ယောက်ခမ၊ ယောက်ခမ၊
ဟေ။
ဟင့်။ ယောက်ခမွသဲကို ခေါ်တာဟုတ်ဘူးးး။ ယောက်ခမ ဆာကိုခေါ်တာ။ :mrgreenn:

 

 

ဟိ။ ဒီရောက်ပြီးကတည်းက တော်ထားရတဲ့ ယောက်ခမတွေ အများကြီး’းးး

ယောက်ခမ ဆာကို နားပူနားစာပြောထားတာကြာပြီ။ စာရေးထားတာတွေ ပျောက်သွားတယ်ဆိုလို့ ဒီ အချိန်ထိ စောင့်ခဲ့ရတာ။
ဆက်ကြည့်သွားပါဦးးး စောင့်ရကျိုးနပ်မှာပါ။
ဒီတစ်ခါ တော့ ထမင်းဆိုင်ကားကြီးနဲ့ နေရာ အနှံ့လှည့်လည်ရင်း တစ်ရွာ တစ်ကျီဆောက် (အဲလေ) တစ်ရွာ တစ်ပုဒ်ဆန်း ဟင်းများကို ချက်မှာမို့ ဘရိုက်တီကွတ် ဆာဆာနောက်က လိုက်ကြပါစို့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝါဆိုဝါခေါင်မှာကွယ် ~~~ ရွှေမိုးလေးတွေညိုတော့ ~~~ ဒဂျိ ဒဂျိ ပါကွယ် ~~ အိုးးးးးး ရွှေမိုးလေးက ညို တယ် ~~~~
မိုးလေးများတဖွဲဖွဲရွာတော့ ~~ ပျိုမေကိုဒဒိ ယတယ် ~~ မိုးလေးများဖွဲဖွဲရွာတော့ ~~ ပျိုမေကို ဒဒိ ယဒယ် ~~

:mrgreen:

ဘာရမလဲ ဟိုတလောက UK ဗေတားက အပနားသီးချင်းတွေဆိုပြီး ဟင်းချက်ပြလိုက်တော့ ကျုပ်လည်း အားကျမခံ ချက်လိုက်စမ်းမဟေ့ !!

လာလေ့ !!
ရာသီက မုတ်သုန်စပြီဆိုတော့ ဒိန်းတလိန်းတိန်းနတ် အဲလေ မှားလို့ ချမ်းချမ်းစီးစီး ဖြစ်ပြီလေဗျာ ။
ထမင်းစားရင် ပူပူစပ်စပ်ဟင်းလေးတွေနဲ့ဆို ကွက်တိ ။

ကျုပ်ကတော့ ဒီလိုအချိန်ဆို ကျုပ်အမေချက်ကျွေးဖူးတဲ့ ဟင်းလေးတစ်ခွက်သတိယလာတာပဲဗျို့ ။
ဟင်းနာမည်လေးက ပညတ်သွားရာ ဓာတ်သက်ပါအောင် ဒီလိုလေးမှည့်ခေါ်ထားသဗျ…..!!!

.

.

” အဟမ်းးး ဟင်း !” တဲ့

ထူးဆန်းသွားသလားမိတ်ဆွေ ။ ခဏနေရင်အံ့သြစရာကောင်းတဲ့ အရသာတွေ ခင်ဗျားတို့ဆီ ရောက်လာလိမ့်မယ် … စောင့်ပါဦးးး

တကယ်ဆိုရင် ~~ ချက်တတ်ဖို့ဘဲလိုတာပါ …… ရှက်တတ်ရင် ဝယ်မစားနဲ့ပေါ့ …… ဟုတ်ပါဘူးးး

နိုင်ငံရေးတွေပါကုန်ပြန်ဘီ ဆောရီးဆောရီး ကဲစမယ်ဗျာ ~~~

ချက်ပြီးသားဟင်းကိုပုံပေါ်အောင်ပြောရရင်တော့ ငါးရံ့ ရေချိုချက်ကို ဘူးညွှန့်သို့မဟုတ် ဖရုံညွှန့်နဲ့အုပ်ထားတဲ့ သောက်/ဆမ်း ဟင်းလေးပါဗျို့ ။

ငါးရံ့သုံးဆယ်သားလောက်ကို အကွင်းလေးတွေတုံးဗျာ ။
ဆား ဆနွင်းနဲ့ ပုဇွန်ငံပြာရည်ကောင်းကောင်းနဲ့ နယ်ပြီး နာရီဝက်လောက်နှပ်ထား ပြီးတော့ ကြက်သွန်ဖြူ တစ်ကျပ်သားခွဲသား (2g)လောက်ကိုဓါးပြားနဲ့ရိုက် ၊ ကြက်သွန်နီ နှစ်လုံးလောက်ကို ပါးပါးလှီး ။
အိုးထဲကို ဆီ နှစ်ဇွန်းလောက်သာထည့်ပြီး နွမ်းသွားအောင်ဆီပူထိုးဗျာ ။
ကြက်သွန်တွေနွမ်းသွားရင် ငါးရံ့ခုတ်ပိုင်းလေးတွေကိုထည့်ပြီး ရှဲရှဲ လုပ် အဲ ငါးအကွင်းလေးတွေ မကြေအောင်နဲနဲမွှေပြီးရင်ရေထည့်တော့ဗျို့ ။
ရေကို လီတာဝက်လောက်ထည့်ပြီးတာနဲ့ ငရုပ်သီးစိမ်း အတောင့်၃၀ လောက်ကိုဓါးပြားရိုက် ထု/ထောင်းပြီး ထည့်။
ကြိုက်တတ်ရင် ပင်စိမ်းရွက်လေးနဲနဲထည့်။ ငရုတ်ကောင်းအမည်းမှုန့်ကိုလည်း အနေတော်ထည့်ဗျာ ။
အဲ အဲ မေ့တော့မလို့ ဘူး (or) ဖရုံညွှန့်လေးတွေကို သုံးလက်မလောက်ဖြတ်ပြီးရေးဆေးအသင့်ပြင်ထားဗျို့ ။
ရေဆူပြီးတာနဲ့ထည့်ရတော့မှာ ။
အညွှန့်တင်မဟုတ် အရွက်အရိုးများလည်းထည့်လို့ရသဗျာ။
သင့်သလောက်ကြည့်ထည့်ပေါ့နော ။
အရွက်တွေအရမ်းများနေရင်လည်း ဟင်းခတ်မနိုင်ဖြစ်နေမယ် ။
ဟော ………? ဟင်းအိုးဆူပြီ !! အရွက်တွေအုပ်ဗျာ ။ အပေါ့အငန်မြည်းကြည့် ။
လိုရင် ပုဇွန်ငံပြာရည်ထည့် ။ အရွက်တွေနွမ်းပြီဆိုရင် ~~~

.

