“ချစ်ခြင်း တွင် ဖွဲ့ တည် ခဲ့ သော………………………”

 

 

ကျနော် အောင် ပန်း မြို့ ကို ရောက် တော့ မနက် သုံး နာ ရီ။

မြန်မာပြည်မှာတော့ ပူလောင်သော ဧပြီ လဖြစ်နေ ပေ မယ့်

တောင်ပေါ်မြို့ လေးမှာတော့ ချမ်း အေး လို့ နေ ပါတယ်။

အောင်ပန်းမြို့ လမ်း ဆုံမှာ ဆင်း ပြီး မနီး မဝေးက

“ရူ့ခင်းသာ”မှာ တည်း ဘို့ လမ်း လျောက်ပြီး သွား လိုက် ပါတယ်။

အလုပ်ကိစ္စ နဲ့ မကြာ ခဏ လာ ရ သည် ဆိုတော့ အောင်ပန်းမြို့ နှင့်

ကျနော်သည် မစိမ်း။

အခန်းယူ တစ် ရက်စာေ ငွပေး ပြီး အထုပ် အပိုး တွေ ချ

ဘာညာ ဘာညာ တွေ ပြီး တော့ မနက် လေး နာ ရီ ထိုး လု ပြီ။

ကျ နော် အထင် ဒီမြို့ လေးမှာ ကျ နော် အနည်း ဆုံး သုံး ရက် လောက်ေ တာ့နေ ရ မှာအသေ အချာ။

အဲတော့ အ ကောင်း ဆုံး အစီ အစဉ် ကတော့ နောက် တစ် ခေါက် ပြန်အိပ် ခြင်းပါဘဲ။

 

ကျနော်အိပ်ယာက နိုးတော့  မ နက် (၇) နာရီ။

ဒါပေမယ့် မြူ ဆိုင်းနေတော့ နေ မင်း ထွက် လာ ပုံ က မ၀ံ့ မ ရဲ။

တစ် ည လုံး ကား စီး လာ ရ တော့ ညောင်းညာ ကိုက် ခဲ နေ တာ တွေပျောက်အောင်

ရေနွေး နဲ့ စိမ် ချိုးလိုက်ပါ တယ်။

ရေ ချိုး လို့ မပြီး ခင် ဘိုက် က ဆာ လာ တော့ အ၀တ်အစား မြန် မြန် လဲပြီး

လမ်းနံ ဘေးမှာ ရှိ နေ ပေ မယ့် လူ တိုင်း မေ့ လျော့ နေ တဲ့

ဗိုလ် ဗထူး အထိမ်း အ မှတ် ကျောက်တိုင်နား က

ရှမ်းခေါက် ဆွဲ ဆိုင်ေ လး ဆီ ကို လမ်း လျောက် လာ ခဲ့ ပါတယ်။

ကျနော် ရောက် ချိန် မှာ ဆိုင် လေး က  အ တော် စည် ကား လို့ နေပါပြီ။

စည် ဆို  ဈေး က လဲ သင့် တင့် စား လို့ လဲ  အ တော် ကောင်း တာ ကိုး။

ဒီ တောင် ပေါ် မြို့ လေးေ တွ ရောက် လို့  ရှမ်း ခေါက် ဆွဲ စား မယ် ဆို ရင်

အ ခေါ် အဝေါ် တွေပြောင်း ပြီး မှာ ရပါ တယ်။

မန်းလေးမှာ တော့ ရှမ်း တစ် ပွဲ လို့  မှာလိုက် ရင်

ကိုယ် စား ချင် တဲ့ အတိုင်း ရောက် လာ ပါတယ်။

 

သူ တို့ ဆီ က ရှမ်း ခေါက် ဆွဲ ဆို တာ “ဆန် စီး “ ကို ခေါ် တာ ပါ။

ကျနော် တို့ မြေပြန့် မှာ စား လေ့ ရှိ တဲ့  ရှမ်း ခေါက် ဆွဲ ကို တော့

“ရေစိမ် “ဒါမဟုတ်” ဆန်ဖွယ်“လို့ ခေါ်ပါတယ်။

“ဆန် စီး “ကို တော့ ကျနော်  မကြိုက် ။

ကျ နော့် ပါးစပ် နဲ့ အ ထာ မကျ။

အဲ တော့ သေ ချာ မှာ မှ ကိုယ် စား ချင် တာ နဲ့ ကွက် တိ ကျ ပါ မယ်။

ကု လား ပဲ အစစ် နဲ့ လုပ် ထား တဲ့ တို့ ဟူးနွေး ရယ်

တိုဟူးကြော် ပူ ပူ လေး ရယ် ပဲပုတ် နံ့မွှေး နေ တဲ့ ရှမ်း ခေါက် ဆွဲ လေးစား ပြီး

လက် ဖက် ခြောက် ကို လှော် ပြီး ထည့် ထား တဲ့ ရေ နွေး ကြမ်း လေး သောက် လိုက်

ရင်  ကောင်း မှ ကောင်း ပါဘဲ။

*****************************************************

 

ဒီ ခရီး ကို လာ ရ တဲ့ အ ကြောင်း က တော့ ကျေ နာ် တို့ ရဲ့ ကုန် သည် တွေ  နဲ့ လာ တွေ့ တာပါဘဲ။

ကိုယ် က အ ကြွေး ပေး ထား ရ တဲ့ ဆိုင် တွေ ရဲ့  အ ခြေ  အ နေ ကို လာ ကြည့် တယ် ဆိုရင် လဲ မ မှား။

ကိုယ့် ဖောက် သည် တွေ နဲ့ အ မြဲ ထိ တွေ့ နေ ဘို့ အတွက် လာ တယ်  ဆို ရင် လဲ မှန် သလို

ကုန် ကြွေး သိပ် ကြာ နေ တဲ့  ကုန် သည် တွေ  ဆီ က နေ ကိုယ် တိုင် ကိုယ် ကျ လာ ပြီး

ပိုက်ဆံ တောင်း တယ် ဆို ရင် လဲ ဟုတ် ပါ တယ်။

အဲ တော့ သိပ်ပြီး ကြီး မား တဲ့ အလုပ် မ ဟုတ် တဲ့ အ တွက် နှစ် ရက် သုံး ရက် ဘဲ

နေ တယ် ဆို ရင် လုံေ လာက် ပါ တယ်။

ကျ နော် ရောက် တဲ့ နေ့ က ဈေး နေ့ ဆို တော့  မ နက် အ စော က တည်း က

စည် ကား လို့ နေပါတယ်။

ပုံ မှန် ဆို ရင် တော့ ဈေး ပါ တ် ပါ တ် လည် လောက် မှာ သာ ဆိုင် လေး တွေ ဖွင့် ပေ မယ့်

အ ခု လို ဈေး နေ့ ဆို ရင် ဈေး ပါ တ် ၀န်း ကျင် က လမ်း ကြား တွေ မှာ ပါ အာဂ န္တု ဈေး သည် တွေ နဲ့

ပြည့် လျံ လို့ နေ ပါ တယ်။

အောင် ပန်း ပါ တ် ၀န်း ကျင် ရွာ လေး တွေ ကနေ ပြီး

အိမ်ထွက် ခြံ ထွက် သီး နှံ တွေ ကို လာ ရောင်း ကြ သူ တွေ လဲ အများ ကြီး ပါဘဲ။

 

ဟို အရင် ခေတ် က တော့ ဈေး နေ့ ဆို ရင် အနီးအ နား ရွာ တွေ ကနေပြီး                                            ခြေ လျင် လာ ကြ တာ များ ပါတယ်။

အခု ခေတ် က တော့ ထော် လာ ဂျီ တွေ ၊

အင်ဂျင် စက် ကို ကား ဘော် ဒီ နဲ့ တွဲ ထား တဲ့ ကား တွေ ပေါ တယ် ဆို တော့

သွား ရေး လာ ရေး က အ ရင် လောက် မ ခက် တော့ တာ အမှန် ပါ ဘဲ။

အောင် ပန်း မြို့ ရဲ့ ဈေး နေ့ က တော့ စည် ကား ပါ တယ်။

ဈေး ပါ တ် ပါ တ် လည် က အိမ် ရှေ့ တွေမှာ ကိုယ့် ရွာ နဲ့ ကိုယ်

ကိုယ့် အ ဖွဲ့ နဲ့ ကိုယ် စု ဝေး ပြီး နေ ကြ တာ များ ပါတယ်။

ရောင်း စရာ ရှိ တာ ရောင်း ၀ယ် စ ရာ ရှိ တာ ၀ယ် ပေါ့။

ဒီ ဈေး နေ့ ရောက် မှာ သာ တောင် ပေါ် ပ အိုဝ့် ရွာ က လေး တွေ က ဖောက် သည်

တွေ ဆင်း လာ မှ သာ ဈေး ကောင်း ကောင်း ရောင်း ရ တာပါ။

မြို့ ခံ ဈေး  ၀ယ် တွေ က လဲ ဈေး နေ့ ဆိုရင် ဈေး ထွက် ၀ယ် ကြ ပါတယ်။

ရွာခံ တွေ လာ ရောင်း တဲ့ အ သီး အနှံ တွေ ပ န်း တွေ က လတ် ဆတ် သလို

ဈေး လဲ သက် သာ လို့  ပါ။

 

