တနေ့က အာတီဒုံရဲ့ ဖွဘုတ်တော်ကြီးမှာ ရှယ်တဲ့ ဒေါက်တာဖေသက်ထွန်း ပို့စ်လေးမှာ
မြန်မာနိုင်ငံသားတွေ စွဲနေတဲ့ စရိုက်တစ်ခုကို သတိပြုမိတယ်ဗျ…
အဲ့ ဒါကတော့..အိမ်တွေ၊ ရုံးတွေ၊ ဘတ်စ်ကားပေါ်တွေ၊ လမ်းဘေးဝဲယာ မှာ
ဆောင်ပုဒ် တွေချိတ်ဆွဲထားလေ့ရှိတဲ့ စရိုက်ပါပဲ…
လိုက်နာတာ မလိုက်နာတာကတော့တစ် ပိုင်းပေါ့ဗျာ…
ဒါကြောင့်ပဲထင်ရဲ့…ရန်ကုန်မြို့လယ်ကိုလမ်းလျှောက်ထွက်ဖြစ်ရင်..လမ်းဘေးပလက်ဖေါင်း
ပေါ်မှာ လူတွေအကြိုက် အိမ်တွေ ရုံးတွေ ဘတ်စ် ကားတွေမှာကပ်လေ့ရှိတဲ့ ဆောင်ပုဒ်တွေကို
လှပအောင်နည်းမျိုးစုံနဲ့ ပုံနှိပ်ပီး ရောင်းချနေတာတွေ့ရပါရဲ့….
စီးပွားရေးဈေးကွက်ကြီးတစ်ခုကိုဖြစ်လို့…..

အဲ့ဒီဆောင်ပုဒ်တွေထဲမှာ…တချို့က
`အကြွေး ဖြင့်အားပေးခြင်း သည်းခံပါ´
`အကြွေးမရောင်းပါ´ ဆိုရင်လုံလောက်ပြည့်စုံ နေရက်နဲ့….
`ယနေ့အကြွေး မရောင်းပါ´တဲ့ ..(အရင်နေ့တွေကပဲရောင်း သလိုလို..မနက်ဖန်ပဲ အကြွေးရောင်းမလိုလို…ခိခိ

:-D
`လူသာလာပါ ပြဿနာ ခေါ်မလာပါနဲ့´…
`ငါသေဖို့ တစ်ရက်နီးလာပြီ`…
(တရားသဘောလေးနော်..ကပ်ထားသူက နေ့စဉ်ကြည့်မိရဲ့လာတောင်မသိ..ခိခိ)

:-D
တော်တော်ဆိုးတဲ့ ဆောင်ပုဒ်မျိုး ရှိသေးတယ်….
`လူလိုသိပါ´..တဲ့
ဖရား…ဖရား…ကျုပ်တစ်ချက်ကလေး မှားရင် `ခွေး´ ဖြစ်ရချည့်..ငိငိ

:-D
ဆိုတော့ဗျာ..ခီများတို့လည်း…မြန်ပြည်သားတွေမို့..မြင်ဖူးတွေ့ဖူးကြမှာပါလေ…

အိမ်တွေ၊ ရုံးတွေတင်မကပါဘူးလေ…နိုင်ငံ့အ၀ှမ်း လမ်းဘေးတွေတောင် ဆောင်ပုဒ်တွေ
တွေ့နိုင်ပါပေရဲ့…အာဏာရှင် စစ်အစိုးရလက်ထက်ပိုများလာသပေါ့…..
အဲ့ အချိန်က ကြံဖန်တွေးရင် ဆိုင်ဘုဒ်ရေးစားသူတွေ အတွက်မတော့..
အလုပ်ဖြစ်သမို့…ကြံဖန် မုဒိတာပွားနိုင်ပါသဗျာ…
ဒီနေရာမှာ ..ရီစရာလေးတစ်ခုပြောချင်တယ်…စစ်တပ်ကအာဏာသိမ်းပြီးတော့
မြို့တိုင်း၊ ရွာတိုင်းရဲ့ လမ်းဘေးတွေမှာ နောက်ခံအနီရောင်နဲ့ ဆိုင်းပုဒ် ကြီးတွေ
အလျှို လျှိုပေါ်လာသဗျ…ဗမာလိုရော…ဗျိတိသျှလိုရောနော်…နိုင်ငံခြားသားတွေပါ
နားလည်စေချင်လားမသိ..ဒါမှမဟုတ်..ဗမာဖြစ်ရက်နဲ့ ဗမာစကားမတတ်ပဲ
ဗျိတိသျှစကားပဲ တတ်သူတွေ ပြည်တွင်းမှာရှိနေလို့လားမပြောတတ်ပါဘူးဗျာ…ခိခိ  :mrgreenn:
အဲ့ ဆိုင်းဘုတ်ကြီးတွေကို ကြီးမိုက်တို့မြင်တိုင်း…
ကလိကလိနဲ့..ရင်ထဲမှာ…ကိုယ်လည်းဘာမှ မတတ်နိုင်..ဆိုတော့….
နာစရာကိုရယ်စရာလုပ်ကြသပေါ့ဗျာ……ဥပမာ…
`LOVE YOUR MOTHER LAND´ ကို ကျုပ်တို့ကဒီလိုဖတ်သဗျ..
`လပ်ဗ်ရွာမားသားလင်´
`မင်း အမေလင်ကိုချစ်ပါ´ လို့…ခိခိခစ်