.
ဆွဲ ……… ဆရာရေ့ ဆွဲ ဆွဲ

:mrgreen:

တခုတော့သတိပေးမယ်နော် ။ လောလော နဲ့ ဟင်းချိုကို ဖလူးဖလူးမျိုချလိုက်ရင်တော့ ……
သိတယ်မဟုတ်လားးးးး အဟမ်းးးး အဟမ်းးးး ဖြစ်သွားမယ်

(ဟင်းချက်ကြာချိန် ။ ။ ရေဆူပြီး ၅မိနစ် နှင့် ၇ မိနစ်ကြားသာလျှင် ။ အချိန်ကြာလွန်းလျှင်ငါးမှအချိုရည်ထွက်ကုန်ပြီး အရွက်များ မည်းသွားနိုင်ပါကြောင်းးးး )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကဲ ဘော်ဘော်တို့ ~~~~

စားပြီးရင် ရခိုင်ဒေသကိုခရီးဆက်မယ် ။

.
အဲဒီမှာ ” ကြိုက်ဖုတ်စိုက်နဲ့ ဇပြွန်းသီးသနပ် “ အဆင်သင့်လုပ်ထားတယ် ။

.
ရိုးရာဟင်းလေးတွေ မြည်းစမ်းကြတာပေါ့နော ………

အော် ကြိုက်ဖုတ်စိုက် ဆိုတာလားးး??
ကြက်ဖုတ်စပ် ကိုပြောတာပါဗျာ ။

အသံနဲနဲ ဝဲသွားလို့ ။
ကြက်သားကိုမီးဖုတ်ပြီးအစပ်ချက်ထားတဲ့ဟင်းကိုပြောတာပါဗျို့ ။
တလွဲတော့မတွေးလိုက်ပါနဲ့ တကယ်ဆိုရင် ချက်တတ်ဖို့ဘဲလိုတာ ~~~
ကြောက်တတ်ရင် အစပ်လျော့စားပေါ့..!!

:mrgreen:

ကဲ ကဲ စလိုက်ကြစို. …..

ပထမဆုံး ကြက်ကို အတုံးလေးတွေ မလှီးခင် မီးဖုတ်ရပါမယ် ။
အသားကင်တဲ.စက်နဲ.မရပါဘူးဗျာ ….

မီးသင်းနံ.လေးလိုချင်တဲ.အတွက် မီးပြရပါမယ် ..၊
မီးကင်လို. အနံ.လေးထွက်ပြီး အရေပြားနေရာတချို.မီးကျွမ်းပြီဆိုရင် အနေတော်လှီးပြီး ဆား၊နနွင်း နဲ. ဟင်းခတ် မှုန်.တို.ကို အနေတော်ထည်.ပြီး နယ်ထားရပါမယ် ။
အဲ ….မပါမဖြစ်ကစပါးလင်ဗျ ။

စပါးလင်ကို နုတဲ. ခေါင်းပိုင်းကိုလှီးပြီး ဂျင်း၊ ကြက်သွန်ဖြူတို.နဲ.အတူ ညက်ညက်လေးထောင်းရပါမယ် ။
နိုင်ငံခြားရောက် မြန်မာများအနေနဲ. ငရုပ်ဆုံမရှိရင် ကြိတ်စက်ကိုသုံးနိုင်ပါတယ် ….။
ကြက်သွန်နီကိုတော. မထောင်း တော.ဘဲ ပါးပါးလှီးပြီး ဆီသပ်တဲ.အခါမှာနွမ်းစေဖို.ရောထည်.ပြီး ဆီအနည်းငယ်နဲ.ဆီပူထိုးပါ ။
ဒီဟင်းမျိုးက ဆီများရင်စားမကောင်းပါဘူး ဆီလည်ရေလည်(သို.) သောက်ဆမ်း ပုံစံချက်ရမှာပါ ဆီပူထိုးဆီသပ်တဲ.အခါမှာလည်း စပါးလင်နှစ်ပင်သုံးပင်လောက်ကို ထုထောင်း ၊ စည်းထုပ် ထုပ် ပြီး ရောထဲ.လိုက်ရပါမယ် …။။
ကြက်သွန်တွေနွမ်းပြီး မွှေးစပြုတဲ.အခါမှာတော. ငရုပ်သီးတောင်.ပွ ခြောက်ကိုထောင်းပြီးဆီပူထဲမှာထဲ.လို. အရောင်တင်အဖြစ်သုံးရပါမယ် ……။
ပြီးရင်တော. စောစောက ဆား ၊ဆနွင်း နယ်ထားတဲ.ကြက်သားတုံးလေးတွေကို ထည်.လို.ရပါပြီ ။
ကြက်သားနဲ.အတူ ငရုပ်သီးစိမ်းများကိုလည်းလိုသလာက်ထဲ.ပြီး ရေနွေးရော ၊အဖုံးအုပ်ပြီး ကြက်သား နူးရင်ဖြင်. သုံးဆောင်လို.ရပါပြီ …။
ရခိုင်ဟင်းဆိုတာ ငရုပ်စိမ်း ဖိုးသိုးဖတ်သပ်လေးနဲ့ ခတ်စပ်စပ်မှကောင်းတာမို့ ငရုပ်သီးတော့ လျော့မထည့်နဲ့ဗျို့ ။

ကဲ နောက်တစ်ခုက ~~~

ဇင်ပြွန်သီးနုနုလေးတွေကို စပ်စပ်လေးချက်မယ်ဗျာ ။
ဒီနေရာမှာ သနပ်လုပ်စားလို့လည်းရသဗျ။
သနပ်လုပ်တာကတော့ ဇင်ပြွန်သီးနုနုလေးတွေကိုပြုတ်ပြီးဆည်ထားပါ။

ပြီးရင် ဆားကိုလိုသလောက်ထည့်နယ်ပါ။
ငရုပ်သီးအမှုန့်ကိုဆီသပ်ပြီးဆီပူလောင်းဗျာ ။
ကြက်သွန်ဖြူအမွှာလေးတွေခွါထည့် ။
ဒီလိုဆို ဇင်ပြွန်သီးသနပ်တစ်ပွဲရပါပြီ ။

ဟင်းချက်မယ်ဆိုရင်တော့ ဇင်ပြွန်သီးလေးတွေကို က်ြသွန်ဖြူနီဆီသပ်ပြီး ငရုပ်သီးစိမ်း စပ်စပ်နဲ့ချက်ဗျာ ။
တခုတော့ရှိတယ် မယားတတ်ရင် ပုဇွန်ငပိလေးနဲနဲထည့်ချက် ။
ဒါမှ ချဉ်ချဉ်စပ်စပ် လေးနဲ့အရသာလေးမယ်ဗျို့ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

ရခိုင်ဒေသကနေ ချင်းတောင်တန်းကိုကျော်လိုက်မယ်နော … ချင်း အစားအစာ မချက်တတ်လို့….!!!