အောင်ပန်း ဈေး ကြီး က ဆိုင် တွေ ကလဲ  ဈေး  နေ့ တစ် ရက် ကို ဘဲ

အား ထား ရောင်း ကြ ရ တာ ပါ။

သာ မန် ရက် တွေက တော့ အ ရောင်း အ၀ယ် ဖြစ်တယ် ဆို ရုံ။

အဲ တော့ အခု အ လို အ ရောင်းအ ၀ယ် ကောင်း တဲ့ ဈေး နေ့

ကျ နော် ဖောက် သည် တွေ အ လုပ် များ မယ့်  ဒီ နေ့ မှာ ကျ နော် သူ

တို့ကို သွား မ တွေ့ တော့ ဘူး လို့ ဆုံး ဖြတ် လိုက် ပါတယ်။

 

ဘယ်သူ နဲ့ မှ မ တွေ့ ဆို တော့ ကျ နော် အား နေ သည် လေ။

အဲ တော့ လူ ပေါင်း စုံ ဖြတ် တဲ့ ဈေး ဒေါင့်က လက် ဖက် ရည် ဆိုင် မှာ အ ချိန် ဖြုန်း သည် ပေါ့။

သူ များေ တွ ကိုယ့် အာရုံ နဲ့ကိုယ် သွား လာ လှုပ် ရှား အ လုပ် များ နေ ကြ တာကို

ဘာ အလုပ် မှ  မ ရှိ သူက ထိုင် ကြည့် နေ ရတာ က တစ် ခါ တစ် ခါ မှာအ ရ သာ ရှိသ လိုပင်။

အဲ လို အ ချိန် ဖြုန်း နေ တုန်း

“ ဆန် ဖွယ် တစ် ပွဲ င ရုတ် သီး မ ထည့် နဲ့” လို့ စား ပွဲ ထိုး ကို မှာ လိုက် တဲ့ အမျိုး သမီး တစ် ဦး ရဲ့ အသံ ကျ နော့်  နောက် ကျော ဘက် စား ပွဲ က ထွက် လာ ပါ တယ်။

ကျ နော် စိ တ်ထဲ မှာ ဒီ လေ သံ ကို ရင်း နှီး နေ တာ ကြောင့် ဖျပ်က နဲ လှည့်ကြည့် လိုက် မိ ပါတယ်။

အ သား ဖြူ ဖြူ မျက်နှာ သွယ် သွယ်  ၀တ် စား ထား တာ သပ် သပ် ရပ် ရပ်

ငွေရောင် တွေလှိုင်း  ထ နေ သော ဆံ ပင်က  တို  တို

အသက် ၅၀ ကျော်  လောက် ရှိ တဲ့ အမျိုး သမီး တစ် ဦး ကို

မြင် လိုက် ရ  ပါ တော့ တယ်။

 

သူ့ ကို မြင် တော့ ကျ နော် အ တော် လေး အံ့ သြ သွား ပါ တယ်။

မ တွေ့ တာ နှစ် ၃၀ လောက် ကြာ ပေ မယ့် ကျ နော် မှတ် မိ နေ ပါသည်။

လူ မ လွဲ ပါ  သေ ချာ ပါ သည်။

ကျ နော် က “မ မ တူး ” လို့ ခေါ် ခဲ့ သော”မ မ ရွှေ စင် အိ” ဆို တာ သေ ချာ ပါ သည်။

ကျ နော် မှတ် မိ ပေ မယ့် သူက တော့ မှတ် မိ ပုံ မ ပေါ်ပါ။

မှတ် မိ စ ရာ လဲ အ ကြောင်း မ ရှိ။

၁၀ နှစ် သား အ ရွယ် ပိန်ပိန် ပု ပု  ကောင် လေး သည်

အ သက် ၄၀ အ ရွယ် ထောင် ထောင် မောင်း မောင်း အရွယ် သို့ ပြောင်းေ နသည် ကိုး။

မ မှတ် မိ သူ  ကို       မှတ် မိ သူ က

ကြီး သူ ကို                                ငယ် သူ က

စ တင် ပြီး နုတ် ဆက် ရ စ မြဲ ဖြစ် လေသည်။

ဒီ တော့ ကျ နော် က ဘဲ စတင် ပြီး နုတ် ဆက် လိုက် ပါ သည်။

“ မ မ တူး ကျ နော့်  ကို မှတ် မိ လား”

****************************************************************

 

ည တိုင်း သန်း ခေါင်ယံ  မှာ အိပ်ယာ ၀င် ပြီး မ နက် အာရုဏ် မ တက် ခင် အိပ် ယာ ထ သော အရပ်

တွင် ကျ နော် မွေး ဖွား ကြီး ပြင်း ပါ သည်။

မန္တလေးမြို့ ၏ ၀မ်းဘိုက်  နှင့် တူ သော ဈေး ချို တော် ၏ အနောက် ဘက်

ရွှေ တ ချောင်း မြောင်း ပါ တ်ဝန်း ကျင် ကုန် စိမ်း များ ရောင်း ၀ယ် ဖောက် ကား သော

၂၉လမ်း ၀ါး တန်း ပါ တ် ၀န်း ကျင် သည် ကျနော် ကျင် လည် ရာ နေ ရာ ဖြစ် လေသည်။

အမြဲတမ်း ဆူ ညံ နေ သော ရှုပ်ထွေး နေ သော လှူပ်ရှား သက် ၀င် နေ သော နေ ရာ သည်

ကျ နော့် ဘ၀ အ ခြေ တည်သော နေ ရာ ဖြစ် လေသည်။

ကျ နော့်  မိ ဘ များသည် လည်း ကုန် စိမ်း ရောင်း ချ သူ များ သာဖြစ် လေသည်။

သို့ သော် ဆိုင် ကြီး ကန္နား ကြီးနှင့် ရောင်း ချနိုင်သူ တော့ မဟုတ်။

ဒိုင် ကြီး များ မှ တစ် ဆင့်  ယူ ရောင်း သော လက် လီ  မက လက် ကား မ ကျ သော

ကုန် စိမ်း လက် ခွဲ ဆိုင် သာ ဖြစ်လေ သည်။

ကျ နော် တို့ နား တွင် ကုန် စိမ်း ဒိုင် လုပ် သူ အများကြီး ရှိ သော် လည်း ကျ နော်တို့

နှင့် အမြဲ ဆက် စပ် ပါတ် သက် သူ က တော့ “ ကို ကြီး စိန်” ဖြစ် လေသည်။

တကယ်ေ တာ့ လဲ ကျ နော် တို့ ပါတ် ၀န်း ကျင် မှာ “ ကို ကြီး စိန်” အသိုင်း အ၀ိုင်း ကသာ

လွှမ်း မိုး ချယ် လှယ် နေ သည် မှာ လဲ အမှန် ပင် ဖြစ် လေသည်။

မျှစ်  ၊ ဆလပ်၊ မုံ လာဥ၊ဂေါ်ဖီ၊ ပန်း မုံ လာ၊ ပဲမြစ်၊ပိန်းဥ လိုရာသီ ပေါ် သီးနှံ များ အ စ

သရက် သီး၊နာနတ်သီး၊ဖရဲသီး၊လိမ္မော်သီး ၊ဂေါ်ရ ခါး သီး အ လယ်

ခရမ်း ချဉ်၊ ကန် စွန်း ၊ ချဉ် ပေါင် ၊ င ရု တ် လို  ဆယ့်နှစ် ရာ သီ ဟင်း သီး ဟင်း ရွက် အဆုံး

အား လုံးသည် “ ကို ကြီး စိန်” တို့ လက် မှ လွတ် ကင်း သည် တစ် ခု မှ မရှိ။

“ ကို ကြီး စိန်” တို့  ဆွေ မျိုး အသိုင်း အ၀ိုင်း  မိ သား စု ၀င် များ သည် ၄င်း၊

ကျ နော် တို့ လို အ ရင်း နည်း သော မိ သား စု များသည် ၄င်း ၊

“ ကို ကြီး စိန်” ကို သာ မှီ ခို အား ထား နေ  ကြ ရ သည် မှာအ မှန် ဖြစ်သည်။

စီး ပွား ရေး တွင် လာဘ်မြင် သော

ကွက် ကျော် မြင် သော၊

လုပ် ရဲ ကိုင် ရဲ ရှိ သော၊

အပေါင်း အသင်း ကောင်း သော၊

မိတ် ပေါ သော

လက် ဖွာ သော၊

သ ဘော ကောင်း သော၊

ပေးကမ်း စွန့် ကြဲ တတ် သော၊

ကူ ညီတတ်ေ သာ( သူ စိတ် ကောင်း ၀င် နေ ချိန်)

