဗျာ။ ဖော်ချင်ရင်တောင် လှလှလေးဖော်လို့ရတာပေါ့။

 

ခုဟာတွေက မြန်မာ ကိုယ်လုံးကိုယ်ပေါက်မှာ နိုင်ငံခြားသား အမြင်အရကို မလှအောင်ဖော်ထားလို့ ပြောရတာပါ။ ကျနော်တော့ ဘာမဆို လှလှပပလေးပဲဖြစ်စေချင်တာပဲ။

ကိုယ်ပိုင်ကားပေါ်က အမျိုးသမီးတွေ ဘောင်းဘီတို ဝတ်တာ အရေးမကြီးပေမဲ့ ရပ်ကွက်ထဲ ဘောင်းဘီတိုနဲ့ လမ်းသလားလို့တော့ မကောင်းဘူးလားလို့ပါ။

နားထောင်တာမထောင်တာတော့ အမျိုးသမီးများ အပိုင်းပါနော့။

 

လုပ်ချင်ရာလုပ်ဖို့ ဆိုတာ အမြင့်ရောက်နေတဲ့ အချိန်ပဲကောင်းတယ်နော်။

တခြား အကာအကွယ် ဘာမှ မရှိတဲ့ ကိုယ့်ဘဝမှာ ကိုယ့်ကိုယ်ကို ကာကွယ်တာသာ အကောင်းဆုံးပါ။

အတွေးအခေါ်တို့ ဉာဏ်ရည်တို့မြင့်စေချင်ပါတယ်။

 

လုပ်သင့်တာပဲလုပ်လုပ်၊ လုပ်ချင်တာပဲ လုပ်လုပ် သတိတရားနဲ့ ယှဉ်စေချင်ပါတယ်။

:chit:

 

 

ဟောဟဲ။ မောတာ။

သူများကို ဆရာလုပ်ရတာမြန်း မောတာက အရင်။

:boss:

 ကျန်သေးတယ်။
မရေးနိုင်တော့လို့။

:hint:

ဇီဇီ

About ဇီဇီ

ဇီဇီ has written 353 post in this Website..

CJ # 129120