:mrgreen:

ကဲ ရောက်ပါပြီ ဂျိန်းဖေါတို့မြေကို ……
ကချင်ရိုးရာခေါင်ရည်ကတော့ လုတ်တတ်ဘူး ။ဝယ်သောက်ကြ..!!

ကြက် ကချင်ချက်နဲ့ ကချင်ငါးမီးဖုတ် ~~~

ဟုတ်ကဲ့ …… ကြက်ချင်းတူပေမယ့် အသက်ရှူချင်းကွာ ကွာာ ကွာာာ အဲ အဲ မှားပြန်ပြီ

:mrgreen:
ဒီလို ဒီလို ကြက်ချင်းတူပေမယ့် ချက်ပုံခြင်းကွာတယ်လို့ ပြောချင်တာပါဗျာ။

ရိုးရာဟင်းတွေအများစုက ဆီသုံးတာအလွန်နဲပါတယ် ။
ဒါကြောင့် ကျန်းမာရေးနဲ့အလွန်ကိုက်ညီပြီးဆီချွေတာရာရောက်ပါတယ် ။

(ဆီ သည်ကြီးမောင်အံ မမြင်စေရ )
ငရုပ်သီးကတော့ ဟင်းချက်တိုင်းများများပါမှာဖြစ်လို့ နေပြည်တော်တပ်ကုန်းတစ်ဈေးလုံး ဝယ်ထားလိုက်ပါနော … ဟဲဟဲ …

ကြက် ချင်ချက်ဆိုတာ ကြက်တို့ရဲ့ ပင်ကိုယ်အရသာကိုပေါ်လွင်စေပါတယ် ။
ကိုယ့်ကြက် ဘယ်လောက်ချိုသလဲ ဘယ်လောက်နူးညံ့လဲ ဘယ်လောက်လတ်ဆပ်သလဲ ဆိုတာ စမ်းချင်ရင် ကချင်ချက်လေးချက်ကြည့်လိုက်ပါဗျို့ ………
ကဲ ကဲ စလိုက်ကြစို့ …… တခြားပြည်နယ်တွေကလည်း လာခေါ်နေကြပြီ ။

ကြက်သားကို ဖြစ်နိုင်သမျှအတုံးသေးသေးတုံးပါ ။
သေးလေကောင်းလေ နော ။

ပြီးရင် ဆား ၊ဆနွင်း ၊ အချဉ်ရွက်တစ်ခုခုနဲ့နယ်ပါ ။
အချဉ်ရွက်ဆိုတာ ဒီနေရာမှာ ချဉ်စော်ခါးသီး မရနိုင်လို့ပါ။

ကင်မွန်းချဉ်ရွက်လေးများနဲ့ ရောနယ်ပြီးနှပ်ထားရင်ဘဲအဆင်ပြေပါပြီ ။
နှပ်ထားစဉ် နာရီဝက်အတွင်းမှာ ဖက်ပယ်ရွက်တစ်ချို့နဲ့ ပင်စိမ်းရွက်တွေကိုရောပြီး ခတ်ဆဆလေးထောင်းပါလေ ။
ညက်စရာမလိုပါ ။ ဇတ်လိုက်ကျော်ကြီး ငရုပ်စိမ်းကိုတော့ ခတ်များများသာ ထုထောင်းထားပေါ့နော ။

ဟော ……… နာရီဝက်လည်းပြည့်ပြီ ~~~
အိုးတစ်ခုထဲကို နယ်ဖတ်ထားတဲ့ ကြက်သားတွေထည့်ပြီးမီးတိုက်ဗျာ ။
ဆီ ကိုစတီးဇွန်းတစ်ဇွန်းလောက်ဘဲထည့်ဗျာ။

တချို့ လူတွေကတော့လုံးဝမထည့်ဘဲချက်ပါတယ် ။
အဲ စောစောကထောင်းထုထားတဲ့ ပင်စိမ်း၊ဖက်ပယ် နဲ့ ငရုပ်စိမ်းတွေကိုလည်းရောသာထည့် ။
ရေလေးနဲနဲထည့်ပြီးလုံးချက် ချက်ဗျာ ။

မွှေဗျာ ။

ပြီးရင် ကြက်နူးရုံရေနဲနဲထည့်ပြီးအုပ်ထားလိုက် ။
ကြက်နူးပြီဆိုရင် အရည်စိုစိစိစပ်စပ်လေးနဲ့ စားကောင်းမိန်ရာဟင်းတစ်ခွက်ရပါပြီ ။

 

ဝယ်ထားတဲ့ ခေါင်ရည်နဲ့မြည်းဖို့တော့ ငါးမီးဖုတ်လေး ဖုတ်လိုက်ပါဦးမယ် ။
ဒီနေရာမှာ အများသူငါအဆင်ပြေအောင် တိလားဗီးယား ငါးကိုဘဲသုံးချင်ပါတယ် ။
ငါးကြင်းဖြုကိုသုံးလည်းရပါတယ် ။
တိလာဗီးယာအနွယ်ဝင်ငါးတွေကိုသုံးမယ်ဆိုရင် ဗိုက်ထဲက ဗွက်ပုတ်နံ့ပျောက်စေဖို့ ဗိုက်အတွင်းကို ဗီနီဂါ အနည်းငယ်လောက်နဲ့ဆေးပါလေ ။
ငါးကို လက်ဝါးလောက် အလယ်ပိုင်းကိုယူပြီး ဗိုက်ထဲကို ကြက်သွန်ဖြူ ၊ဂျင်းအနည်းငယ်နဲ့ ငရုပ်သီးစိမ်းရောထောင်းထားတာကိုထည့်သွတ်ပါ ။
ငါးကြင်းခုတ်ပိုင်းဆိုလျှင် အပေါ်ကဖုံးပြီးမံပါ ။