အချက် များ ကြောင့် လည်း “ ကို ကြီး စိန်” နှင့် ကင်း နိုင်သူ မ ရှိ ။

သို့ သော်

ကြုံ ရာ နေ ရာ မှာ ကွမ်း သွေး တ ဗျစ် ဗျစ် ထွေး တတ် သူ

စီး ကရက် ကို လက်ကြား က မ ချ သော မီး ခိုး ခေါင်း တိုင်ဖြစ် အောင်

မီး ကူး သောက် တတ် သူ ၊

တစ်ခါ တစ် ရံ မှာ ဘီ ယာ သောက်လို့ ယစ် လာ လျင် ရ စ် တတ် သူ၊

စိ တ် မ ထင် လျင် မ အေ နှမ နဲ့ ကိုင် ပြီး ပက် ပက် စက် စက် ဆဲ တတ် သူ။

ထို့ ထက် ဒေါ သ ထွက် လျင် တော့ နီးစပ် ရာ ပစ္စည်းနဲ့ ကောက် ပေါက် တတ်သူ၊

ထစ် က နဲ ရှိ လက် ပါ တတ် သောသူ

စ သည့်  ဂုဏ် ပုဒ် များ နဲ့ ပြည် စုံ သော သူလည်း ဖြစ် လေသည်။

သို့ သော် လည်း သူ့ ဆွေမျိုး များ အပါအ၀င် လူ အ တော် များ များ သည်

သူ့ အ လုပ် သူ့ ငွေ နှင့် မကင်း နိုင် သူ များ ဖြစ်တော့ သူ့ကို လွန် ဆန် နိုင်သူ မရှိ။

သူ့ လုပ် ချင် တာ လုပ် သည် ကို တား မြစ် ဖြောင့် ဖျ နိုင်သူ မရှိ။

ပြိုင်ဘက် မ ရှိ သော “ ကို ကြီး စိန် “ဖြစ် လေ သည်။

ကို ကြီး စိန် အထက် က အကို နှစ် ယောက် မိသားစုကလဲ

သူ့  လက် အောက် မှာ။

ညီ မ တစ် ယောက် လဲ သူ့ အလုပ် ထဲ မှာ ။

အကို ၀မ်း ကွဲ တွေ ဦး လေး တွေ တူ တွေ တူ မ တွေ အား လုံးလည်း

ကို ကြီး စိန် အလုပ် ထဲမှာ ။

ကို ကြီး စိန် လက် အောက် မှာ။

အဲ တော့ ဆွေမျိုး အား လုံး သူ့ အလုပ် ထဲ မှာ။

သူ့  အာဏာစက်အောက်မှာ။

 

ကိုကြီး စိန် လုပ်ငန်း တွင် တစိမ်း လာ ပြီး  လုပ် လျင် လည်း ကြာ ကြာ မ ခံ။

အပြော အဆို ပက် စက် သော လက် ပါ တတ် သော ကို ကြီး စိန် ၏

ဒဏ် ကို  မ ခံ နိုင် ကြပေ။

အဲ တော့ ကို ကြီး စိန် နဲ့ ဆွေ မျိုး များ သာ အ သား ကျ နေ သော လုပ်ငန်း ကြီး ဖြစ် လေ တော့ သည်။

 

 

“ ကို ကြီး စိန်” နှင့် ပါတ် သက် လျင် စိတ်ညစ် စ ရာ အ ကောင်း ဆုံး သောအ ချက် က တော့

မိန်း မ လှ လှ မြင် တိုင်း ဇွတ် လုံး တတ် သော

သူ ကြိုက် မိ ပြီ ဆို လျင် အိနြေ္ဒ မရ ဇွတ် ၀င် တတ်ေ သာအ ကျင့် ဆိုး ပင်။

ထို အချိန် ဆို လျင် တော့ အလုပ်ကိစ္စ မက လို့  ဘာ ဖြစ်ဖြစ် သူ ခေါင်း ထဲမှာ မရှိ တော့။

သူ နှစ် သက် သော မိန်း က လေး ၏ အ ရေး ပေး ခြင်း ခံ  ရ သူ သည် သူ့ ရန် သူ ဖြစ် လေသည်။

သူနှစ် သက် သော မိန်း ကေ လး အား နာ ရ လောက်အောင်

မငြင်းနိုင်အောင် လည်း လက် ဆောင် ပဏ္ဏာများ ဖြင့် ဆွဲ ဆောင် တတ်သူ လည်း ဖြစ် လေသည်။

သူနှစ် သက် သော မိန်း ကေ လး အတွက် ဘာ သုံး သုံး  ဘယ်ေ လာက်  သုံး သုံး မည် သူ မျှ

ဝင် ရောက် စွက် ဖက် ခွင့် မ ရှိ။

သူ က သာ မိ သား စု ၀င် အား လုံး ကို လုပ် ကျွေး နေ သူ ဖြစ် လေ သည် ကိုး။

 

ကို ကြီးစိန် သည် ငယ် စဉ် က တည်း က ပင် အိမ် အလုပ် ကို ၀င် ပြီး ဦး စီး ခဲ့ ရတော့

အတန်း ပ ညာ မ တတ် ခဲ့ ပေ။

သူ ၈ တန်း မှာ ကျောင်း ထွက် ပြီး အိမ် အလုပ် ကို ဦး စီး ခဲ့ ရ လေ သည်။

ကျောင်း မ နေ ချင် သော သူ့  အတွက် တော့ အဆင်ပြေ ခဲ့ လေ သည်။

သူ့ မိဘ လက် ထက် က ရ သေ လာက် နဲ့ တင်း တိမ် ခဲ့ ပေ မယ့်

လော ဘကြီး သော ငွေ အတွက် ဆို ဘာ မဆို လုပ် ရဲ သော

ဆင်း ရဲ မှာ ကို ကြောက် ရွှံ့ သော

ကို ကြီး စိ န် ကြောင့် မိ ဘလက်ထက် က နှင့် စာ လျင် အများ ကြီး တိုးတက် ခဲ့ လေသည်။

အမျိုး အနွယ် ကို စောင့် ရှောက် လို သည့် စိ တ်ကောင်း တစ် ခု ရှိ သော

ကို ကြီး စိန် က သူ့  တို့ လုပ်ငန်း များ တွင် ဆွေ မျိုး များ ကို ၀င် ရောက် အလုပ် လုပ် စေ သလို

နေ စရာ အိမ် ကို ပါ သူ တို့ ခြံ ၀င်းကြီး ထဲမှာ ပေး ထား လေသ ည်။

အဲ တော့ ဒီ ရပ် ကွက် ကြီး တစ်ခု လုံး ကို ကြီး စိ န် တို့ အမျိုး များ က သာ ကြီး စိုး လေ တော့ သည်။

သူ တို့ မိ သား စု ၀င် တစ် ယောက် ယောက်  တစ် ခု ခု ဖြစ် သည် နှင့် ကျ န် သော အမျိုး တွေက

ပါ လာ သောေ ကြာင့် ကို ကြီး စိန် တို့  မိသား စု နှင့် ဆို မှား မှား မှန် မှန် ပြ ဿ နာ မ ဖြစ် အောင်       လက် ရှောင် ကြ လေ သည်။

ဒီ တော့ လဲ ကို ကြီး စိန် က အား လုံး ထက် အ ထက် မှာ အ လို လို  ရောက် ပြီး သား ဖြစ် နေ လေသည်။

 

ကို ကြီး စိန် လို့သာေ ခၚေ န ၾကေ ပ မယ့်  တကယ် တော့ သူက မိန်းမ စင် စစ် တဦး ပင်။

ငယ် စဉ် က တည်း က ယောက်ျားတစ် ယောက်လို ခပ် ကြမ်း ကြမ်း  နေ သူ။

မိ ဘ တွေ က လဲ ပြု ပြင် ပြောင်း လဲ ပေးခြင်း မရှိ ခဲ့ လေတော့

သူ့ ကိုယ် သူ ယောကျာ်း လေး လို့ မှတ် ထင် နေခဲ့သူ။

ရုပ် ရေ က လဲ မိန်း မ နဲ့ မ တူ ။

ဖြစ် ချင် တော့ အ ကို တွေ ဦး မဆောင် နိုင် တဲ့ မိ ဘ လက်ငုတ် လက် ရင်း

လုပ် ငန်း တွေ ကို ယောကျာ်း လေး တစ် ယောက်လိုဦး ဆောင် ခဲ့ သူ။

ယောကျာ်း အ လုပ် တွေကို လုပ် နေ ရ တော့ သူ ကလဲ

ယောကျာ်း တစ် ယောက် လို သာ နေ ပေ တော့ သည်။

ပါတ်ဝန်းကျင် ရှိ လူ အား လုံးက လဲ ကို ကြီး စိန် လို့ သာ နူတ်ကျိုး နေ ကြေ လသည်။

နာမယ် အရင်း “လှယမင်း စိန်” ကို မည် သူ မျှ မ ခေါ် ရဲ။

ခေါ်မိသူ လဲ ရာ ဇ၀တ် အိုး တုတ် ထိုးမိသလို ပြဿ နာ

အကြီး ကြီး ကို ရင် ဆိုင် ရ မည် မှာ အမှန် ပင်။

 

