ရိုးသားလို့ အေးချမ်း

ဧရာကမ်းနဘေး မွေးခဲ့တဲ့ငါ

အမေခေါ်ရာ ပါခဲ့ရင်း

ရန်ကုန်မှာ ကြီးပြင်းရ

ရက် လ တွေကိုဖြတ်သန်း

အနမ်း အလွမ်း အကြမ်းတွေနဲ့အတူ

ခံနိုင်ရည်တွေလည်း ထူခဲ့ပေါ့

ကျောင်းသားဘဝကနေ ဝန်ထမ်းဖြစ်

အသစ် အသစ်သော အတွေ့အကြုံကြား

နွားဖြစ်လိုက်  ကျားဖြစ်လိုက်

မချစ်ထိုက်သူကို လွမ်းလိုလွမ်း

ပစ်ထိုက်သူကို မှန်းလိုမှန်း

ခပ်ကြမ်းကြမ်းဇာတ်မှာ

ငါက မင်းသားဖြစ်လာတော့

ပျော့နေလို့မှ မရ

လာလေသမျှ ဒုက္ခများ

သုခ ဆိုတဲ့ဓါးနဲ့ရှင်း

ပျက်စီးခြင်း လမ်းတွေကိုကျော်

အရှေ့ကိုမျှော်လိုက်တော့

ဖျော့တော့လို့မှုန်ဝါး

စုန်နေသလား ဆန်လေသလား

မကွဲပြားပေမယ့်

ဧရာသားရဲ့  မာန်

မင်း သိချိန်ဖြင့် တန်လေပြီ ၊

3a

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..