ပင်စိမ်းရွက်နဲ့ နံနံပင်တချို့ ပြီးတော့ ဖက်ပယ်ရွက်တွေကို နုတ်နုတ်စင်းပြီး အပေါ်ကနေမံပါ ။
ငှက်ပျောဖက်ထဲကိုထည့်ပါ ။

ငါးကိုဆား ဆနွင်းအနည်းငယ်နယ်ဖို့တော့မမေ့နဲ့နော် ။
ဟုတ်ပြီ ငှက်ပျောဖက်ကို အနည်းဆုံး ငါးထပ်လောက်ထပ်ပြီးထုတ်ပါ ။

ပြီးရင် မီးကင်လို့ရပါပြီ ။
အကျက်ညီအောင်ဟိုလှည့်ဒီလှည့် ကင်ပါလေ ။
ငှက်ပျောဖက် လေးထပ်လောက်မီးကျွမ်းပြီး အနံ့လေးမွှေးလာရင်တော့ …………

ငါးကင် တစ်ဖဲ့ …… ခေါင်ရည်တစ်ခွက်နဲ့ အိမ်မက် မက်ကြမယ်နော….

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.
ဟုတ်ကဲ့ ……… ရှမ်းပြည်နယ်ကကြိုဆိုပါတယ် ။

ငါး ဒုက္ခ ဟင်းနဲ့ကျွေးချင်ပါသော်လည်း ခတ်ဆင်ဆင် ချက်နည်းမျိုးကို အစ်မပဒုမ္မာ ချက်ပြီးပါပြီ ။

..
ဒီတော့ လူသိနည်းသေးတဲ့ ” မိုင်းသာမြီးရှည် “ လေးနဲ့ဘဲ ကျေနပ်ကြပါတော့နော …

မြီးရှည် လို့ဆိုလိုက်တာနဲ့ သရည်တမြားမြားကျတတ်တဲ့ ကျုပ်အတွက်ကတော့ တကယ့်ကို အံ့သြစေတဲ့အရသာဗျို့ ………

စမယ်နော် ……

..
ဟိုဖက်မှာမွန်ပြည်နယ်က အကြိုထောက်နေပြီ။

.
ပထမဆုံး စားပွဲဝိုင်းမှာ ခင်ဗျားတို့ မြင်ရမှာက ဘဲဥပုံပုဂံပြားထဲမှာ နန်းလတ်မြီးရှည်မုန်ဖတ်အလွတ်တွေပါ။
သူ့ဘေးက ကြွေပုဂံလုံးထဲမှာ ဖြူဖြူ ပျစ်ပျစ်အနှစ်တွေနဲ့ အသားဖတ်တွေ ပါတဲ့ ဟင်းပျစ်ပျစ်တစ်ခွက် ။
နောက်ထပ် ဘေးကိုရွှေ့ကြည့်ရင် ကြက်သွန်ဖြုနဲ့ ငရုပ်သီးစိမ်းကိုထုထောင်းပြီး ဖျော်ထားတဲ့ အချဉ်ရည် ။
နောက်တစ်ခွက်က ပုဂံပြားသေးသေးထဲမှာ ရေနွေးဖျောထားတဲ့ ပဲပင်ပေါက်များ။
ဟုတ်ပြီ ………… နောက်ဆုံးတစ်ခွက်ကတော့ ချောက်ကော နဲ့ဆီသပ်ထားတဲ့ ငရုပ်သီးမှုန့် (ဆီလည်းပါတယ် ) ။

ကဲ ……… ဘယ်လိုစားမလဲ ?
ခင်ဗျားတို့ရဲ့ ပုဂံထဲကို မြီးရှည်မုန့်ဖတ်နဲ့ ပဲပင်ပေါက်ကိုထည့်ဗျာ ။
ပြီးရင် ငရုပ်ချဉ်ရည် လိုသလောက်ထည့် ။
ငရုပ်သီးဆီသပ်လည်း ထည့်ချင်ထည့် ၊ မထည့်ချင်လည်းရတယ် ။
အဲ အဓိက ကတော့ …… စောစောက အသားဖတ်တွေနဲ့ရောနေတဲ့ ဖြူဖြူပျစ်ပျစ် ဟင်းအနှစ်ကို အနေတော်ထည့်ဗျာ။
သုတ်စားလို့ကောင်းတဲ့အနေပေါ့ ။
အဲ့ဒီတစ်ခွက်က လေးယောက်မျှစားရမှာ ။
တယောက်တည်းနဲ့ အကုန်မဆွဲနဲ့ဦးးးး
ဒါနဲ့ … အဲဒီ အနှစ်ကဘာလဲ သိလားးးးးးး ဝက်ဦးနှောက်ကို ဝက်မိုးခိုသားပါးပါးလှီးပြီးချက်ထားတာ ။
ချက်နည်းကိုတော့ သီးသန့် ကွန်မန့်နဲ့ပြောပြမယ်နော် ။

ဟိုမှာ မွန်ပြည်နယ်က လာကြိုနေပြီ တာ့ တာ

:mrgreen:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

မင်္ဂလာပါ သုဝဏ္ဏဘုမ္မိမှကြိုဆိုပါတယ်..!!

ဒီအချိန်ဆိုရင် သရက်သီးစိမ်းတွေပေါ်ပြီ ။
စစ်တောင်းမြစ်က တက်လာတဲ့ ငါးသလောက် ဆူဆူကြီးတွေလည်း ဥ ဖေါင်းဖေါင်းနဲ့ ။

.
ကဲ ……… ငါးသလောက်ကို သရက်စီးစိမ်းနဲ့ရေချိုချက်မယ် ။

.
ငါးသလောက်ဥ ကိုကြော်ပြီး ငါးဖတ်တွေဖွေးဖွေးလှုပ်နေတဲ့ မော်လမြိုင်မုန့်ဟင်းခါးထဲထည့်စားလိုက်ရင် …………

ကျုပ်ထင်တယ် ခင်ဗျားတို့ မွန်ပြည်နယ်ကနေ မပြန်နိုင်ဖြစ်သွားမယ် ။
အကြောတက်လာရင်တော့ ကျုပ်မသိဘူး။

မာဆတ်သွားနေကျ ဟိုဦးလေးကြီးတွေကိုမေး

:mrgreen:

ငါးသလောက်ကို သရက်သီးစိမ်းလွှာချင်းတွေနဲ့ချက်တာကတော့လွယ်ပါတယ်ဗျာ။
ငါးသလောက်ကို အနေတော်တုံး ။
ဆား၊ ဆနွင်း နဲ့ပုဇွန်ငံပြာရည်ထည့်နယ်ပြီး နာရီဝက်လောက်နှပ်ဗျာ ။
ငါးသလောက် ၄၀ သားလောက်အတွက် ကြက်သွန်ဖြူ ၂ ကျပ်သား အနီ သုံးလုံးကို ထောင်းဗျာ ။
ငရုပ်သီး အပွတောင့်ကိုအရောင်တင်အဖြစ်ရေစိမ်ပြီးထောင်းထည့် ။
ဆီအနည်းထည့်ပြီး ဆီသပ် ။

ကောင်းတာကတော့ဆီသပ်ပြီးငါးမထည့်ခင်မှာ လွှာထားတဲ့သရက်သီးစိမ်းဖတ်လေးတွေကိုထည့်ပါ ။
သရက်သီးတစ်လုံးစာလောက်ပေါ့။ ရှဲ ရှဲ ရှဲ လုပ်ပြီး ခဏနေရင် ငါးသလောက်နယ်ပြီးသားတွေထည့် ။
ရေနဲနဲထည့်ပြီးလုံး ။ ငါးအသားတွေအပေါ်ယံကျက်ပြီဆိုတာနဲ့ ရေ လီတာဝက်ထည့်ပြီး အဖုံးအုပ်ပေတော့ ။
အဲ ……… နဲနဲလေး စပ်ဖျင်းဖျင်းဖြစ်ဖို့ ငရုပ်သီးစိမ်းလေးများကို ထက်ခြမ်းခွဲပြီး ၁၀ တောင့်လောက်ထည့်ပါလေ ။
ကျက်ပြီဆိုတာနဲ့ နံနံပင်လေးအုပ်လို့ သောက်/ဆမ်း ဟင်းတစ်ခွက်နဲ့ ဆွဲပေတော့ဗျို့ ။
ငါးသလောက်ဥ ကြော်မယ်ဆိုရင်တော့ ဆားဆနွင်းနယ် ၊ ရေအနည်းငယ်ထည့်ပြီ့း  ကျက်တယ်ဆိုရုံရေခမ်းပြုတ်ပါ ။
ပြီးမှ …… ပြုတ်ထားတဲ့ ငါးသလောက်ဥတွေကို ဆီပူပူထဲ ထည့်ပြီးလှိမ့်။ မီးမကျွမ်းစေရပါ ။
အနံ့လေးမွှေးလို့ အပေါ်ယံကျက်ပြီဆိုရင် သိပ်ကောင်းတဲ့ ငါးဥကြော်တစ်ပွဲရပါပြီ ။
ကြိုက်တတ်ရင် မည်သည့် မုန့်ဟင်းခါးထဲမဆို ထည့်စားပါ ။

ဒါဆို အိုကေပြီနော် ……… ဒေါနမြေကို ဆက်သွားမယ် ဒေးမူလေးတွေချက်တဲ့ တာလဘောနဲ့ အသားထောင်း ဆက်ဆွဲမယ် ……
လိုက်မယ်မှတ်လား

:mrgreen:
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

ဝေ့ …… ဒေးမူ …… နတိုင်အယ်တော အိုအာ ……

နသား အယ်ယား ပါးအယ်ယား …… ဟေးဟေး ………

ဟဲဟဲ ဒီလိုဘဲ ကျုပ်က လုပ်စားနေကျ …

ဟုတ်ပါဘူးးးးး
ယောင်လို့ ဘွာတေး ဘွာတေးး !!!!

ကျုပ်က ဒီလိုလေးတွေနဲ့ နှုတ်ဆက်ပြီး သူတို့ချက်တာလေးတွေအားပေးနေကျလေဗျာ ။
ခင်ဗျားတို့ကို သွားရည်ကျအောင်ပြောရ ရင်တော့ ……
တာလဘော့ ဟင်းနဲ့ အသားထောင်း လေးအားပေးကြစို့နော ……

တာလဘော့ ဟင်းဆိုတာကတော့ ……
ဆန်မှုန့်ကို အသားနဲ့ရောပြီးကျိုချက်ထားတဲ့ စွပ်ပြုတ်တမျိုးပေါ့ ။
ဆီမပါ ၊ သဘာဝ အသားအချိုနဲ့ အရွက်တွေလည်းပါသမို့ ဝိတ်ချချင်သူများ အထူးသင့်လျော်ပါတယ် ။
မျှစ်စိမ်းလေးနဲ့ ဒညင်းဝက်လေးနဲနဲပါတာကိုတော့မသိဟန်ဆောင်ပြီး သုံးဆောင်ကြပါလေ ဟဲ ဟဲ ………
တာလဘော့ဟင်းချိုပန်ကန်ကို မွှေလိုက်ပြီဆိုရင်ပဲ ပထမဆုံးပေါ်လာတာကတော့ မျှစ်စိမ်းဖတ်လေးတွေနဲ့ ရေချိုပုဇွန်နုထွားလေးတွေပါ ။
ထပ်မံပြီးဆက်လက်ရှုစားရမှာကတော့ ဗူး /ဖရုံညွှန့် လေးတွေကို တွေ့ရပါဦးမယ်
ဟုတ်ကဲ့ …… တတိယအကြိမ်မွှေကြည့်ရင် ဒညင်းဝက်ပါးပါးလှီးထားတာနဲ့ ငရုတ်သီးစိမ်းအတောင့်လေးရယ် ပင်စိမ်းရွက်အစအနလေးတွေရယ်တွေ့ရမှာပါ မိတ်ဆွေ ……
မစိုးရိမ်ပါနဲ့ဗျို့ …… အဲဒီဒညင်းဝက်ပါးပါးလေးနဲ့ ငရုတ်သီးစိမ်းလေးရယ် ပင်စိမ်းရွက်လေးတွေကထွက်လာတဲ့ ရနံ့လေးကိုက ခင်ဗျားရဲ့ စားချင်စိတ်တဏှာကိုဆွပေးပြီး ရသအာရုံတွေကိုချော့မြှူနေတာပါ ။
တစ်ဇွန်းလောက် ခတ်ပြီးသောက်ကြည့်လိုက်ပါ ။
ဟင်းခတ်ပုဇွန်ရဲ့ချိုမိန်တဲ့အရသာရယ် ၊ ပင်စိမ်း ငရုတ် ဒညင်းဝက်တို့ စုပေါင်းဓတ်ပြုပြီးထွက်လာတဲ့ရနံ့သင်းသင်းလေးရယ် ပြီးတော့ လတ်ဆပ်ပြီး နူးညံ့နေတဲ့ဗူး/ဖရုံညွှန့်လေးတွေရဲ့ အထိအတွေ့ရယ် ………
ဝါးလိုက်တိုင်း တစ်ချက်တစ်ချက်ထွက်ပေါ်လာတဲ့ ထုတ် ထုတ် ထုတ် ဆိုတဲ့ မျှစ်ဖတ်လေးတွေရဲ့အသံဟာ ခင်ဗျားရှေ့က တာလဘော့ဟင်းကို ပန်းကန်လိုက်မော့သောက်ချင်စိတ်တွေ ဖြစ်လာစေမယ်ဗျို့ ။
စိတ်တော့ထိန်းပါမိတ်ဆွေ ……… ခင်ဗျားသောက်နေတဲ့ဟင်းထဲမှာ ငရုတ်သီးစိမ်းလေးတွေတော့ပါတယ်နော် ။
ကဲ ဗျာ …… ဟင်းချို ချည့်ပဲမသောက်နဲ့ဦးဗျ ။