ထို ထို သော ကို ကြီး စိန် အား နည်း နည်း ပါး ပါး နား ၀င် အောင် ပြော နိုင် သော သူ မှာ

သူ့ အချစ် တော် ကျောင်း ဆရာ မ ကြီး “ မခင်ဝင်း” သာ ရှိ လေသည်။

ထို ဆရာ မ ကြီး တို့ ညီ အမ သုံး ယောက် စ လုံးမှာ လည်း ကျောင်း ဆရာမ လဲ ဖြစ် သလို

အား လုံး လည်း အပျို ကြီး များ ဖြစ် လေသည်။

အ စ က တော့  မခင် ၀င်း က ကိုကြိး စိန် တို့ နှင့် သိပ် မဝေး သော အရပ် ထဲ မှာ

အိမ်ငှား ၍နေ လေသည်။

ကို ကြီး စိန် က တော့ အလုပ် ပြီး သည် နှင့် မ ခင် ၀င်း အိမ် မှာနေ လေသည်။

ည အိပ်ချင် လျင် လည်း အဲ ဒီ အိမ် မှာ အိပ်ေ လသည်။

နောက် တော့ ကို ကြိး  စိန် က သူ အိမ်နဲ့ နီး သော နား မှာ အိမ် တစ် အိမ် ၀ယ် ပြီး

အိမ် တစ် ဆောင် မီး တစ် ပြောင် ထား လေ သည်။

အများ အမြင် မှာေ တာ့ မ ခင် ၀င်း သည် ကို ကြီး စိန် ၏ မိန်း မ ပင်။

အ စ က တော့ မခင် ၀င်း သည် အိမ် မှာ ကျူ ရှင် ပြ သေး သည်။

သို့ သော် ကျူရှင် လာ တက်  သော ကျောင်း သား များ နဲ့  မ ခင် ၀င်း ကို မ သင်္ကာ။

ဟို လို ကြည့် ပြန် ပြီ ဒီ လို ကြည့် ပြန်ပြီ။

ဟို လို နေ သည် ဒီ လို နေ သည် ဆို ကာ ပြဿ နာရှာ တတ် သောေ ကြာင့်

မ ခင် ၀င်းကျူရှင် တွင် ကျောင်း သား မ လာ တော့၊

ကြာ တော့ ကျောင်း သား လဲ မ လာ ကျောင်း သူ လဲ မလာ တော့။

ဒီ လို မိန်း မ ခြင်း ပေါင်း သင်း နေထိုင် တာ ကို မကြိုက် သော မိ ဘ များ ကလဲ  ရှိ တော့

သူ တို့သား သ မီး ကို မ ခင် ၀င်းဆီ မှာကျုရှင် မထား ချင်ကြ။

အဲ တော့ ၀င် ငွေ မ ကောင်း။

ဒီ တော့ ကို ကြီး စိန် ၏ ကြည့်ရူ့ စောင် မ မူ့ အောက် တွင် လုံး ၀ သက် ရောက် လေ တော့ သည်။

မခင်ဝင်း ၏ညီ မတွေ မှာ လည်း ကို ကြိး စိန် ကို အလိုက် အ ထိုက် ကြည့် နေ ရ သော် လည်း

စိတ် ထဲက တော့ မနှစ် သက်။

ကို ကြီး စိန် လာ လျင် ဟက် ဟက် ပက် ပက် မရှိ။

ဒါပေမယ့် ပေါ်ပေါ် ထင် ထင် တော့ လဲ မဟုတ်။

အမှန် အတိုင်း ပြော ရ လျင် ကို ကြီး စိန် က လဲ မခင်ဝင်း ကို ငြီး ငွေ့ နေတာအမှန်။

သို့ သော် သူ့ ထောက် ပံ့မူ့ အောက် မှာ နေ သူ ဖြစ် နေ တာ ဖြစ်လေ တော့

လက် လွတ် စံပယ် တော့ မပစ် ရက်။

အ ခြေ အ နေ က မ တင်း မာ သော် လည်း သာ သာ ယာ ယာ တော့ မဟုတ်။

ဆက်ထုံး တွေ များ နေ သည် ကြိုးလို အ ဖု ဖု ထစ် ထစ်။

ထို သို့ သောအ ချိန် တွင်  “မ ရွှေ စင် အိ “ သည်  “ကို ကြီး စိန် “ တို့

သို့ အိမ်သို့ ရောက် လာ ခဲ့ လေသည်။

မရွှေစင် အိ ရဲ့ မိ ဘ များ က

“ကို ကြီး စိန် “ တို့ ဆီ ကို ကုန် စိမ်း တင်ပို့ နေ သူဖြစ် လေသည်။

တစ် ရက် ကို ကြီး စိန် တို့ ထံ မှ ကုန် ဘိုး လာယူ ချိန် မှာ မရွှေစင် နဲ့ ကို ကြီး စိန်

တွေ့ ပြီး စ ကား တွေ ပြော ဖြစ်ကြ လေသည်။

မရွှေ စင် အိ က ဆ ရာ ၀န် မ တစ် ယောက် ဖြစ် သည့် အကြောင်း။

အလုပ်သင် ဆင်း ပြီး ချိန် posting( အလုပ် ခန့် စာ) စောင့် နေကြောင်း၊

လောေ လာ ဆယ် သူ ငယ် ချင်း တစ်ယောက် နဲ့ အတူ အ ဆောင်မှာေ န ကြောင်း တွေပေါ့။

အဲ ဒါ ကို သိသွားေ သာ “ကို ကြီး စိန် “  က သူ တို့ အိမ် သို့ နေ ရန် ဇွတ် စီ စဉ် လေ တော့ သည်။

သူ့ မိ ဘ တွေ ဆီ ဖုန်း ဆက် ပြီး

သူ တို့ လို လူ ရင်း ရှိ ပါ လျက် နဲ့  အဆောင် နေ သည် ဆို သည်မှာ

သဘာဝ မကျ ကြောင်း ၊

အိမ် မှာ လဲ သူ့ မိ ဘ နှစ် ပါးသာ ရှိ တဲ့ အတွက် လွတ် လွတ် လပ် လပ် နေ နိုင် ကြောင်း

အား နာ စ ရာ မ လို ကြောင်း  အစ ရှိ တဲ့

အကြောင်းေ ပါင်း များ စွာ ပြ ပြီး မရွှေစင် အိ ကို အိမ်ပေါ် ရောက် အောင်                                         ဆောင်ကျဉ်း ခဲ့ လေ တော့ သည်။

မရွှေစင်အိ က လဲ ဖြူ ဖြူ သွယ် သွယ် နှင့် အင် မ တန် ကျက် သေ ရ ရှိ သော ရုပ် ရည် ပိုင် ရှင် လည်းဖြစ်သည်ကိုး။

သူ များ တွေ ဆံ ပင် ကို တို ချင် သောအ ချိန် တွင် မ ရွှေ စင် အိက  တော့                                                      ဆံ ပင် ရှည်ကြီး ကို အမြတ် တနိုး ထား သူ ဖြစ်ပြီး

နူး ညံ့ ရှည် လျား မဲ နက် သော ဆံ ပင် များ ပိုင် ရှင် လည်း ဖြစ်လေသည်။

မရွှေ စင် အိ ဒီ အိမ် ကို ရောက် လာ ပြီး တစ် လ လောက် အကြာ မှာေ တာ့

ကျောင်း လွှတ် သည် နှင့် မီး တောက် မ တတ် ဆော့ နေ တတ် သော ကျနော့် ကို

ခေါ်၍ စာသင် ပေး လေ တော့ သည်။

ထို အ ချိန် မှ စ ၍ မရွှေစင် အိ အစား  အိမ် နာ မယ် ဖြစ် သော “မ မတူး “ လို့

ပြောင်း လဲ ၍ ခေါ် ခွင့်  ရ ခဲ့ သလို  မမတူး ၏ အပါး တော်မြဲ အဖြစ်

ကို ကြီး စိန် ၏ တာ ၀န် ပေး ခြင်းကို လဲ ခံ ရ လေသည်။

မ မတူး စား ချင် သော အချဉ် ပေါင်း များ ၀ယ်ပေး သော အလုပ်

မမတူး ဟိုးနား ဒီ နား သွား ချင် လျင် လိုက် ပို့ ပေးရ သော အလုပ်

မမတူး စာ အုပ် အငှားဆိုင် သို့ သွား လျင် အ ဖော် လိုက် ပေး ရ သောအ လုပ် သည်

ကျ နော် နေ့ စဉ် ထမ်း ဆောင် ရ သော တာ ၀န် များ သာဖြစ် လေသည်။

သို့ သော် “ကို ကြီး စိန် “ ရှိ ပြီ ဆို လျင် တော့ ကျ နော် ကို မောင်း ထုတ် လေ တော့ သည်။