:-D
`တပ်မတော်သာအမိ တပ်မတော်သာအဖ´..ဆိုတာကို…
`တပ်မတော်သာ မိထွေး တပ်မတော်သာ ပထွေး´ လို့..
ဟုတ်တယ်လေ..နှိပ်စက်လိုက်တာ လွန်ပါရောလား…
ဒီတော့..အမိ၊ အဖ အရင်းတော့မဟုတ်နိုင်ဘု…… ခိခိခစ်

:-D
နောက်ရှိသေးတယ်…ဘာတဲ့…
`တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်´ ဆိုပဲဗျ….
ဒါကြောင့်ထင်ပါရဲ့…တိုင်းပြည်အင်အားရှိအောင် ဆိုပြီး..
တပ်မတော် စားလိုက်ပုံများ..ပလုပ်ပလောင်းနဲ့..မြင်လို့တောင်မကောင်း..
သူတို့အင်အားရှိအောင်စားနေပေမဲ့..ပြည်သူကိုကျတော့…
`တစ်နပ်လျှော့စားကြ´ တဲ့…အောင်မလေးဟဲ့…ပထွေးတော်..မိထွေးတော်များ…

:-D
…………………………………………………………………
ကဲ..ကဲ…ကဲ..ပြောရင်းဆိုရင်းက စကားတွေလွဲချော်ကုန်ပြန်ပါပြီ…
ပြန်တည့်လိုက်အုံးမှပါ..ဒီလို ဒီလို…ကျုပ်တကယ်ပြောချင်တာက…
ကျုပ်ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက်အိမ် အလည်သွားတုန်းကပေါ့…
သူ့အိမ်ရှေ့ခန်းမှာကပ်ထားတာ….ဆောင်ပုဒ်က…
`သင်ကောင်းလျှင် ကျွနှုပ် မဆိုးပါ´…တဲ့
ကျုပ် ဆောင်ပုဒ်ကို ဖတ်ပြီး စဉ်းစားမိတယ်
`သင်များဆိုးရင် ကျုပ် သင့်ကိုသတ်မည်´ ဆိုတဲ့သဘော တွေးမိတယ်
နောက်တဆင့်တွေးမိတာက `မမျှတမှု´ ကိုပါ…
သူကောင်းနေတာတောင်….ကိုယ်က မဆိုးပါ အဆင့်ပဲရှိတယ်….
`မဆိုးပါဘူး´ ဆိုတဲ့စကားကို ပိတ်သတ်ကြီးလဲသိမှာပါ…
ဒါလေးဘယ်လိုနေလဲမေးရင်…မဆိုးပါဘူးဆိုတာ…သိပ်အကြိုက်မတွေ့သေးဘူး၊
သိပ်ဆိုးတာထက်တော့ တော်သေးတယ် ဆိုတဲ့သဘော…
မှန် ကိုကြည့်ရင်တောင် မျှတတဲ့ တုန့်ပြန်မှုကိုရပါတယ်လေ…..