ဒီမှာ ကြက်သားထောင်းလေး မြည်းလှည့်ဦး ။ (ကျုပ် တကယ်စားဖူးခဲ့တာက ပဒတ်/ပုတက် ထောင်းပါ ။ အားလုံးစားလ်ို့အဆင်ပြေအောင် ကြက်သားဘဲ ထောင်းလိုက်မယ်နော )
ကြက်သားထောင်း ရဲ့အရသာကတော့ဗျာ ဘာကောင်းသလဲမမေးနဲ့ ခင်ဗျားတို့စားမိသွားရင် လက်မလည်ဘူးဖြစ်သွားမယ် ။
ပါးစပ်ထဲရောက်လို့ တစ်ချက်လောက်ဝါးလိုက်ရင်ဘဲ ဆိမ့်နေတဲ့ ကြက်သားအရသာရယ် ၊ ကြက်သွန်ဖြူ ငရုတ်စိမ်းတို့ရဲ့ ခတ်ရှိန်းရှိန်းအရသာရယ် ပြီးတော့ မီးသင်းနံ့ မွှေးမွှေးလေးရယ် …………
ဟင်း ဟင်း ဗိုက်တစ်လုံးတောင်အပိုဆောင်ထားချင်စိတ်ပေါက်သွားလိမ့်မယ် ဆိုတာလေးကြိုပြောထားမယ်နော ။

ဒီလို ချမ်းစိမ့်စိမ့်ရာသီမှာ ပူပူနွေးနွေး တာလဘော့ဟင်းလေးသောက်ပြီး ကြက်သားထောင်းလေးတစိမ့်စိမ့် များဝါးခွင့်ရမယ်ဆိုရင်လေ …………
မပြောမရှိနဲ့ဗျို့ …… ကိုယ့်လူတို့တော့ ဆွေတွေမျိုးတွေမေ့ပြီး မောင်ကြီးမပြန်နိုင်ဖြစ်သွားလိမ့်မယ် ဟားဟားဟားဟား ……………

ကဲပါလေ …… အိမ်ရောက်ရင်ပြန်ချက်ဖို့ ကျုပ်မေးမြန်းခဲ့တာလေး မူးရင်းအတိုင်း ပြန်ကူးပေးလိုက်မယ်နော ………

မေး ။ ။ ဝေ့ ဒေးမူ …… နတိုင်အယ်တောအိုအာ ( နင့်မှာ ရီးဇားရှိသလား )

ဖြေ ။ ။ အိုအာ …… အိုအာ (မျက်စိနှစ်လုံးပိတ်အောင်ရီမောလျှက်) (ရှိတယ် ………… ရှိတယ် ) တိန် !!!!¡¡¡¡¡ သေဟ ဘာတွေမေးမိပါလိမ့် !!

:mrgreen:

ကဲ ကဲ ညောင်မြစ်တူးတာခဏရပ်ပြီး တာလဘော့ဟင်း ဆက်ချက်မယ်ဗျားးး
အော် …… ဒါနဲ့ ခင်ဗျားတို့ ငရုတ်သီးစိမ်းလေးတွေတော့ကျန်ပါသေးရဲ့နော် ။
ဒီဟင်းတွေချက်မယ်ဆိုရင်တော့ နေပြည်တော်တပ်ကုန်းက ငရုပ်ပွဲရုံနဲ့သာဆက်သွယ်ထား ဗျို့

တလာဘောဟင်းပါဝင်ပစ္စည်းများ ~~~~ .
ဆန် နို့ဆီဗူးတစ်လုံးခန့် .ရေချို ပုဇွန် ၂၅ ကျပ်သား (တစ်ပိဿာ အကောင် ၆၀ ဆိုက်) ရေငံပုဇွန်လည်း ချက်၍ရပါသည်။ .
မျှစ်စိမ်း (ဝါးဘိုးမျှစ် မပြုတ်ရသေးခင် ) တစ်ချောင်း . ငရုပ်သီးစိမ်း အတောင့် ၄၀ ခန့် . ဒညင်းဝက် (သို့) ဒညင်းသီး မီးကင် နှစ်လုံး . တစ်ထွာသာသာ ဗူး(သို့)ဖရုံ ညွှန့် ၅ ညွှန့် . ပင်စိမ်းရွက် တစ်စီး ခန့်

ပထမဆုံး ဆန်နို့ဆီဗူးတစ်လုံးစာလောက်ကိုရေစိမ်ပါ ။

အတော်အတန် ဆန်များနူးလာပြီဆိုပါက ငရုတ်ဆုံထဲထည့်ထောင်းပါလေ ။
(ကြိတ်စက်ဖြင့်သုံးပါက အလွန်ညက်အောင်မကြိတ်ပါနှင့်) ပုဇွန်များကို အခွံခါပြီးဆားနယ်ထားပါ ။
ဗူးညွှန့်များကိုလည်း လက်နှစ်သစ်ခန့်ဖြတ်ထားပါ ။
ပြီးနောက် ဒညင်းဝက်နှင့်မျှစ်စိမ်း များကိုလည်း ပါးပါးလှီးထားပါလေ ။
စတင်ချက်ပါတော့မယ် ~~~