သူ က မ မ တူး အနား ကပ် ပြီး အိ ညောင် ပတ် ညောင် လုပ် ချင် သည်ကိုး။

ကိုကြီးစိန် အိမ် မှာ ရှိ နေသည် ဆို လျင် မ မ တူး ကို အရိပ် တကြည့် ကြည့်။

သွား လေ ရာ တစ်ကောက်ကောက်။

အဲ လောက် သဲ သဲ လှူ ပ်လွန်း တော့  မ မတူး ကြည့် ရ သည် မှာ စိတ်ညစ် နေ ပုံ ရ လေသည်။

မိန်း မ အ ခြင်း ခြင်း အချစ် တော် လို နေ ခြင်း ကို လက် မ ခံ နိုင် သည် မှာ လဲ အမှန်။

ဒါ ပေ မယ့် ကို ကြီး စိန် စိတ်ညိုငြင် အောင် မည် သူ တစ်ဦး တစ် ယောက် မှ

ဆန့်ကျင် ရဲ သည်မ ဟုတ် တာ လဲ သေ ချာ သည် လေ။

အဲ တော့ မမ တူး မှာ လဲ အလိုက် အထိုက် နေ ရ တော့ လေ သည်။

***********************************************************

 

ကိုကြီးစိန် တို့ အိမ် မှာ မမ တူး ရောက်ပြီး သုံးလ အကြာ မှာ တော့

အလုပ် ခန့် စာ ကျ လာ လေသည်။

အလုပ်ခန့် စာ ကျ လော တော့ မမတူးက အဆောင် ပြောင်း နေရ မယ် ဆို လာ သည် ပေါ့။

မမတူး ပြောင်း တော့ မည် ဆို သည့် သတင်း အတွက် ၀မ်းအ သာ ဆုံး လုက တော့

မခင် ၀င်း ဖြစ်လေ သည်။

မ ခင် ၀င်း ကို စိတ် ကုန် နေ ချိန်  မမ တူး ရောက် လာ သည် ဆို တော့

ကို ကြိး စိန် က မ ခင် ၀င်းတို့ အိမ် ဘက် ကို အရင် လို မ လာ။

ပေး သည် ကမ်း သည် ကို ပင် လူ ကြုံ ပါး သည် ဆို တော့

“လွန် လွန်း တယ် ရှင် “လို့  ပင် ပြော လို့ ရ ပြန်ပါ သည်။

မ ခင် ၀င်းအ နေ နဲ့ ကို ကြီး စိန် ကို ဘာ မှ ပြန်ပြောရဲ သည် မဟုတ်။

ထား ရာေ န စေ ရာ သွား ဖြစ်နေ သည် က အ မှန်။

မ ခင် ၀င်း တွက် ကိန်း ကေ တာ့  မမ တူး အလုပ် ခန့် စာ ရောက် သူ နေ ရာသူ ပြန်သွား လျင်

ကိုကြီး စိန် လဲ အရင် လို သူ့  ဆီ မူ မ ပျက် ပြန် ရောက် လာ မည် ပေါ့၊

 

အလုပ် ခန့် စာ က မန်း လေးပြည် သူ့ ဆေးရုံ ကြီး မှာ။

ကို ကြီး  စိန် ဘယ် လို ပင် တား တား မမ တူးကေ တာ့ အဆောင် မှာ သာ သွား နေ လေ သည်။

အ ကြောင်း ပြ ချက် က တော့ သူ သည် ဘာ ယာဉ် မှ မ မောင်း တတ် ။

သူ များ ကို နေ့ စဉ် နဲ့ အမျှ ဒု က္ခ မ ပေး ချင်။

ဒီေ တာ့ သူ များ အား ကိုး စ ရာ မ လို သော၊

အ လုပ် ကို လမ်း လျောက် သွား လျင် ရ သော၊

နေ ရာမှာသာ နေ မည် လို့ ဆို လေ သည်။

ကို ကြီး စိန် အလို ကို ပ ထ မဆုံး ဆန့် ကျင် ဘူး သည် မှ မမ တူး ပင် ။

အဲ လို အဆောင် သွားေ နသည် သ တင်း ကြား တော့ မခင် ၀င်း အပျော် ကြီး ပျော် လေ သည်။

ဒါ ပေ မယ့် သူ့  အပျော် သည် တစ် ပါတ် ပင် မ ခံ ချေ။

မ မ တူး အ ဆောင် ပြောင်း သွား လည်း ကို ကြိး စိန် က အချိုး မပြောင်း။

ပေး စရာ ရှိ တာ သာ ၀တ္တ ရား မပျက် ပေး သည်။

မခင် ၀င်း တို့ အိမ် ကို အရင် လို မ လာ တော့။

အဲ ဒီ မှာ မ ခင် ၀င်း တစ်ယောက် ပေါက် ကွဲ တော့ သည်။

စုံစမ်းကြည့် တော့ ကို ကြီး စိန် တစ်ယောက် အချိန် အား သည် နှင့် မမတူး ရဲ့ အဆောင်ကို သာ