`ကိုယ်ပြုံးပြလျှင် သူက တုန့်ပြန်ပြုံးလေသည်
ကိုယ်မဲ့ပြလျှင် သူကတဖန် မဲ့ဟန်ဆင်၍
သူပင်တုန့်ပြန်တတ်လေသည်´။
တဲ့ မှတ်မိသလောက် `မှန်´အကြောင်း
ရေးဖွဲ့ထားတာလေးပါ……
ဘယ်ဆရာကြီး ရေးခဲ့တာလည်းမမှတ်မိတော့….….

အပေါ်မှာပြောပြခဲ့တဲ့…အိမ်တော်တော်များများမှာချိတ်ဆွဲလေ့ရှိတဲ့…
`သင်ကောင်းလျှင် ကျွနှုပ် မဆိုးပါ´ဆိုတဲ့ ဆောင်ပုဒ်ကတော့..
မမျှတတဲ့ အပြင်…ကိုယ့် ကိုယ်ကျင့်တရားနဲ့ အပြုအမူဟာ
သူတပါး( ကိုယ်ထိတွေ့နေတဲ့ ပါတ်ဝန်းကျင်) အပေါ် သိပ်တည်မှီလွန်းတယ်လို့
ကျုပ်ထင်တယ်…ပါတ်ဝန်းကျင်ဆိုးရင် ကိုယ်ဆိုးမယ်…
ပါတ်ဝန်းကျင်ကောင်းရင် တောင်…ကိုယ်သိပ်မဆိုးတဲ့အဆင့်မှာပဲရှိတယ်…
ပြောရရင်ဗျာ…ကျုပ်အဲ့..ဆောင်ပုဒ်ကိုမကြိုက်ဘူး….
ကိုယ့် ကိုကိုယ်တောင်အစိုးမရလို့ပေါ့ဗျာ။
ဒါပေမဲ့…အဲ့ဆောင်ပုဒ်ကို ဘာနဲ့ အစားထိုးရ မှန်းလည်း…အတွေးမပေါ်ဘူးဗျ။

………………………………………………..
……………………………………………….
ဒီလိုနဲ့ နေလာရာက တစ်နေ့တော့…အလုပ်ကိစ္စတစ်ခုနဲ့
ရုံးတစ်ရုံးကိုသွားဖြစ်ခဲ့တယ်..အလုပ်ကိစ္စက အဲ့ရုံး က
ရုံးအုပ်စာရေးကြီး ဆီ စာရွက်စာတမ်းတွေတင်ရမှာ..
ကျုပ်ရောက်သွားတော့ ရုံးအုပ်ကြီးက ကိစ္စနဲ့အပြင်ခဏသွားနေတော့
စာရေးမလေးက..ရုံးအုပ်ကြီးစားပွဲ ရှေ့ ကထိုင်ခုံမှာနေရာချပေးပြီး..
ခဏစောင့်ဖို့ပြောတယ်…..
ကျုပ်လည်း ရုံးအုပ်ကြီးစားပွဲ ထိုင်နေရင်း တောင်ကြည့် မြောက်ကြည့်
လုပ်နေတုန်း…ကျုပ်မျက်စေ့ဟာ ရုံးအုပ်ကြီး စားပွဲတင်မှန်အောက်က
စာတန်းတစ်ခု( ဆောင်ပုဒ် ဆိုပါတော့) မှာ မျက်လုံးတွေကျောက်ချမိတော့တယ်…

ကျုပ်စိတ်ထဲ တအုံနွေးနွေး ဖြစ်နေတဲ့ အဖြေ ကျုပ်တွေ့လိုက်ရလို့ပဲ……

ကျုပ်ဘာများတွေ့မိလို့ပါလဲ…………………………

`ဘယ်သူကောင်းကောင်း မကောင်းကောင်း မိမိကောင်းမည်´…..တဲ့
ကောင်းလိုက်တဲ့ဆောင်ပုဒ်…..ကျုပ်မှာရေဆာနေတုန်း ရေတွင်းထဲကျသလိုပါပဲ..
ကျုပ်လိုချင်နေတဲ့ အလှပဆုံးအဖြေက ..အဲ့ဒါပဲဗျ…..