ရေ ၃ လီတာခွဲခန့်ကို ဆူပွက်သည်အထိကြိုပါ ။
ပါးပါးလှီးထားသောမျှစ်စိမ်းများကိုထည့်ပါ။
ရေဆူပြီဆိုတာနဲ့ ထောင်းထားသော ဆန်များကို ထည့်ပါလေ။
ဆန်များနူပြီးဆိုလျှင် ပုဇွန် ၊ ဒညင်းဝက် ၊ နှင့် ငရုပ်သီးစိမ်းများအတောင့်လိုက်ထည့်ပါ ။
မိနစ် ၂၀ ခန့် အဖုံးဖွင့်၍ ကျိုချက်ပါလေ ။
ထို့နောက် ပင်စိမ်းရွက်နှင့် ဗူးညွှန်များထည့်ပြီး ၅ မိနစ်ခန့် ဆက်လက်ဆူပွက်နေပါစေ ။
အပေါ့အငန်မြည်း လိုလျှင်ဆားထည့်ပါ။
ဟင်းကိုမိမိစိတ်ကြိုက် အပျစ်အကျဲကြည့်ပြီး ရေနွေးရောပါလေ ။
အခုဆိုရင် …… ကရင်တာလဘော့ ဟင်းတစ်ခွက်ရပါပြီ ။

** အထူးသတိပေးချက် ။ ။ မျှစ်များကို မချက်မှီ တစ်ညခန့်ကြိုတင်၍ ပါးပါးလှီးပြီးရေစိမ်ထားပါရန် ။ မျှစ်မှာပါဝင်နေသော အစီးများထွက်သွားရန်ဖြစ်သည် ။

ကြက်သားထောင်း ~~~~ ကြက်၏ရင်အုပ်ပိုင်းတစ်ခြမ်းကိုဆားနယ်ပြီးရေခန်းပြုတ်ပါ ။အလွန်အမင်း မနူးစေရ ။ ဆနွင်းကြိုက်တတ်လျှင် အနည်းငယ်ထည့်ပါ ။ ရေခန်းပြီဆိုပါက ၄င်းကြက်သားခြမ်းကို မီးကင်ပါလေ ။ အရေပြားမီးကျွမ်းပြီး မီးသင်းနံ့မွှေးလာပါက အသားများ နွှင်ထားပါ ။ ထို့နောက် ငရုပ်သီးစိမ်း အတောင့်၃၀ ခန့်ကို အိုကင်းပူတိုက်ပါ ။ ကြက်သွန်ဖြူ အမွှာသေးလျှင် ၂၀ ခန့်ခွါပါ ။ ပထမဦးစွာငရုပ်သီးနှင့်က်ြသွန်ဖြူကိုထောင်းပါ ။ညက်ပြီဆိုလျှင် ပန်းကန်တစ်ခုထဲသို့ထည့်ထားပြီး နွှင်ထားသောကြက်သားများကို ညက်သည်အထိထောင်းပါ ။ ကြက်သားညက်ပြီဆိုပါက ဖယ်ထုတ်ထားသော ငရုပ်သီးကြက်သွန်ဖြူထောင်းပြီးသားများ ပြန်ထည့်ပြီးထောင်းပါ ။ဆားလိုလျှင်ထည့်ပါ။ အားလုံး ရောသမမွှေထောင်းပြီးသောအခါ ခံတွင်းလိုက်မယ့် ကြက်သားထောင်းတစ်ခွက်ရပါပြီ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

 

စပ်လို့ကောင်းရဲ့လား မိဆွေ …
အဲ အဲ ..!! မှားလို့ စားလို့ကောင်းရဲ့လားမိတ်ဆွေ …………

၆ ရက်လုံးလုံး နယ်လှည့်ပြီးငရုပ်သီးတွေစားလာတာ အတော်လေးတော့စပ်နေမှာပေါ့နော ဟဲ ဟဲ …
မနက်မနက် အိမ်သာတက်တိုင်း ဗိုက်ထဲကကောင်တွေက ဒါးသိုင်း က ပြီး ထွက်လာမှာလည်း မြင်ယောင်မိပါသေးဗျာ

:mrgreen:

ကဲပါလေ …… ရေး ၊ ထားဝယ် မြိတ်တော့ ဆက်မသွားတော့ပါဘူး။
ရန်ကုန်ပြန်ပြီး လယ်တောချက်လေးတွေ စားကြတာပေါ့နော ။
ကျုပ်တို့ ရွာတွေသွားရင် အခုလိုမိုးဦးလေဦးဆို လယ်ကွင်းထဲရေပြည့်နေပြီဗျ ။
ပျိုးကျဲ ၊ ပျိုးနှုတ် လယ်ထွန်ကောက်စိုက် ဆိုတာ သမိုင်းပေးတာဝန်လေဗျာ ။
အင်းးးးးးး ကောက်စိုက်ချိန် လယ်တောထဲသွားရင်တော့ ကောက်စိုက်သမဟင်းနဲ့ထမင်းကျွေးလိမ့်မယ်ဗျို့ ။
ကောက်စိုက်သမဟင်းလေးတွေမြည်းစမ်းကြည့်ကြစို့နော..!!

ပုဇွန်ကောက်စိုက်သမချက် နှင့် မကျီးသီးထောင်း ~~~~~~

လယ်တောချက်ဆိုပြီးအထင်မသေးနဲ့ကိုယ့်လူ …
ခင်ဗျားလျှာ ငရုပ်သီးစပ်တာ ခံနိုင်သေးတယ်ဆိုရင် တစ်ပွဲလောက်ထပ်အားပေးလိုက်ပါ ။
ခင်ဗျားရှေ့မှာရောက်နေတာက ငရုပ်သီးစိမ်းခွဲခြမ်းလေးတွေဖွေးဖွေးလှုပ်နေတဲ့ပုဇွန်ကျော်ချက်လေးနဲ့ မန်ကျီးသီးစိမ်းကို ပုဇွန်ခြောက် ပုဇွန်ငံပိ ငရုပ်သီးစိမ်း တို့နဲ့ ထောင်းထားတဲ့ မကျီးသီးထောင်းလေးပါပဲဗျို့ ။
ဒီအရသာမျိုးတွေကို ဟိုတယ်ကြီးတွေ စားသောက်ဆိုင်ကြီးတွေမှာ မရနိုင်ဘူးဆိုတာတော့ ခင်ဗျားလည်းသိပါတယ်နော ………
ကဲ ကဲ ပုဇွန်တစ်ကောင်ကိုဆယ်ပြီး ကြက်သွန်နီဖတ်လေးတွေနဲ့ ရောလို့ တစ်လုပ်လောက်ဝါးလိုက်ပြီးရင် အအီပြေ မန်ကျီးသီးထောင်း ချဉ်စပ်လေးလည်း တစ်တို့လောက် ဆွဲ လိုက်ပါ မိတ်ဆွေ ……
လူဖြစ်ရတဲ့ သုခကို ခင်ဗျားတွေ့ရမှာ မြေကြီးလက်ခတ်မလွဲဘူးဗျို့ …… ဟား ဟား ဟား ဟား ဟား …………