ရောက်နေ သည်ဆို လေ ၏။

အဲ ဒီ မှာ မ ခင် ၀င်း တစ်ယောက် ပေါက် ကွဲ တော့ သည်။

သူ ပေါက် ကွဲ သည် မှာကို ကြီး စိန် ကို မ ဟုတ်။

မ မ တူး နေသော အဆောင် ကို လိုက် သွား ပြီး မမတူးကို သွား ပြောခြင်းဖြစ် လေ သည်။

မမ တူး က တော့ မ ခင် ၀င်း ကို တစ် ခွန်းထဲ သာ ပြန်ပြော လိုက် လေသည်။

“ကျ မ က  သ ဘာ ၀ တ ရား နဲ့ ဆန့်ကျင် တဲ့ အ လုပ် တွေကို မ လုပ်။

ရှင်း ရှင်း ပြော ရ ရင် မိန်း မ အချင်း ချင်း  အတူ နေ တာ ကို လက် မခံ ၊

ကိုယ့် စိတ်နဲ့ နိုင်း ပြီး နေ ရာတ ကာ  မတွေး ပါ နဲ့ “လို့ ဆို တော့

မ ခင် ၀င်း တစ်ယောက် အရှက် ကွဲ ၍ ပြန်လာ ရ လေသ ည်။

နောက် ရက် မမ တူး က  ကို ကြိး စိန် ကို  လည်း

“ ကျ မ အဆောင် ကို မ လာ ပါ နဲ့။

မ နေ့ ကခင်ဗျား အချစ် တော် ကြီး က ကျ မ အဆောင် လာ ပြီး

လက် လွတ် စံ ပယ် စ ကားေ တွ လာ ပြော သွားတယ်။

ကျ မ သိက္ခာ ကျ တယ် “လို့ ပြော လွှတ်လိုက်ပါ သတဲ့။

အဲ လို လဲ ပြော  လွှတ်လိုက် ရော ကို ကြီး စိန်တစ် ယောက်

မခင်ဝင်း တို့  အိမ် ကို လိုက် သွား ပြီး ပွဲ ကြမ်းလေတော့သည်။

မခင်ဝင်း တို့ ညီအမအား လုံး ကို အိမ် မှ မောင်း ထုတ် လေသည။်

မထွက် နိုင် ဆို သောအ ခါ အိမ် မှ ရှိ သော ပစ္စည်း များ မှ ရိုက်ခွဲ

နိုင် သော ပစ္စည်း မှန် သမျှ အကုန် ရိုက်ခွဲ လေ သည်။

ထိုအခါ မခင်ဝင်း ညီမ များ ကလဲ ကို ကြီး စိန် ကို ရိုက်မယ်နှက်မယ်

လုပ်ကြ သောအခါ ကို ကြီး စိန် တို့ ရဲ့ ရှိသမျှ  အမျိုး များအားလုံးရောက်လာခဲ့လေသည်။

နောက်ဆုံးတွင် ရပ်ကွက်လူ ကြီးများေ ရာက်လာမှာသာ ဇာတ်သိမ်းလေတော့ သည်။

သိပ် မကြာ ခင် မှာ ပင် မခင်ဝင်းတို့ လည်း အိမ် ပြောင်းပြေးလေ တော့သည်။

မပြောင်းလို့လဲ မရ  ကိုကြီး စိန် ပြ ဿ နာ ရှာ မည်ကို တော့ ကြောက် လေသည်။

ထို အချိန် မှာကိုကြီး စိန် က လဲ မမတူးအ ဆောင်သို့ ချောင်းပေါက် မ တတ်

လမ်း အသစ် ပေါ် မတတ်  စားစရာ သောက် စ ရာ လက် ဆောင် ပ ဏာများဖြင့်

သွား လေ သည်။

မမတူး  က မလာ ပါ နဲ့ ပြော လဲ မ ရ။

ဒီ တော့ မမ တူး က ထွက်တွေ့ ချင် မှာ တွေ့ သည်။

အဲ တော့ ကို ကြီး စိန် က ပုံ စံ တ မျိုးေ ပြာင်း ပြန် သည်။

ဟို ရော ဂါ ရှိ တာ လို လို ဒီ ရော ဂါ ရှိ တာ လို လို ဖြင့်

ဆေးစစ် ရန် ဆို သောအ ကြောင်း ပြ ချက် ဖြင့် မမတူး ထိုင်ေ သာဆေး ခန်းများထိ

လိုက် လေသည်။

ခက် သည် က မ မတူး မိ ဘ များ ပင်။

ကိုယ် နှင့် စီး ပွား ဘက် လို ဖြစ် နေ ၍ သည်းခံ ပါ လို့ ဆို ထား သည် လေ။

တစ် ရက် မှာ တော့  ကို ကြီး စိန် နှင့် ပြဿ နာ တက် လေ သည်။

မ မ တူး ချစ် သူ  မန္တလေး ရောက် နေ ခိုက်  အပြင် သွား ကြ ရန် မမ တူး အဆောင် သို့

ရောက် လာ လေ သည်။

ထိုအချိန်မှာတိုက်တိုက် ဆိုင် ဆိုင် ကို ကြီး စိန် က လဲ ရောက် လာလေသည်။

မမ တူး  ချစ်သူ နှင့် ကောင်း ကောင်း မွန် မွန် မိတ် ဆက် ပေး သည် ကို ဘု ဂလန့် တွေပြော။

ထင် ရာ မြင် ရာေ တွ လျောက် ပြော လေသည်။

အဲ ဒီ မှာ မမ တူး ချစ် သူ က

“ရွှေစင်မှာ ဒီ လို အောက်တန်းကျ တဲ့ မိတ် ဆွေ ရှိ မယ် ထင် မ ထား ဘူး” ဆို ကာ

ပြော ပြီး ပြန်သွား လေသည်။

အဲ ဒီ အချိန် မမ တူး လဲ အတော် ဒေါ သ ဖြစ် ပြီး ကို ကြီး စိန် ကို မောင်းထုတ် လေသည်။

နောက် လဲ ဘယ် တော့ မှ မ လာ နဲ့ အဆက်အဆံ မ လုပ် နဲ့ လို့ ပြော လွှတ်လေသည်။

အဲ လို ဆို ပြန်တော့ ကိုကြီး စိန် က ငို တော် မူ လေ သည်။

မမတူး လဲ ရှက် လွန်း လို့ မျက်ရည် ကျ လေသည်။

ကို ကြီး စိန် အိမ် ပြန် ရောက် တော့ အိမ် မှာ ဆက် ပြီး ပွဲ ကြမ်း လေ သည်။

အဲ လို ပွဲ ကြမ်း သည့် သ တင်း က မမ တူး မိ ဘ များ ထံ ရောက် လေသည်။

ဒီ တော့ မ မ တူး မိ ဘ များ က လဲ အ လိုက်အ ထိုက် ဆက် ဆံ ရန် ပြော ပြန် လေသည်။

ဒီေ တာ့ မမ တူးလည်း  မချစ် သော် လည်းေ အာင့် အီး ပြီး ဆက်ဆံ ရ လေသည်။

သို့ သော် မမ တူး အတွက် လို အပ် မယ် ထင် တာမှန် သ မျှ အကုန် လုပ် ပေး လေ

ေ တာ့  လည်း အ လိုက် သိ မူ့ အတွက် ရော၊

မိန်း ကလေး ချင်း အဖြစ် နဲ့ ရော သ နား မိ လေ တော့ တစ် ထစ် လျော့ ပေးပြီး

လိုက်တော့ကို ကြီး စိန် က အ ရင် လို အ၀င် အထွက် ရှိ နေ ပြန်လေသည်။

မ မ တူး ချစ် သူ က လဲ မိဘ သ ဘော တူ သူ နဲ့ ယူ သွား တော့ အ ဖော် မဲ့ သွား

တာ လဲ တကြောင်းေ တာ့ ပါ လေသည်။

ဒါ ပေ မယ့် ဒီ လို ဆက် ဆံ ခြင်း က ကြာ ရှည် မ ခံ။

မမတူး ရဲ့ ကျောင်းေ န ဖက် သူ ငယ် ချင်း တစ် ယောက် နဲ့  တွဲ သွား တွဲ လာ လုပ် သည်

ကို ကို ကြီး စိန် မြင် သွား သော အခါ  မမ တူး ကို ပြဿနာရှာ ပြန် လေသည်။

မ မ တူး အဆောင် ကိုလာ တိုင်း နှစ် ယောက် သား စ ကား များ ကြ ရ သည်။

မမ တူးက ဒီ လို အဖြစ် အပျက် ကို ရှက် လဲ ရှက် လေသည်။

အ ကြောင်း မ သိ သူ များ က မ မ တူး ကပင်  ကို ကြိး စိန် ကို ညာ စား နေ သ လို လို။

ပို ဆိုး သည် က  ကို ကြိး  စိန် က မမ တူး ကို သူ များ   နဲ့  နီး စပ် မှာ စိုး တော့

မမတူး က ရီး စား များ သလို လို လူ တကာ နဲ့ တွဲ နေ သလို လို သတင်းဖြန့် လေ တော့

ရီး စား ဖြစ် ချင် ချင်သူ ငယ်  ချင်း က ပင် မ မ တူး ကို ခွာ လေ သည်။

အဲ တော့ တစ် ခါ ပြဿ နာ ဖြစ် ကြ ပြန်လေသည်။

အ ဆက် အဆံ မ ရှိ ဘဲ အ နေ ကြာ လာ ပြန် တော့ ကိုကြီး စိန်က  ဇွတ် လာ တော့ လည်း

အား နာ ပြီး လက် ခံ မိ လေသည်။

မ မ တူး မိ ဘ များ ကလ ည်း အ လိုက် အထိုက်နေပါ ဆို သည် ကို မှာကြား စ မြဲ။

ဒါ ပေ မယ့် မ မ တူး က ကို ကြီး စိန် ကို  သိပ် မ လာ ဘို့ ပြော လေသည်။

နောက် ပိုင်း မှာ တော့ ကို ကြီး စိန် ကိုယ် တိုင် သိပ် မ လာ။

သူ့ တူ တစ် ယောက်ဖြစ် သူ “ကျော်သက် အောင် “ ကို  လွှတ် လေသည်။

ကျော် သက် အောင် သွား လျင် ကျ နော် လည်း အဖော် အဖြစ်

တစ်ခါ တစ် ရံ လိုက် သည့် အခါ ရှိ လေသည်။

သွား စ ရာ လာ စ ရာ ရှိ သည် ဆို လျင် ကျော်သက်အောင်ကို ကား ပေး ပြီး လိုက် ပို့ ခိုင်းလေသည်။

ကိုကြီးစိန် ကလဲ သူ့တူများထဲ တွင် အေးဆေး သော အေ နအထိုင် သိုသိပ်သော

ကျော် သက်အောင် ကို ချစ် လဲ ချစ် ယုံလဲ ကြည် လေ သည်။

အသက် အရွယ် ကွာ ခြား သည် ဆို တော့ ရှော့ မရှိ လို ယူ ဆတာ လဲ ဖြစ် နိုင်ပါသည်။

ဒီ တော့ မမတူး ကို  အ ဖော် လုပ် ပေး ဘို့ သူ ကိုယ် တိုင် စီ မံ ခြင်းဖြစ် သည် ပေါ့။

ကြာ တော့ မမတူး ရော ကျော် သက်အောင် ပါ အပြန် အ လှန် သံ ယောဇဉ် ဖြစ်မိေ လသည်။

ကျော် သက် အောင် က မမ တူး ထက် အ သက်ငါးနှစ် လောက်တော့ ငယ် လေသည်။

နောက် ဆုံး တော့ ကျော် သက် အောင် နဲ့ မမ တူး တို့ ချစ် သူ ဖြစ် သွား  လေသည်။

ဟို လူ နဲ့ သဘော မ တူ ဒီ လူ နဲ့ သ ဘော မ တူ  ဖြစ် နေ သူ ကို ကြီး စိန် သည်

သူ ချစ် သော တူ နဲ့ လက် ထပ် လျင် တော့  လက်ခံ နိုင် လောက် သည် လို့ တွက် မိ လေသည်။

ဒီလို သတ် သတ် မှတ် မှတ် လက် ထပ် လိုက် မှ ပင်

ကို ကြီး စိန် က သူ နဲ့ အတူ နေ ရန် မ ကြာ ခဏ တောင်း ဆို သော  ကိစ္စ က ပြီး ပြတ် မည် ဖြစ် လေသည်။