အဲ့နေ့က အင်မတန်အဆင်မပြေဘူးလို့ နာမည်ကြီးနေတဲ့ရုံးမှာ….
ကျုပ် ဆောင်ပုဒ်ပိုင်ရှင်နဲ့တွေ့ ခဲ့ပြီး ဆောင်ရွက်ခဲ့တာ…အဆင်ပြေချက်ကတော့
မပြောပါနဲ့တော့…ကျုပ်သွားလုပ်တဲ့ အလုပ်ကိစ္စ အဆင်ပြေတဲ့အပြင်…
သူနဲ့ကျုပ်တောင် ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ခဲ့ရတယ်…

အဲ့..နေ့ကစလို့…ကျုပ်ရဲ့ ကိုယ်ပိုင်ဆောင်ပုဒ်ကလည်း…………
`ဘယ်သူကောင်းကောင်း မကောင်းကောင်း မိမိကောင်းမည်´..လို့

အိမ်ပြန်ရောက်တော့ …ခက်ခဲမယ်လို့ ထင်ထားတဲ့ အလုပ်ကိစ္စကလည်း
လျှောလျှော ရှုရှု အဆင်ပြေလာတော့ လူက စိတ်လက်ပေါ့ပါးပြီး…
ကလေးလိုဖြစ်နေတယ်…အဲ..
အဲ့ဒီမှာ..ပါးစပ်ထဲ ဘယ်လိုက ဘယ်လိုရောက်လာမှန်းမသိလိုက်…
ပထမတော့..စိတ်ထဲပဲရောက်လာတာ…နောက်တော့…
ငယ်ဘ၀ သတိရပြီး..အသံထွက်ဆိုမိတယ်…..ဒီလိုဗျ…

`မိမိ ကိုယ်ကို ကောင်းအောင် ကြိုးစားမည်´
`မိမိအတန်း ကိုကောင်းအောင်ကြိုးးစားမည်´
´မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်´
`မိမိ တိုင်းပြည်အတွက်ကောင်းအောင်ကြိုးစားမည်´
…………………………………………………
……………………………………………………
………………………………………………….
………………………………………………….
ကျုပ်တို့ ငယ်ငယ် ကျောင်းမှာ အဆန်ဘလီစီတဲ့နေ့တွေဆို…
ရှေ့ကတိုင်ပေးတဲ့ဆရာနောက်လိုက်ပြီး…..
နိုင်ငံတော်အလံကိုအလေးပြု…
ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ..ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများကို
အလေးပြု….ပြီးရင်….
နိုင်ငံတော်သီချင်းကိုသံပြိုင်ဆို…
အဲ့ဒါပီးတော့….
ခုနင်က ပါးစပ်ထဲအလိုလိုရောက်လာတဲ့…ကျောင်းကောင်စီ သီချင်းဆိုပေါ့ဗျာ..
အသင်းလေးသင်းဖွဲ့ပါသည် တို့ဘာတို့ပေါ့….

…………………………………………………………..
ထားပါလေ….ကျုပ်အထူးသတိပြုမိလိုက်တာကတော့…..
အာတီဒုံ ပို့စ်ရေးတင်ခဲ့သလို…`ကြွေးကြော်နေရုံမျှနဲ့ မလုံလောက်နိုင်ပေ´
ဆိုတော့…….
`ဘယ်သူကောင်း ကောင်း မကောင်းကောင်း မိမိကောင်းမည်´
ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆွဲပြီး……
ငယ်ငယ်တုန်းက အော်ကြီးဟစ်ကျယ်ဆိုခဲ့ဖူးသလို….
မိမိကိုယ်ကို ကောင်းအောင်အရင်ကြိုးစားဖို့…သတိပြုမိပါကြောင်းဗျာ….
(ပြောသာပြောနေတာ..ကျုပ်ကလည်း..ခုထိမကောင်းသေးဘူးဗျ..
အဲ့တော့..သူများတွေကောင်းအောင် ကျုပ်ဘယ်လုပ်နိုင်အုံးမှာလည်းလေ…
အဟွတ်..အဟွတ်…ခုမှသတိရတယ်…ရွာထဲကလူငယ်ကာလသားတချို့နဲ့
သေရည်ဆိုင်မှာချိန်းထားတာ…သွားအုံးမယ်…မိုက်လိုက်အုံးမယ်ဗျို့..)  :-P

ခင်မင်ရင်းနှီးစွာဖြင့်….
ထာဝရ လမ်းဆက်လျှောက်နေမဲ့…
ကြီးမိုက်။
၂၃၊ ၀၅၊ ၁၄
8:25 pm

 

 

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)