ပုဇွန်ကောက်စိုက်သမချက် ~~~~

.ပုဇွန် ၃၀ ကျပ်သား ၊
.ကြက်သွန်နီ ၂၅ ကျပ်သား
.ကြက်သွန်ဖြူ သုံးကျပ်သား .
ငရုပ်သီးစိမ်း အတောင့် ၅၀ ခန့် .
ပုဇွန်ငံပြာရည် စတီးဇွန်း တစ်ဇွန်း .
ဆား /ဆနွင်း .နံနံပင် အနည်းငယ်

ပုဇွန်များကိုခွါပြီး ဆား ဆနွင်းနဲ့ ငံပြာရည်ထည့်ပြီးနယ်ထားပါ ။
ကြက်သွန်အစိတ်သားကိုပါးပါလှီး ကြက်သွန်ဖြူတွေကို ဒါးပြားရိုက်ပါ။
ဆီသင့်တော်သလောက်ထည့်ပြီး ၄င်းကြက်သွန် ဖြူနီများကို ဆီသပ်ပါလေ ။
ငရုပ်သီးစိမ်းများကို အစပ်စားနိုင်လျှင် ခွဲ၍ထည့်ပါ ။ မစားနိုင်လျှင် အတောင့်လိုက်ထည့်ပါ ။
ကြက်သွန်နှင့် ငရုပ်သီးစိမ်းများနွမ်းလာပြီဆိုပါက နယ်ထားသောပုဇွန်များကိုထည့်ပြီး သမအောင် မွှေပါလေ ။
ပုဇွန်များကျက်ပြီဆိုတာနဲ့ နံနံများထည့်၍ အဖုံးအုပ်ပြီးနှပ်ထားပါ ။
နံနံပင် ထည့်ပြီးသည်နှင့် မီးဖိုပေါ်ကချရမည်ဖြစ်ပါသည် ။
၅ မိနစ်ခန့် အုပ်ထားပြီးပါက မွှေးကြိုင်သင်းပြန့်နေသော ပုဇွန်လယ်တောချက်ဟင်းတစ်ပွဲကိုရပါပြီ ။

မှတ်ချက် ။ ။ ပုဇွန်ချက်လျှင် ကြာမြင့်စွာမချက်သင့်ပါ ။

 

 

မန်ကျီးသီးထောင်း ~~~~

မန်ကျီးသီးလက်တစ်ဆုတ် ပုဇွန်ငံပိ ဖုတ်ပြီးသားတစ်ဇွန်းစာ
ပုဇွန်ခြောက်မှုန့် ၃ကျပ်သား
ငရုပ်သီးစိမ်း အတောင့် ၄၀
ကြက်သွန်ဖြူ ၁၀မွှာ
မန်ကျီးသီးများ၏အပေါ်ယံအပွေးများကိုတတ်နိုင်သလောက် ခြစ်ထုတ်ပါ ။
ငရုပ်သီးစိမ်းများကို အိုးပူတိုက်ပါ ။
ပြီးနောက် ကြက်သွန်ဖြူနှင့်အတူ ညက်အောင်ထောင်းပါ ။
ညက်ပြီဆိုပါက မန်ကျီးသီးများကို ညက်နိုင်သမျှညက်အောင်ဆက်ထောင်းပါ ။
အားလုံးညက်ပြီဆိုပါလျှင် ဖုတ်ပြီးသားငံပိကိုထည့်ပြီး နှံ့စပ်အောင်ထောင်းပါ ။
နှံ့ပြီဆိုလျှင် ပုဇွန်ခြောက်မှုန့်များထပ်မံဖြူး၍ထောင်းပါလေ ။
အခုဆိုရင် လူကြီးမင်းတို့ ရဲ့မန်ကျီးသီးထောင်းဟာ ကမ္ဘာပေါ်မှာ အရသာအရှိဆုံး ဟင်းရံတစ်ပွဲအဖြစ် ရောက်ရှိလာပါပြီ ။ ။

ဒီတစ်ပတ် ဒီမျှနဲ့ နားခွင့်ပြုပါ ။
။နောင်များမှ မြန်ပြည်တလွှား မုန့်ဟင်းခါးများ အစီအစဉ်မှာ ပြန်လည်ဆုံစည်းကြပါစို့နော ………
:mrgreen:
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဟေးဟေးဟေးဟေးးးးး (ဟင်းးး အစားအသောက်နဲ့များ ဆို အသံက ရွှင်လို့)  :mrgreenn:

အနော့ စားဖိုမှူးတွေ ဘယ်လောက် တော် သတုန်း သိကြပြီဟုတ်။
သူ့ထက်သူ လူစွမ်းကောင်းချည်းပဲ။
ချစ်စရာကောင်းချက်!!!

ဒီ ပို့(စ) ကို စကက်ဂျူးလုပ်တဲ့နေ့က ဒီတောက်ဇင်း လုပ်နေတာ။
စာလည်း ဖတ်ပြီးရော ဘိုက်ဆာလို့ ပြန်စားဖြစ်တယ်။
အဟီးဟီးးး
အနော် ဝ ဝ လာတာ သူတို့ကြောင့်!!!

 

နောက်တစ်ပတ်က ယောက်ခမွသဲရဲ့ ဟိုဒင်းပြု အပြီး စားလို့ရတဲ့ အစားအသောက်တွေ။
အဲဒီကျမှ ကြည့်တော့။
ဟိုဒင်းပြု = ဖဲရိုက်ပြီး လို့ ပြောတာ။ အဟီးဟီး

:-D

ဇီဇီ

About ဇီဇီ

ဇီဇီ has written 354 post in this Website..

CJ # 129120