ကိုယ်တိုင် ကလဲ ဆ ရာ ၀န်  တစ်ယောက် ဖြစ် နေ လေ တော့ ဒီလို မိန်းမ ခြင်း အတူ နေ

ပေါင်း သင်း သောကိစ္စ ကို တော့ လက် မ ခံ နိုင် ပေ။

နောက် ကို ကြီး စိန် စက် ကွင်း မှ လွတ် အောင်သူ့ သွေး သားေ တာ် သူ နဲ့ လက် ထပ်မှသာ

အဆင်ေ ပြ မယ် လို့ လဲ တွက် မိ လေသည်။

နောက် ကိုယ် တိုင် လဲ အသက် ၃၀ ကျော် ပြီ ဆို တော့ ကိုယ့် ဘ ၀ နဲ့ ကိုယ် အိမ်ထောင်

ထူ ထောင် ချင် မိ သား စု ဘ၀ နဲ့ နေ ချင် တာ လဲ ပါ လေသည်။

ဒါ ပေ မယ့်  ကို ကြီး စိန် ကို သွေး တိုး စမ်း ကြည့် တော့ သူမှလွှဲ ပြီး ဘယ် သူ နဲ့

ယူ စေ ချင် ပုံ မေ ပါ်။

မမတူး ကို အိမ် က ယောကျာ်း ပေး စား မည် ဆို လျင် ပင်  ၀ုန်းဒိုင်း ကျဲ ပြတတ်လေသည်။

နောက် ဆုံး တော့ မမတူး တို့ ချစ် သူ နှစ် ဦး ခိုး ပြေး ဘို့ စီ စဉ် လေ တော့ သည်။

တရား ၀င် အိမ် ထောင် ကျ သွား လျင် တော့  အနေကြာလျင် အေး ဆေး ဖြစ် သွား မယ် လို့

တွက် ဆ ထား ပြီး ထွက် ပြေးကြ လေသည်။

မ မ တူး တို့ နှစ်ယောက် ရောက်ရာအ ရပ် မှ ဆက် သွယ် သောအ ခါ

ထင် သလို မဟုတ်။

ကို ကြီး စိန် အ ရက် တွေ သောက် ပြီး ပွဲ ကြမ်း နေ သည် ဆို သော ကြောင့် ပြန်မ လာ ရဲ၊

မမ တူး အသိုင်း အ၀ိုင်း တွင် လည်း ရ စရာ မရှိ အောင် သွား ပြော ထား သည်ကို

သ တင်း ပြန်ကြား ရ လေ သည်။

အ ကြောင်း မ သိ သူများ ကတော့ သို့ လော သို့ေ လာ နှင့် ယုံ သည် ပေါ့။

 

နောက် တော့ကိုကြိး စိန် က ရဲ စခန်း တွင် အမူဖွင့် လေ သည်။

ကျော် သ က် အောင် က ကို ကြီး စိန် လုပ် ငန်း မှ ငွေ များ ကို ယူ ပြီး ထွက် ပြေး သည်

သူ ဆင် ပေး ထား သော လက် ၀တ် ရ တနာများ လည်း ယူ သွား သည် ဆို ပြီး တော့ ။

နောက် သ တင်း စာ ထဲမှာ လည်း ထည့် လေသည်။

ဒီ လို သတင်း စာ ထဲ ပါ လာ သောအ ခါ မမတူး လုပ် ငန်း မှ အသိုင်း အ၀ိုင်း မှာ

အင် မတန် မစိတ် ၀င် စား ဘွယ် ရာကောင်း သော သတင်း တစ် ခု ဖြစ်ခဲ့ လေသည်။

မမ တူး မိဘ များ က သတင်း စာ ဖတ် မိ သောအ ခါ မန်း လေး သို့ ဆင်း လိုက် လာ
ကြ လေသည်။

တစ် သက်လုံးရိုး သား စွာ လုပ် ကိုင် စား သောက် သော မ မတူး တို့ မိသားစု

အတွက် များ စွာ အရှက် ရ လေ သည်။

ဒီ အခါ မှာ တော့ မမ တူး တို့ မိ ဘ များ က လဲ  အသ ရေ ဖျက် မူ့ ဖြင့် ပြန်တရား စွဲ ဘို့

စီ စဥ်ကြ လေ တော့ သည်။

ကို ကြီး စိန် ကြောင့်  မထင် မှတ်ဘဲ ပြ ဿ နာ က ပို ကြီးထွား လာ လေ သည်။

နောက် ဆုံး တော့ မမ တူး ကိုယ် တိုင် မန်းေ လး သို့ ပြန်လာ ပြီး

ကို ကြီး စိန် တို့ မိသား စု နှင့်  ရင် ဆိုင် ပြီး ပြ ဿနာဖြေရှင်း လေ တော့ သည်။

ရပ်မိ ရပ် ဖ  တွေ  ကတောင်း ပန်ခြင်း ကြောင့် နှစ် ဦး နှစ် ဖက် တရား စွဲ သည်

ကို ပြန် လည် ရုပ် သိ မ်း ကြ သော် လည်း မ မ တူး တို့ မိသားစု နှင့် ကိုကြီးစိန်သည်

အကြီး မား ဆုံး သော ရ န်သူ တော် တွေ ဖြစ်သွား ခဲ့ ကြ လေသည်။

မမ တူး မှာ အိမ် ထောင် ကျပြီး သူ့ လုပ်ငန်း သို့ ပြန် လည် ၀င် ရောက် လုပ်ကိုင် သော်လည်း

တီး တိုး တီး တိုး သဖန်း ပိုး လုပ် ကြ သော လူ တွေ့ ရဲ့ဒဏ် ကို တော့ ရေ ရှည် မခံ နိုင် ပေ။

