သတိ !!!

“အိမ်ဒေါင်သည်များသာ ဖတ်ရှုသင့်သည်”

=

==

===

မဖတ်သင့်ဘူး ပြောရက်နဲ့ ဖတ်လျှင်ဒေါ့ဖြင့် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲနော်။ ကျော်တောင် ဖတ်မိသွားလို့ ခုလို ပြန်ရေးမိနေတာ ….

=

==

ဟိုတစ်နေ့က ဒေးလီးမေးလ် သတင်းထဲမှာ အိမ်ထောင်သည်တွေကို သုတေသန စစ်တမ်းကောက် ထားတာကို ဖော်ပြခဲ့တယ်။ အဲ့ဒီမှာ ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက် နေကြတဲ့ အိမ်ထောင်သည် တွေရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ် နိုင်ခဲ့တယ် ဆိုပဲ။

အဲ့ဒီ လျှို့ဝှက်ချက် က ဘာလဲ ဆိုတော့ …..

အိပ်တဲ့အခါ အဝတ်ဗလာနဲ့ အိပ်ကြခြင်း ဖြစ်ပါတယ်ဒဲ့ … ဟီးးဟီးး :mrgreen:

ခညားဒို့ရော အိုက်ဒလို အိပ်လို့ အိုက်ဒလို အဆင်ပြေဂျလားငင် ….

ကျော်က လူဗျို ဆိုဒေါ့ မတိလို့ မေးကျိဒါဘာ …

ခညားဒို့ အိုက်လို အိပ်လို့ အိုက်လို အဆင်ပြေဒယ်ဆိုရင် ကျော်လည်း အိပ်ဒေါင်ကျဒဲ့အခါ အိုက်လို အိပ်မို့ (စဉ်းစားဒုန်း) …. :mrgreenn:

အိုက်ဒလို မအိပ်ဖူးသူတွေလည်း စမ်းကျိပါလားလို့ ….

စမ်းကျိပီး အဆင်ပြေဒယ်ဆိုရင် ကျော့်ကို တိတ်တိတ်လေး ပြောနိုင်ဘာဒယ်လို့ …..။

သတင်း ကတော့ ဟောဒီမှာပါဗျာ။

 

ပျော်ရွှင်ဖွယ် အိမ်ထောင်သည်တို့ရဲ့ လျှို့ဝှက်ချက်

ပျော်ရွှင် သာယာနေတဲ့ အိမ်ထောင်သည်တွေကို မြင်တွေ့ဖူးကြသလို၊ ဆူညံ ပွတ်လောရိုက် နေကြတဲ့ အိမ်ထောင်သည် များစွာကိုလည်း တွေ့မြင်ဖူးကြပါလိမ့်မယ်။

အခု အချိန်အခါမှာတော့ သုတေသန ပညာရှင်တွေဟာ ပျော်ရွှင် သာယာနေကြတဲ့ အိမ်ထောင်သည် တို့ရဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော် ပြသလိုက်ပါတယ်။

သုတေသန ပညာရှင် များဟာ အိမ်ထောင်သည်ပေါင်း ၁၀၀၄ တွဲကို လေ့လာ ခဲ့ရာမှာ …

သူတို့ထဲက ၅၇ ရာခိုင်နှုန်းဟာ အ၀တ်ဗလာနဲ့ အိပ်ရာဝင် တတ်ကြသူတွေ ဖြစ်ပြီး သူတို့ဟာ သူတို့ရဲ့ လက်တွဲဖော်တွေနဲ့ နေရတာ ပျော်ရွှင်ကြောင်း ရင်ဖွင့်ကြပါတယ်။

ဒါကြောင့်မို့ ပျော်ရွှင်ဖွယ် အိမ်ထောင်သည် ဘ၀ကို ထူထောင်ချင်ရင် အ၀တ်ဗလာနဲ့သာ အိပ်ယာဝင်ကြ ပါစေကြောင်း သုတေသန ပညာရှင် အပေါင်းက ထပ်လောင်း အကြံပြုလိုက်ပါတယ်။

Source : DailyMail
+HealthPlusMm

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။

   Send article as PDF