. အို… ဂဇက်ချစ်သူ အပေါင်း သူတော်ကောင်းတို့… ကြားရာ အရပ်မှ အမြန်ပြန်လာကြပါဗျို့….

 

. ဟောဒီရွာ ၀ါ မန္တလေး ဂဇက်ကို ရုပ်ရှင်လောက နဲ့ ပေါင်းစပ်ပြီး ရူပကအလင်္ကာ သာ ဖွဲ့လိုက်ချင်ပါတော့တယ်…

. ရူပက အလင်္ကာဆိုတာကို နည်းနည်း လျှာရှည်ခွင့်ပြုပါ… တန်ဖိုးတူ အဓိပ္ပာယ်တူ ၂ ခုကို ပူးပြီး တခုတည်း အနေနဲ့ ဖော်ပြရင် အဲသလို ခေါ်တယ်လို့ သင်ခဲ့ဖူးပါတယ်…

. ဥ – ရွှေနှင့် ယိုးမှား ပန်းစကားပေါ့…

 

. ခုဆို  အကယ်ဒမီပေးဖို့ ရုပ်ရှင်ကားတွေ ပါးရှားလာပါတယ်….

. ထိုနည်းတူစွာ ဂဇက်မှာလဲ ဖတ်ရွေး အကယ်ဒမီ အတွက် စာမူတွေ ပါးရှားလာတယ်…

. ကျွန်တော်လဲ အစ ကုန်ကြမ်းပေါပေမဲ့ နည်းနည်း အရေးစိပ်တော့ ကုန်ပြီဗျ…

. i.e   ဦးကြီးမိုက် ပျောက်နေပါတယ်… ဟဲ.. တွေ့ပေမဲ့ ပျောက်စာရင်းထဲ ထည့်ထားသည်… :)

. ကိုဆာမိ  ရှာဖွေဆဲပါ…

. ကိုရာဇာ (ခ) မဟာရာဇာ အံစာတုံး (ဘယ်ဆီကို မင်းရောက်နေလဲ…)

. မဝေ  Search လုပ်နေပါတယ်…  စ သဖြင့်ပေါ့… ကျန်ခဲ့တာတွေကို ခွင့်လွှတ်ပါ… အမှန်တော့ အများကြီး သတင်းမကြားတာပါ…

. အော် .. ဟီး… ဒါတော့ ကျန်လို့ မဖြစ်ဘူး… အဘဖော… ဘယ်တွေများ ခရီးကျွံနေပါလဲဗျာ… သူတို့တွေကို ပြန်လာစေချင်တာပါ…  :)

 

. ရုံကားကြီးလောက် မတင်နိုင်လဲ… ကားသေးလေးလောက်… ဒါမှမဟုတ် ရုံကားဆိုလဲ… ပေါ့ပေါ့ပါးပါးလေးတွေ ပဲ ရိုက်တင်ကြပါ…ဗျာ… စောင့်မျှော်နေပါတယ်… လို့….

. ခုဆို ထုတ်လုပ်ရေးက အလင်းဆက်၊ ဇီဇီ၊ ကိုခင်ခ၊ မနောဖြူ၊ ဒါတွေပဲ… အံမယ် ညွှန်ချုပ်တောင် ကားတွေ ရိုက်တင်နေရတယ်… ဂလောက်ဆို သဘောပေါက်ပါဗျာ…

. သူက အခုဆို Fashion Channel တခုတောင် ထပ်ထောင်ထားသေး…

. လေးပေါက်ဆို ဇာတ်လမ်းတွဲ…  ဒါတွေပဲ ရှိတယ်ဗျ… လက်ရှိထုတ်လုပ်ရေးတွေကလဲ ကုန်ကြမ်းတွေ ထပ်ပါးလာရင် ရုံတင်စရာ ကားမရှိတော့ဘူး ဖြစ်တော့မယ်ဗျ…

. သူတို့တွေလဲ မျှော်လင့်နေမှာ အမှန်ပဲလို့လဲ  ယူဆပါတယ်…

. ဒါကြောင့် ရုပ်ရှင်ပဲ မကြည့်ကြပဲ… ရုပ်ရှင်လဲ ရိုက်ကြဖို့ တိုက်တွန်းရင်း နိဂုံး ချုပ်အပ်ပါတယ်…

 

. အထူးကျေးဇူးတင်ရှိခြင်း

လက်ရှိ ထုတ်လုပ်နေသော ထုတ်လုပ်ရေးများဖြစ်သည့်

. အရိုက်ကျဲသည့်  စာကြမ်းပိုး အဖွဲ့ ( တခါထွက်ရင်လဲ ၅ ခါလောက် ပြန်ကြည့်လဲ မရိုးပါ.. )

. ကိုရင် ဘလက်ချော (နောက်ဆုံးထွက်တဲ့ ကားလေးက တော်တော်ကောင်းပါတယ်…)

. ဖိုးသကြား ( တလောက မွေးနေ့ပွဲလုပ်သွားတဲ့ ထုတ်လုပ်ရေးပေါ့… )

. နာမည်ရလာတာ မကြာသေးသော ထုတ်လုပ်ရေး အသစ် နောင်ရိုး

. မျက်နှာသစ် ထုတ်လုပ်ရေး JackSkellington

. တကျော့ပြန် အောင်မိုးသူ၊ ကိုထွန်းဝင်းလတ်၊ ကိုစစ် နှင့်  အေကေကေ တို့ကို ဆက်လက် ရိုက်ကူးပေးကြပါလို့… တောင်းဆိုလိုပါတယ်…

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...