ဒီ တော့ အလုပ် မှ ထွက် စာ  တင် လိုက် ရ သည်။

ကို ကြီး စိန် ရဲ့ တိုက် ခိုက် မူ့ ကလဲ မရပ် မ နား။

သွား ပုတ် လေ လွင့် အမျိုး မျိုး ပြော။

ကြာ လာ တော့ လည်း လူ တွေ ဘာ ပြော ပြော ကိုယ့် အကြောင်း များ ပြော

လေ သ လား ဆို သော သံ သ ယ ဖြင့် နေရ ထိုင် ရ သည် က မ ဖြောင့်  တော့။

အဲ ဒီ မှ မမ တူး အိပ် ယာ ထဲ လဲ လေ တော့ သည်။

စိ တ်ထောင်းကိုယ် ကျေ ဆို တာ ဒါ မျိုး ဖြစ် မည် ထင် ပါ သည်။

နောက်တော့ မမ တူး လဲ အလုပ် ထွက်လိုက်လေသည်။

ကျော် သက် အောင် က လည်း သူ ကျွမ်း ကျင် သောကုန် စိမ်း လုပ် ငန်း ကို

သီး သန့် လုပ်ကိုင်ေ လသည်။

မမတူးတို့ မိ ဘများက သူ တို့ နယ် မှ ထွက် သောကုန် များ ကို ပို့ ပေး လေသည်။

မ မ တူး တို့ ကကိုယ့် အလုပ် ကိုယ် လုပ် သော် လည်း

ကို ကြီး စိန် က လူ မူ့ ရေး အ ရ ရော စီး ပွား ရေး အရ ပါ တိုက် ခိုက် လေသည်။

မမ တူး ရဲ့ အကျင့် စာ ရိတ္တ နဲ့ ပါတ်သက်ပြီး မတော်မတ ရားတွေပြောပြီး

သိက္ခာ ချ လေသည်။

ကျော် သက် အောင် သည် လည်း အကျင့် စာ ရိတ္တ မ ကောင်း သူအဖြစ်

ကုန် သည် များ အကြား မှ သတင်းလွှင့် တော့ လုပ် ရ ကိုင် ရ ခက် ခဲ လေသည်။

ကျော် သက် အောင် လုပ် ကိုင် နေ သောအ ရင်း အနှီး သည် သူ့  ထံ မှ တစ် ဖက် လှည့် နှင့်

ယူ သွား သော ငွေဖြစ်ကြောင်း တွေ့ သမျှ လူ ကို ပြော လေသည်။

ကြာ လာ တော့ ဒီ ဒဏ် တွေကို မခံ နိုင်ေ တာ့  မမ တူး တို့  လည်း

အခြား  မြို့ သို့ ပြောင်းေ ရွှ့ ခဲ့ကြ လေသည်။

ဒါ ပေမယ့် လဲ ကို ကြီး စိန် ၏စက် ကွင်း မှ မလွတ် ပြန်။

အ ရောင်း အ၀ယ် လုပ် ချိန် မှာ ထိပ် တိုက် တွေ့ ပြန်လေသည်။

နှစ် တွေ ကြာ လည်း  ကို ကြီး စိန် ရဲ့ အ မုန်း အာဃာတ က ပျောက် မသွား။

ပို ကြီး သထက် ကြီး လာ လေ သည်။

မ မတူး တို့ လင် မယား လဲ စိတ် ဆင်းရဲ ခြင်း ကြီး စွာ နေ ရ လေသည်။

နောက်ပိုင်း အဖြစ် အပျက် များ ကေ တာ့ ကျ နော် လဲ မသိ တော့။

ကျေ န်ာတို့ မိ ဘ တွေ က လဲ လုပ် ငန်း ပြောင်း  နေ ရပ် ပြောင်း ဆို တော့

ကို ကြီးစိန် တို့ နဲ့ ကင်း ကွာ သွား လေသည်။

သို့ သော် တစ် ခါ တစ် ရံ မိတ် ဟောင်း ဆွေ ဟောင်းများနဲ့ တွေ့ လျင် တော့

ကို ကြီး စိန် ၏ မ ပြေ သော ရန်ငြိုး များအ ကြောင်းကို ကြား ရ ပြန်တော့

မ မတူးတို့ အတွက် စိတ် မ ကောင်း ဖြစ် ရ ပြန်လေသည်။

“ မ မ တူး ကျ နော့်  ကို မှတ် မိ လား”

“ အော် ………………. မမတူး မှတ် မိ ပြီ မင်း  ဖိုးနီ  မလား”

“ ဟုတ် မ မ တူး “

“ မင်း က ၀ လာ ပေ မယ့် ငယ် ရုပ် မပျောက် လို့  သာ မှတ် မိတာ  ကွဲ သွား က တည်း က တစ် ခါ မှ မတွေ့ ကြ တော့ တာ ကိုး ”

“ဟုတ် အ ကို ကျော် ရော  မမ တူး “

“  မင်း အကို ကျော် ဆုံး တာ လေး နှစ် လောက် ရှိ သွား ပြီ”

“  အဆက် အသွယ် တွေ ပြတ်နေ တော့ ကျ နော် လဲ မသိ လိုက် ဘူး  မမ တူးရေ”

“  အခု မင်း ကော ဘာ လုပ် နေ သ လဲ “

“ကျနော် က ကုမ္မဏီ တစ် ခု မှာ အရောင်းမန် နေဂျာ လုပ် နေတာ မမတူး

ဒီ ကို အလုပ် ကိစ္စ နဲ့ ရောက် လာ တာ”

“ အော် ဒါ ဆို မမ တူး တို့ အိမ် လိုက် ခဲ့ လေ”

“  သား တို့ သမီး တို့ နဲ့ လဲ တွေ့ ရအောင်”

ဒါ နဲ့ ဘဲ ကျ နော် မ မ တူး တို့ အိမ် ကို လိုက်လာ ခဲ့ ပါ တယ်။

အိမ် က ဈေး နဲ့ သိပ် မ လှမ်း မကမ်း။

လမ်း လျောက် သွား ရုံ နဲ့ ရောက်ေ လသည်။

နီ ညိုညို အုတ် ခံ တစ် ထပ်တိုက် လေး။

အိမ် ပါ တ် ပါ တ် လည် မှာ တော့  အရိပ် ရ သစ် ပင် တွေ က အုပ် မိုး။

အိမ်အ၀င် ၀ကုန်း လေးမှာတော့ စက္ကူပန်းရောင်စုံ။

အိမ်ရှေ့  မှာ တော့ ဒေလီယာ နဲ့ နှင်း ဆီ ပန်း ခင်း လေး တစ်ခင်း။

ကျ နော် တို့ အိမ် ထဲ အ ၀င် မှာ တော့ အသက်၁၈နှစ် ပါတ် ၀န်း ကျင် လောက် ရှိမယ့် ကလေး နှစ် ယောက်ကပြေး ထွက် လာ ပြီး  မမ တူး ကို ကြို လေသည်။

“ဒါ မေ မေ ငယ် ငယ် က စာ သင် ပေး ခဲ့ တဲ့ မန်းလေးက မိတ်ဆွေ” လို့ မိတ်ဆက်ပေး တော့

ကလေး နှစ် ယောက် က ခေါင်း ကေ လး ငုံ့ ပြီး ပြုံးလို့ နုတ် ဆက် လေသည်။

“ မမ တူးရဲ့  အား ဆေး  လေး တွေ လေ “ လို့ ပြော တော့ မြင်ရ တာ ကြည်နူး စရာ။

ကျ နော် တို့ ဧည့် ခန်း ထဲ မှာ ထိုင် နေ တော့ ကလေး လေး တွေက

အခါးရည်အိုး လာ ချ ပေး ပြီး အိမ် ထဲ သို့ ပြန်ဝင်  သွားေ လသည်။

“ ဖိုး နီ ရေ  မမ တူး တို့ အခုလို တည် တည် ငြိမ်ငြိမ်လေးဖြစ် လာ တာ မကြာ သေးဘူး။

မင်း တို့ ကို ကြီး စိန် ရဲ့ အာ ဃာ တ မီး က မမတူးတို့ မိသား အ ပေါ် လောင် မြိုက် တာ

နှစ်ပေါင်း အတော် ကြာ တယ်။

တမြို့ တရွာ မှာ ဇာတ်မြုတ်ပြီး နေရ တဲ့ အထိဘဲ ဖိုးနီ ရေ။

ကို ကြီးစိန်က မမ တူး ကို ချစ် တာ မ ဟုတ် ပါဘူး။

သဘာဝ မ ကျ တဲ့ နည်း နဲ့ တပ် မက် ပိုင် ဆိုင် ချင် ခဲ့ တာပါ။

ချစ် တယ် ဆို တဲ့ သူ က ဘာ မ ဆို ခွင့် လွှတ် စိတ် နဲ့ ဘဲ ကြည့် တယ် လေ။

သူ က ချစ်တာ မ ဟုတ် တော့ သူ လို ချင် တာ လဲ မ ရ ရော

သဲ သဲ မဲ မဲ တိုက် ခိုက် တော့ တာေ ပါ့ ဖိုး နီ ရေ။

တ ကယ် တော့ စိတ် ပုံ မှန် မဟုတ်သူနဲ့ မှ သွား ပါ တ် သက်  မိ တာကိုး။

ဘယ်သူ့ အပြစ် မှ မ ဟုတ် ကိုယ့် ရဲ့ ၀ဋ်ကြွေး လို့ ဘဲ သတ်မှတ် လိုက် ပါ တယ်။

ဒီ အတွေး လေး စိ တ်ထဲ မ၀င် ခင် က တော့ ရှက် လွန်း စိတ် ဆင်း ရဲ လွန်း လို့

ကိုယ့် ကိုယ် ကို သတ် သေ ဘို့ စိတ် ကူး မိ တာ တော့ အကြိမ်ကြိမ်ပါ ဘဲ။

မမတူးရဲ့ ကလေး နှစ် ယောက် သာ မ ရှိခဲ့ရင် လဲ သေမိ မှာအ မှန်ပါဘဲ။

ဘယ် နေ ရာ မှာ မ ဆို  လို ချင် စိတ် အား ကြီး လွန်း သူ  က ပူ လောင် လွန်း ပါ တယ်။

သူ တင် ပူ လောင်  တာ မ ဟုတ် သူ နဲ့ ပါတ်သက်သမျှ လူ အား လုံး ပါ သူ့ အပူ

တွေက ကူး စက်ပြီး ပူ  တော့ တာ ပါဘဲ။

အဲ တော့သူ လဲ ပူ အ ကုန် လုံး လဲ ပူ တော့ တာပေါ့။

ကို ကြီး စိန် က အဲ့  လို လူ စား မျိုး လေ

လူ ဆို တာ ကိုယ် ရ နိုင် သ လောက်  နဲ့

ကျေ နပ် တာ အကောင်း ဆုံး ပါ ဘဲ”လို့

မမ တူး က ပြော နေ ရင်း သူ့ မျက် ၀န်း မှာ မျက် ရည် တွေ သီသီေ ၀့ လို့ နေ ပါတယ်။

ကျနော် က လဲ မမတူးရှေ့ မှာ ထိုင် နေ ပေ မယ့် မမတူး နဲ့ ကျနော်

တဖြည်းဖြည်း ဝေးေ ၀း

လို့ သွား သလို လို………………………..

 

ကိုပေါက်လက်ဆောင် အဆွေး ပါးပါးလေး

7-5-2014

 

 

 

 

 

 

 

 

 

 

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1610 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။