ပုံပြင်လေးတစ်ပုံ ပြောပြမယ် …

ဟိုးးးးးးးး … ရှေးရှေးတုန်းက ….

နာမည်ကြီး အောင်သွယ်တော်ဆီမှာ …
ခြေတစ်ဖက် မရှိတဲ့ လူပျို ကြီးက … သူ့အတွက် မိန်းမစပ်ပေးဖို့ …
အကူညီတောင်းသလို …

မျက်စိတစ်ဖက်ပျက်နေတဲ့ အပျို ကြီးကလည်း …
ယောင်္ကျား စပ်ပေးဖို့ သီးခြားစီ အကူညီတောင်းသတဲ့ …

အောင်သွယ်တော်က နှစ်ဦးစလုံးကို … တစ်ဦးနှင့်တစ်ဦး …
မြင်ဖူးသည်ရှိအောင် … ပြပေးမည် …

ကိုယ့်မျက်စိနှင့်ကိုယ်ကြည့်ပြီး … ကြိုက်မှယူ … ကြိုက်လို့ ယူပြီးမှ …
ဘာညာ ကွိကွ မပြောရ … သဘောတူညီချက်တွေ ယူပြီး …
တစ်ဦးနှင့်တစ်ဦး မြင်ဖူးသည်ရှိအောင် ပြပေးသတဲ့ ။

သူ့ ပြ ပုံက ပညာပါတယ် …

လူပျို ကြီးကို … မြင်းစီးစေ၍ …
ခြေမရှိတဲ့ဖက်ကို မြင်းနှင့်ကာပြီး မမြင်ရတဲ့ ဖက်မှာထား၍
အပျို ကြီးအိမ်ရှေ့က ဖြတ်ကာ အပျိုကြီးကို ကြည့်ခိုင်းတယ် …

အပျို ကြီးကို …
ပြူ တင်းပေါက်ဘေးမှာ မျက်စိမရှိတဲ့ဖက်ကို မမြင်ရအောင် …
ကိုယ်တခြမ်းစောင်းရပ်ပြီး မျက်စောင်းကလေးနှင့် …
လူပျို ကြီးကို ကြည့်ခိုင်းတယ် …

ဇာတ်လမ်းအကျဉ်းချုပ်လိုက်တော့ … ခြေတဖက်မရှိသူနှင့် မျက်စိတဖက်
မရှိသူတို့ ညားကြလေသတည်းပေါ့ ။

fb ထဲက သူငယ်ချင်း
ဝမ်းနုတ်ဆေး အားကိုးတဲ့ fb ထဲက သူငယ်ချင်း အပ် ဳိ ႀကီး လူပ် ဳိ ကြီးတွေ

သတိ သတိ သတိ …

Swan … ရီစရာကလေးပါ … fb ပေါ်က ..အပ် ဳိ ႀကီး လူပ် ဳိ ကြီးတို့ … ရေ့ …

 

အမှန်က အပျိုကြီး၊ လူပျိုကြီးများ မဖတ်ရ ( ၁ ) က မရှိပါဘူး.. မန်ဘာတယောက်ရေးထားတာ ရှိတော့ ၂ လုပ်လိုက်တာ… ဟိ…

ကျွန်တော့် အဘိုးက စာရေးကောင်းတယ်ဗျ.. ရှိသေးတယ်.. နောက်ထပ်တင်ပေးပါ့မယ်.. တင်ရမယ်ဆိုရင် မန့်ပေးပါနော်… :)

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...