” မမှီလောက်တော့သည်မို့ “

 

ဒီတံတားကို ဖြတ်သွားရင် ဟိုဘက်ကမ်းကိုရောက်တယ်တဲ့

ဒီဌက်သမ္မာန်နဲ့ ဒီမြစ်ဖြတ်သွားရင် ဟိုဘက်ကမ်းကိုရောက်တယ်တဲ့

ဒီစက်လှေနဲ့ ဒီမြစ်ဖြတ်သွားရင် ဟိုဘက်ကမ်းကိုရောက်တယ်တဲ့

မမောမပန်းဘဲ လုပ်နိုင်မယ်ဆို ဒီမြစ်ကြီးကို လက်ပစ်ကူးကာ ဖြတ်နိုင်ရင်လည်း ဟိုဘက်ကမ်းကိုရောက် တယ်တဲ့

 

အဓိကတော့ ဟိုဘက်ကမ်းကိုရောက်ဖို့အတွက်ဆို ဒီမြစ်ကြီးကိုဖြတ်ရမယ်ပေါ့

ဘယ်လိုဖြတ်ကြမလဲဘဲစဉ်းစားရမှာ

တံတား ဌက်သမ္မာန် စက်လှေတွေနဲ့ ဖြတ်ရင် ပင်ပန်းမှုနဲပြီး ဒီမြစ်ကိုအသာလေး ဖြတ်သွားနိုင်ကြပေမယ့် လက်ပစ်ကူးပြီးဖြတ်ချင်ရင်တော့ အားအင်တွေ အချိန်တွေ အလွန်ဆုံးရှုံးပြီး နောက်ဆုံးရလာဒ်ကတော့ ဟိုဘက်ကမ်းရောက်ရတာခြင်း အတူတူပါဘဲလေ။

ဒါပေမယ့်

လက်ရှိအုပ်ချုပ်သူတွေက ရှေးရိုးကထဲက လက်ဆင့်ကမ်းလာတဲ့ အမူအကျင့်အတိုင်း ဆက်လက်လက်ကိုင် ထားမြဲမို့ လက်ပစ်ကူးဘဲ ဖြတ်ချင်ကြလေရဲ့ဗျာ။

ဒါကြောင့်လည်း မြန်မြန်ရောက်ရမယ့်ခရီးကို မကြာသင့်ဘဲ ကြာနေရတာပါလို့ သိလိုက်တဲ့အချိန်မှာတော့ ငါ့သည်လည်း ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ အသက်ငင်အရွယ် အို နာ သေ လက္ခဏာသုံးပါးမှာ နောက်ဆုံးတစ်ပါး ဖြစ်တဲ့ သေ ကိုရှုမှတ်ရသည့်အချိန်ပင် ရှိလေပြီမို့ ဟိုဘက်ကမ်းရောက်တာကိုမြင်ရဖို့ ငါ့မမှီလောက်တော့ပြီမို့ မျက်လုံးလေးအသာ မှိတ်ခဲ့ပေမဲ့ မျက်ရည်တွေတော့ မျက်ဝန်းမှစီးကျလေရဲ့လေ။

 

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..