သူငယ်ချင်းတစ်ယောက်ရဲ့ FWD Mail လေးကို အားလုံးအတွက် ပြန်လည်မျှဝေလိုက်ခြင်းပါ။

ကလေးပုံပြင်စာအုပ်ထဲက ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။

ဖျားနာနေတဲ့အဘွားကို သေမင်းလာခေါ်တော့မယ်ဆိုတော့ မြေးတွေကအဘွားကို သေမင်းလက်ထဲ မထည့်ရက်ဘဲ အချိန်ကိုဆွဲနိုင်သမျှ ဆွဲထားလိုက်တယ်။ ဒီသေမင်းက ကျွန်တော်တို့ထင်သလောက် ကြောက်စရာမကောင်းခဲ့ဘူး။ ဒီသေမင်းက ဖော်ရွေတယ်။ မြေးတွေကို သူက ပုံတစ်ပုဒ်ပြောပြပါတယ်။

“ရှေးရှေးတုန်းက ဝမ်းနည်းခြင်းနဲ့ငိုကြွေးခြင်း ဆိုတဲ့ညီအစ်ကိုနှစ်ယောက်နဲ့ ပျော်ရွှင်ခြင်းနဲ့ရယ်မောခြင်းဆိ

ုတဲ့
ညီအစ်မနှစ်ယောက်ရှိခဲ့တယ်။ တစ်နေ့မှာ ညီအစ်ကိုနှစ်ယောက်နဲ့ ညီအစ်မနှစ်ယောက်တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့ကြတယ်။ ချစ်ကြိုက်ပြီး မင်္ဂလာပွဲကျင်းပခဲ့တယ်။ ဝမ်းနည်းခြင်းက ပျော်ရွှင်ခြင်းနဲ့ လက်ထပ်ခဲ့တယ်။ ငိုကြွေးခြင်းက ရယ်မောခြင်းနဲ့ လက်ထပ်ခဲ့တယ်။ သူတို့ဟာ အိုမင်းတဲ့အထိ နေထိုင်ကြပြီး ဝမ်းနည်းခြင်းသေဆုံးတဲ့နေ့ ပျော်ရွှင်ခြင်းလဲလိုက်သေတယ်။
ငိုကြွေးခြင်းသေဆုံးတဲ့နေ့ ရယ်မောခြင်းလည်း လိုက်သေတယ်…”

မြေးလေးတွေက သေမင်းရဲ့ပုံပြင်ကိုနားထောင်ပြီး ခံစားချက်တစ်မျိုးပြောင်းသွားခဲ့တယ်။ ဒါဟာ ကျွန်တော်တို့ပြောတဲ့
သဘာဝတရားဖြစ်ပြီး ရှင်တာရှိရင် သေတာလည်းရှိတယ်။ ဝမ်းနည်းခြင်းတွေရှိမှ ပျော်ရွှင်ခြင်းကို ပိုတန်ဖိုးထားတတ်တယ်။ တကယ်လို့သေဆုံးခြင်းသာမရှိခဲ့ရင် ဘဝရဲ့တန်ဖိုးကို ဘယ်လိုနားလည်ကြမလဲ? တကယ်လို့ မိုးတွေမရွာခဲ့ရင် လှပတဲ့နေရောင်ခြည်တွေ ဘယ်ထွန်းတောက်နိုင်မလဲ?

ဒါကြောင့် အကောင်းအဆိုးကို လက်ခံနိုင်အောင် ကြိုးစားရမယ်။ ဒါမှ ဘဝတွေမှာ တူညီတဲ့အဓိပ္ပါယ်ရှိမှန်း သိနားလည်မှာဖြစ်တယ်။

ကျွန်တော်ရဲ့ကလေးတွေကို အမြဲပြုံးရယ်နိုင်အောင် ကျွန်တော်မျှော်လင့်ပေမယ့် ငိုကြွေးချိန်မှာ “စိတ်မာစမ်းပါ မငိုနဲ့” လို့
ကျွန်တော်မပြောချင်ခဲ့ဘူး။

နာရင် ငိုတတ်တယ်၊ စိတ်ထိခိုက်ရင်လည်း ငိုတတ်တယ်၊ မပျော်ရင်လည်း ငိုတတ်တယ်…

ကိုယ်တိုင်ငိုဖူးမှ သူတစ်ပါးငိုတာကို ရင်ဆိုင်ရဲမယ်။ ကိုယ်တိုင်ငိုဖူးမှ သူတစ်ပါးငိုတာကို နားလည်ခံစားတတ်မယ်။ အားလုံးဟာ ညီတူညီမျှဆိုတာကို နားလည်မယ်၊ သူတစ်ပါးအကူညီမဲ့ လဲပြိုချိန်မှာ သူ့အတွက် ငါဘာလုပ်ပေးနိုင်မလဲဆိုတာကို တွေးတောမိမယ်။

“ဝအောင်ငိုလိုက်! ဘာအတွက်ကြောင့် ငိုငို ၊ ဝအောင်ငိုလိုက် … သားဘေးမှာ ဖေဖေရှိနေမယ်”

ကလေးတွေငိုချိန် ဒီလိုပဲ ကျွန်တော်ပြောချင်ခဲ့တယ်။ နောင်တစ်ချိန်မှာ သူတို့ဟာ သူတစ်ပါးကိုနားလည်နိုင်တဲ့ နူးညံ့သူ၊ သူတစ်ပါးကို နှစ်သိမ့်တတ်ပြီး ကိုယ့်ကိုယ်ကိုလည်း နှစ်သိမ့်တတ်သူဖြစ်စေဖို့ ကျွန်တော်မျှော်လင့်မိပါတယ်။

About Juemyit

jue myit has written 18 post in this Website..