” အဟင့် အဟင့် အဟင့် “

 

နောက်ဆုံးဘုရင် ပါတော်မူ

သီပေါဘုရင်တစ်ဆူ

ခပ်ချာချာအုပ်ချုပ်ခဲ့

မဆလပါဟဲ့

စွာစိလံကာအုပ်ချုပ်သာ

န၀တပါဗျာ

ဟာတာတာလေးအုပ်ချုပ်ထား

လက်ရှိအစိုးရများ

တသက်လုံးက ညာခဲ့တာ

ဝန်မင်းတွေပါကွာ

ပြောခွင့်ရှိတဲ့ အရာရှိများ

အထက်ဆရာကို ညာလို့စား

ခရိုနီဆိုတဲ့ ဟိုလူတွေ

နွှာရသမျှ အကုန်ယူလေ

လွှတ်တော်ကြီးက ကျင်းပမြဲ

အာ တော်မူသံ မစဲဘဲ

အဲလို အဲလို ခေတ်ဆက်ထိုထို

ဖြတ်သန်းခဲ့တာ ပြည်ထောင်စုပါ

ဒို့ပြည်သူတွေ ဘာတွေဖြစ်

အဟင့် အဟင့် အဟင့် ။

 

 

ခင်ခ။

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..